Logistics & SCM Magazine

Logistics & SCM Magazine မြန်မာနိုင်ငံ၏ပထမဆုံး Logistics & Supply Chain Management မဂ္ဂဇင်း

◾️ အာရှတွင် မြန်မာနှင့်အိန္ဒိယ ဆန်စပါးထုတ်လုပ်မှုလျော့နိုင်ဟု USDA ခန့်မှန်းLogistics & SCM Magazine / မေ-၂၂အရှေ့အလယ်ပို...
22/05/2026

◾️ အာရှတွင် မြန်မာနှင့်အိန္ဒိယ ဆန်စပါးထုတ်လုပ်မှုလျော့နိုင်ဟု USDA ခန့်မှန်း

Logistics & SCM Magazine / မေ-၂၂

အရှေ့အလယ်ပိုင်းစစ်ပွဲများကြောင့် ဓာတ်မြေဩဇာနှင့်လောင်စာဆီဈေးမြင့်တက်မှု၊ အယ်လ်နီညိုရာသီဥတု၏စိန်ခေါ်မှုများက အာရှတွင်မြန်မာနှင့်အိန္ဒိယနိုင်ငံတို့၏ ဆန်စပါးထုတ်လုပ်မှုလျော့ကျနိုင်သည်ဟု အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (USDA) ၏ခန့်မှန်းချက်တွင်ဖော်ပြထားသည်။

မေလဒုတိယအပတ် USDA ကထုတ်ပြန်သည့် ကမ္ဘာစိုက်ပျိုးရေးအစီရင်ခံစာတွင် ၂၀၂၆ ခုနှစ်ကမ္ဘာဆန်ထုတ်လုပ်မှု ၅၃၈ သန်း၀န်းကျင်သာရှိပြီး ပြီးခဲ့သည့်နှစ်ထက် တန်ချိန်ငါးသန်းလျော့နည်းသည်ဟုဖော်ပြထားသည်။

ထို့ပြင် စံချိန်တင်ဆန်စားသုံးမှုနှင့် ကုန်သွယ်မှုများတိုးလာခြင်းက ကမ္ဘာ့ဆန်လက်ကျန် ပမာဏကိုလျော့နည်းလာစေသည်ဟုဆိုထားသည်။

တောင်အာရှ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံများတွင် ယခုနှစ်မိုးရာသီစပါးစိုက်ပျိုးချိန် အယ်လ်နီညိုရာသီဥတု၏စိန်ခေါ်မှုကိုကြုံလာရသည်။

အီကွေတာအနီးရှိ အပူပိုင်းပိစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်နိုင်ခြေကိုတွေ့ရသည်ဟု ယမန်နေ့(မေ ၂၁ ရက်)တွင် မိုးလေ၀သဌာနကလည်းထုတ်ပြန်ထားသည်။

အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုမူမမှန်ခြင်း၊ နေ့အပူချိန်များမြင့်မားခြင်း၊မုန်တိုင်းဖြစ်ပေါ်မှုမူမမှန်ခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက်ရာသီဥတုဖြစ်စဉ်များဖြစ်နိုင်သည်ဟုလည်းဖော်ပြထားသည်။

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် အယ်လ်နီညိုရာသီဥတုကစိန်ခေါ်မှုတစ်ခုဖြစ်သော်လည်း နိုင်ငံတကာဈေးကွက်တွင် ဆန်ဈေးများမြင့်တက်လာခြင်းကစိုက်ပျိုးထုတ်လုပ်သူများကိုစွဲဆောင်မှုတစ်ခုဖြစ်လာနေသည်။

"စိုက်ဖို့တော့လုပ်နေပြီ။ သိပ်တော့အားမရှိဘူး။ စပါးပေါ်ချိန်ဈေးကဘယ်လိုဖြစ်မယ်မသိ‌သေးဘူး။ ဒီနှစ်ကမြေဆီလည်းသိပ်မသုံးနိုင်တော့ ရာသီဥတုဖောက်ရင် အထွက်ကတော့လျော့မှာပဲ"ဟု ဧရာ၀တီတိုင်းမှလယ်သမားတစ်ဦးကပြောသည်။

မိုးစပါးစိုက်ပျိုးရာသီတွင် စိတ်ခေါ်မှုများရှိနေသကဲ့သို့ နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ဆန်၀ယ်လိုအားကောင်းနေသည်။ ဧပြီတစ်လအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၆၀,၀၀၀ ကျော်ပြည်ပတင်ပို့ထားနိုင်သည်။

ထို့ပြင် တရုတ်၊ ဥရောပနိုင်ငံများမှ မြန်မာဆန် ထွန်းပု၊ ငစိန်တို့ကိုတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၀/၄၂၀ ဈေးပေး၀ယ်ယူနေကြောင်း မြန်မာနိုင်ငံဆန်စပါးစိုက် ပျိုးထုတ်လုပ်သူများအသင်းဥက္ကဌကအသိပေးထားသည်။

ဖီလစ်ပိုင်နိုင်ငံကလည်း ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် ပြည်ပမှဆန်တင်သွင်းမှုတိုးမြှင့်ရန်စီစဉ်နေသည်။ ဖီလစ်ပိုင်ပုဂ္ဂလိက ဆန်ကုန်သည်များကဧပြီတစ်လအတွင်း မြန်မာနိုင်ငံမှဆန်တန်ချိန် ၁၉,၈၀၀ ကျော်၀ယ်ယူခဲ့သည်။

လက်ရှိနိုင်ငံတကာဈေးကွက်တွင်မြန်မာ့ဆန်ဖြူ ၅ မှတ် (အကျိုးအကြေ ၅ ရာခိုင်နှုန်း) တစ်တန်၏ပျမ်းမျှ FOB ဈေးက ဒေါ်လာ ၃၉၂ မှ ၃၉၆ အကြားဈေးဖွင့်သည်။

◾ နိုင်ငံ့စားနပ်ရိက္ခာအတွက် စိုက်ပျိုးရန်နီးလာချိန် ယူရီးယားမြေဩဇာဈေးတက်လာ ◾Logistics & SCM Magazine /  မေ-၁၈နိုင်ငံ့စား...
18/05/2026

