Care2Share

Care2Share At Care2Share, we aim to make life easier for people by sharing useful websites and resources. We cu

📢 Canva Pro (၁) နှစ်ကို ၈၀၀၀ ကျပ်နဲ့ရရှိနိုင်မဲ့ အထူး Promotion နောက်ဆုံးရက် 🔥Design ပိုင်းအတွက် အထူးသင့်လျော်ပြီး အရမ်း...
31/08/2022

📢 Canva Pro (၁) နှစ်ကို ၈၀၀၀ ကျပ်နဲ့ရရှိနိုင်မဲ့ အထူး Promotion နောက်ဆုံးရက် 🔥

Design ပိုင်းအတွက် အထူးသင့်လျော်ပြီး အရမ်းကို အသုံးဝင်တဲ့ နာမည်ကြီး Canva ရဲ့ အကြောင်းကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ 💡

ဒီတော့ Care2Share ရဲ့ Team ထဲမှာ Membership ဝင်ပြီး Canva Pro မှာရနိုင်တဲ့ Features အကုန်နီးပါးကို အသုံးပြုနိုင်မဲ့ Canva Pro ကို Care2Share မှ (၁) နှစ်ကို ၈၀၀၀ ကျပ် ၊ (၂) နှစ်စာကို ၁၅၀၀၀ ကျပ်အဖြစ် အထူး Promotion ရက်လေးကတော့ ယနေ့ August လ (၃၁) နေ့ ဟာဖြင့် နောက်ဆုံးရက်ဘဲ ဖြစ်ပါတယ်။❗

✅ September (၁) ရက်နေ့မှ စတင်ပြီး Care2Share ရဲ့ Canva Pro Team ထဲမှာ Member ဝင်ချင်ရင်တော့ (၁) နှစ်ကို ၁၆၀၀၀ ကျပ်ဖြစ်ပြီး (၂) နှစ်စာကို ၃၀၀၀၀ ကျပ် ကျသင့်မှာပဲ ဖြစ်ပါတယ်။

ဒီတော့ ဘယ်မှာမှ မရနိုင်တဲ့စျေးနဲ့ Promotion နောက်ဆုံးရက်မှာ နောက်မကျခင် Messenger မှာအခုပဲဆက်သွယ်ပြီး အမြန်ဆုံးဝယ်ထားလိုက်ကြရအောင်နော်။ 📩

Canva Pro Version နဲ့ပတ်သက်ပြီး အသေးစိတ်သိချင်တယ်ဆို ဒီ Link လေးမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 👇

https://www.facebook.com/102472795744183/posts/146427934682002

ပုံတွေတင်တဲ့အခါ Caption စဉ်းစားရတာ ၁ရက်လောက်အချိန်ကုန်တဲ့သူတွေအတွက် အသုံးဝင်မဲ့ Website လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ 🤔💡ပ...
24/08/2022

ပုံတွေတင်တဲ့အခါ Caption စဉ်းစားရတာ ၁ရက်လောက်အချိန်ကုန်တဲ့သူတွေအတွက် အသုံးဝင်မဲ့ Website လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ 🤔💡

ပုံတစ်ပုံတင်တဲ့နေရာမှာ Caption ဆိုတာလည်း အရမ်းအရေးပါတဲ့အရာပါ။ ဒီတော့ Caption တစ်ခုကို ရေးတဲ့အခါမှာ သူများ အားကျသွားအောင် ဘယ်လိုဖန်တီးလို့ရမလဲ ဆိုတာကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ 👋

Viral Post Generator လို့ခေါ်တဲ့ Website မှာ ကိုယ်ရေးချင်တဲ့ စာအတိုအထွာလေးကို ရိုက်နှိပ်လိုက်တာနဲ့ သူများတွေကြွေလောက်တဲ့ အမိုက်စား စာအရှည်ကြီးကို အလိုအလျောက်ရေးပေးသွားမှာပါ။ 🤩
🌐 https://viralpostgenerator.com

အဲ့ကရလာတဲ့ စာတွေကို အထူးသဖြင့် LinkedIn, Instagram, Facebook စတဲ့ Social Media Platform တွေမှာ Caption စဉ်းစားဖို့ အချိန် ၂ မိနစ်လောက်ပဲ ပေးပြီး Caption အလန်းစား၊ အမိုက်စားတွေနဲ့ ပုံတွေတင်လို့ရပါပြီ။ 💯

