Logistics & SCM Magazine

Logistics & SCM Magazine မြန်မာနိုင်ငံ၏ပထမဆုံး Logistics & Supply Chain Management မဂ္ဂဇင်း

Logistics မဂ္ဂဇင်း အတွဲ(၁)၊ အမှတ် (၁၀) ကို City Mart နှင့် Safari ဆိုင်ခွဲများတွင် ဝယ်ယူရရှိနိုင်ပါသည်။Safari ဆိုင်ခွဲတွ...
23/09/2025

Logistics မဂ္ဂဇင်း အတွဲ(၁)၊ အမှတ် (၁၀) ကို City Mart နှင့် Safari ဆိုင်ခွဲများတွင် ဝယ်ယူရရှိနိုင်ပါသည်။

Safari ဆိုင်ခွဲတွင် LSCM မဂ္ဂဇင်းကို ခန့်ခန့်ငြားငြား ဝင့်ဝင့်ကြွားကြွား တွေ့မြင်ရ ။

⬛️ ဝမ်းနည်းကြေကွဲခြင်းLogistics & SCM မဂ္ဂဇင်း၏ပင်တိုင်ဆောင်းပါးရှင် ဆရာခင်မောင်မြင့်၏ဖခင် ဦးတင်မြင့်(ခ) ဦးဘိုနီ နိုင်ငံ...
21/09/2025

⬛️ ဝမ်းနည်းကြေကွဲခြင်း

Logistics & SCM မဂ္ဂဇင်း၏ပင်တိုင်ဆောင်းပါးရှင် ဆရာခင်မောင်မြင့်၏ဖခင် ဦးတင်မြင့်(ခ) ဦးဘိုနီ နိုင်ငံခြားရေးဝန်ကြီးဌာန(ငြိမ်း)၊ အသက်(၉၂) နှစ်သည် ယမန်နေ့(စက်တင်ဘာ ၂၀ ရက်) ည ၁၀ နာရီ ၅၀ မိနစ်တွေ တောင်ဥက္ကလာပမြို့နယ်ရှိနေအိမ်၌ (၉၆) ပါးသောရောဂါဖြင့် ကွယ်လွန်ကြောင်းကြားသိရသည့် အတွက် ကျန်ရစ်သူမိသားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

Logistics & SCM magazine

20/09/2025

LSCM မဂ္ဂဇင်းကို အစဉ်တစိုက် အားပေးနေသော စာဖတ်သူများကို အသိပေးပြောကြားလိုတာ တခုရှိပါတယ်၊ မကြာခင်ကာလ တခုမှာ LSCM မဂ္ဂဇင်းကို application တခုအနေ နဲ့ Play Store, Apple Store တို့မှာ download ရယူနိုင်ပြီး အချိန်မရွေး ၊ နာရီ ဒေသမရွေး ဖတ်ရှုနိုင်တော့မှာပါ၊
ဒါကြောင့် LSCM မဂ္ဂဇင်းရဲ့ web page နဲ့ application software ကို ချိတ်ဆက်ဖို့လုပ်ဆောင်နေသောကြေငိ့ အရင်LSCM မဂ္ဂဇင်း web page ကို အသုံးပြုလို့ မရနိုင်သေးကြောင်းနဲ့ များမကြာမီကာလမှာ web အသစ်နဲ့ application ကို download ရယူနိုင်မှာ ဖြစ်ကြောင်း ကြိုတင်အသိပေးထားပါရစေ ။ ။

14/09/2025
▪️◾️ Logistics & SCM Magazine အမှတ်(၁၀) ထွက်ပြီ . . ✨ “သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲခြင်းနှင့်အာမခံပေါ်လစီ” အကြောင်းအရာများအ...
14/09/2025