◾ နိုင်ငံ့စားနပ်ရိက္ခာအတွက် စိုက်ပျိုးရန်နီးလာချိန် ယူရီးယားမြေဩဇာဈေးတက်လာ ◾

Logistics & SCM Magazine / မေ-၁၈

နိုင်ငံ့စားနပ်ရိက္ခာအတွက်အရေးကြီးသည့် မိုးစပါးစိုက်ပျိုးရာသီစတင်ရန်ပြင်ဆင်နေချိန် ယူရီးယားမြေ ဩဇာ(ပုလဲဓာတ်မြေဩဇာ) ရည်ညွှန်းဈေးနှုန်း ၆၀ ရာခိုင်နှုန်းကျော်မြင့်တက်လာသည်။

မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းငန်းရှင်များအသင်းမှ မေလအတွက်ထုတ်ပြန် သည့် ရန်ကုန်အထိုင်လက္ကားမြေဩဇာဈေးနှုန်း ယူရီးယားမြေဩဇာ(အလုံးကြီး) ၅၀ ကီလိုတစ်အိတ် လျှင် ၁၅၇,၀၀၀ ကျပ် သတ်မှတ်သည်။ ပြီးခဲ့သည့်ဧပြီလတွင် တစ်အိတ်လျှင် ၉၄,၀၀၀ ကျပ်သတ်မှတ် ခဲ့ခြင်းကြောင့်ယူရီးယားမြေဩဇာတစ်အိတ် ၆၃,၀၀၀ ကျပ်ဈေးမြင့်တက်သွားခြင်းဖြစ်သည်။ မြေဩဇာ နောက်တစ်မျိုးဖြစ်သည့် DI Ammonium phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတစ်အိတ်ဈေး က ၁၁၅,၀၀၀ ကျပ်ဖြင့်ပြီးခဲ့သည့်လဈေးအတိုင်းသတ်မှတ်ထားသည်။

နိုင်ငံ၏စားနပ်ရိက္ခာဖြစ်သော ဆန်အတွက် အဓိကစိုက်ပျိုးထုတ်လုပ်သည့် မိုးရာသီစပါးစိုက်ရန်နီးကပ် လာချိန် မြေဩဇာဈေးမြင့်တက်မှုက စိုက်ရေးပျိုးရေးလုပ်ငန်းများကို တွန့်ဆုတ်စေသည်ဟု ဇလွန်မြို့နယ်မှ လယ်သမားတစ်ဦးကပြောသည်။

"အပြင်ဈေးကပိုတာပေါ့။ ဈေးကွက်ထဲမှာ ‌မြေဆီဈေးမှန်းလို့မရဘူး" ဟုလည်း လက်ရှိအခြေအနေကို ၎င်းကရှင်းပြသည်။

တစ်နှစ်လယ်ဧက ၁၅ သန်းကျော်စိုက်ပျိုးသည့် စပါးရာသီတွင် လယ်တစ်ဧကအတွက် ပျဉ်းမျှ ယူရီးယား ဓာတ်မြေဩဇာတစ်အိတ်မှ နှစ်အိတ်အကြားသုံးစွဲရန်လိုအပ်သည်ဟု အကြံပြုမှုများလည်းရှိနေသည်။

ရှေ့အလယ်ပိုင်းစစ်ပွဲများကြောင့် ရေနံရှားပါး၍ဈေး နှုန်းများစံချိန်တင်မြင့်တက်လာခြင်း၊ ဓာတ်မြေဩဇာထုတ်လုပ်မှုများလျော့ကျပြီး မြေဩဇာရရှိအခက်အခဲပြီး‌ဈေးနှုန်းမြင့်တက်မှုများက မိုးရာသီဆန်စပါးအဓိကစိုက်ပျိုးသည် မြန်မာအပါအ၀င် အာဆီယံနိုင်ငံများသာမက အိန္ဒိယနိုင်ငံကို ရိုက်ခက်လာကြောင်းနိုင်ငံတကာမီဒီယာအချို့ကဖော်ပြကြသည်။

မြေဩဇာဈေးနှုန်းများမြင့်တက်မှုက ကမ္ဘာစားနပ်ရိက္ခာထုတ်လုပ်ရေးအပေါ်စိုးရိမ်စရာများရှိလာပြီဟု ကုလသမဂ္ဂ(UN)အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းအချို့က အသိပေးထားသည်။

ထို့ပြင်ဆန်စပါးအဓိကစိုက်ပျိုးထုတ်လုပ်သည့် အာဆီယံအဖွဲ့၀င်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့တွင် ပူပြင်း‌ ခြောက်သွေ့သည့် အယ်လ်နီညိုရာသီဥတု၏ ခြိမ်းခြောက် မှုကလည်းရှိနေသည်။ စိုက်ပျိုးရေးလုပ်ငန်း များတွင် အယ်လ်နီညိုရာသီဥတု၏ အကျိုးဆက်ခံရမည်ကို စိုးရိမ်မှုများရှိနေသည်ဟု နိုင်ငံတကာမီဒီယာ အချို့ကရေးသားထားသည်။

ဓာတ်ပုံ - ယခင်ပုံအဟောင်း(စစ်ကိုင်းမြို့နယ်တွင် ယူရီးယားဓာတ်မြေဩဇာ ကြဲပက်ခြင်းသရုပ်ပြပွဲ)

#ယူရီးယားဓာတ်မြေဩဇာ #မိုးစပါး #မြေဩဇာ #စိုက်ပျိုးရေးလုပ်ငန်း

◾️ အခွန်ကင်းလွတ်ခွင့်ကုန်ဆုံးရန်နီးလာချိန် ထိုင်းမှပြောင်း၀ယ်လိုအားကောင်းလာLogistics &SCM Magazine / မေ-၁၅အခွန်ကင်းလွတ်ခ...
15/05/2026

◾️ အခွန်ကင်းလွတ်ခွင့်ကုန်ဆုံးရန်နီးလာချိန် ထိုင်းမှပြောင်း၀ယ်လိုအားကောင်းလာ

Logistics &SCM Magazine / မေ-၁၅

အခွန်ကင်းလွတ်ခွင့်ကုန်ဆုံးရန်အချိန်တစ်လကျော်သာကျန်ရှိသဖြင့် ထိုင်းကုန်သည်များမှ ဈေးပေး၀ယ်ယူမှုကြောင့် မေလနှင့်ဇွန်လအတွင်း ပြောင်းတန်ချိန်သုံးသိန်း၀န်းကျင်အထိ ပြည်ပသို့တင်ပို့နိုင်မည်ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း တာ၀န်ရှိသူတစ်ဦးကပြောသည်။