📢 Canva Pro (၁) နှစ် ကို ၈၀၀၀ ကျပ်တည်းနဲ့ အဝသုံးလို့ရနေပါပြီ။Canva ဆိုတာကတော့ လူသိများပြီး အသုံးပြုသူလည်းများတဲ့ ကွန်ပျူ...
30/07/2022

📢 Canva Pro (၁) နှစ် ကို ၈၀၀၀ ကျပ်တည်းနဲ့ အဝသုံးလို့ရနေပါပြီ။

Canva ဆိုတာကတော့ လူသိများပြီး အသုံးပြုသူလည်းများတဲ့ ကွန်ပျူတာမှာသာမက ဖုန်းမှာပါ လွယ်ကူစွာ ဒီဇိုင်းဆွဲလို့ရမယ့် App လေးပဲဖြစ်ပါတယ်။ ထောင်သောင်းထပ်မက များပြားလှတဲ့ အဆင်သင့် အသုံးပြုလို့ရမယ့် design တွေရှိတာ‌ကြောင့် Design ပိုင်းကို အချိန်သိပ်မပေးချင်တဲ့လူတွေအတွက် အရမ်းအဆင်​​​​ပြေတဲ့ Tool လေးပါ။ Resolution မြင့်တဲ့ Photo တွေ၊ ​မိမိစိတ်ကြိုက် ပြင်ဆင်နိုင်တဲ့ အသင့်သုံး Vector Elements တွေအပြင် တစ်ခြားသော အသုံးဝင်တဲ့ Feature တွေကို တစ်နေရာထဲမှာ ရနိုင်သောကြောင့် သုံးရတာ အလွန်လွယ်ကူပါတယ်။ 💯

သူ့ကို အခမဲ့ အသုံးပြုမယ်ဆိုရင်တော့ တစ်ချို့ Feature တွေဖြစ်တဲ့ Content Planner, Premium Assets, Resizing, Team Collab အစရှိသည့် Feature တွေကို အသုံးပြုလို့ ရမှာမဟုတ်ပါဘူး။ အသုံးပြုချင်တယ်ဆိုရင် (၁) နှစ်ကို ၂ သိန်းကျော်နဲ့ Canva Pro ကို ဝယ်သုံးရမှာပါ။ 💰

ဒါပေမယ့် စိတ်မပူပါနဲ့။ 👋
Care2Share ရဲ့ Team ထဲမှာ Membership ဝင်လိုက်ရုံနှင့် Canva Pro မှာရနိုင်တဲ့ Features အကုန်နီးပါးကို အသုံးပြုလို့ရသွားမှာဖြစ်ပါတယ်။

Canva Pro နဲ့ ဘာတွေလုပ်လို့ရနိုင်မှာလဲ? 💡
✅ Social Media Design
✅ Presentation Design
✅ Video Editing/ Animation
✅ Flyer, Brochure, Pamphlet Design
✅ Cover Photos Design
✅ Business Card Design
✅ Logo Design
✅ T-shirt Design
✅ Background Remover
✅ Design Resizing
✅ Download Premium Photos
✅ Brand Kit Creation
✅ Myanmar Fonts
✅ Photo Mockup တွေအပြင် အခြားသော Function နှင့် ဒီဇိုင်းပုံစံ အမျိုးမျိုးကို ဖန်တီးအသုံးပြု လို့ရမှာပဲဖြစ်ပါတယ်။

Team ထဲမှာ Member ဝင်ချင်ရင်တော့ (၁) နှစ်ကို ၈၀၀၀ ကျပ်သာပေးရမှာဖြစ်ပါတယ်။ တစ်ခါတည်း (၂) နှစ်စာ Member ဝင်မယ်ဆိုရင်တော့ ၁၅၀၀၀ ကျပ် နဲ့ရရှိမှာပဲဖြစ်ပါတယ်။ 🤩

