MARA Publications

MARA Publications Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MARA Publications, Publisher, Yangon.

Pre-order စတင် ကောက်ခံပါပြီ ခင်ဗျာ MARA Publications ရဲ့ အမှတ်စဉ် ၇ နဲ့ ၈ အတွက် ဒီတခါမှာတော့ ထူးထူးခြားခြားအနေနဲ့  ကဗျာစ...
14/02/2025

Pre-order စတင် ကောက်ခံပါပြီ ခင်ဗျာ

MARA Publications ရဲ့ အမှတ်စဉ် ၇ နဲ့ ၈ အတွက် ဒီတခါမှာတော့ ထူးထူးခြားခြားအနေနဲ့ ကဗျာစာအုပ် နှစ်အုပ်ကို တပြိုင်တည်း စီစဉ်ဖြစ်ပါတယ်။

အမှတ်စဉ် ၇ အဖြစ် ကဗျာဆရာ အမ်ဂျီသာယာရဲ့ တကိုယ်တော် ကဗျာစုစည်းမှု ဖြစ်ပြီး အမှတ်စဉ် ၈ အဖြစ်တော့ ကဗျာဆရာ ဆစ်ခ်နဲ့ လတ်လွန်းဝေဦးတို့ရဲ့ နှစ်ယောက်တွဲ ကဗျာစုစည်းမှုစာအုပ်ပဲ ဖြစ်ပါတယ်။ ပုံနှိပ်မှတ်တမ်းတွေကို တွဲဖက် ဖော်ပြပေးလိုက်ပါတယ်။

MARA Publications စာအုပ်အမှတ်စဉ် ၇

စာအုပ်အမည် - ဇနီးသည်
အကြိမ်ရေ - ပထမအကြိမ် (ဖေဖော်ဝါရီ၊ ၂၀၂၅)
စာမျက်နှာ - ၆၆ မျက်နှာ
အဖုံးဒီဇိုင်း - MG သာယာ
တန်ဖိုး - ၅၀၀၀ ကျပ်

ဇနီးသည် စာအုပ်ဟာ ကဗျာဆရာ အမ်ဂျီသာယာရဲ့ ပထမဆုံး ပုံနှိပ်ထုတ်ဝေတဲ့ တကိုယ်တော် ကဗျာစုစည်းမှုစာအုပ် ဖြစ်ပါတယ်။ အမှာစာကို ကဗျာဆရာ မောင်ဒေးက ရေးသားပေးထားပြီး ကဗျာ စုစုပေါင်း ၃၅ ပုဒ် စုစည်းပါဝင်ပါတယ်။

MARA Publications စာအုပ်အမှတ်စဉ် ၈

စာအုပ်အမည် - ရန်ကုန်မြို့ကြီးပေါ်က မာရ်နတ်အတွက် အချစ်ကဗျာတစ်ပုဒ်
အကြိမ်ရေ - ပထမအကြိမ် (ဖေဖော်ဝါရီ၊ ၂၀၂၅)
စာမျက်နှာ - ၆၃ မျက်နှာ
အဖုံးဒီဇိုင်း - Sone
တန်ဖိုး - ၆၀၀၀ ကျပ်

ရန်ကုန်မြို့ကြီးပေါ်က မာရ်နတ်အတွက် အချစ်ကဗျာတစ်ပုဒ် စာအုပ်ကတော့ ကဗျာဆရာ ဆစ်ခ်နဲ့ လတ်လွန်းဝေဦးတို့ နှစ်ဦး တွဲဖက်ရေးသားထားတဲ့ ကဗျာစာအုပ် ဖြစ်ပြီး တဦးကို ၁၃ ပုဒ်စီ ရေးသားပါဝင်စုစည်းထားတာ ဖြစ်ပါတယ်။ အချစ်ကဗျာတပုဒ်စီးရီးရဲ့ ခေါင်းစဉ်အောက်မှာ အခြားသော ကဗျာဆရာတချို့ ပါဝင်ရေးသားထားကြတဲ့ ကဗျာပုဒ်ရေ အနည်းငယ်လည်း အမှတ်တရအနေနဲ့ ပါဝင်မှာ ဖြစ်ပါတယ်။

ကျနော်တို့ MARA Publications ကနေ ကဗျာစာအုပ် ၂ အုပ်စလုံးကို တပြိုင်တည်း ထုတ်ဝေဖြစ်တဲ့ အမှတ်တရအနေနဲ့ ၂ အုပ်စလုံးကို မှာယူသူတွေအတွက် နှစ်အုပ်ပေါင်းတန်ဖိုး ၁၁၀၀၀ ကျပ် ကျသင့်မယ့်နေရာမှာ Bundle Price အနေနဲ့ ၁၀၀၀၀ ကျပ်တိတိနဲ့သာ ရောင်းချပေးသွားမှာဖြစ်ပြီး မှာယူနိုင်တဲ့ အရေအတွက်ကိုလည်း အကန့်အသတ် မထားရှိထားပါဘူး။

နောက်ပြီး တစ်အုပ်ချင်းစီ ခွဲပြီး မှာယူလိုသူတွေအတွက်လည်း ယခင်အတိုင်းပဲ စာမှတ်ကဒ်တွေကို လက်ဆောင်အဖြစ် ထည့်သွင်းပေးထားမှာပဲ ဖြစ်ပါတယ်။

မှာယူလိုသူတွေအနေနဲ့ Page ရဲ့ Chat Box မှာ

အမည် -
လိပ်စာ -
ဖုန်းနံပါတ် -
စသဖြင့် အပြည့်အစုံပေးပို့ပြီးမှာယူနိုင်ပါတယ် ။

Pre-order မှာယူထားသူတွေကို ဖေဖော်ဝါရီလ တတိယပတ်အတွင်းမှာပဲ စာအုပ်တွေကို စတင်ပို့ဆောင်ပေးသွားမှာပါ။

ကြိုတင်အမှာအားလုံးကို နေရာ ၂ နေရာကနေပဲ လက်ခံသွားမှာဖြစ်ပြီး ကျနော်တို့ 𝗠𝗔𝗥𝗔 𝗣𝘂𝗯𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀 Page ရဲ့ Chat Box နဲ့ စာအုပ်ဆိုင် The Bookland Page တို့ကနေပဲ မှာယူလို့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

စာအုပ်ဆိုင် Page ရဲ့ Link ကိုလည်း တွဲဖက်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ

စာအုပ်ဆိုင် The Bookland
https://www.facebook.com/sarokesinethebookland?mibextid=ZbWKwL

အားလုံးပဲ ချစ်ခြင်းနဲ့ နွေးထွေးနိုင်ကြပါစေခင်ဗျာ 🖤

ချစ်ခင်စွာဖြင့်
𝗠𝗔𝗥𝗔 𝗣𝘂𝗯𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻𝘀

Address

Yangon

Telephone

+959425306877

Website

Alerts

Be the first to know and let us send you an email when MARA Publications posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MARA Publications:

Share

Category