ဘေဘီ ရစ်လုံး

ဘေဘီ ရစ်လုံး ဘေဘီရစ်လုံးလေး ဆယ်လီမီဒီယာ

သားအဖချင်း စကားများရာက သားက အဖေကို ဓားနဲ့ထိုးလို့ သေဆုံးပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်မှာ သားအဖချင်းစကားများရာက သားက အဖေဖ...
27/06/2025

သားအဖချင်း စကားများရာက သားက အဖေကို ဓားနဲ့ထိုးလို့ သေဆုံး

ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်မှာ သားအဖချင်းစကားများရာက သားက အဖေဖြစ်သူကို ဓားနဲ့ထိုးလို့ သေဆုံးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

သေဆုံးသူမှာ အသက် ၄၄ နှစ်အရွယ် ဦးဉာဏ်လင်းဖြစ်ပြီး ဇွန် ၂၅ ရက် ည ၁၀ နာရီကျော်မှာ ၎င်းရဲ့သားဖြစ်သူ အသက် ၂၅ နှစ်အရွယ် ချစ်ဦးမောင်နဲ့ နေအိမ်ထမင်းစားခန်းအတွင်း စကားများရန်ဖြစ်ရာက သားဖြစ်သူကဓားနဲ့ထိုးလို့ သေဆုံးသွားတာလို့ ဆိုပါတယ်။

" ထမင်းစားနေရင်းနဲ့ထဖြစ်တာ။ သားလုပ်သူက ထရင်းပန်းကန်စင်ကို တိုက်မိသွားရာက စကားများကြတာ။ သူတို့နှစ်ယောက်တည်းအနောက်မှာ ရန်ဖြစ်နေကြတာ။ အရင်ကလည်းဖြစ်နေကြ။ အရင်ကလည်း ဒီအတိုင်းစကားများပြီး ပြီးသွားတာ။ ဖြစ်တဲ့အချိန်မှာ နှစ်ယောက်စလုံးအရက်သောက်ထားတယ်။ တူတူသောက်တာတော့မဟုတ်ဘူး" လို့ ဖြစ်စဥ်ကိုသိရှိတဲ့ပဲခူးမြို့ခံတဦးက ပြောပါတယ်။

စကားများရန်ဖြစ်ချိန် သားဖြစ်သူက အရိုးအသွား ၁၀ လက်မခန့်ရှိ ကော်ရိုးတပ်စတီးဓားနဲ့ထိုးခဲ့လို့ ဦးဉာဏ်လင်းရဲ့ ညာဘက်လက်မောင်းပြတ်ရှ၊ ဓားဦးချွန် ချိုင်းအောက်ဖောက်ဝင်ကာ သွေးကြောမကြီးပြတ်တောက်တဲ့အပြင် အဆုတ်ကိုလည်းထိသွားလို့ ပြင်းထန်ဒဏ်ရာနဲ့ ပဲခူးဆေးရုံတင်ပို့စဥ် ဆေးရုံအရောက်မှာသေဆုံးသွားတာလို့ သိရပါတယ်။

ဖခင်ကို ဓားနဲ့ထိုးခဲ့တဲ့ သားဖြစ်သူကိုတော့ ရဲက ညတွင်းချင်းဖမ်းဆီးပြီး ပဲခူး အမှတ် ၂ ရဲစခန်းမှာ လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မေ ၂၀ ရက်ကလည်း ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဟာစေတီ ၃ လမ်းနေ အသက် ၁၃ နှစ်အရွယ် မောင်သက်မင်းနိုင်ကို တရပ်ကွက်တည်းနေသူ အမျိုးသား ၂ ဦးက ငွေရလိုမှုနဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့သေးတယ်လို့ သိရပါတယ်။

ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်တက္ကသိုလ် ဧည့်မှတ်တမ်းမှာ မြန်မာလိုသာ ရေးခဲ့သူ မြန်မာ ကာကွယ်ရေးဦးစီးချုပ်ဆိုသူ၏ အ...
27/06/2025

ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်တက္ကသိုလ် ဧည့်မှတ်တမ်းမှာ မြန်မာလိုသာ ရေးခဲ့သူ မြန်မာ ကာကွယ်ရေးဦးစီးချုပ်ဆိုသူ၏ အရည်အချင်း 🥴🤧

စစ်ဗိုလ်ချုပ်တွေ မချေမှုန်းနိုင်တဲ့ သူကျနော်တို့တွေ ကိုယ့်ကိုကိုယ် အကျဉ်းသားတယောက်လို ခဏလောက် စဉ်းစားကြည့်ရအောင်။ ကျနော်...
27/06/2025

စစ်ဗိုလ်ချုပ်တွေ မချေမှုန်းနိုင်တဲ့ သူ

ကျနော်တို့တွေ ကိုယ့်ကိုကိုယ် အကျဉ်းသားတယောက်လို ခဏလောက် စဉ်းစားကြည့်ရအောင်။ ကျနော်တို့က အသက် ၈၀ အရွယ်ရှိပြီး ထောင်ထဲရောက်နေမယ်။ ပိုဆိုးတာက အပြစ်မရှိဘဲ မတရားသဖြင့် ထောင်ထဲအထည့် ခံထားရမယ်ဆိုရင် ဘယ်လိုခံစားကြရမလဲ။

တင့်ကားတွေ၊ တိုက်လေယာဉ်တွေ အပါအဝင် လက်နက်မျိုးစုံနဲ့ စစ်တပ်ကြီးကို ပိုင်ဆိုင်ထားတဲ့ ဗိုလ်ချုပ်တွေက လက်နက်မဲ့ အမျိုးသမီးတဦးကို အမြဲကြောက်နေရတာ နှစ်ပေါင်းများစွာကြာပြီ။ သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပါ။

ဗိုလ်ချုပ်တွေလိုမဟုတ်ဘဲ သူ့မှာ ဘာလက်နက်မှ မရှိသလို ပိန်ပိန်ပါးပါး ပျော့ပျော့ပြောင်းပြောင်းနဲ့ သူ့ခေါင်းပေါ်က ပန်ထားတဲ့ပန်းကလွဲလို့ ဘာမှမရှိပါဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်တွေ သူ့ကိုကြောက်လန့်တဲ့အရာက ပြည်သူတွေက သူ့ကိုပေးထားတဲ့ လုပ်ပိုင်ခွင့် အာဏာဖြစ်တယ်။ တနည်းအားဖြင့် ပြည်သူအများစုက မဲပုံးတွေကတဆင့် ပေးထားတဲ့ အုပ်ချုပ်ခွင့်အာဏာနဲ့ တရားဝင်မှုပါပဲ။

ရိုးရိုးပြောရရင်တော့ ဒါဟာ ပြည်သူတွေရဲ့ ထောက်ခံမှုဖြစ်တယ်။ နိုင်ငံရေးသမားအများအပြားရတဲ့ သာမန်ထောက်ခံမှုမဟုတ်ဘဲ ပိုမိုနက်ရှိုင်းပြီး အပြန်အလှန်ယုံကြည်မှု၊ လေးစားမှုနဲ့ တာဝန်သိမှုနဲ့ ရတဲ့ ထောက်ခံမှုဖြစ်တယ်။ လူအများအပြားက သူ့ကို ခေါင်းဆောင်တယောက်အဖြစ်သာမက နိုင်ငံရဲ့မိခင်အဖြစ်လည်း မြင်ကြတယ်။

တချို့က ဒါဟာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဖြစ်တယ်လို့ ဝေဖန်ကြတယ်။ ဒါပေမဲ့ ပြည်သူအများစုရဲ့ ထောက်ခံမှုဟာ သူ့ရဲ့ ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာ တိုင်းပြည်ကို ချစ်ပြီး စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် ဖြစ်ပါတယ်။ ပုဂ္ဂလိကဘဝနဲ့ မိသားစုဘဝကို စွန့်လွှတ်ပြီး ပြည်သူကို အလုပ်အကျွေး ပြုတာကြောင့်လို့ ဆိုရမှာပါ။

ဆိုတော့ ပြည်သူဆီက ဒေါ်အောင်ဆန်းစုကြည် ရတာက စစ်ဗိုလ်ချုပ်တွေဘယ်တော့မှ မရတဲ့ ယုံကြည်မှု၊ ထောက်ခံမှုနဲ့ မေတ္တာတရားပါပဲ။ ဒါကို နိုင်ငံရေးအရ အဓိပ္ပါယ်ဖွင့်ရရင် ပြည်သူက သူ့ကို တာဝန်ပေးအပ်ခြင်းပဲ ဖြစ်ပါတယ်။

အဲဒီယုံကြည်မှုဟာ သူ့ပါတီယှဉ်ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲတိုင်းမှာ တောင်ပြိုကမ်းပြိုအောင်ပွဲခံတာတွေ ဖြစ်စေတယ်။ ၁၉၉၀ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ အပြတ်အသတ် အများစုနဲ့ အမြဲတမ်း အနိုင်ရတယ်။ အဲဒီလို ချေမှုန်းမရတဲ့ ပြည်သူပေးတဲ့ အခွင့်အာဏာဟာ စစ်ခေါင်းဆောင်တွေကို ခြောက်လန့်တာ အမှန်ပါ။

ဗိုလ်ချုပ်တွေ ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ကြောက်တာလဲ။ သူတို့ အာဏာလက်လွှတ်ရမှာကြောက်လို့၊ သူတို့ ကျူးလွန်ထားတဲ့ မတရားမှုတွေအတွက် တရားရင်ဆိုင်ရမှာ ကြောက်လို့၊ တိုင်းပြည်ကို မောင်ပိုင်စီးပြီး လုပ်စားနေတဲ့ သူတို့ရဲ့ စီးပွားရေတွေနဲ့ စည်းစိမ်တွေ ဆုံးရှုံးမှာကြောက်လို့။ ဒါတွေက သူတို့ရဲ့ အဓမ္မနဲ့ ဝိသမလောဘတွေပဲ ဖြစ်ပါတယ်။