ကိုယ်ပိုင် Account ကို အသုံးပြုပြီး Team ထဲဝင်ရမှာဖြစ်တဲ့အတွက် သူများနဲ့ မျှသုံးစရာမလိုသည့်မပြင် Official Account ကို သုံးပြီး Team ဖွဲ့ထားတဲ့အတွက် လုံခြုံရေးပိုင်းအရစိတ်ချလို့ရပါတယ်။ 🛡️

💥 July လကုန် နဲ့ August တစ်လထဲအတွက်သာ ဒီစျေးနဲ့ ပေးထားတာဖြစ်လို့ နောက်မကျခင် Messenger မှာအခုပဲဆက်သွယ်လိုက်ပါ။

ကလစ် တချက်နှိပ်ရုံနဲ့ မျက်နှာတစ်ခုကို အခြားလူမျက်နှာ အစားထိုးလို့ရနေပါပြီ။ 🎭ဒီ Link လေးမှာ စမ်းကြည့်လို့ရပါတယ်။ 👇https:/...
29/07/2022

ကလစ် တချက်နှိပ်ရုံနဲ့ မျက်နှာတစ်ခုကို အခြားလူမျက်နှာ အစားထိုးလို့ရနေပါပြီ။ 🎭

ဒီ Link လေးမှာ စမ်းကြည့်လို့ရပါတယ်။ 👇
https://faceswapper.ai/

Screenshot တွေရိုက်ပြီး ကိုယ့်ရဲ့ Page တွေ၊ Timeline တွေပေါ် တင်တဲ့အခါ ဆွဲဆောင်မှုရှိပြီးလှပနေအောင် ဘယ်လိုဖန်တီးကြမလဲ 🤔💭...
24/06/2022

Screenshot တွေရိုက်ပြီး ကိုယ့်ရဲ့ Page တွေ၊ Timeline တွေပေါ် တင်တဲ့အခါ ဆွဲဆောင်မှုရှိပြီးလှပနေအောင် ဘယ်လိုဖန်တီးကြမလဲ 🤔💭

ဒီနေ့မှာတော့ Screenshot တွေရိုက်တဲ့အခါ ဘေးကဘောင်အမဲကြီးတွေပါနေတာတွေ ကိုယ်လိုချင်တဲ့နေရာကို သေချာမ crop နိုင်တာတွေ ကြောင့် သေသေသပ်သပ် လှလှပပလေးဖြစ်မနေတာမျိုးတွေကို သဘောမကျမဲ့သူတွေအတွက် Pika ဆိုတဲ့ website လေးနဲ့မိတ်ဆက်ပေးပါရစေ။ 💡

ဒီ Website လေးကို အသုံးပြုပုံကတော့ ရိုးရှင်းပါတယ်။ ကိုယ် Screenshot ရိုက်ထားတဲ့ပုံကို Website ပေါ်တင်လိုက်ရုံနဲ့ အလိုအလျောက် ဘောင်ခတ်ပြီး Gradient နောက်ခံလှလှလေးတွေ ထည့်ပေးသွားမှာဖြစ်ပါတယ်။ ပြီးတော့ နောက်ခံကို ကိုယ့်စိတ်ကြိုက် အရောင်တွေပေါင်းစပ်ပြီးလည်း စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ စိတ်ကျေနပ်ပြီဆိုရင်တော့ Save Button နှိပ်ပြီး အခမဲ့ Download လုပ်လို့ရပါပြီ။ 💯

တခြားစိတ်ဝင်စားစရာကောင်းတဲ့ Feature တွေလည်းရှိတာမလို့ ကိုယ်တိုင်ပဲ စမ်းကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ 👇
🌐 Website: https://pika.style

ဒီ Post လေးကို ကြိုက်နှစ်သက်တယ် ဆိုရင်တော့ နောက်လာမယ့် Post တွေ Video တွေကို မလွတ်စေဖို Page ကို Like & Follow လုပ်ထားဖို မမေ့နဲ့နော်။ ✌️🤍

Care2Share မှ နေ့စဉ်ဘဝအတွက် အသုံးဝင်တဲ့ Website များ၊ Tutorial များ၊ Resource များ အပြင် အပျင်းပြေ စူးစမ်းလေ့လာလိုရမည့် App များ၊ Game များ ကိုလည်း ရံဖန်ရံခါ Share ပေးသွားမှာဖြစ်ပါတယ်။ 🖥📱