ထိုင်းနိုင်ငံအတွင်း မွေးမြူရေးလုပ်ငန်းများအတွက် တစ်နှစ်ပြောင်းတန်ချိန် ကိုးသန်း၀န်းကျင်လိုအပ်ပြီး ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမှ ပြောင်းတန်ချိန်ငါးသန်း၀န်းကျင်သာရရှိသည်။ ထိုကြောင့် မြန်မာအပါ အ၀င် ပြည်ပမှပြောင်းတန်ချိန်လေးသန်း၀န်းကျင်ကို ထိုင်းနိုင်ငံက၀ယ်ယူတင်သွင်းနေရသည်။

သို့သော် ပြည်တွင်းပြောင်းစိုက်ပျိုးသူလယ်သမားများ၏အကျိုးစီးပွားကို တွန်းအားပေးသည့်အနေဖြင့် ပြည်ပမှအခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်သွင်းမည့်အချိန်ကာလကိုထိုင်းအစိုးရက တင်းကြပ်စွာ သတ်မှတ်ခဲ့သည်။

ထို့ကြောင့် အခွန်မဲ့ပြောင်းတင်သွင်းမည့်ကာလကိုယခုနှစ်မှစတင်ပြီးအချိန်နှစ်လလျော့ချလိုက်သည်။ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်သွင်းမှုကို ပြီးခဲ့သည့်နှစ်က ဖေဖော်ဝါရီမှ ဩဂုတ်လကုန်အထိ ရှစ်လအချိန်သတ်မှတ်ထားသော်လည်း ယခုနှစ်တွင် ဖေဖော်ဝါရီမှ ဇွန်လကုန်အထိသာ ထိုင်းအစိုးရက ခွင့်ပြုထားသည်။

ထို့ကြောင့် အခွန်ကင်းလွတ်ခွင့်ကာလသတ်မှတ်ချက် ကုန်ဆုံးရန်နီးလာချိန် သင်္ကြန်ပိတ်ရက်အလွန် မြန်မာနိုင်ငံမှပြောင်း၀ယ်ယူမှုတိုးမြှင့်လာသဖြင့် ပြည်တွင်း၊ ပြည်ပပြောင်းဈေးများလည်း ဆက်တိုက် မြင့်တက်လာသည်။

"ထိုင်းကဈေးပေးတော့ ပြည်တွင်းဈေးအတက်များလာတယ်။ ထိုင်းပိတ်သွားရင်လည်း ဖီလစ်ပိုင်၊ ဗီယက်နမ်တို့ပို့ရမှာပဲ။ ဈေးကတော့ အများကြီးမျှော်လင့်လို့မရဘူး" ဟု ပြောင်းကုန်သည်တစ်ဦးက ပြောသည်။

ထိုင်းကုန်သည်များ၏၀ယ်လိုအားကြောင့် ပြည်တွင်းဈေးကွက်တွင် ပြောင်းဈေးဆက်တိုက်မြင့်တက် လာပြီး တစ်ပိသာ ၁၈၅၀ ကျပ်အထိ ရောက်ရှိလာသည်ဟု၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် တစ်နှစ်တန်ချိန်နှစ်သန်းကျော် စိုက်ပျိုးထုတ်လုပ်သည့်ပြောင်းကို ပြည်တွင်းသုံးစွဲမှုသာ မက ပြည်ပသို့အဓိကထားတင်ပို့နေသည်။

ယခု ၂၀၂၆-၂၇ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပြောင်းတန်ချိန် ၁ ဒသမ ၅ သန်း တင်ပို့ရန်မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းကလျာထားသည်။ အခွန်ကင်းလွတ်ခွင့်ကြောင့် ဈေးကောင်းရသည့်ထိုင်းနိုင်ငံ အပြင် ဖီလပိုင်၊ ဗီယက်နမ်၊ တရုတ်နှင့်ဒေသတွင်းနိုင်ငံများကို မြန်မာပြောင်းများတင်ပို့ရောင်းချ လျက်ရှိသည်။

ဓာတ်ပုံ - မြန်မာပြောင်းလုပ်ငန်းအသင်း

#

14/05/2026



◼️ တောထဲ တောင်ထဲက ကားအာမခံ

____________ ထွန်းနိုင်(Master of Insurance) ____________

ဒီတစ်ခါမှာဗီဒီယိုတစ်ပုဒ်ပြပြီး အာမခံကုမ္ပဏီက ဒီအတိုင်ဆိုလျော်၊ မလျော် case study အနေနဲ့မေး လာပါတယ်။ အာမခံလျော်ကြေးတစ်ခုကို လျော်၊ မလျော်ဆုံးဖြတ် သုံးသပ်ဆွေးနွေးရာမှာ လူမှုကွန်ရက်မှာမြင်တွေ့ရများသော လုပ်ရပ်ဖြစ်တဲ့ဆုံးရှုံးမှုဖြစ်စဉ်ရဲ့ဓာတ်ပုံလေးတစ်ပုံ၊ ဗီဒီယိုလေး တစ်ပုဒ်၊ လျော်ကြေးတောင်းသူရဲ့စိတ်ခံစားချက် post တွေနဲ့မရနိုင်၊ မဖြစ်နိုင်ပါ။ ဆိုလိုတာက အာမခံထားတိုင်းဆုံးရှုံးမှုဖြစ်တိုင်း လျော်ကြေးမရနိုင်ပါ။ အာမခံပေါ်လစီနဲ့အညီသာ လျော်ကြေး ပေးသူလည်းလိုက်နာရမှာဖြစ်သလို တောင်းသူလည်း လိုက်နာရမှာပါ။

ဒီအနေအထားမှာ ဗီဒီယိုမှတ်တမ်းယူထားသူကို လေးစားပါတယ်။ အာမခံလျော်ကြေးတောင်းခံမှု အတွက် အလွန်အရေးကြီးသောအခြေခံလိုအပ်ချက်ပါ။ အာမခံထား၊ မထားလည်းမသိရ၊ အာမခံ policy လည်းမကြည့်ရတော့ မိတ်ဆွေများစိတ်ချမ်းသာအောင် အချက်သုံးချက်ထုတ်နုတ်ဆွေးနွေးပါမယ်။
၁ ။ အိမ်စီးကား အာမခံရှိ၊ လုပ်ငန်းသုံးယာဉ်မရှိ
၂ ။ လုပ်ငန်းသုံးယာဉ်အာမခံရှိ၊ အိမ်စီးကားမရှိ
၃ ။ ယာဉ်နှစ်စီးလုံး အာမခံရှိ