အဲဒီတော့ အကျိုးဆက်က ဘာဖြစ်လဲ။ ဗိုလ်ချုပ်တွေက သူ့ကို ဖမ်းကြတာပါပဲ။ ဆိုတော့ သူက သူတို့ရဲ့ ထာဝရအကျဉ်းသား ဖြစ်ရတာပါ။ ၁၉၈၈ က စ တွက်ရင် ၄ ကြိမ် အဖမ်းခံရပြီး အခုထိ နှစ်ပေါင်း ၁၉ နှစ် ထိန်းသိမ်းခံခဲ့ရတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ သူ့ကို နောက်ထပ် ၂၇ နှစ် ထောင်ဒဏ်ကျခံထားရတော့ လွတ်ရက် မရှိသလိုပါပဲ။

ကမ္ဘာပေါ်မှာ အကြိမ်အများဆုံး အဖမ်းခံရတဲ့ နိုင်ငံခေါင်းဆောင် တယောက်လို့ဆိုရမှာပါ။ ထပ်ခါထပ်ခါ ရွေးကောက်ခံရပြီး၊ အကြိမ်ကြိမ်အဖမ်းခံရတဲ့ ခေါင်းဆောင် တယောက်ဖြစ်ပါတယ်။ ပြီးတော့ ဇွန် ၁၉ ရက်နေ့မှာ သူအသက် ၈၀ ပြည့်ခဲ့ပြီဆိုတော့ ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး တဦးတည်းသော အမျိုးသမီးအကျဉ်းသား လို့ပြောရမှာပါ။

အားလုံးသိတဲ့အတိုင်း ဒီနောက်ဆုံးအကြိမ် ဖမ်းဆီးမှုဟာ အဆိုးဆုံးပါ။ အကျဉ်းသားတယောက်လို သာမက သူ့ကို ဓားစာခံတယောက်လို ဖမ်းထားတာဖြစ်ပါတယ်။ ဘယ်သူနဲ့မှလည်း တွေ့ခွင့်မပေးသလို ဘယ်နေရာမှာ ထားလည်းဆိုတာတောင် အသိမပေးပါဘူး။

စစ်ကောင်စီက လိုအပ်ရင် သူ့အသက်နဲ့ တောင်လဲပြီး နိုင်ငံရေး အပေးအယူ တွေလုပ်မလားလို့ စိုးရိမ်စရာပါ၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရက်စက်မှုနဲ့ နိုင်ငံရေး ကောက်ကျစ်မှုအရဆိုရင် ဒီတကြိမ်မှာ မမျှော်လင့်တာတွေ ဖြစ်လာနိုင်မလား၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ဘယ်လောက်အထိ အန္တရာယ်ရှိနိုင်လဲ။ ဘယ်သူမှ မသိနိုင်ပါဘူး။

စစ်ဗိုလ်တွေကို ခြောက်လှန့်တဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ ယုံကြည်မှု

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်နိုင်ငံရေးလမ်းစဉ်နဲ့ ဒီမိုကရေစီရေးအတွက် မတွန့်ဆုတ်တဲ့ စိတ်ပိုင်းဖြတ်မှုဟာ ၁၉၈၈ ခုနှစ်ကတည်းက စတင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ ရွှေတိဂုံဘုရားမှာ ဟောပြောတဲ့ သူ့ရဲ့ပထမဆုံး မိန့်ခွန်းမှာ ၁၉၈၈ အရေးတော်ပုံကို မြန်မာနိုင်ငံရဲ့ “ဒုတိယ လွတ်လပ်ရေးတိုက်ပွဲ” လို့ ပြောပြီး နိုင်ငံရေးထဲ ဝင်လာတဲ့သူပါ။�အဲဒီအချိန်မှာ သူ့ အသက် ၄၃ နှစ်ပါ။ အဲဒီနောက်ပိုင်းမှာ သူဟာ အကြိမ်ကြိမ် အဖမ်းခံရရုံသာမက စစ်အစိုးရရဲ့ နိမ့်ကျတဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကိုလည်း။ ဒီထက်ဆိုးတာက စစ်အုပ်စုရဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားမှုကိုတောင်မှ ခံရတယ်။

ဒါပေမဲ့ သူ့ရဲ့နိုင်ငံရေးကျင့်ဝတ်နဲ့ နိုင်ငံရေးလမ်းစဉ်တွေက အကြမ်းဖက်မှုနဲ့ ရန်လိုမှုတွေ မရှိခဲ့ပါဘူး။ သူ့ရဲ့ နိုင်ငံရေး အတွေးအခေါ်က လစ်ဘရယ် ဒီမိုကရေစီကို အခြေခံတယ်။ အနှစ်သာရကတော့ “လူတိုင်းအတွက် လွတ်လပ်ခွင့်နဲ့ တန်းတူအခွင့်အရေးတွေကို ကာကွယ်ပေးနိုင်တဲ့ အုပ်ချုပ်ရေးစနစ်” ပါ။ ဒီစနစ်က ပြည်သူရွေးချယ်တဲ့ ကိုယ်စားလှယ်တွေနဲ့ ဒီမိုကရေစီကျကျ အုပ်ချုပ်တာကို ဆိုလိုတာပါ။

သူ့ရဲ့ နိုင်ငံရေးကျင့်ဝတ်ကတော့ “ရိုးသားတဲ့ နိုင်ငံရေး” ပါ။ နိုင်ငံရေးမှာ ရိုးသားမှ “နိုင်ငံရေး ဂုဏ်သိက္ခာရှိမယ်” လို့ ပြောခဲ့ဖူးပါတယ်။ သူ့ရဲ့ နိုင်ငံရေးလမ်းစဉ်ကတော့ အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းပါ။ ပြီးတော့ “ဒိုင်ယာလော့” ဆိုတဲ့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ နိုင်ငံရေး ပြဿနာကို အဖြေရှာတဲ့ လမ်းစဉ်ပါ။ အိန္ဒိယနိုင်ငံရဲ့ မဟတ္တမဂန္ဓီနဲ့ အမေရိကရဲ့ မာတင်လူသာကင်း တို့ရဲ့ လမ်းစဉ်တွေဖြစ်ပါတယ်။

သူ့ရဲ့ နိုင်ငံရေးပန်းတိုင်ကို ကြည့်မယ်ဆိုရင် အာဏာရှင်စနစ်က လွတ်မြောက်ဖို့၊ ဒီမိုကရေစီ နိုင်ငံထူထောင်ဖို့။ အကျယ်ပြောရရင် ဒီမိုကရေစီကျကျ ဖယ်ဒရယ် ပြည်ထောင်စု တည်ထောင်ဖို့ပါပဲ။

စစ်တပ်ရဲ့ သူ့ကို ကြောက်လန့်မှုဟာ အစကတည်းက ထင်ရှားပါတယ်။ သူ နိုင်ငံရေးလောကကို ဝင်လာပြီး တနှစ်မပြည့်ခင် ၁၉၈၉ ခုနှစ်မှာ သူ့ကို နေအိမ်မှာ ပထမဆုံးအကြိမ် ချုပ်နှောင်ခဲ့ကြတယ်။ ဒါပေမဲ့ သူ အချုပ်အနှောင်ခံထားရတဲ့ အချိန်မှာတောင်မှ သူ့ရဲ့ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲတွေမှာ တောင်ပြိုကမ်းပြို နိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ်တွေ အရှက်ကွဲပြီး အံ့သြခဲ့ရတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒါပေမဲ့ သူအဖမ်းခံထားရတဲ့ အချိန်တွေမှာ သူ့ရဲ့ NLD ပါတီက နိုင်ငံရေး သေနေတတ်ပါတယ်။ ဒါပေမဲ့ သူလွတ်ပြီဆိုတာနဲ့ ပါတီက ပြန်အသက်ဝင်လာသလို ပြည်သူလူထုရဲ့ နိုင်ငံရေး လုပ်ရှားမှုတွေလည်း ပြန်အရှိန်ရလာပါတယ်။

အဆိုးဆုံးလုပ်ကြံခံရတာကတော့ ၂၀၀၃ ခုနှစ်က စစ်ကိုင်းတိုင်း ဒီပဲယင်းမှာ ဖြစ်ခဲ့ပြီး အဲဒီမှာ သူ့ရဲ့ယာဉ်တန်းကို စစ်အုပ်စု ကျောထောက်နောက်ခံပြု တုတ်ဓားကိုင် လူဆိုးလူမိုက်တွေက ဝိုင်းတိုက်ခိုက်ခဲ့ကြတယ်။ သူ သေဘေးကနေ ပွတ်ကာသီကာ လွတ်မြောက်တယ်။ သူ့ကို ထောက်ခံသူ ဒါဇင်ပေါင်းများစွာ မလွတ်မြောက်ဘူး။ အဲဒီလုပ်ကြံသတ်ဖြတ်မှုကို အဲဒီတုန်းက စစ်အစိုးရရဲ့ အတွင်းရေးမှူး ၁ ဖြစ်တဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းက စီစဉ်တာခဲ့တာ ဖြစ်ပါတယ်။

ဒိုင်ယာလော့ ယဉ်ကျေးမှုမရှိတဲ့ စစ်ဗိုလ်တွေ

အဲဒီလို တိုက်ခိုက်မှု အမျိုးမျိုးခံခဲ့ရပေမဲ့ သူဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ သူ့ကိုဖမ်းဆီးတဲ့ ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံဆွေးနွေးရေး အမြဲလမ်းဖွင့်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်တွေကတော့ ဒါကို သူတို့အတွက် နိုင်ငံရေးလှည့်ကွက်အနေနဲ့ အကြိမ်ကြိမ် အသုံးချခဲ့ကြပါတယ်။