▪️◾️ Logistics & SCM Magazine အမှတ်(၁၀) ထွက်ပြီ . .
✨ “သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲခြင်းနှင့်အာမခံပေါ်လစီ” အကြောင်းအရာများအပါအဝင် လစဉ်ဖော်ပြနေကြဖြစ်တဲ့ Logistics နယ်ပယ်ရဲ့ ကဏ္ဍအသီးသီးအတွက် မဖြစ်မနေဖတ်ရှုလေ့လာစရာများစွာကို အထူးပြုဖော်ပြထားပါတယ်။

ငလျင်လှုပ်ခတ်အပြီး ပထမ ၇၂ နာရီအတွင်းမှာ အာမခံဆိုင်ရာအချက်အလက်တွေကို ဘယ်လိုလုပ်ဆောင်မလဲ၊ တစ်လအတွင်းဘယ်လိုဆက်လက်ဆောင်ရွက်မလဲ ဆိုတာတွေအပါအဝင် မြေငလျင်ပြန်လည်ထူထောင်ရေး Logistics Services Provider များအခက်အခဲနှင့် သယ်ယူပို့ဆောင်ရေးအခြေအနေတွေကိုဖော်ပြထားတဲ့ဆောင်းပါးကောင်းများနဲ့ . . .

- Brainstorming လုပ်မလား၊ Brainwriting လုပ်မလား
- မြေရှားတွင်းထွက်နှင့် အမျိုးသားအကျိုးစီးပွား အပိုင်း(၂)
- အရေးကြီးသောဓာတ်သတ္တုများ၏ ပထဝီဝင်နိုင်ငံရေး
- ရေကြောင်းအာမခံသမိုင်းကြောင်း
- သီချင်းထဲကအင်္ဂလိပ်စာ
- အကောက်ခွန်နှုန်းထားဘယ်ကစ
- AI နည်းပညာနဲ့ မြန်မာ့အကောက်ခွန်ဝန်ဆောင်မှုအခန်းကဏ္ဍ
- အာဆီယံအကောက်ခွန်ဖြတ်သန်းမှုစနစ် (ACTS)
- လုပ်ငန်းလည်ပတ်စီမံခန့်ခွဲမှုပညာ (OPERATION MANAGEMENT)
- စတဲ့ Logistics & SCM စီးပွားရေးပညာရပ်ဆိုင်ရာတွေကို လေ့လာဖတ်ရှုချင်တယ်ဆိုရင် အခုပဲကြိုတင်မှာယူနိုင်ပါပြီ …

လာမယ့်အတွဲ(၂) အမှတ်(၁) မှာကော ဘယ်လိုအကြောင်းအရားတွေကို ဖော်ပြသွားမလဲဆိုတာ စောင့်မျှော်ရင်း Logistics ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ အခုပဲမှာယူဖတ်ရှု ဝေဖန်အကြံပြုနိုင်ပါပြီရှင့် . . .

တန်ဖိုး - ၁၅,၀၀၀ ကျပ်
++++++++++++++

(ထွက်ရှိပြီး Logistics & SCM Magazine များကိုလည်းမှာယူနိုင်ပြီး လူကြီးမင်းတို့ထံ ပို့ဆောင်ပေးနေပါပြီ ။ ။

လော်ကြောင်ကျား ပြောရအုံးမယ် .. ဟဲဟဲမြန်မာပြည်ရဲ့ logistics ကုမ္ပဏီတွေညီညွှတ်ဖို့လိုပြီနော်၊ တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ဘ...
06/09/2025

လော်ကြောင်ကျား ပြောရအုံးမယ် .. ဟဲဟဲ

မြန်မာပြည်ရဲ့ logistics ကုမ္ပဏီတွေညီညွှတ်ဖို့လိုပြီနော်၊ တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ဘက်လို သဘောထားပြီး ယှဉ်ပြိုင်နေသရွေ့တော့ ဘယ်သူမှလည်း ကြီးပွါးတိုးတက်မှာမဟုတ်ဘူး၊