အထက်ပါသုံးချက်လုံးကို မဆွေးနွေးခင်မှာကျနော့်အနေနဲ့ ဆွေးနွေးရရင် မတော်တဆမှုဟာ နှစ်ကြိမ် ဖြစ်ပွားတာပါ။ ပထမအကြိမ်မှာဖြစ်ပွားတဲ့ မတော်တဆမှုကတော့ ဆွေးနွေးရန်မဖြစ်နိုင်ပါ။ ဆွေးနွေးရန် လုံလောက်သောအချက်အလက်မရှိပါ။

ဒုတိအကြိမ်ဖြစ်စဉ်မှာတော့ ဆွေးနွေးလို့ရပါပြီ။ ဗီဒီယိုအရဆို အိမ်စီးကားထဲတွင် ယာဉ်မောင်းရှိမနေ တော့ပါ။ လုပ်ငန်းသုံးယာဉ်ကသာ ၎င်းယာဉ်မောင်းက ယာဉ်ခွာခြင်းလုပ်ငန်းစဉ်ကို ကြိုးပမ်းအားထုတ် သွားခဲ့တာကို မြင်ရမှာပါ။ ဒီတော့လုပ်ငန်းသုံးယာဉ်မှာ အိမ်စီးကားရဲ့ချောက်ထဲကျရတဲ့ ဆုံးရှုံးမှုအပေါ် တာဝန်ရှိပါတယ်။ ယာဉ်နှစ်စီးမှာ တစ်စီးချင်းရဲ့ပျက်စီးဆုံးရှုံးမှုပမာဏကိုကြည့်ရင် လုပ်ငန်းသုံးယာဉ်က အနည်းငယ်သာထိခိုက်ပြီး အိမ်စီးကားကတော့ ပျက်စီးမှုပမာဏအတော်ကိုများပါလိမ့်မယ်။

ဆွေးနွေးချက် (၁) အရအိမ်စီးကားသည် အာမခံကုမ္ပဏီမှလျော်ကြေးကို အာမခံပေါ်လစီနှင့်အညီ အပြည့်အဝခံစားရပါမည်။ လုပ်ငန်းသုံးယာဉ်မှ ပြန်လည်ပေးလျော်ခြင်း၊ မလျော်ခြင်းကို အာမခံကုမ္ပဏီ က ဆက်ခံဆောင်ရွက်သွားရမှာပါ။ သို့သော် အာမခံထားသူကတော့ လိုအပ်သောလုပ်ငန်းစဉ်များကို အာမခံကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့လိုပါတယ်။

ဆွေးနွေးချက် (၂) အရ
အာမခံကုမ္ပဏီက အိမ်စီးကားရဲ့ဆုံးရှုံးမှုပမာဏရဲ့ သိန်း ၅၀၀ နဲ့ ၅၀၀ အောက်ပျက်စီးမှုကိုလျော်မှာပါ။ လုပ်ငန်းသုံးယာဉ်ကိုလည်း အာမခံပေါ်လစီနဲ့အညီ ဆုံးရှုံးမှုပမာဏကိုတွက်ချက်ပြီးလျော်ပါလိမ့်မယ်။ တောထဲတောင်ထဲလာပြီး ရဲမခေါ်လို့ကရိန်းမခေါ်လို့ လွန်စွာပေါ့လျော့ပါတယ် (Gross Negligence) လို့ဆိုပြီး လျော်ကြေးကိုငြင်းလို့မရပါ။

[ပေါ်လစီအသစ်မှာပါလာတဲ့ လွန်စွာပေါ့လျော့ခြင်း (Gross Negligence) အကြောင်းကိုတော့ နောက်မှ အကျယ်ချဲ့ရေးပါဦးမယ်]

ဆွေးနွေးချက် (၃) အရ
ကားနှစ်စီးလုံးအား သူတို့၏ဆုံးရှုံးမှုကို သူတို့ရဲ့သက်ဆိုင်ရာအာမခံကုမ္ပဏီများမှာ Knock for Knock Agreement အရ အာမခံပေါ်လစီနဲ့အညီလျော်ကြေးပေးကြမှာပါ။

Knock for Knock Agreement မှာလည်း လက်ရှိမော်တော်ကား အာမခံလျော်ကြေးလောကမှာတော့ အငြင်းပွားမှု ရှုပ်ထွေးမှုတွေလည်း ရှိနေပါတယ်။ ဥပမာ ဒီဗီဒီယိုထဲကလိုပေါ့။ တာဝန်ရှိမှု ဆုံရှုံးမှုပမာဏ အဆမတန်ကွာဟမှုတွေကြောင့် အငြင်းပွားမှုရှုပ်ထွေးမှုဖြစ်တတ်ပါတယ်။ အိမ်စီးကားအနေနဲ့ကတော့ မလျော်မှာမပူပါနဲ့ လျော်ကြေးရဖို့အချိန်ကြာမှာပဲပူပါ။ မော်တော်ကားအာမခံက ထားသူတန်ပါတယ်။ သို့သော် ကိုယ်နဲ့ကိုက်ညီးပြီး သဟဇာတတည့်သော အာမခံကုမ္ပဏီရွေးချယ်တတ်ဖို့လိုပါတယ်။

မိမိအတွက်ကိုက်ညီသော မော်တော်ကားအာမခံ ရွေးချယ်နည်းဆောင်းပါးကို ကျနော် SCM ရဲ့ အတွဲ(၂)၊ အမှတ်(၂) မှာရေးသားထားပါတယ်။

ထွန်းနိုင်(Master of Insurance)

◼️ တောင်သူများအား မိုးစပါးပုံမှန်စိုက်ပျိုးရန် ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတိုက်တွန်းLogistics & SCM Magazine / ...
11/05/2026

◼️ တောင်သူများအား မိုးစပါးပုံမှန်စိုက်ပျိုးရန် ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတိုက်တွန်း

Logistics & SCM Magazine / မေ-၁၁

နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ဆန်ဈေးမြင့်တက်နေပြီး ၀ယ်လိုအားကောင်းနေသဖြင့် တောင်သူလယ်သမား များ ယခုနှစ်မိုးစပါးပုံမှန်စိုက်ပျိုးရန် မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းက တိုက်တွန်းမှုများ ရှိနေသည်။

နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ဆန် အသွယ် ၅%က တစ်တန် ဒေါ်လာ ၃၇၅/၃၈၀မှ ၄၁၀ /၄၁၅သို့မြင့်တက်လာခြင်း၊ နိုင်ငံတော်မှ စိုက်ပျိုးစရိတ်ချေးငွေကို ၂ ဆတိုးမြှင့်ပေးခြင်း၊ မြေဩဇာ(မြေဆီ)များသင့်တင့်သည့်ဈေးနှုန်းဖြင့်ရောင်းချရန် စီစဉ်နေခြင်းကြောင့် တောင်သူများမိုးစပါးစိုက်ပျိုးရေးကိုကြိုတင်ပြင်ဆင်ထားရန် မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဌတိုက်တွန်းထားပါ သည်။

ထို့ပြင် ၂၀၂၆-၂၇ ဘဏ္ဍာနှစ် ပထမဆုံးလဖြစ်သည့်ဧပြီတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၆၉၊၀၀၀ ကျော် တင်ပို့ရောင်းချနိုင်သည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ် ဧပြီတစ်လတာနှင့်နှိုင်းယှဉ်လျှင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၀,၀၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ဧပြီတွင် ဆန်နှင်ဆန်ကွဲတန်ချိန် ၁၄၂,၀၀၀ ကျော်သာတင်ပို့ထားသည်။

တစ်နှစ် ဆန်စားသုံးမှုတန်ချိန် ၁၀ သန်း၀င်းကျင်ရှိနေသောမြန်မာနိုင်ငံတွင် မိုးရာသီ ဆန်၊ စပါးစိုက်ပျိုးထုတ်လုပ်မှုက နိုင်ငံစားနပ်ရိက္ခာ ဖူလုံရေးအတွက်အဓိကအရေးပါနေသည်။

သို့သော်အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စိုက်ပျိုးရေးလုပ်ငန်း၏ အဓိက အသက်သွေးကြောဖြစ်သော စက်သုံးဆီနှင့်( မြေဆီ)ဓာတ်မြေဩဇာများ ဈေးကြီးရှားပါးမှုက မိုးရာသီစိုက်ပျိုးမြေ လယ်ယာ ၁၅ သန်းကျော်အတွက် စိုးရိမ်စရာဖြစ်နေသည်။

မြေဩဇာရှာပါးဈေးကြီးမှုကြောင့် တောင်သူလယ်သမားများ မြေဆီသုံးစွဲမှုထက်၀က်ခန့်လျော့ကျသွားလျှင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ၁၀ % မှ ၁၅ % အထိလျော့နည်းနိုင်ပြီး ဆန်ဈေးမြင့်တက်၍ စားနပ်ရိက္ခာအခက်အခဲများကြုံနိုင်ကြောင်းကမ္ဘာစားနပ်ရိက္ခာအဖွဲ့ WFP( World food programme) ကအသိပေးထားသည်။

"စိုက်ဖို့ပျိုးဖို့တော့ပြင်နေတယ်။ လယ်ထွန်ဖို့ထွန်စက်ငှားဖို့ကအခြေအနေကြည့်လုပ်ရမှာပဲ။ နွေစပါးတုန်းကသူများတွေဘက်မှာတော့ ကိုယ့်ဆီပေးမှ ရိတ်စက်ရိတ်ပေးတယ် ၊ရိတ်ခလည်းပေးရတယ်" ဟု ဧရာတီတိုင်းမှလယ်သမားတစ်ဦးကပြောသည်။

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခ ကြာမြင့်လာချိန် အရှေတောင်အာရှ ဆန်စပါးအများဆုံးစိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံများတွင် မြေဩဇာဈေးကြီးမြင့်မှုနှင့် ရှားပါးမှုက စိန်ခေါ်မှုတစ်ခုဖြစ်နေသည်ဟု နိုင်ငံတကာမီဒီယာများတွင်လည်း ရေးသားဖော်ပြထားကြသည်။

#မိုး #စက်သုံးဆီ

◾ ပြည်တွင်းအခြေခံ စားသောက်ကုန်ဈေးနှုန်း ထပ်မံမြင့်တက်Logistics & SCM Magazine / မေ ၄ ရက်အ‌ရှေ့အလယ်ပိုင်း ပဋိပက္ခကြာရှည်လ...
04/05/2026

◾ ပြည်တွင်းအခြေခံ စားသောက်ကုန်ဈေးနှုန်း ထပ်မံမြင့်တက်

Logistics & SCM Magazine / မေ ၄ ရက်

အ‌ရှေ့အလယ်ပိုင်း ပဋိပက္ခကြာရှည်လာမှုနှင့်အတူ လောင်စာဆီဈေးမြင့်တက်ခြင်းကြောင့် သယ်ယူပို့ ဆောင်စရိတ်ကြီးမားပြီး ပြည်တွင်းအခြေခံ‌စားသောက်ကုန်များ ဈေးနှုန်းထပ်မံမြင့်တက်လာသည်။

ကမ္ဘာ့ဘဏ်နှင့် အာရှဖွံဖြိုးတိုးတက်ရေးဘဏ်(ADB)တို့မှ ၂၀၂၆ ခုနှစ် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွ မှုကို ၁၉ ရာခိုင်နှုန်းမှ ၂၄ ရာခိုင်နှုန်းအကြားရှိနိုင်သည်ဟုခန့်မှန်းထားချိန် အရှေ့အလယ်ပိုင်းပြဿနာက ကုန်ဈေးနှုန်းဖောင်းပွမှုအတွက် ထပ်မံတွန်းအားတစ်ခုဖြစ်လာစေသည်။

စီးပွားလုပ်ငန်းရှင်တစ်ဦးက " လောင်စာဆီပြသနာဆက်ရှိနေရင် ကုန်ဈေးနှုန်းရော၊ လုပ်ရကိုင်ရတာရော ခက်နေမှာပဲ။ ဒီပြဿနာက ကိုယ့်တစ်နိုင်ငံတည်းမဟုတ်တော့ စောင့်ကြည့်ပြီး ထိန်းလုပ်မှရမယ့် သဘောပဲ" ဟု ပြောသည်။