ဒီနေ့မှာတော့ ရုပ်ရှင်တွေကို Netflix မရှိလဲ Quality ကောင်းကောင်း၊ HD Resolution နဲ့ အခမဲ့ကြည့်လို့ရမယ့် Website လေးတစ်ခုက...
23/06/2022

ဒီနေ့မှာတော့ ရုပ်ရှင်တွေကို Netflix မရှိလဲ Quality ကောင်းကောင်း၊ HD Resolution နဲ့ အခမဲ့ကြည့်လို့ရမယ့် Website လေးတစ်ခုကို Share ပေးလိုက်ပါတယ်။ 🍿

TinyZoneTV လို့ခေါ်တဲ့ Website လေးမှာတော့ Trending ဖြစ်နေတဲ့ Hollywood, Bollywood Movies တွေ၊ TV Shows တွေ၊ Kdrama တွေ အစုံအလင်ကို Subtitles ဖြင့် တစ်နေရာထဲမှာ ကြည့်နိုင်မှာပဲဖြစ်ပါတယ်။ 🎞️📺

တစ်ခြား Free ကြည့်လို့ရတဲ့ Site တွေနဲ့ ကွာတာကတော့ သူက Ads သိပ်မတက်တဲ့အတွက် ရုပ်ရှင်ကြည့်ရတာ အနှောက်အယှက်မဖြစ်တော့ပါဘူး။ တစ်ခါတစ်လေ Netflix မှာ ရှာမရတဲ့ ရုပ်ရှင်တွေကိုပါ ဒီ Website မှာ Free ကြည့်လို့ရပါတယ်။ ဒါပေမယ့်လည်း ရံဖန်ရံခါတော့ Ads တွေ တစ်ခုနှစ်ခုလောက်တက်လာတတ်ပါတယ်။ 💯

Post မှာ Website Link တင်မရလို့ ဝင်ကြည့်ချင်တယ်ဆိုရင်တော့ ပုံမှာပြထားတဲ့ Link အတိုင်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ 👇

ဒီ Post လေးကို ကြိုက်နှစ်သက်တယ် ဆိုရင်တော့ နောက်လာမယ့် Post တွေ Video တွေကို မလွတ်စေဖို Page ကို Like & Follow လုပ်ထားဖို မမေ့နဲ့နော်။ ✌️🤍

Care2Share မှ နေ့စဉ်ဘဝအတွက် အသုံးဝင်တဲ့ Website များ၊ Tutorial များ၊ Resource များ အပြင် အပျင်းပြေ စူးစမ်းလေ့လာလိုရမည့် App များ၊ Game များ ကိုလည်း ရံဖန်ရံခါ Share ပေးသွားမှာဖြစ်ပါတယ်။ 🖥📱

📣 Giveaway Winner Announcementကျွန်တော်တို့ Care2Share မှ LinkedIn Learning Premium Account 3ခု Giveaway ရဲ့ Winner 3ယော...
10/06/2022

📣 Giveaway Winner Announcement

ကျွန်တော်တို့ Care2Share မှ LinkedIn Learning Premium Account 3ခု Giveaway ရဲ့ Winner 3ယောက် ထွက်ပေါ်လာပါပြီ။ Giveaway Winner များ ChatBox မှာ လာရောက်ရယူနိုင်ပါပြီခင်ဗျာ။ 🎉

ကံထူးသွားတဲ့သူအားလုံးကို ဂုဏ်ယူပါတယ်။ ကံမထူး သွားတဲ့သူတွေအတွက်လည်း စိတ်မပူပါနဲ့။ ကျွန်တော်တို့ Care2Share မှာ LinkedIn Learning Premium Account ကို ပုံမှန် 10,000 ကျပ်ကို 50% Discount 5,000 ကျပ်ဖြင့် June လ တစ်လလုံး Chatbox မှာ လာရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ 🙌

Giveaway ကို ဝင်ရောက်ကံစမ်းပေးကြသူ အယောက်ချင်းစီတိုင်းကိုလည်း ကျွန်တော်တို့ Care2Share မှ ကျေးဇူးအများကြီးတင်ပါတယ်။ 🙏