တစ်ယောက်နဲ့တစ်ယောက် သူ့အားသာချက်၊ ကိုယ့်အားသာချက် တွေ ကိုပူးပေါင်းဆောင်ရွက် collaborates (ကိုလာဘရိတ်) ဆိုလား ဘာလား
ပညာရှင်တွေပြောနေတာ အမှန်ပဲ၊

လော်ကြောင်ကျား ဖတ်မိထားတာက Synergy effect ဆိုလား ၊ တစ်ဦးချင်းထက် စုပေါင်းအားက ပိုကောင်းတယ်၊

ခုလက်ရှိမြေပြင်အခြေအနေမှာ ဘယ်သူ့မှနိုင်ငံရပ်ခြားရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတွေကို မယှဉ်နိုင်ဘူး၊ သူတို့တွေပေးတဲ့ လက်ဝေခံ စီးပွါးရေးလေးတွေရရင်တောင် ဂုဏ်ဆာနေကြတာမလား ၊

တချို့တွေကလည်း အသင်းအဖွဲ့တွေမှာ နေရာဝင်ယူ ၊ ဒီလောကအတွက် စွမ်းစွမ်းတမံ သူမတူအောင်ဆောင်ရွက်မယ်ဆိုတဲ့ စိတ်တွေကူးတွေနဲ့၊
ဘယ်တုန်းကမှ ဘာမှဖြစ်မလာတဲ့ အခြေအနေမှာ
သူတို့တွေပဲရှုးနေတာလား၊ လောကြောင်ကျားကပဲ မသိတာလား ၊ တွေးရင်းခေါင်းရှုပ် နေပေါ့၊
လော်ကြောင်ကျား ပြောရမှာတော့ အားနာပါတယ်၊ မပြောမပြီး မတီးမမြည်ဆိုတော့ကာ
“ဒီလူ၊ ဒီမုန်တိုင်း၊ ဒီအကျင့်တွေနဲ့ ဒီလောက ကောင်းကျိုးဆောင်ရွက်မယ်ဆိုတာ” နေခင်းအိပ်မက် မက်နေသလို…….
လော်ကြောင်ကျား လည်း ဘီယာသောက်တာ များသွားပြီထင်တယ်.. ဘာလို့ အမှန်တွေပြောနေမိ ……

  ▪️◾️ "သဘာဝကပ်ဘေးဆိုင်ရာစီမံခန့်ခွဲရာမှာမဖြစ်ပွားမီ(Before Event) နဲ့ ဖြစ်ပွားပြီး(After Event) ဆိုပြီး အကြမ်းမျဉ်းနှစ်...
31/08/2025


▪️◾️ "သဘာဝကပ်ဘေးဆိုင်ရာစီမံခန့်ခွဲရာမှာမဖြစ်ပွားမီ(Before Event) နဲ့ ဖြစ်ပွားပြီး(After Event) ဆိုပြီး အကြမ်းမျဉ်းနှစ်ပိုင်းခွဲခြားလေ့လာကြပြီး ကျနော့်အနေနဲ့ လက်ရှိအခြေအနေအရဖြစ်ပွားပြီး စီမံခန့်ခွဲခြင်း(Post Crisis Management) စတင်ဖော်ပြပေးပါမယ်။ ဒီလိုမဖော်ပြပေးခင်မှာ ပြင်းထန်သော သဘာဝကပ်ဘေးဒုက္ခဆိုင်ရာဆုံးရှုံးမှု(Catastrophic Loss)ကို အာမခံပညာရပ်မှာ ဘယ်လိုအဓိပ္ပာယ်ဖွင့်ထားသလဲဆိုတာသိထားဖို့လိုပါမယ်"

🚢 Logistics & SCM Magazine အမှတ်(၁၀) ကိုစတင်ပုံနှိပ်နေပြီဖြစ်ကြောင်း စာမူရှင်အပေါင်းနှင့် စာဖတ်ပရိသတ်များကို သတင်းကောင်းပါးအပ်ပါတယ်။