၂၀၀၀ ကနေ ၂၀၀၅ အထိ ကုလသမဂ္ဂရဲ့အထူးသံတမန်ဖြစ်တဲ့ Razali Ismail က ဗိုလ်ချုပ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုတွေနဲ့ ပတ်သက်ပြီး သူ့အတွေ့ အကြုံကို ရေးသား ခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ဗိုလ်ချုပ်တွေ တွေ့တဲ့ ညစာစားပွဲတွေမှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက တယောက်တည်း ပြောလေ့ရှိတယ်လို့ ဆိုပါတယ်။ “dialogue” မဟုတ်ဘဲ “monologue” လို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်တွေ တွေ့ဆုံခဲ့တာ မနည်းပါဘူး။ ဗိုလ်ချုပ်ကြီးကနေ သမ္မတဖြစ်လာတဲ့ ဦးသိန်းစိန်၊ အဲဒီအချိန်က တပ်ချုပ်ဖြစ်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေကလည်း တွေ့တာသာဖြစ်ပြီး “dialogue” မည်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အဆင့်ကို မရောက်ခဲ့ပါဘူး။�ပြောရမယ်ရင် အမျိုးသားရင်ကြားစေ့ရေးအတွက် တွေ့ဆုံ ဆွေးနွေးရေးဆိုတာ သေချာ မဖြစ်ခဲ့ပါဘူး။ အကြောင်းကတော့ ဗိုလ်ချုပ်တွေမှာ ဒိုင်ယာလော့ ယဉ်ကျေးမှု မရှိလို့ပါပဲ။

ဖခင်ရဲ့ စစ်တပ် သစ္စာဖေါက်တာ ခံရ

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အဖေတည်ထောင်ခဲ့တဲ့ စစ်တပ်ကို သံယောဇဉ်ရှိတယ်၊ ချစ်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ထပ်ခါထပ်ခါ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီစစ်တပ်နဲ့ ဗိုလ်ချုပ်တွေကပဲ သူ့ကို ထောင်အကြိမ်ကြိမ်ချတဲ့အပြင် သတ်ဖြတ်ဖို့ထိ လုပ်ကြံခဲ့ကြပါတယ်။ သူကတော့ တကယ်သံယောဇဉ် ရှိသလို၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုပါ ရည်စူးပြီး စည်းရုံးတဲ့သဘော ပြောတာလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ဒီနေရာမှာ မျှမျှတတပြောရရင် အဲ့ဒီလို ပြောတာတွေရှိသလို စစ်ဗိုလ်ချုပ်တွေကို အဝေဖန်ဆုံးကလည်း သူပါပဲ။ ဒါကြောင့်လည်း စစ်တပ်က တခြားနိုင်ငံရေးသမားတွေထက် သူ့ကို ပို ပစ်မှတ်ထားတာပါ။��တကယ်တော့ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ခဲ့တဲ့ စစ်တပ်ဆိုတာ မရှိတော့ပါဘူး။ ၁၉၆၂ ဗိုလ်နေဝင်း အာဏာသိမ်းကတည်းက စစ်တပ်ကို သူ့ခါးပိုက်ဆောင်တပ် လုပ်ပြီး ဖျက်ဆီးခဲ့တာပါ။ ဗိုလ်နေဝင်းကို ဆက်ခံတဲ့ ခေတ်အဆက်ဆက် ဗိုလ်ချုပ်တွေ အားလုံးလည်း စစ်တပ်က ပြည်သူကို အလုပ်အကျွေးပြုဖို့၊ တိုင်းပြည်ကို ကာကွယ်ဖို့ထက် သူတို့ရဲ့ လက်ကိုင်တုတ်တပ်အဖြစ် စနစ်တကျ အသွင်ပြောင်းခဲ့ကြတာပါ။

၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံ ကနေ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးအထိ ဆန္ဒပြသူတွေက “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” လို့ အမြဲ ကြွေးကြော်ခဲ့ကြပေမဲ့ စစ်ဗိုလ်ချုပ်တွေကတော့ သူတို့ရဲ့ သတ်ဖြတ်မှုတွေ မရပ်တန့်သွားခဲ့ပါဘူး။ ဒီနေ့စစ်တပ်ဟာ ဖက်စစ်တပ်ဖြစ်နေတာကို ကျနော်တို့အားလုံး တွေ့ခဲ့ရပါပြီ။

ဒေါ်အောင်ဆန်းစုကြည်လည်း အခုထောင်ထဲမှာနေနေရပေမယ့် စစ်တပ်က ပြည်သူတွေကိုဘယ်လို ရက်ရက်စက်စက် သတ်ဖြတ်နေလဲဆိုတာ သိမှာပါ။ ပြည်သူတွေကို နှိပ်စက်သတ်ဖြတ်နေတဲ့ စစ်ဗိုလ်ချုပ်တွေကို စည်းရုံးဖို့ဆိုတာ ကျွဲပါးစောင်းတီးထက် ပိုဆိုးပါတယ်။
ဒါပေမဲ့ စစ်တပ်ကို စည်းရုံးလိုက်လျောမှုတွေက သူ့အတွက် ကျရှုံးမှုအထိ ဖြစ်ခဲ့ရပါတယ်။ ပြည်တွင်းမှာထက်စာရင် နိုင်ငံတကာဇာတ်ခုံမှာပါ။

၁၉၈၈ တည်းက ဒီမိုကရေစီတိုက်ပွဲအတွက် သူ့ရဲ့အကြမ်းမဖက်တဲ့ ဦးဆောင်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် နိုင်ငံတကာက နိုဘယ်လ် ငြိမ်းချမ်းရေးဆု အပါအဝင် ဆုပေါင်းများစွာ ပေးအပ်ခဲ့ပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာအရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ဖက်က ဝင်ရောက်ကာကွယ်တယ်ဆိုပြီး နိုင်ငံတကာက သူ့ကိုမြင်ခဲ့ပါတယ်။ စစ်တပ်ရဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကာကွယ်ပေးတယ်၊ နှုတ်ဆိတ်နေခဲ့တယ်ဆိုပြီး ဆုတွေကိုလည်း ပြန်ရုပ်သိမ်းခဲ့ကြသလို တကမ္ဘာလုံးက ဝိုင်းဝန်းအပြစ်တင်ခဲ့ကြပါတယ်။ ဒါကတော့ ကမ္ဘာ့မျက်နှာစာမှာ သူ့ရဲ့ ကျရှုံးမှုပါပဲ။

ပြည်တွင်းမှာလည်း အဝေဖန်ခံရပေမယ့် မြန်မာပြည်သူ အများစုကတော့ သူ့ရဲ့ဒီလုပ်ရပ်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကြောင်း မပျက်စီးဖို့အတွက် ဦးစားပေးခဲ့တယ်လို့ မြင်ခဲ့ကြပါတယ်။ ဆိုတော့ သူ့ကို ထောက်ခံမှုဟာ မလျှော့သွားခဲ့ပါဘဲ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူက အရင်ရွေးကောက်ပွဲတွေထက်တောင် သူ့ပါတီကို မဲပိုပေးခဲ့ကြပါတယ်။

စစ်တပ်နဲ့ သင့်မြတ်ရေးလား တော်လှန်ရေးလား

၂၀၂၁ အာဏာသိမ်းမှုက သူကြိုးစားခဲ့တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို လုံးဝ ရိုက်ချိုးပစ်လိုက်ပါတယ်။ ၁၉၈၈ ကနေ ၂၀၂၁ အထိ နှစ်ပေါင်း ၃၀ ကျော် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးစားမှုတွေ အရာမထင်ခဲ့ပါဘူး။ တကယ်တော့ ဒီလမ်းကြောင်းကို ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားအင်အားစုတွေ အပါအဝင် တတိုင်းပြည်လုံးရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ စစ်တပ်ကို ခွှင့်လွှတ်ပြီး ပြောင်းလဲဖို့ ကြိုးစားခဲ့တာပါ။ ဒီနည်းလမ်းကို ရွေးချယ်ရတဲ့ အဓိကအကြောင်းကလည်း ပြည်သူမနာဖို့ကို ရည်စူးကြတာဖြစ်ပါတယ်။

ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်တွေ ဒိုင်ယာလော့ လုပ်မလိုလို လိမ်လည်ဟန်ဆောင်ခဲ့တာလည်း အားလုံး ခံခဲ့ရတယ်။ ၂၀၂၁ အာဏာသိမ်းမှုနဲ့ စစ်တပ်ရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေကို ကြည့်ရင် ဒီနည်းလမ်းက ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။

နေ့တဓူဝ ဗုံးကြဲမှုတွေ၊ သတ်ဖြတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွ၊ ဖမ်းဆီးမှုတွေဟာ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက တရက်မှ မရပ်ပါဘူး။�ဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်လာလို့ အဲဒီလမ်းကြောင်းကို ပြန်သွားမယ်ဆိုရင်တောင် လူထုက လက်ခံနိုင်ဖို့ ခက်သွားပါပြီ။ သူ့ရဲ့ “ပြည်သူသာ အဓိက” ဆိုတဲ့ ဆောင်ပုဒ်နဲ့လည်း မကိုက်ညီနိုင်တော့ပါဘူး။

ပြည်သူတွေပေးနေတဲ့ သတင်းစကားက ရှင်းလင်းတယ်။ “သွေးကြွေးမှာ ဆွေးနွေးစရာ မရှိဘူး” ဆိုတဲ့ သတင်းစကားဖြစ်တယ်။ Gen Z တွေအပါအဝင် နောက်ဆုံး တော်လှန်ရေးမျိုးဆက်က “ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်” ဆိုတဲ့ ကြွေးကြော်သံအောက်မှာ ပိုပြီး ခိုင်ခိုင်မာမာ တွန်းလှန်နေကြတာ ဖြစ်ပါတယ်။