ကမ္ဘာ့ရေနံဈေးမြင့်တက်ခြင်းနှင့်အတူ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်စရိတ်များတိုးမြင့်လာ ခြင်းကြောင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများတွင် အပိုကုန်ကျမှုများတိုးလာကြောင်း၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် ဖေဖေါ်ဝါရီလနောက်ပိုင်း အခြေခံစားသောက် ကုန်ဈေးနှုန်း ၁၉ ရာခိုင်နှုန်းမြင့်တက်ကြောင်း WFP (world food programme)၏ ဧပြီလ လယ်ပိုင်းက ထုတ်ပြန်သည့်စားသောက်ကုန်ဈေးနှုန်းသတိ ပေးချက်တွင်ဖော်ပြထားသည်။

WFP ၏သတိပေးချက်တွင် မြန်မာနိုင်ငံ၏ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်နှင့်ဆီဈေးများက မြင့်တက်နေသည်ဟုဖော်ပြပါရှိသည်။

ယခုသင်္ကြန်အပြီး မေလဆန်းတွင် ပြည်တွင်းဈေးကွက်၌ ဆန်နှင့်ဆီဈေးနှုန်းများ ထပ်မံမြင့်တက် လာသည်။ ပြည်ပမှတင်သွင်းပြီး နိုင်ငံအတွင်း အခြေခံပြည်သူများ အဓိကစားသုံးသည့် စားအုန်းဆီက အခြေခံလက္ကားရည်ညွှန်းဈေးတစ်ပိဿာ ကျပ် ၇,၃၈၀ (ရန်ကုန်အထိုင်ဈေး) ဟုထုတ်ပြန်ထားသည်။

ဧပြီလဆန်းတွင် တစ်ပိဿာ ကျပ် ၆,၆၈၀ သာသတ်မှတ်ခဲ့ခြင်းကြောင့် တစ်လအတွင်းစားအုန်း ဆီ တစ်ပိဿာ ကျပ် ၇၀၀ ဈေးတက်လာခြင်းဖြစ်သည်။

ထိုအတူ နိုင်ငံသားများ၏အဓိစားနပ်ရိက္ခာဖြစ်သော ဆန်ကလည်း ယခုမေလတွင် အနည်းဆုံး ငါးရာခိုင်နှုန်းထပ်မံမြင့်တက်လာသည်။

မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှသတ် မှတ်သည့် ရွှေဘိုပေါ်ဆန်းသည် ဧပြီလကုန်ပိုင်းတွင် ရန်ကုန်လက္ကားဈေးနှုန်း တစ်အိတ် ကျပ်၂၀၀,၀၀၀ ဖြစ်သော်လည်း ယမန်နေ့မေလ ၄ ရက်တွင် ၂၁၀,၀၀၀ ကျပ် သို့ပြောင်းသွားသည်။ ထို့ပြင် ခွံနီ အမျိုးအစားဆန်တစ်အိတ်လျှင် ၁၁၀,၀၀၀ မှ ကျပ် ၁၂၅,၀၀၀၊ ရက်(၉၀)ကတစ်အိတ်လျှင်ကျပ် ၉၀,၀၀၀ မှ ၁၁၀,၀၀၀ သို့ဈေးပြောင်းသွားသည်။

ရန်ကုန်ဆန်ကုန်စည်ဒိုင် လက္ကားဈေးကွက် ဆန်ဈေးမြင့်တက်ခြင်းက လက်လီဈေးကွက်တွင် ကြီးမား သည့်သက်ရောက်မှုများရှိနေပြီး ဈေးနှုန်းအပြောင်းအလဲမတည်ငြိမ်မှုများရှိနေသည်။

ဓာတ်ပုံ - PT

#ကုန်ဈေးနှုန်း #ဆန်ဈေး #ဆီဈေး #စက်သုံးဆီ #လက်ဖက်ရည်တစ်ခွက်

26/04/2026

Logistics and SCM Magazine

//April 26

မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းသတ္တမအကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကျင်းပခြင်းအခန်းအနား

25/04/2026

သတင်းစာရှင်းလင်းပွဲပြလုပ်ခြင်းအခန်းအနား
Logistics and SCM Magazine
//April 24

Southeast Asia and the Pacific (SEAP) STUDIES CENTRE MYANMAR မှ Foundation Course in ASEAN Studies သင်တန်းဖွင့်လှစ်မည့်အကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်
==================

◾️ မြန်မာ့ဆန် ပြည်ပရောင်းဈေး ၁၀ ရာခိုင်နှုန်းခန့် မြင့်တက်Logistics & SCM Magazine / ဧပြီ- ၂၃ပင်လယ်ရေကြောင်းကုန်သွယ်ရေးအ...
23/04/2026

◾️ မြန်မာ့ဆန် ပြည်ပရောင်းဈေး ၁၀ ရာခိုင်နှုန်းခန့် မြင့်တက်

Logistics & SCM Magazine / ဧပြီ- ၂၃

ပင်လယ်ရေကြောင်းကုန်သွယ်ရေးအကျပ်အတည်းကြောင့် အာရှဆန်ဈေးနှုန်း မြင့်တက်လာမှုက မြန်မာ့ဆန် ပြည်ပရောင်းချသည့်ဈေးနှုန်း ၁၀ ရာခိုင်နှုန်း၀န်းကျင် မြင့်တက်‌စေသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် မြန်မာ့ ဆန်ဖြူ (၅ မှတ် -အကျိုးအကြေ ၅ ရာခိုင်နှုန်း) ပြည်ပရောင်းချသည့် (FOB) ဈေးတစ်တန်လျှင် အမေရိကန်ဒါ်လာ ၃၃၇ ၀န်းကျင်မှ ၂၀၂၆ ဧပြီလ တတိယရက်သတ္တပတ်တွင် ဆန်တစ်တန် ဒေါ်လာ ၃၇၃/၃၇၇ သို့ဈေးပြောင်းသွားသည်။ သို့သော် ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန် ဆန်ဈေးများလည်းအနည်းငယ်မြင့်တက်သည်။

ပြည်ပ‌‌ရောင်းချသည့် ဆန်ဈေးမြင့်တက်လာမှုက စိုက်ပျိုးသူတောင် သူလယ်သမားများအတွက် တွန်း အားတစ်ခုဖြစ်စေသော်လည်း စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်၊ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင် ရန် အခက်အခဲများရှိနေကြောင်း ကုန်သည်အချို့ကပြောသည်။

