13/09/2026
အစ်ကို စမ်းရေမိုးနဲ့သက်ဆိုင်တဲ့ အတောင်ပံကြီးတွေလည်းပါမယ်၊ မန္တလေးမှာ ကျောင်းတက်ခဲ့တဲ့သူဖြစ်တဲ့အတွက် ဆိုင်ကယ်တွေလည်းပါမယ်၊ မန္တလေးအငွေ့အသက်တွေ ပါအောင် ကိုစမ်းရေမိုးကို Creation လုပ်ပေးထားတဲ့သဘောပါ...ဆိုတဲ့ BOD မသီရိဆွေ (ထာဝရဝိန့်စိန် စိန်ရွှေရတနာဆိုင်)...
ဆိုင်ကယ်မစီးတာလည်း(၁၀)နှစ်ကျော်လောက်ကြာပြီဆိုတော့ နောက်ကနေလိုက်စီးမယ်လို့ပဲ တွေးထားခဲ့တာ၊ ပွဲတက်ခါနီး ဆိုင်ကယ်ရောက်လာမှ စိတ်ပြောင်းသွားပြီး ကိုယ်တိုင်စီးဖြစ်သွားတာပါ၊ အားလုံးက စိတ်ပူပြီး ဖြေးဖြေးလေးမောင်းပေးကြပေမဲ့ ကျွန်တော်က မြန်မြန်မောင်းချင်နေတာပေါ့...ဆိုပြီး ပြောလာတဲ့ အပြုံးမင်းသားလေး စမ်းရေမိုး...
#ဆယ်လီကမ္ဘာ #ဆယ်လီသတင်း #အပြုံးမင်းသားလေး #စမ်းရေမိုး #မသီရိဆွေ