စစ်တပ်က သူတို့ရဲ့ခေါင်းဆောင်ကို အကျဉ်းချပြီး လူမြင်ကွင်းက ဖျောက်ထားပေမယ့် သူ့ရဲ့ မတွန့်မဆုတ် အာဏာဖီဆန်မှုတွေကို ပြည်သူအများစုက ဆက်ကိုင်စွဲပြီး တော်လှန်နေကြတာ တွေ့ရပါတယ်။ သူ့ရဲ့လွတ်မြောက်မှုကိုလည်း လူငယ်တော်လှန်ရေးသမားတွေ အပါအဝင် ပြည်သူတွေက မျှော်လင့်နေကြတာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ စစ်ခေါင်းဆောင်တွေ အကြောက်ဆုံး နိုင်ငံရေးသမားပြပါဆို သူပဲဖြစ်ပါတယ်။ သူဟာ သူတို့ရဲ့ အကြီးမားဆုံး ရန်သူတဦးပါ။ စစ်ဗိုလ်ချုပ်တွေကတော့ သူ့ကို အပြီးသတ် လုပ်ကြံချင်တာတော့ သံသယရှိစရာမလိုပါဘူး။ အခုလည်း သူ့ကို ထောင်ထဲမှာ ဖြည်းဖြည်းချင်း ညှဉ်းသတ် နေသလိုပါပဲ။

ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၇ နှစ်တာ ကာလတလျှောက်မှာ စစ်ခေါင်းဆောင်တွေရဲ့ နှစ်ရှည် ဖမ်းဆီးချုပ်နှောင်မှု၊ သတ်ဖြတ်ဖို့ လုပ်ကြံမှုတွေအပါအဝင် ကောက်ကျစ်မှုပေါင်းစုံကိုတော့ သူကျော်လွှားနိုင်ခဲ့ပြီးပါပြီ။

ဒါကြောင့်မို့ သူ့ရဲ့ထောက်ခံသူတွေက သူ့ကို သံမဏိနှင်းဆီလို့ခေါ်ကြတာဖြစ်ပါတယ်။

သူက ပိန်ပေမယ့် သန်မာပါတယ်။ အိုပေမယ့် ပြတ်သားပါတယ်။ တယောက်ထဲပေမယ့် သတိမြဲမှာပါ။ ချုပ်နှောင်ခံထားရပေမယ့် ငြိမ်းအေးနေမှာပါ။

ကျနော်ကိုယ်တိုင်လည်း နိုင်ငံရေး အကျဉ်းသားအနေနဲ့ ၈ နှစ် အချုပ်အနှောင်ရဲ့ နာကျင်မှုတွေကို ဖြတ်သန်းဖူးတဲ့အတွက် ဘယ်သူကိုမှ ထောင်ထဲမှာ တစက္ကန့် တမိနစ်တောင် မနေစေချင်ပါဘူး။ ဒါကြောင့် အခုမတရား အကျည်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး၊ တယောက်မကျန် အမြန်ဆုံးလွတ်မြောက်ဖို့ ဆန္ဒပြုပါတယ်။

✍ ကျော်စွာမိုး (The Lady Myanmar’s Generals Can’t Defeat)

ပြည်ပအားကိုး ၊ ပြည်ပက ဝင်ရောက်စွက်ဖက်မှုဆိုပြီး ပြောတာလည်း သူတို့ပဲ အကြိမ်ကြိမ် ၊ ခုလက်ရှိပဲကြည့်မယောင်ရာဆီလူး ဘာအဖြေမှ ...
26/06/2025

ပြည်ပအားကိုး ၊ ပြည်ပက ဝင်ရောက်စွက်ဖက်မှုဆိုပြီး ပြောတာလည်း သူတို့ပဲ အကြိမ်ကြိမ် ၊ ခုလက်ရှိပဲကြည့်မယောင်ရာဆီလူး ဘာအဖြေမှ မရတဲ့ ငြိမ်းချမ်းရေးဖိုရမ် ကြီးမှာ အိန္ဒိယ ၊ ထိုင်း ၊ တရုတ် ၊ ရုရှားက ပညာရှင်တွေ တက်ရောက်ဆွေးနွေးကြောင်းကျ Ball မ ချန်နယ်တွေမှာ ဂုဏ်ယူဝင့်ကြွား အကျယ်တဝင့် ဖော်ပြ ၊

ရွေးကောက်ပွဲအကြောင်း အီသီယိုးပီးယား အထိ ရှင်းပြရတာနဲ့ ၊

ရှမ်းမြောက်ဘက် ထိန်းပေးဖို့ တရုတ်ကြီး အားကိုးရတာနဲ့

ချင်း ၊ ကလေးဘက်ကျ အိန္ဒိယ အားကိုးရတာနဲ့

ရခိုင်တောင် ဘင်္ဂလားဒေရှ်ဒ့်ကို အားကိုးမရလို့ ၊ တခြားနိုင်ငံတွေကသာ သူ့ကို လက်ခံရင် ရှိတာအကုန် ထုတ်ပေး ၊ လိုချင်တာ ယူပါဆိုပြီး စပ်ဖြဲဖြဲ မျက်ခွ-က်နဲ့ အဆွေတော် ဆိုပြီး မြန်မာလိုကြီး အမြီး အမောက် မတည့် ပြောဆိုကာ ကမ္ဘာလှည့် ပြည်ပအားကိုးနေမယ့် ၄ ပေ သာသာ လူတန်းစား။

အချုပ်အားဖြင့် စစ်အုပ်စုဟာ နိုင်ငံတကာနဲ့ ငါတို့ပဲ ပတ်သက်မယ်၊ အခြားလူတွေ ပက်သက်ရင် “ပြည်ပအားကိုး ပုဆိန်ရိုး” ဆိုတဲ့ အကွက် … 🤌🤌

ဘုတ် ဘုတ် တောင် မရဘူး သိဘို့ 😎

မိုင်းပန်တွင် Happy Water သောက်ပြီး မိန်းကလေးငယ် ၁ ဦး သေဆုံး၊ ၃ ဦးဆေးရုံတက်ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ် လွ...
26/06/2025

မိုင်းပန်တွင် Happy Water သောက်ပြီး မိန်းကလေးငယ် ၁ ဦး သေဆုံး၊ ၃ ဦးဆေးရုံတက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ် လွိုင်နွဲ့ကျေးရွာအနီး KTV မှာ Happy Water သောက်ပြီး မိန်းကလေးငယ်တယောက် သေဆုံးကာ ၃ ယောက် ဆေးရုံတက်ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၂၁ ရက် ညမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူမှာ လွိုင်နွဲ့ရွာနေ အသက် ၁၆ နှစ်အရွယ် နန်းဟျိုးငင်ဖြစ်ပါတယ်။

သေဆုံးသူနဲ့ နီးစပ်သူတယောက်က “သူတို့အဖွဲ့က အကုန် ၈ ယောက် သောက်တာ၊ ၃ ယောက်ကတော့ ဆေးရုံတင်ရတယ်၊ တယောက်တော့ ပွဲချင်းပဲ ဆုံးသွားတယ်။ အကုန်လုံးက လွိုင်နွဲ့ရွာသူတွေ ဖြစ်တယ်။ သေဆုံးသွားတဲ့တယောက်က Happy Water ကို ၅ ခွက် သောက်တာ သူ အများဆုံးပဲသောက်တာ အပျော်လွန်တော့ ခုလိုဖြစ်သွားတယ်။ ဆေးရုံတက်တဲ့သူရော ဆုံးတဲ့သူရော ၁၆ နှစ်အရွယ်တွေပဲ။ သူတို့က အရက်တွေ အရင်သောက်တယ်၊ ပြီးမှ Happy Water သောက်တာ၊ မျိုးစုံရောသွားလို့ ရှော့ဖြစ်သွားတာ” လို့ ပြောပါတယ်။

သေဆုံးသူ နန်းဟျိုးငင်ကို ဇွန် ၂၂ ရက်မှာ သင်္ဂြိုဟ်ခဲ့ပြီး ဆေးရုံတက်ရတဲ့ ၃ ယောက်တော့ သက်သာလို့ ဆေးရုံကနေ ဆင်းသွားပြီ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလကလည်း တာချီလိတ်မြို့ နတ်မောက်ရွှေသူဌေးကုန်းကျောင်းတိုက်မှ ဆရာတော်တပါးနဲ့ ဒါယကာ ၄ ယောက်တို့ Happy Water ကို ကော်ဖီထင်မှတ်ပြီး ဖျော်သောက်မိရာက သတိလစ်မေ့မြောပြီး ဆေးရုံတက်ခဲ့ရပါတယ်။

Happy Water ကို ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးအသစ်တမျိုးအဖြစ် သတ်မှတ် တင်းကျပ် စောင့်ကြည့်နေပြီး ရှမ်းပြည်နယ် တာချီလိတ်၊ ကျိုင်းတုံ၊ တောင်ကြီး၊ ရပ်စောက်၊ နမ့်စန်မြို့တို့ရှိ KTV နဲ့ ကလပ်တွေမှာ တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်တပ်စခန်း ၉ ခုကို တပြိုင်နက်တိုက်ခိုက်မှု နှစ်ဖက်သေဆုံးမှုရှိပြီး ၃ ဦးအရှင်မိကာ လက်နက...
25/06/2025

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်တပ်စခန်း ၉ ခုကို တပြိုင်နက်တိုက်ခိုက်မှု နှစ်ဖက်သေဆုံးမှုရှိပြီး ၃ ဦးအရှင်မိကာ လက်နက်မျိုးစုံရ