10/06/2022

Giveaway ပေါက်တဲ့သူ ၃ယောက်ကို Comment Picker နဲ့ Random ရွေးချယ်ပေးထားပါတယ်။ 👐

မြန်မာနိုင်ငံမှာ နေထိုင်ပြီး Online ကနေ Freelance လုပ်နေသူတွေ၊ ကိုယ့်စီးပွားရေးကို နိုင်ငံတစ်ကာသို့ ချဲ့ထွင်လိုသူတွေအတွက...
04/06/2022

မြန်မာနိုင်ငံမှာ နေထိုင်ပြီး Online ကနေ Freelance လုပ်နေသူတွေ၊ ကိုယ့်စီးပွားရေးကို နိုင်ငံတစ်ကာသို့ ချဲ့ထွင်လိုသူတွေအတွက် Payment ပိုင်းက အခုအချိန်ထိ အတားအဆီးတစ်ခုလိုဖြစ်နေပါတယ်။ 😤

ဒါကြောင့် ကမ္ဘာအနှံ့ကလူတွေနဲ့ အလွယ်တစ်ကူ ​ငွေလွှဲလို့ရအောင် Paypal ဆိုတဲ့ Online Payment Platform တစ်ခုမှာ Account ဖွင့်နည်းလေးကို Care2Share မှ Share ပေးလိုက်ပါတယ်။ 🤗

Paypal အကြောင်းတော့ လူတော်တော်များများလည်း သိနေတော့ အသေးစိတ်မပြောတော့ပါဘူး။ သိထားရမှာက Paypal ဟာ မြန်မာနိုင်ငံမှာ တရားဝင်မဖြစ်သေးပါဘူး။ Account ဖွင့်လိုက်တိုင်းလည်း Limit ထိကြတာများပါတယ်။ 😕

ဒါပေမယ့် မသိသေးတဲ့လူတွေအတွက် မြန်မာနိုင်ငံကနေ မြန်မာဖုန်းနံပါတ်နဲ့ Paypal Account ဘယ်လိုဖွင့်လို့ရလဲဆိုတာကို အောက်မှာ တစ်ပုံချင်းကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။ 👇💯

မှတ်ချက်။ ရိုးရိုး Paypal Account ကို မြန်မာဖုန်းနံပါတ်နဲ့ဖွင့်လို့မရသေးပါဘူး။ အခုဖွင့်ပြထားတာက Paypal Express Account ပါ။ Online မှာ အလုပ်လုပ်လိုသူတွေအတွက်ပဲ ဖြစ်ပါတယ်။❗

ဒီ Post လေးကို ကြိုက်နှစ်သက်တယ် ဆိုရင်တော့ နောက်လာမယ့် Post တွေ Video တွေကို မလွတ်စေဖို Page ကို Like & Follow လုပ်ထားဖို မမေ့နဲ့နော်။ ✌️🤍

Care2Share မှ နေ့စဉ်ဘဝအတွက် အသုံးဝင်တဲ့ Website များ၊ Tutorial များ၊ Resource များ အပြင် အပျင်းပြေ စူးစမ်းလေ့လာလိုရမည့် App များ၊ Game များ ကိုလည်း ရံဖန်ရံခါ Share ပေးသွားမှာဖြစ်ပါတယ်။ 🖥📱

✅ Facebook: https://www.facebook.com/care2share.mm
✅ Instagram: https://www.instagram.com/care2share.mm
✅ Youtube: https://www.youtube.com/channel/UC2KJ3CQSREQCHFgW84TDRPw

KBZpay ကနေ ကိုယ့်အသားအရေ ဘယ်လိုအခြေအနေရှိနေလဲဆိုတာ ဆန်းသပ်ကြည့်လိုရပြီနော် 💡 ဒီနေ့ C2S ကနေပြီးတော့ Sharing လုပ်ပေးချင်တာ...
02/06/2022