"နိုင်ငံတကာမှာဆန်ဈေးတက်တယ်ဆိုပေမဲ့ သွင်းအားစုဈေးတွေ၊ ဒီဇယ်ဈေးတက်တာ၊ ၀ယ်ဖို့ခက်တာ တွေက တောင်သူတွေကိုလုပ်ရကိုင်ရခက်စေတယ်" ဟု ပြည်တွင်းဆန်ကုန်သည်တစ်ဦးကဆိုသည်။

အာရှတိုက်၏ ဆန်စပါးအများဆုံးစိုက်ပျိုးထုတ်လုပ် ‌နေသောနိုင်ငံများသည် ဟော်မုဇ်ရေလက်ကြား တင်းမာမှု၏အကျိုးဆက်အဖြစ် စက်သုံးဆီဈေးရှား ပါးမြင့်တက်မှုနှင့် ဓာတ်မြေဩဇာအပါအ၀င် စိုက်ပျိုးရေးသွင်းအားစုများဈေးနှုန်းမြင့်တက်မှုက တောင်သူလယ်သမားများကို အကျပ်အတည်း ဖြစ်စေသည်ဟု သုံးသပ်ချက်များလည်းရှိနေသည်။

လက်ရှိ စက်သုံးဆီအခက်အခဲက ပြည်တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများခက်ခဲပြီး စရိတ်မြင့်တက် ခြင်းကြောင့် ပြည်တွင်းစားသုံးသည့် ဆန်ချော(ပေါ်ဆန်း) အပါအ၀င် ဆန်အမျိုးအစားအားလုံး ဈေးမြင့် တက်လျက်ရှိသည်။

ပြည်တွင်းစားသုံးမှုများသည့် ဆန်ချောပေါ်ဆန်းလက္ကားဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၂၀၀,၀၀၀၊ ဖျာပုံ/မြောင်းမြကြားပျံပေါ်ဆန်းတစ်အိတ်လျှင် အမြင့်ဆုံးကျပ် ၁၆၅,၀၀၀ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်အသင်းကဈေးသတ်မှတ်သည်။ ပြင်ပလက်လီဈေးကွက် ဆန်ဈေးနှုန်းက အမျိုးအစား၊ အရောအနှောပါ၀င်မှုပေါ်မူတည်ပြီး သတ်မှတ်ဈေးထက်ပိုများသည်။

#ဆန်ဈေးနှုန်း #ဆန်စပါး

◾️ အိန္ဒိယက မတ်ပဲ၊ ပဲစင်းငုံ၀ယ်ရန် MoU ငါးနှစ်သက်တမ်းတိုးLogistics &SCM Magazine / ဧပြီ ၂၂အိန္ဒိယက မြန်မာနိုင်ငံမှ မတ်ပဲ...
22/04/2026

◾️ အိန္ဒိယက မတ်ပဲ၊ ပဲစင်းငုံ၀ယ်ရန် MoU ငါးနှစ်သက်တမ်းတိုး

Logistics &SCM Magazine / ဧပြီ ၂၂

အိန္ဒိယက မြန်မာနိုင်ငံမှ မတ်ပဲနှင့်ပဲစင်းငုံကို တန်ချိန်သတ်မှတ်၀ယ်ယူမည့် ကုန်သွယ်မှု ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာ(MoU)ကိုနောက် ထပ်သက်တမ်းငါးနှစ်ထပ်မံတိုးမြှင့်လိုက်သည်။

တစ်နှစ်လျှင် မတ်တန်ချိန် ၂ ဒသမ ၅သိန်းနှင့် ပဲစင်းငုံတန်ချိန်တစ်သိန်းနှစ်စဉ်၀ယ်ယူမည့်အစီစဉ်ကို ယခုဘဏ္ဍာနှစ် ၂၀၂၆ -၂၇ မှလာမည့် ၂၀၃၀-၃၁ ဘဏ္ဍာနှစ်အထိသတ်မှတ်ခြင်းဖြစ်သည်။

ထိုကဲ့သို့ သက်တမ်းတိုးခြင်း မြန်မာ့တောင်သူလယ်သမားများအတွက် မျှော်လင့်ချက်ကောင်းတစ်ခု ဖြစ်သော်လည်း ဈေးကွက်ခိုင်မာဖို့အတွက်လိုအပ်ချက်များ လည်းရှိနေသေးကြောင်း ဧရာ၀တီတိုင်းမှ ပဲကုန်သည်တစ်ဦးကပြောသည်။

"သတ်မှတ်ပမာဏကပြည်တွင်းမှာစိုက်ပျိုးထုတ်လုပ်တဲ့ပမာဏရဲ့ လေးပုံတစ်ပုံတောင်မရှိဘူး" ဟု ၎င်းကပြော သည်။

မြန်မာနိုင်ငံသည် နှစ်စဉ်ပျှဉ်းမျှမတ်ပဲတန်ချိန် ၁ ဒသမ ၃ သန်း၀န်း ကျင်စိုက်ပျိုးထုတ်လုပ်ပြီး၊ ပဲစင်းငုံ တန်ချိန်လေးသိန်းကျော်မှ ငါးသိန်းအကြားစိုက်ပျိုးထုတ်လုပ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်းကအချက်အလက်များထုတ်ပြန်ထားသည်။ စိုက်ပျိုးထွက်ရှိလာသည့် မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယဈေး ကွက်သို့အဓိကထားတင်ပို့သည်။

အိန္ဒိယနိုင်ငံသည် ပြည်တွင်းစားသုံးရန်အတွက် မတ်ပဲကို မြန်မာနိုင်ငံမှ အဓိက၀ယ်ယူနေသည့်အပြင် ဘရာဇီးနိုင်ငံမှလည်း ၀ယ်ယူတင်သွင်းသည်။ ပဲစင်းငုံကို အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် မိုဇမ်ဘစ် နိုင်ငံမှ အများဆုံး၀ယ်ယူသကဲ့သို့ မြန်မာနိုင်ငံမှလည်း တင်သွင်းလျက်ရှိသည်။

အိန္ဒိယကနိုင်ငံကလည်း ပြီးခဲ့သည့်ဘဏ္ဍာနှစ် ၁၀ လအတွင်း ပြည်ပမှမတ်ပဲ တန်ချိန်ကိုးသိန်းကျော် တင်သွင်းရာတွင် မြန်မာမတ်ပဲတန်ချိန် ၆ ဒသမ ၆ သိန်းကျော်၊ ဘရာဇီးမတ်ပဲတန်ချိန် ၂ ဒသမ ၂ သိန်း ကျော်ပါ၀င်နေသည်။