ပဲခူးတိုင်း၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်တွေအတွင်းက ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့စခန်း ၉ခုကို တပြိုင်နက်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အဆိုပါစခန်းတွေကို ဇွန် ၂၅ ရက် ဒီကနေ့မနက်အစောပိုင်းမှာ တပြိုင်နက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်းသေဆုံး၊ ရဲအုပ် ၁ ဦးအပါ စစ်သုံ့ပန်း ၃ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ၁ ဦး သေဆုံး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

အဆိုပါစခန်း ၉ ခုအနက် ညောင်လေးပင်နဲ့ကျောက်တံခါးမြို့အကြား တော်ဝိကျေးရွာစစ်ကောင်စီတပ်စခန်းကို ဇွန် ၂၅ ရက်မနက် ၁ နာရီမှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မနက် ၂ နာရီမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပဲခူးရှေ့ခြမ်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ တော်ဝင်ဒေါင်းတပ်ရင်းက ပြောပါတယ်။

အင်အား ၅၀ ခန့်ရှိ တော်ဝိစစ်တပ်အထိုင်စခန်းကို ၁ နာရီအကြာတိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၃ ဦးသေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိကာ ကျန်စစ်ကောင်စီတပ်ဖွဲ့တွေဟာ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

“ သူတို့ကရွာထိပ်ဘုန်းကြီးကျောင်းကို အခြေပြုပြီးတော့ အထိုင်ချထားတာ၊ အဲဒီအထိုင်ချထားတဲ့နေရာတွေကို ကျနော်တို့ အဖွဲ့တွေခွဲပြီးရှင်းလင်းခဲ့တာဆိုတော့ သူတို့အခြေပြုနေထိုင်တဲ့နေရာတွေကိုအကုန်လုံး တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်၊ ပြီးတော့ ကျနော်တို့မီးရှို့ဖျက်ဆီးခဲ့တယ်၊ စုစုပေါင်း သေဆုံးတာက ၁၃ ဦး သူတို့ရဲ့ရုပ်အလောင်းတွေကိုလည်း အဲ့ဒီနားမှာပဲမီးရှို့ဖျက်ဆီးခဲ့တယ်” လို့ တော်ဝင်ဒေါင်းတပ်ရင်းသတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် တော်ဝိစခန်းသိမ်းတိုက်ပွဲအတွင်း ရဲအုပ် ၁ ဦး၊ ရဲအရာခံဗိုလ် ၁ ဦးနဲ့ စစ်ကောင်စီတပ်သား ၁ ဦး ကို အရှင်ဖမ်းမိခဲ့ကာ ၎င်းစခန်းက MA3 ၁ လက်၊ MA 13 ၁ လက်၊ ၆ လုံးပြူးသေနတ် ၂ လက်၊ BA 63 (G3) ၃ လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက်နဲ့ ကျည်မျိုးစုံအပါ စခန်းအားလုံးကနေ စုစုပေါင်း လက်နက်ကြီး၊ လက်နက်ငယ် ၁၆ လက် ခဲယမ်း၊ စစ်သုံးပစ္စည်းအများအပြားသိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန(ပဲခူး)၊ ဗျူဟာ ၂၄ နဂါးနီစစ်ကြောင်း၊ အာဠာဝက တပ်ရင်း၊ အမှတ် ၃၅၀၃ တပ်ရင်း၊ ဖြူး(ပကဖ)၊ ဗျူဟာ ၂၅၊ အမှတ် ၃၇၀၂ တပ်ရင်း၊ Spring Warriors Column၊ KNLA တပ်ရင်း ၉၊ ဗျူဟာ ၂၆၊ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်းတွေက ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ထီးကပလယ်စစ်စခန်းမှ ထွက်ပြေးသွားသော ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၂ ဦး လက်နက်များန...
25/06/2025

ထိုင်း-မြန်မာနယ်စပ် ထီးကပလယ်စစ်စခန်းမှ ထွက်ပြေးသွားသော ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၂ ဦး လက်နက်များနှင့်အတူ ထိုင်းဘက်သို့ ရောက်ရှိသွား၊ စခန်းအတွင်းမှ စစ်သား အလောင်း ၆ လောင်းနှင့် လက်နက်ခဲယမ်းများရရှိ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ထီးကပလယ်စစ်စခန်းမှ ထွက်ပြေးသွားသော တပ်ရင်းမှူးအဆင့် ဒုတိယဗိုလ် မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၂ ဦးသည် လက်နက်များနှင့်အတူ ထိုင်းဘက်သို့ ရောက်ရှိသွားပြီး ထိုင်းအာဏာပိုင်များက ခေါ်ယူထိန်းသိမ်းထားကြောင်း ထိုင်း-မြန်မာနယ်စပ်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ထီးကပလယ် စစ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး အဆိုပါစခန်းမှ စစ်ကောင်စီတပ်သားများမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း၊ ထွက်ပြေးသွားသော စစ်သားများကို တော်လှန်ရေးတပ်များက လိုက်လံ ဖမ်းဆီး နယ်မြေရှင်းလင်းရာ စစ်သား ၄ ဦးကို အရှင်ဖမ်းဆီးရခဲ့သော်လည်း ထီးကပလယ် စခန်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အပါ စစ်အရာရှိ ၄ ဦး၊ အရာရှိအရာခံ/အကြပ် ၂၃ ဦးနှင့် တပ်သား ၁၅ ဦး စုစုပေါင်း ၄၂ ဦးတို့မှာ လက်နက် ၃၉ လက်နှင့်အတူ ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိခဲ့ကြောင်း သိရှိရသည်။

" ထီးကပလယ်စခန်းက ပြေးတဲ့ ၄၂ ဦးက ထိုင်းစစ်တပ်ဆီရောက်သွားပြီ။ သူတို့ပါသွားတဲ့ သေနတ် ၃၉ လက်ကိုလည်း ထိုင်းစစ်တပ်က သိမ်းလိုက်ပြီ။ အခုတော့ စစ်မေးတာတွေ လုပ်နေတယ်။ လျှောက်ပြေးနေတဲ့ စစ်သားတွေလည်း မြန်မာဘက်အခြမ်းမှာရှိသေးတယ်" ဟု ထိုင်း-မြန်မာနယ်စပ်သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော ထီးကပလယ်စခန်းသိမ်းတိုက်ပွဲမှာ လက်နက်သိမ်းဆည်းရရှိမှုအနေဖြင့် ၆၀ မမ ၃ လက် ၊ ငါးကျင်းမြီး ၂ လက် ၊ လက်နက်ငယ် ၁၂ လက် ၊ လက်နက်ကြီးခဲယမ်းများ ရရှိကြောင်း၊ စခန်းအတွင်းမှ စစ်သား အလောင်း ၆ လောင်းလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

KTLA ကော်သူလေးတပ်မတော်၏ ထုတ်ပြန်ချက်တွင်မူ ဇွန်လမှစတင်၍ တော်လှန်ရေး ပူးပေါင်းအဖွဲ့၀င်မျာကေ စစ်ကောင်စီ၏ ထီးကပလယ် စခန်းကို ဝန်းရံပိတ်ဆို့ပြီး ဒရုန်း များဖြင့် နေ့ညမပြတ် တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ စခန်းကုန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့၀င်များမှ လိုက်လံရှင်းလင်းရာ ထိုင်းနိုင်ငံသို့မရောက်မီ နယ်စပ် မီတာ ၅၀၀ ခန့်အကွာတွင် စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် တော်လှန်ရေးတပ်ဖွဲ့၀င်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၃ယောက် သေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိခဲ့ရရှိကြောင်း သိရှိရသည်။

ကျန်ရှိသော စစ်ကောင်စီတပ်ဖွဲ့၀င်များမှာ လက်နက်များအား စွန့်ပစ်၍ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့၀င်များက လိုက်လံရှင်းလင်းရာ ၎င်းတို့ထွက်ပြေးရာလမ်းတစ်လျှောက်တွင် ၆၀ မမအမြှောက်များ နှင့် လက်နက်ငယ်များ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းနောက် ထီးကပလယ် စခန်းကုန်းကို တော်လှန်ရေးတပ်ဖွဲ့၀င်များက ၀င်ရောက် နယ်မြေရှင်းလင်းရာ ၆၀ မမ ဗုံးသီးများနှင့် ၇ ဒသမ ၆၂ ကျည်ဆံများ၊ ၅ ဒသမ ၅၆ ကျည်ဆန်များ ၄၀ မမ ဗုံးများ ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း KTLA ကော်သူလေးတပ်မတော်က သတင်းထုတ်ပြန်သည်။

ဗကသအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသား စာရေးဆရာ ငြိမ်းအေးအိမ်၏ ဈာပန ကျင်းပပြုလုပ်စာရေးဆရာ ငြိမ်းအေးအိမ် ငယ်နာမည် မောင်ကျော့ဦး (...
25/06/2025

ဗကသအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသား စာရေးဆရာ ငြိမ်းအေးအိမ်၏ ဈာပန ကျင်းပပြုလုပ်

စာရေးဆရာ ငြိမ်းအေးအိမ် ငယ်နာမည် မောင်ကျော့ဦး (ခေါ်) ဗမာပြည်ကွန်မြူနစ်ပါတီဝင် ဒုတိယဗိုလ်မှူးကြီး ဦးငြိမ်းအေး (ကချင်အထူးဒေသ-၁) ၊ အသက် (၆၉) နှစ် ၏ ဈာပနအခမ်းအနားကို ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ငြိမ်းအေးအိမ်သည် အစာပြွန်ကင်ဆာဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့် အတူ သမီးတစ်ဦး၊ မြေးတစ်ဦး ကျန်ရစ်ခဲ့သည်။