✨ Logistics & SCM Magazine အမှတ်(၁၀) မှာ “သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲခြင်းနှင့်အာမခံပေါ်လစီ” အကြောင်းကို အထူးပြုဖော်ပြထားပါတယ်။

ငလျင်လှုပ်ခတ်အပြီး ပထမ ၇၂ နာရီအတွင်းမှာ အာမခံဆိုင်ရာအချက်အလက်တွေကို ဘယ်လိုလုပ်ဆောင်မလဲ၊ တစ်လအတွင်းဘယ်လိုဆက်လက်ဆောင်ရွက်မလဲ ဆိုတာတွေအပါအဝင် မြေငလျင်ပြန်လည်ထူထောင်ရေး Logistics Services Provider များအခက်အခဲနှင့် သယ်ယူပို့ဆောင်ရေးအခြေအနေတွေကိုလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင်
- Brainstorming လုပ်မလား၊ Brainwriting လုပ်မလား
- မြေရှားတွင်းထွက်နှင့် အမျိုးသားအကျိုးစီးပွား အပိုင်း(၂)
- အရေးကြီးသောဓာတ်သတ္တုများ၏ ပထဝီဝင်နိုင်ငံရေး
- ရေကြောင်းအာမခံသမိုင်းကြောင်း
- သီချင်းထဲကအင်္ဂလိပ်စာ
- အကောက်ခွန်နှုန်းထားဘယ်ကစ
- AI နည်းပညာနဲ့ မြန်မာ့အကောက်ခွန်ဝန်ဆောင်မှုအခန်းကဏ္ဍ
- အာဆီယံအကောက်ခွန်ဖြတ်သန်းမှုစနစ် (ACTS)
- လုပ်ငန်းလည်ပတ်စီမံခန့်ခွဲမှုပညာ (OPERATION MANAGEMENT)
- စတဲ့ Logistics & SCM စီးပွားရေးပညာရပ်ဆိုင်ရာတွေကို လေ့လာဖတ်ရှုချင်တယ်ဆိုရင် အခုပဲကြိုတင်မှာယူနိုင်ပါပြီ …
တန်ဖိုး - ၁၅,၀၀၀ ကျပ်
++++++++++++++
(ထွက်ရှိပြီး Logistics & SCM Magazine များကိုလည်းမှာယူနိုင်ပြီး လူကြီးမင်းတို့ထံ ပို့ဆောင်ပေးနေပါပြီ)

မှတ်ချက်။ ။ ယခု preorder post တွင်ဖော်ပြထားသော ဆောင်းပါးအမည်များမှာ အမှတ်(၁၀) တွင်ဖော်ပြထားသော စာမူအမည်များထဲမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်သည်။

 လော်ကြောင်ကျား ပြောရအုံးမယ် ဟဲ ဟဲခုရက်ပိုင်း ဖွဘုတ်ပေါ်မှာ နယ်စပ်ကုန်သွယ်ရေးနဲ့ ပက်သက်ပြီး လိုင်စင်တွေချပေးနေပါပြီ၊ ကုန...
30/08/2025