ထို့ပြင် ပဲစင်းငုံကိုလည်း ပြည်ပမှတန်ချိန် ၁၃ ဒသမ ၅ သိန်းကျော်တင်သွင်းပြီး မိုဇမ်ဘစ်ပဲစင်းငုံတန်ချိန် ၅ ဒသမ ၅ သိန်းကျော် ၊ မြန်မာပဲစင်းငုံ ၃ ဒသမ ၂ သိန်းကျော်၊ တန်ဇီးနီးယားပဲစင်းငုံသုံးသိန်းကျော်နှင့် အခြားနိုင်ငံများမှလည်း တင်သွင်းမှုများရှိနေကြောင်း IPGA(India Pulses and Grains Association) က အချက်အလက်များထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံမှ မတ်ပဲ၊ ပဲစင်းငုံ၀ယ်ယူမှုကို ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှစတင်ပြီး ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာ(MoU) ငါးနှစ်သက်တမ်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

#မတ်ပဲ #ပဲ

◾ ပြည်ပသို့ရော်ဘာကုန်ကြမ်း တန်လေးသိန်းတင်ပို့ရန်လျာထားLogistics & SCM Magazine/  ဧပြီ- ၆ကမ္ဘာ့ရေနံဈေးမြင့်တက်ပြီး ရော်ဘာ...
06/04/2026

◾ ပြည်ပသို့ရော်ဘာကုန်ကြမ်း တန်လေးသိန်းတင်ပို့ရန်လျာထား

Logistics & SCM Magazine/ ဧပြီ- ၆

ကမ္ဘာ့ရေနံဈေးမြင့်တက်ပြီး ရော်ဘာကုန်ကြမ်းလိုအပ်ချက်များလာသည့် ၂၀၂၆-၂၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ရော်ဘာကုန်ကြမ်းတန်ချိန် လေးသိန်းအထိတိုးမြှင့်တင်ပို့ရန် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းကလျာထားသည်။

လက်ရှိ စက်မှုနိုင်ငံကြီးများဖြစ်သော တရုတ် ၊ ဂျပန်နိုင်ငံတို့တွင် သဘာ၀ရော်ဘာကုန်ကြမ်းလိုအပ်ချက် မြင့်တက်နေပြီး ဈေးနှုန်းမျှော်လင့်ချက်အလားအလာကောင်းနေသည်။ ထို့ပြင် လောင်စာဆီဈေး ကြီးမြင့်မှုကြောင့် ရေနံမှထုတ်လုပ်သည့် synthetic ရော်ဘာဈေးများမြင့်တက်မှုကလည်း သဘာ၀ရော် ဘာကုန်ကြမ်းဈေးနှုန်းမြင့်တက်ရေးကို တွန်းအားဖြစ်စေသည်။

ထို့ကြောင့်ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ရော်ဘာကုန်ကြမ်း တန်ချိန် သံဒးသိန်းကျော်သာ တင်ပို့နိုင်သော်လည်း ယခုဘဏ္ဍာနှစ်တွင် ပြည်ပတင်ပို့မှုတိုးမြှင့်သတ်မှတ်ခြင်းဖြစ်သည်။

"နိုင်ငံတကာဈေးကွက်မှာ( demand)လိုအပ်ချက်ကများတော့ ဈေးကအတက်ဘက်မှာပဲရှိနေတယ်။ ကျွန်တော်တို့အနေနဲ့လည်းပိုပြီးပို့နိုင်ဖို့ လျာထားဆောင်ရွက်နေပါတယ်" ဟု မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာ၀န်ရှိသူတစ်ဦးကဆိုသည်။

လက်ရှိနိုင်ငံတကာဈေးကွက်တွင် သဘာ၀ရော်ဘာကုန်ကြမ်းဈေးနှုန်းက တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၂,၄၀၀ ၀န်းကျင်ဈေးဖွင့်သည်။ ယခုနှစ်စပိုင်းရော်ဘာကုန်ကြမ်း တစ်တန်ဒေါ်လာ ၂,၂၀၀ သာဈေးရှိခဲ့သဖြင့် တစ်တန်လျှင် ဒေါ်လာ ၂၀ဝ ဈေးမြင့်တက်သည်။

နိုင်ငံတကာ ရော်ဘာကုန်ကြမ်းဈေးမြင့်တက်မှုက ပြည်တွင်းရော်ဘာကုန်ကြမ်းဈေးကိုလည်း လိုက်ပါပြောင်းလဲစေသည်။ အရည်အသွေးပိုင်းလိုအပ်ချက်ကြောင့် နိုင်ငံတကာပေါက်ဈေးရရှိရန် မလွယ်ကူသော်လည်း ပြည်တွင်းရော်ဘာကုန်ကြမ်း RSS-3တစ်ပေါင်လျှင် ကျပ် ၃,၀၀၀ ၀န်းကျင်မှ ၃,၃၀၀ ၀န်းကျင်သို့ဈေးပြောင်းသွားသည်။

မြန်မာနိုင်ငံမှထုတ်လုပ်သည့် ရော်ဘာကုန်ကြမ်းကို တရုတ်နိုင်ငံသို့အဓိကထားတင်ပို့နေသည်။ ပြီးခဲ့သည့်နှစ်တွင် ထိုင်းနိုင်ငံရေကြီးမှုအပါအ၀င် ဘဘာ၀ဘေးအန္တရယ်များကြောင့် ရော်ဘာကုန်ကြမ်း ထုတ်လုပ်မှုအားနည်းနိုင်သည်ဟု ခန့်မှန်းချက်လည်းရှိခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှု ကဏ္ဍ၏ ၀ယ်လိုအားမျှော်လင့်ချက်က လက်ရှိအချိန် ထိ အလားအလာကောင်းများမြင်နေရသည်ဆိုသည့်သတင်းအချို့ကလည်း ရော်ဘာကုန်ကြမ်း ထုတ်လုပ်ရေးလုပ်ငန်းများအတွက် မျှော်လင့်ချက်တစ်ခုဖြစ်နေသည်။

#ရော်ဘာ #ရော်ဘာစိုက်ပျိုး

Address

Yangon
11031

Alerts

Be the first to know and let us send you an email when Logistics & SCM Magazine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Logistics & SCM Magazine:

Share

Category