🟥ထူးခြားသောဘဝဖြတ်သန်းမှု

စာရေးဆရာ ငြိမ်းအေးအိမ်သည် ထားဝယ်တိုင်းရင်းသား ဖြစ်ပြီး ၁၉၅၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ထားဝယ်မြို့၊ အထက်ကဝပ်တံငါရွာ၌ မွေးဖွားခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ထားဝယ် အထက (၁) မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။

၁၉၇၆ ခုနှစ်တွင် ရန်ကုန်မြို့ရှိ စက်မှုလက်မှုသိပ္ပံ (အင်းစိန်) တွင် လျှပ်စစ် (ပါဝါ) ဘာသာရပ် ဝင်ခွင့်အောင်မြင်ပြီးချိန်တွင် မှိုင်းရာပြည့် အထိမ်းအမှတ်သပိတ်ကော်မတီ၌ ဦးဆောင်ပါဝင်ခဲ့သဖြင့် အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅(ည) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်။

၁၉၈၀ ပြည့်နှစ်တွင် အိမ်ထောင်ကျပြီး ကျူရှင်ဆရာအဖြစ် အသက်မွေးလိုခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများအတွက် ကန့်သတ်ချက်များ ရှိခဲ့သောကြောင့် ၁၉၈၅ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။

၁၉၈၉ ခုနှစ်နောက်ပိုင်း စစ်အစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်တွင် ၁၉၉၅ ခုနှစ်၌ ရန်ကုန်မြို့သို့ တာဝန်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။

🟥စာပေနယ်ပယ်မှလက်ရာများ

ငြိမ်းအေးအိမ်သည် ၁၉၉၄ - ၁၉၉၅ ခုနှစ်တွင် သရဖူမဂ္ဂဇင်း၏ ထုတ်ဝေသူနှင့် အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့ပြီး ၎င်း၏ စာပေလက်ရာများမှာ ထင်ရှားကျော်ကြားခဲ့သည်။

စာရေးဆရာ ငြိမ်းအေးအိမ်၏ ပထမဆုံး လုံးချင်းဝတ္ထုမှာ "ပွဲတော်ညမုဆိုးများ ဝတ္ထုတိုစုစည်းမှု" (၁၉၉၆) ဖြစ်ပြီး ပထမဆုံး အချစ်လုံးချင်းဝတ္ထုရှည်မှာ "အဝါရောင်ဆောင်းရက်များ၏ မိုးစက်ပုံပြင်" (၂၀၀၅) ဖြစ်သည်။

ထို့ပြင် ကချင်ပြည်နယ် အထက်ပိုင်း ဝေးလံခေါင်သီသော အီမောဘွမ်တောင်ဒေသရှိ လူမျိုးစုများနှင့် အီမောဘွမ်တောင် သဘာဝပတ်ဝန်းကျင်အကြောင်း ရေးသားထားသည့် "ညို့ငင်တောင်" (၂၀၁၂) စာအုပ်အပါအဝင် စာအုပ်ပေါင်း ၂၀ နီးပါး ရေးသားခဲ့သူဖြစ်သည်။

ဓာတ်ပုံ - ကိုရဲ၊ မျိုးမြန်မာ

#စာရေးဆရာငြိမ်းအေးငြိမ် #ဈာပနာအခမ်းအနားပြုလုပ် #ဗကသအဖွဲ့ဝင်နိုင်ငံရေးအကျဉ်းသား

“ပြိုင်ဘက်မရှိဘဲ နေပြည်တော်၌ ရွေးကောက်ပွဲနိုင်အောင် လုပ်ဆောင်ရန် ကြံ့ဖွတ်ပါတီ ဒုခေါင်းဆောင် လှထွန်း ပြော”၂၀၂၅ နှစ်ကုန်ပိ...
25/06/2025

“ပြိုင်ဘက်မရှိဘဲ နေပြည်တော်၌ ရွေးကောက်ပွဲနိုင်အောင် လုပ်ဆောင်ရန် ကြံ့ဖွတ်ပါတီ ဒုခေါင်းဆောင် လှထွန်း ပြော”

၂၀၂၅ နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီကကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲမှာ စံပြအနေနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မဲဆန္ဒနယ်အားလုံး အနိုင်ရရှိရေးအတွက် စည်းစည်းလုံးလုံး ဆောင်ရွက်ကြဖို့ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွတ်ပါတီ ဒုဥက္ကဋ္ဌ ဦးလှထွန်း က ပြောပါတယ်။

ဇွန် ၂၄ ရက်က နေပြည်တော်ရှိ ကြံ့ဖွတ်ပါတီရုံးခန်းမမှာ ပြုလုပ်တဲ့ ပါတီဝင်တွေနဲ့ တွေ့ဆုံပွဲအတွင်း ကြံ့ခိုင်ရေးပါတီ ဒုခေါင်းဆောင်က ပြောတာပါ။

ကြံ့ဖွတ်ပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ရွေးကောက်ပွဲမှု အပြတ်အသတ်ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ နေပြည်တော်အတွင်း မဲဆန္ဒနယ်တွေမှာလည်း NLD ပါတီကို ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထွက်ဆိုချက်ဆိုပြီး စစ်ကောင်စီအသိုင်းအဝိုင်းက ထုတ်လာပါတယ်” သူတို့ ရည်ရွယ်ရင်းကတော့ ဒေါ်စုက NUG CR...
25/06/2025

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထွက်ဆိုချက်ဆိုပြီး စစ်ကောင်စီအသိုင်းအဝိုင်းက ထုတ်လာပါတယ်”

သူတို့ ရည်ရွယ်ရင်းကတော့ ဒေါ်စုက NUG CRPH ကို မထောက်ခံပါဘူးဆိုပြီး အတင်းဆွဲကပ်ချင်တာပါ။

တကယ်တမ်း ဖြစ်သွားတာက ဖုံးခါမှ ပေါ်ပါ။ NUG PDF နဲ့ ပတ်သက်ပြီး ဝါဒဖြန့်ဖို့က အဓိက လောနေပုံရတော့ အမေစုက စစ်တပ်က သူတွေကို စစ်အကြမ်းဖက်တွေလို့ ခေါ်တဲ့ဟာကိုပါ ကိုယ်ပေါင်ကိုယ်လှန်ထောင်း ထုတ်ချလိုက်ရတာပါ။

အမေစုအိမ်ကို ဖေဖေါ်ဝါရီ ၁ ရက် မနက် ၄ ခွဲလောက်မှာ ကျူးကျော်ဝင်ရောက်လာကြပုံရပါတယ်။ အမေစုက " စစ်အကြမ်းဖက်အဖွဲ့တွေနဲ့ ဗိုလ်ချုပ်တယောက် " လို့သုံးပါတယ်။ ဒါကို စကစဘက်က ကန့်ကွက်ပါတယ်။

အမေစုက သူတို့ အချင်းချင်း အဲလို ခေါ်နေကြတာပဲလေလို့ ပြန်ပြောပါတယ်။ အရပ်စကားနဲ့ဆိုရင်တော့ " နင်တို့ အချင်းချင်း အဲလို ခေါ်နေကြတာလေ မဟုတ််လို့လား " ပေါ့။ တကယ်ဆို စစ်သားတွေ၊ စစ်တပ်က ရောက်လာတယ်လို့ သုံးလိုက်လို့ ရပေမဲ့ " စစ်အကြမ်းဖက် " ဆိုတဲ့ စကားလုံးကို တခုတ်တရ မှတ်သားပြီး စစ်တရားရုံးမှာ ထုတ်ပြောလိုက်တာပါပဲ။

ပြည်သူတွေက ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေ အကြီးအကျယ် ဆင်နွှဲပြီး ဝန်ထမ်းတွေက CDM လုပ်လာကြတဲ့အခါ အာဏာသိမ်းတာ ၁၀ ရက်တောင် မပြည့်သေးတဲ့ စစ်အကြမ်းဖက် ဗိုလ်ချုပ်တွေဟာ သူတို့ဖမ်းထားတဲ့ ဒေါ်စုဆီ ခခယယ ပြန်သွားပြီး ကြိုတင်ရေးလာတဲ့စာတွေ ဖတ်ပြပေးဖို့ တောင်းဆိုရရှာပြန်ပါတယ်။ အမေစုက " စာရွက်ပေါ်ပါ စာသားများကို ဖတ်ပြစရာ အကြောင်းမရှိသောကြောင့် မဖတ်ပြနိုင်ပါ " လို့ တုံ့ပြန်ပါတယ်။

ယင်းကာလတွေမှာ ထွက်လာတဲ့ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး အမေစုကို ၅၀၅ နဲ့ ဆွဲပါတယ်။ အမေစုကို ပါတီရဲ့ ထုတ်ပြန်ချက်ဆိုတဲ့ စာရွက်တွေ ယူလာပြတော့ အမေစုက " စာရွက် အစစ်လား အတုလား မသိ၍ မှတ်ချက်ပေးစရာ အကြောင်းမရှိ၊ ယခုအချိန် နည်းပညာနဲ့ အမျိုးမျိုး လုပ်လို့ ရပါတယ် " လို့ တုန့်ပြန်ပါတယ်။

အမေစုက ပြည်သူသို့ ပန်ကြားချက်စာ ရေးခဲ့ပါတယ်။ ဒါကို စန္ဒာမင်းကိုယ်တိုင်လည်း စစ်မီဒိီယာ ကျော်မျိုးမင်းနဲ့ တွေ့ဆုံမှုမှာ ထုတ်ပြောပါတယ်။ စန္ဒာမင်းက ဒေါ်အောင်ဆန်းစုကြည်က စာရေးခဲ့တာတော့ ဟုတ်ပါတယ်၊ အဲ့စာကို ဦးဝင်းထိန်တို့ကပဲ ခပ်မာမာထန်ထန် ဖြစ်အောင် ပြင်ရေးလိုက်သလားဆိုတာကိိုပဲ မသိတာပါလို့ ပြောပါတယ်။