လော်ကြောင်ကျား ပြောရအုံးမယ် ဟဲ ဟဲ

ခုရက်ပိုင်း ဖွဘုတ်ပေါ်မှာ နယ်စပ်ကုန်သွယ်ရေးနဲ့ ပက်သက်ပြီး လိုင်စင်တွေချပေးနေပါပြီ၊ ကုန်သွယ်ရေးလမ်းကြောင်းပြန်ပွင့်ပါပြီ၊ ကုန်ပစ္စည်းတွေကို Panic buying မဝယ်ကြပါနဲ့၊ အဆင်ပြေသွားပါပြီ ဆိုတဲ့ သတင်းဌာန က သတင်းတွေကို အလုအယက် အပြိုင်အဆိုင်တင်ကြ၊ ခွင့်ပြုမိန့်တွေကို share ကြနဲ့ ဖွဘုတ်ကြီးက အတော်ပွဲစည်နေပါသကော၊
လော်ကြောင်ကျားလို လော လောကမြေပြင်မှာ ကျင်လည်နေသူတွေ အဖို့ မည့်သူ အဖေ ခေါ်ရမှန်းမသိ၊ မသိတဲ့အတူတူ ရှိသမျှလူ ကို အဖေ ခေါ်လိုက်တာ ရလဒ်က မထွက်၊ အဖေ ခေါ်လိုက်တာပဲ အရာထင်၊ အိမ်ကအမေ ဘဝ မတွေးရဲ၊

တမလွန်ဘဝ ရောက်သွားတဲ့ အမေ့ကိုလည်း အားနာ ပါတယ်၊ လော်ကြောင်ကျားကတော့ ရှိသမျှ လူကို အဖေ ပတ်ခေါ် (အဆင်မပြေရင် အမေ့ဆီလိုက်သွားကြဆိုတဲ့ ဆုတောင်းနဲ့) ဘာဆိုဘာမှ အဆင်မပြေသေးတဲ့အချိန် မှာ အရင်က ပြသနာတွေကို ဖြေရှင်းဖို့ကြိုးစားရင်း လောကြောင်ကျားတို့ လော လောကသားတွေဟာ မျောက်မီးခဲကိုင်မိသလို ၊ ဘီလူးသံပုရာသီးစားသလို ပုံစံ နဲ့ ဆက်လက်ကြိုးစားနေပါကြောင်း နဲ့
ဖွဘုတ်စကားနဲ့ ပျော် နေကြသူတွေ ရည်မှန်းသလို ပျော်နိုင်ပါစေကြောင်း လော်ကြောင်ကျား မေတ္တာပို့အပ်ပါသည် ။


  🖋 လော်ကြောင်ကျား ပြောချင်သေးတယ် . . ဟဲ . . ဟဲ . . လော်ကြောင်ကျားရဲ့ လော်ဂျက်စတစ်ပရိသတ်ကြီးတွေ အေအိုင်ခေတ်ဆီချီတက်နေကြပ...
27/08/2025


🖋 လော်ကြောင်ကျား ပြောချင်သေးတယ် . . ဟဲ . . ဟဲ . .

လော်ကြောင်ကျားရဲ့ လော်ဂျက်စတစ်ပရိသတ်ကြီးတွေ အေအိုင်ခေတ်ဆီချီတက်နေကြပြီလား။ ဝမ်းသာပီတိရှိလှပါ၏ဗျာ . .

လော်ကြောင်ကျားတို့ရပ်ကွက်မှာတော့ အင်တာနက်လိုင်းတွေမကောင်းလို့ အခုရက်ပိုင်း အတွေးတွေ ဟိုရောက် ဒီရောက်ရှိနေတာပေါ့။ အင်တာနက်လိုင်းမကောင်းတော့ လော်ကြောင်ကျား ဝင်ကြည့်နေကြ ဝဘ်တွေ ဆိုက်တွေဆီလည်း ချက်ချင်းဝင်မကြည့်ဖြစ်။ အဲဒီအချိန် လူမှုကွန်ရက်ကြီးမှာတော့ အဲယားကာဂိုတွေ ဘာဖြစ်. . ညာဖြစ်သတင်းတွေက စုံစီနဖာပျံ့လွင့်နေပြီ။ လော်ကြောင်ကျားဖုန်းက ကွန်နက်ရှင်ပြင်ပ ရှိနေတုန်းပဲ . . ဟဲ .. ဟဲ ..