သူ့အပြောအတိုင်းဆိုရင်တောင် ပြင်ရေးလိုက်လေသလားဆိုတော့ မူရင်းရှိလို့ ပြင်လို့ရတာပါပဲ။ အဲ့စာကို ဦးဝင်းထိန်က သူ့အသက်နဲ့ရင်းပြီး သစ္စာဆိုကြောင်း ထုတ်ပြန်ခဲ့တာပါ။ စစ်တရားရုံးမှာ ဦးဝင်းထိန်က စာထုတ်ပါတယ်လို့ တင်လာပါတယ်။ ဒီတော့ ဒေါ်စုရဲ့ ရှေ့နေတွေက ဘာစာလဲဆိုတာ မသိရလို့ တင်သွင်းတာကို ကန့်ကွက်ကြောင်း ပြောသလို စစ်တရားရုံးကိုယ်တိုင်ကတောင် ဒီကန့်ကွက်ချက်ကို လက်ခံပေးခဲ့ပါတယ်။ ကန့်ကွက်ချက်ကို လက်ခံပေးခဲ့တဲ့ တရားသူကြီး အခု ဘယ်ဘဝ ရောက်နေလဲတော့ မပြောတတ်ပါ။

NLD Facebook စာမျက်နှာကို သိလား၊ Facebook ကပေးထားတဲ့ အပြာခြစ် Blue Mark တောင် ရထားတယ်လေလို့ စစ်အကြမ်းဖက်ရှေ့နေက ပြောတော့ အမေစုက " Facebook အဖွဲ့အစည်းကို မေးကြည့်နိုင်ပါတယ် " လို့ ဖြေပါတယ်။ အမေစုက စစ်တရားရုံးရဲ့ ပေါက်ကရ မေးမြန်းချက်တွေကို အရွှန်းဖောက် ဖြေတယ်လို့တောင် တကိုယ်ရည် ထင်မြင်မိပါသေးတယ်။ " သိချင်ရင် Facebook သွားမေးလေ " ပေါ့။

၄ လပိုင်း ၂၂ ရက်မှာ စစ်အကြမ်းဖက်ရဲက NUG ကို ဘယ်လိုသဘောရသလဲ မေးတော့ ဒေါ်အောင်ဆန်းစုကြည်က " NUG က ဘာလဲ " ၊ CRPH ကို သိလား ထပ်မေးပြန်တော့ " CRPH က ဘာလဲ " မေးပါတယ်။ စစ်အကြမ်းဖက်ရဲက လွှတ်တော်ကိုယ်စားလှယ်တွေ ဖွဲ့ထားတဲ့ အဖွဲ့ပါလို့ ဖြေတော့ အမေစုက ဘယ်သူတွေပါလဲ ပြောပါဦးလို့တောင် တဖန်ပြန်မေးလိုက်ပါသေးတယ်။ ရဲဖြစ်သူကလည်း နာမည်တွေတောင် ရွတ်ပြလိုက်ပါသေးတယ်။ ပြီးတာနဲ့ အမေစုက " ဒီထက်ပိုပြီး ကျမ ဘာမှ ပြောလို့ မရပါ၊ ရေရေရာရာ ဘာမှမသိရလို့ သဘောထား ဘာမှ ပေးစရာ မရှိ " လို့ အပြတ်ပြောလိုက်တာပါ။

ရယ်စရာပြောရရင် အမေစုက သူသိချင်တာတွေတောင် စကားပြန်နှိုက်မေးလိုက်ပါသေးတယ်၊ သိချင်တာလည်း သိရတော့ ပြောစရာ မရှိ နတ္ထိနဲ့ ပိတ်လိုက်ပါတယ်။ ဒါကို အမေစုက NUG CRPH ကို မထောက်ခံဘူးလို့ စစ်တပ်ဘက်ကအတင်းဆွဲကပ် ဝါဒဖြန့်နေတော့ သူတို့တွေမှာ တော်တော်ရှားနေပြီလားလို့တောင် တွေးမိပါတယ်။ ဒါကိုပဲ နောက်ရုံးချိန်တခုမှာ ထပ်မေးတော့ အမေစုက ရှေ့တုန်းက အဖြေအတိုင်းပဲလေလို့ တုန့်ပြန်ပါတယ်။

PDF တွေကိုရော သိလားလို့ မေးပြန်တော့ အမေစုက " ပြင်ပနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်ခံထားရလို့ အခြေအနေတွေကို ကြားနိုင် သိနိုင်တဲ့ အခြေအနေမရှိလို့ မသိပါ " လို့ ဖြေပါတယ်။ အမေစု ဖြေဆိုခဲ့တာတွေကို ပြန်ကြည့်ရင် သီးသန့်ခွဲ ကန့်သတ်ခံထားရတဲ့ အခြေအနေမှာရောက်နေပေမဲ့ အပြင်မှာ ဖြစ်နေတာ၊ လုပ်နေတာတွေကို အနှောင့်အယှက် မဖြစ်အောင် ပါးပါးနပ််နပ် အမျှော်မြင်ရှိရှိ ပြောသွားတာ သိသာပါတယ်။ သဘာဝလည်း ကျပါတယ်။ သူ မသိနိုင်တဲ့ အခြေအနေ၊ ရက်စွဲတွေမှာ ဖြစ်နေတာတွေကို အတင်းဆွဲကပ်ပြီး ရမ္မာယ်ရှာတာတွေကို သူက အတည်ပြုပေးဖို့မှ မလိုတာ။

စစ်အကြမ်းဖက်ဘက်က NLD ကြောင့် နိုင်ငံတော် မတည်မငြိမ် ဖြစ်နေပြီလိို့ စွပ်စွဲတော့ ဒေါ်အောင်ဆန်းစုကြည်က " မတည်ငြိမ်မှုဆိုတာ ဘယ်လို မတည်ငြိမ်မှုကို ဆိုလိုတာလဲ မသိပါ " လို့ ပြန်ပြီးတောင် အဓိပ္ပါယ်ဖွင့် ခိုင်းလိုက်ပါသေးတယ်။ အမေစုက " အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင် ပြုလုပ်မည်လို့ မယုံကြည်ပါ " လို့လည်း ပြောပါတယ်။ ဒီစကားက တန်ဖိုးရှိပါတယ်။

၉၀ အလွန်ခုနှစ်တွေမှာ အမေစုတို့ အကျဉ်းကျနေပြီး NLD ဆိုရင် ရပ်ကျေးပါမချန် သန်းရွှေတိို့က ဖမ်းဆီးနေချိန် ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေတို့ပဲ ထိပ်ပိိုင်းမှာ ခပ်ယဲ့ယဲ့ ကျန်ခဲ့တာပါ။ ၁၉၉၅ မှာ အမေစုက နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတော့ ဦးအောင်ရွှေက ပါတီကို အမေစုတို့ထံ ပြန်အပ်ခဲ့ပါတယ်။ ဒီနောက်နှစ်တွေမှာ အမေစု အကျယ်ချုပ်တွေ အလီလီကျတဲ့ ကာလတွေမှာ ဦးအောင်ရွှေနဲ့ ဦးလွင်ကပဲ ပါတီကို တာဝန်ယူပေးခဲ့ပါတယ်။ ဒီကာလမှာ ဦးအောင်ရွှေတို့ ဆောင်ရွက်ခဲ့ရတဲ့ အခြေအနေတွေကို အမေစုက နောင်မှာ ဖယ်ရှားပယ်ဖျက်တာ မလုပ်ခဲ့ဘဲ လက်ခံပေးခဲ့သလို ဦးအောင်ရွှေတို့ကိုလည်း ပြန်ပြီး လက်တွဲခေါ်ခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲနီးတော့ အမေစုရဲ့ အပြန်အလှန်စကားပြော အစီအစဉ် NLD ခရီးရှည်မှာ တပ်မှူးဟောင်းကြီးများ ခေါင်းစဉ်နဲ့ တလေးတစားထည့်ပြောဖူးပါတယ်။ အခုကာလလည်း အလားတူပဲဖြစ်ပါတယ်။ အမေစု ပြန်ပြီး လွတ်မြောက်လာချိန် သူ မရှိတုန်း ဆောင်ရွက်ခဲ့ရမှု ကြိုးပမ်းခဲ့ရမှုတွေကို ပယ်ဖျက်လက်မခံမဲ့ လူစားမျိုး မဟုတ်ဘူးဆိုတာ ပြောချင်တာပါ။ ပြီးတော့ ပြည်သူတွေ လက်ရှိ ဆောင်ရွက်နေတာတွေကလည်း မတရားသဖြင့် လုပ်နေတာမျိုး မဟုတ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆန့်ကျင်စရာလည်း အကြောင်း မရှိပါဘူး။ ကိစ္စတခုချင်းအလိုက်ကို သဘောထား မတူတာမျိုး ရှိနိုင်ပေမဲ့ တစုံလုံးအတွက်ဆိုရင်တော့ သဘောထားတွေက တိုက်ဆိုင်နေမှာပါပဲ။

စန္ဒာမင်းကတော့ အမေစုကို သူသွားတွေ့တယ်၊ စေ့စပ်ညှိနှိုင်းဖို့ တိုက်တွန်းခဲ့တယ် စတဲ့ သဘောဆောင်တဲ့ စကားတွေကို ကျော်မျိုးမင်းနဲ့ ပြောတာမှာ တွေ့ရပါတယ်။ မစ္စတာရှောင်တာနယ်က ဒေါ်စု မပြောတာတွေလည်း လျှောက်ပြောနေတယ်လို့ စန္ဒာမင်းက ပြောဖူးပါသေးတယ်။ အမေစုက စန္ဒာမင်းကိုတော့ " ဂုဏ်ယူတယ်တို့ ၊ ဘယ်တော့မှ လက်မလျှော့နဲ့တို့ " တွေ မပြောခဲ့ဘူး ထင်ပါတယ်။ လက်ဖက်ရည် တိုက်ပြီး ပြန်လွှတ်လိုက်ပါလောက် ပြောဖော်ရသေးတာကိုပဲ စန္ဒာမင်းက ကြံဖန် ဂုဏ်ယူရမှာပါ။

၅ နှစ်နီးပါးရှိပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၄ နာရီ လှုပ်ရှားမှု အသံဖိုင်၊ ရုပ်သံဖိုင်၊ စာရွက်စာတမ်း အကုန် … နေ့စဉ် ပရုတ်ဆီ လိမ်းတယ်၊ အိမ်သာ ဘယ်ချိန်ဝင်တယ်ကအစ စစ်ကောင်စီဆီမှာ ရှိပါတယ်။ သူတို့ ထုတ်သုံးလို့ ကောင်းတဲ့ အချက်မျိုးသာ ရှိိလို့ကတော့ စန္ဒာမင်းတို့လို လူတွေကိုတောင် တဆင့်ခံနေမှာ မဟုတ်ပါဘူး။ အခုတော့ " ဘာမှ မသိပါ " ဆိုတဲ့ ထွက်ဆိုချက်အတိုလေးနဲ့ အတင်းဆွဲကပ်နေတော့တာပါပဲ။

စစ်ကောင်စီက EAO တွေဆိုရင် တဖက်မှာ ဗုံးကျဲမယ်၊ တဖက်မှာ ငြိမ်းချမ်းရေး ပြောမယ် ဆိုတဲ့ ပုံစံပါ။ စစ်ကောင်စီအဖို့ NUG CRPH PDF ကိုတော့ ဗုံးကျဲမယ်၊ နိုင်ငံရေးအရ ပုံဖျက်လို့ ရသမျှနည်းနဲ့ ပုံဖျက်မယ်၊ အမြစ်ဖြတ်မယ်ဆိုတာပဲ ရှိပါတယ်။ ဘာကြောင့် အငြိုးတကြီး ပိုဖြစ်သလဲဆိုတာ စဉ်းစားကြည့်ရင် သိပါလိမ့်မယ်။ MNDAA ဆိုရင် NUG နဲ့ မခေါ် မပြောပါဆိုပြီး ရုပ်ဆိုးတဲ့ စာကြီး တရုတ်သမ္မတ ရှီကျင့်ဖင်ရဲ့ ဖိအားကြောင့် ထုတ်ရပါတယ်။ ဒါ့ကြောင့် NUG ရဲ့ အနေအထားဟာ စကစနဲ့ နောက်က ထောက်ပံ့သူတွေအတွက် ဘယ်လိုလဲဆိုတာကို နားလည် လက်ခံကြဖို့ လိုပါတယ်။ ဒါ့ကြောင့်ပဲ NUG PDF ကို မဟာဗျူဟာအရ ပံ့ပိုးကြဖို့ လိုတာပါ။ ကိုယ့်အချင်းချင်း မနင်းကြဖို့၊ ကိုယ့်တပ်ကို ကိုယ်မနင်းကြဖို့ လိုပါတယ်။

TNLA ဗိုလ်ချုပ် တားဘုန်းကျော်က အမေစု မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်လည် ဦးဆောင်နိုင်ပါစေလို့ ဆုတောင်းအကြီးကြီး ဆုတောင်းပေးတာကို တွေ့ပါတယ်။ တော်တော်လေး ပညာသားပါတဲ့ ဆုတောင်းပါ။ အမေစု ဦးဆောင်ခဲ့တဲ့ကာလမှာ အမေစုရဲ့ မူဝါဒတွေကတော့ အနှစ်ချုပ်ရင် " ပြည်သူသာလျှင် အဓိက " " ပြည်သူနဲ့အတူ " နဲ့ " စုပေါင်းအင်အား " ဆိုတာတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်တားဘုန်းကျော်ရဲ့ ဆုတောင်းကလည်း အမေစုရဲ့ ဒိီမူဝါဒတွေကို ထင်ဟပ်တယ်လို့ ဆိုနိုင်ပါတယ်။

တော်လှန်ရေးအဖွဲ့တွေအားလုံး သတိပြုစရာပါ။ ပြည်သူကို ငါတို့ တကယ် အဓိက ထားကြသလားဆိုတာ အမြဲတွေးပါ။ ပြည်သူတွေက ဘယ်လိုနိုင်ငံ လိုချင်တာလဲဆိုတာကို အမြဲ သတိကပ်ပါ။ လူမျိုးရေး၊ ဘာသာရေးအခြေပြုတာ မဟုတ်ဘဲ လူသားဆိုတဲ့ အချက်အပေါ်မှာပဲ အခြေပြုတဲ့ စနစ်ပါ။ လူမျိုးတိုင်းရဲ့ သမိုင်း၊ ဖြစ်တည်မှု၊ ယဉ်ကျေးမှုတွေကို တန်းတူထားရှိ ထိန်းသိမ်းမဲ့ လူသားဖြစ်တည်မှု အခြေပြု ဒီမိုကရေစီ နိုင်ငံပါ။

လွတ်မြောက်ရင် အကုန်လုံး လွတ်မြောက်ရမယ်ဆိုတဲ့ အင်မတန် မွန်မြတ်တဲ့ ကြိုးစားမှုတွေပါ။ စစ်အာဏာရှင်အောက်ကတော့ လွတ်မြောက်သွားပေမဲ့ ဟိုတစု ဒီတစု အာဏာရှင်အောက် ခြင်းကြီးထဲကနေ ခြင်းသေးထဲ ရောက်တာမျိုးတော့ ဘယ်သူမှ မလိုချင်ပါဘူး။ သယံဇာတကြောင့်၊ စိုးမိုးနယ်မြေကြောင့်၊ တန်ခိုးအာဏာကြောင့် စည်းကမ်းပျက်တာမျိုးတွေ မဖြစ်အောင် သတိကပ်ပြီး ပြည်သူနဲ့အတူ ရှိကြဖို့ လိုပါတယ်။

နောက်ဆုံး တခုက စုပေါင်းအင်အားပါ။ အကုန်လုံးကတော့ စည်းလုံးညီညွတ်ကြဖို့ အရေးကြီးတယ် ပြောကြပါတယ်။ ဒါက အပြောလွယ် အလုပ်ခက်တယ်လို့ ထင်ကောင်း ထင်နိုင်ပါတယ်။ တကယ်တော့ ပြည်သူသာ အဓိကဆိုတဲ့ ထုံးကို နှလုံးမူရင် မပေါင်းစည်းနိုင်စရာ အကြောင်း မရှိပါဘူး။ အခုဆို နိုင်ငံတကာအမြင်မှာ မြန်မာမှာ တော်လှန်နေကြပေမဲ့ အဖွဲ့တွေ အသီးသိီးဖြစ်နေတယ်ပဲ မြင်ကြပါတယ်။ ဆီးရီးယားမှာ တော်လှန်ရေးအဖွဲ့တွေအားလုံးက လက်ရှိ သမ္မတကို ညီညီညွတ်ညွတ် ထောက်ခံပေးထားတဲ့ အခင်းအကျင်းဖြစ်ပါတယ်။ သူတို့တွေက တူညီတဲ့ နောက်ခံတွေကနေ လာကြတာမဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံတကာနဲ့ စကားပြောဖို့ ဆိုဖို့ကျ အခြေအနေတွေ တည်ဆောက်ဖို့ လိုပါတယ်။

ဒါ့ကြောင့် NUG နဲ့ EAO တွေဟာ တစုတစည်းတည်းဖြစ်တဲ့ ပုံရိပ်ရော၊ လက်တွေ့ဆောင်ရွက်ချက်တွေရော ရှိဖို့ လိုပါတယ်။ အခု ကြားကာလ အစိုးရပုံစံ အသံတွေလည်း ကြားရပါတယ်။ ဒီပုံစံက အားလုံး ပါဝင်တဲ့ ပုံစံဖြစ်ဖို့ လိုပါတယ်။ ဘယ်သူ့ကို ဖယ်ထုတ်ဖို့၊ ဘယ်သူက နေရာတနေရာရဖို့ ဆိုတာမျိုးတွေ ချဉ်းကပ်မိမယ်ဆိုရင် ပြည်သူတွေ စိတ်အားငယ်ရနိုင်ပါတယ်။ အားလုံးကတော့ ဘာဝါဒ ဘာမူအရ ဘယ်လို ဘယ်ချမ်းသာ ပြောကောင်း ပြောနိုင်ပေမဲ့ ပြည်သူလူထုက ဘယ်သူ ဘယ်လို သိနိုင်ပါတယ်။ ပြည်သူတဦးချင်းစီဟာ နိုင်ငံရေးသိပ္ပံဘာသာရပ်တွေ ကျွမ်းကျင်နေတာ မဟုတ်သည့်တိုင် နိုင်ငံအတွက်ဆိုရင် သိကြပါတယ်။ ဒါ့ကြောင့် အမေစု ပြောတဲ့ " ပြည်သူလူထု စိတ်အားငယ်စေမှာမျိုး ကျမ ပြောလည်း မပြော၊ လုပ်လည်း လုပ်မှာ မဟုတ်ဘူး " ဆိုတာကို ခံယူချက်ထား ဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

- Sett Aung

Address

Yangon

Telephone

+959799899099

Website

Alerts

Be the first to know and let us send you an email when ဘေဘီ ရစ်လုံး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category