တစ်ချိန်တည်းမှာပဲ နယ်စပ်ကုန်သွယ်ရေးတွေပိတ်၊ မြဝတီ၊ ရနောင်း နယ်စပ်ကုန်သွယ်ရေးတွေရပ်သွားတော့ စားသုံးသူတွေ၊ ပြည်တွင်းထုတ်လုပ်ရေးလုပ်ငန်းရှင်တွေ အခက်ကြုံ၊ လူသုံးကုန်ပစ္စည်းတွေ ထိုင်းကဝင်မယ့်အခြေခံစားသောက်ကုန်ပစ္စည်းတွေပြတ်လပ်။ ကုန်စျေးနှုန်းတွေက အဖေခေါ်စရာမရှိအောင် ထိုးတက်ကြီးမြင့်ထောင်တက်ပေါ့လေ။ နောက်ဆုံးခံရသူက ဘယ်သူတွေတုန်းလို့ လော်ကြောင်ကျားကြည့်လိုက်တော့ စားသုံးသူပြည်သူတွေဖြစ်နေပါရော့လား . . . အားပါးပါး . .

ဒါနဲ့ . . ကုန်ပစ္စည်းရှားပါးနေတာတွေအတွက် လော်ကြောင်ကျားတို့လော်ဂျက်စတစ်လောကသားတွေ တတ်စွမ်းသရွေ့ အားသွန်ခွန်စိုက်ကြိုးစားနေကြတာ လော်ကြောင်ကျားတို့လောကသားတွေအသိဆုံး ပါပဲ . . ဟဲ .. ဟဲ ..

မှတ်မိသေးတယ်၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေ (Logistics Costs) တွေများနေလို့ ကုန်စျေးနှုန်း တက်နေရတာပါဆိုပြီး ဟိုအသင်းအဖွဲ့ချုပ်ကလူကြီးတစ်ယောက်နဲ့ ဟိုဌာနကလူကြီးတို့ပြောဆိုတာ လော်ကြောင်ကျားတို့ ပတ်ဝန်းကျင်မှာပြန်ကြားခဲ့ဖူးတယ်။

အဲဒီအသင်းချုပ်က . . သွင်းကုန်လိုင်စင်တွေမကျလို့၊ အခုလိုမှောင်ခိုစျေးကွက်ကြီးဖြစ်ထွန်းနေပါပြီ။ စားသုံးသူတွေလည်းခံနေရပြီဆိုတာ ပြောမှပြောလေစ။ အမှတ်မထင်ငယ်ငယ်ကနားထောင်ဖူးတဲ့ အဆိုတော် ဂျေမောင်မောင်ရဲ့သီချင်းရွတ်မိသွားတယ်။

“ဘယ်သူကြောင့်လို့ မင်းထင်သလဲ”
လော်ကြောင်ကျားတော့ မဟုတ်ဘူးနော် . . ဟဲ .. ဟဲ ..

“ဝင်းသူဇာခေတ်ဆီ၊ လှမ်းလို့ချီ
ရွှေဝါဆပ်ပြာ၊ ဆင်ချေးတုံးဆပ်ပြာ
ပြည်တွင်းဖြစ်ကိုသုံးစွဲကြပါ . . .” ဟဲ .. ဟဲ ..

ဒါနဲ့ ပြောရဦးမယ် . . logistics & scm မဂ္ဂဇင်း အမှတ်(၁၀) ထွက်ရှိတော့မယ်ဆိုတဲ့အကြောင်း အသိပေးပါရစေ . . . ကြိုတင် အော်ဒါအမှာများပေးထားနိုင်ပါပြီ

ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအခြေအနေမှာ လက်ရှိတွင် နယ်စပ်ပဋိပက္ခနှင့် ဆက်ဆံရေးတင်းမာမှုများကြောင့...
29/06/2025

ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအခြေအနေမှာ လက်ရှိတွင် နယ်စပ်ပဋိပက္ခနှင့် ဆက်ဆံရေးတင်းမာမှုများကြောင့် အကြီးအကျယ် ထိခိုက်နေကြောင်း တွေ့ရှိရသည်။
----------------------------
လက်ရှိအခြေအနေအနှစ်ချုပ်
=======
(၁) နယ်စပ်ဂိတ်များပိတ်ခြင်းနှင့် ကန့်သတ်ခြင်း
-----------------
ပြီးခဲ့သည့်မေလ ၂၈ ရက်တွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်၌ စစ်ရေးပဋိပက္ခဖြစ်ပွား၍ ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာလာခဲ့သည်။

ထိုင်းဘက်မှ ဇွန်လ ၇ ရက်နေ့မှစ၍ နယ်စပ်ဂိတ်အများစုကို တစ်ဖက်သတ်ပိတ်ခဲ့ပြီး ဇွန်လ ၂၄ ရက်တွင် အစိုးရက လုံခြုံရေးအကြောင်းပြချက်ဖြင့် နယ်စပ်ဖြတ်ကျော်မှုအများစုကို တားမြစ်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် နယ်စပ်ဖြတ်ကျော်ပြီး ကျောင်းတက်နေသူများ၊ ဆေးဝါးကုသလိုသူများနှင့် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများအတွက်သာ ဖြတ်သန်းခွင့်ပြုထားသည်။

ဇွန်လ ၂၉ ရက်တွင် နှစ်နိုင်ငံအကြား အပြည်ပြည်ဆိုင်ရာနယ်စပ်စစ်ဆေးရေးဂိတ်များ (သို့မဟုတ်) ပြည်တွင်းစစ်ဆေးရေးဂိတ်များမှတစ်ဆင့် မည်သည့်ကုန်စည်ပို့ဆောင်မှုအမျိုးအစားကိုမဆို ဝင်ရောက်ခွင့်၊ ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်း ကမ္ဘောဒီးယားဘက်မှ အတိအလင်းကြေညာခဲ့သည်။

(၂) ကုန်သွယ်ရေးထိခိုက်မှု
---------------------------------
နယ်စပ်ပိတ်ဆို့မှုကြောင့် ကုန်းလမ်းမှ ကုန်သွယ်မှု သိသိသာသာ ထိခိုက်ခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် ကုန်သွယ်မှုပမာဏ ဘတ် ၆၀ ဘီလီယံအထိ လျော့ကျသွားနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန (DFT) က သတိပေးထားသည်။

လတ်တလောအနေအထားတွင် ကမ္ဘောဒီးယားက ထိုင်းဘက်မှ လောင်စာဆီနှင့် ဓာတ်ငွေ့တင်သွင်းမှု၊ အင်တာနက်ဝန်ဆောင်မှု၊ လျှပ်စစ်မီးသွယ်တန်းရယူမှုကို ရပ်ဆိုင်းခဲ့ပြီး ထိုင်းသစ်သီးနှင့် ဟင်းသီးဟင်းရွက်စသည့် ကုန်စိမ်းများကိုလည်း ဝယ်ယူခြင်းမပြုတော့ပေ။

(၃) ပင်လယ်ရေကြောင်းနှင့် လေကြောင်း
-----------------------
ကုန်းလမ်းနယ်စပ်များ ပိတ်ထားသော်လည်း ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုများမှာမူ ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်သည်။

အလားတူ နှစ်နိုင်ငံလေကြောင်းခရီးစဉ်များလည်း ကမ္ဘောဒီးယားနှင့် ထိုင်းတို့ အပြန်အလှန်ပျံသန်းပြေးဆွဲနေဆဲဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားသည်။

Source: Bangkok Post, The Nation


#နယ်စပ်ကုန်သွယ်ရေး
#နယ်စပ်ဂိတ်
#ဟွန်ဆန်
#သက်ဆင်
#ထိုင်းနှင့်ကမ္ဘောဒီးယား
Logistics & SCM Magazine

Address

Yangon
11031

Alerts

Be the first to know and let us send you an email when Logistics & SCM Magazine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Logistics & SCM Magazine:

Share

Category