KBZpay ကနေ ကိုယ့်အသားအရေ ဘယ်လိုအခြေအနေရှိနေလဲဆိုတာ ဆန်းသပ်ကြည့်လိုရပြီနော် 💡

ဒီနေ့ C2S ကနေပြီးတော့ Sharing လုပ်ပေးချင်တာလေးကတော့ လူတစ်ယောက်မှာ အဓိကဖြစ်တဲ့ အသားအရည်နဲ့ပတ်သက်တဲ့ အကြံပြုချက်တွေကို တစ်နေရာထဲမှာ တိတိကျကျနဲ့ သိရှိနိုင်မဲ့ အကြောင်းအရာလေး တစ်ခုပဲဖြစ်ပါတယ်။ KBZPay ရဲ့ KBZPay Skincare ဆိုတဲ့ Feature လေးပါ။ ဒီ Feature လေးကိုတော့ KBZPay ရှိတဲ့လူတိုင်းအသုံးပြုနိုင်ပါတယ်။ 😉

KBZPay Skincare မှာ ကိုယ့် Skin ကိုဘယ်လို စမ်းသပ်လို့ရလဲ?? 🤔

✅ ပထမဦးဆုံး အလင်းရောင် ကောင်းကောင်းမှာ ဓါတ်ပုံရိုက်ပါ။(အမှောင်ထဲမှာဆို တိတိကျကျအဖြေမထွက်ပါဘူး)

✅ ပြီးရင် ကိုယ့်မျက်နှာကို Scan လုပ်ပြီး ကိုယ့် Skin က ဘယ်လိုအသားအရည်ထဲပါလဲ။ ဥပမာ-ပုံမှန်အသားအရည်လား၊ ညိုတဲ့ဘက်သွားတာလား စသဖြင့် အရောင်တိတိကျကျထွက်ပါတယ်။ ကိုယ့်အသားအရောင်သေချာသိတော့ Foundation တို့ ဘာတို့ ဝယ်တဲ့အခါ အသားအရောင်နဲ့ လိုက်ဖက်မဲ့ Color တွေရွေးချယ်နိုင်တာပေါ့နော်။

နောက်ပြီး မျက်နှာကျက ဘယ်လိုပုံစံရှိလဲ၊ မျက်နှာမှာ အရေးအကြောင်းတွေ ဘယ်လောက်ပေါ်နေပြီလဲ၊ ရေဓါတ်ဘယ်လောက်ခမ်းခြောက်လဲ၊ ဆားဝက်ခြံတွေဘယ်လောက်များလဲ၊ မျက်တွင်း မဲနေတာက သွေးကြောကြောင့်ဖြစ်တာလား၊ ရောင်ချယ်ပစ္စည်းတွေကြောင့် ဖြစ်တာလား စတာတွေကို အသေးစိတ် ဖော်ပြပေးထားပါတယ်။ 💯

အဲ့ဒါတင်မကသေးပါဘူး အဲ့လိုဖြစ်နေတာတွေကို ဘယ်လို သက်သာအောင်လုပ်မလဲဆိုတဲ့ အထွေအထွေ အကြံပြုချက်တွေပါ ဖော်ပြထားပါသေးတယ်။ ℹ️

ပြီးတော့ ဒီ Feature လေးကို ယောကျ်ားလေးရော မိန်းကလေးပါ အသုံးပြုလို့ရတဲ့အတွက် ပိုအဆင်ပြေပါတယ်။ အကြံပြုချက်တွေကလည်း ကိုယ်တွေ့အရတော့ အကုန်နီးပါးလောက်မှန်တာ တွေ့ရပါတယ်။ 🤩

ဒီတော့ KBZPay Skincare လေးကို သုံးပြီး ကိုယ့် Skin မပျက်စီးစေဖို့ အထူးဂရုစိုက်ကာကွယ်ကြပါနော်။ 🙏

ဒီ Feature လေးကို အသုံးပြုဖို့ KBZPay ရဲ့ နောက်ဆုံးဗားရှင်း ကို အဆင့်မြင့်တင်ထားဖို့တော့လိုပြီး စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့ အောက်ပါ Link ကိုနှိပ်ပြီး စမ်းသပ်နိုင်ပါသည်။
👉 https://static.kbzpay.com/app/prod/skintest

ဒီ Post လေးကို ကြိုက်နှစ်သက်တယ် ဆိုရင်တော့ နောက်လာမယ့် Post တွေ Video တွေကို မလွတ်စေဖို Page ကို Like & Follow လုပ်ထားဖို မမေ့နဲ့နော်။ ✌️🤍

Care2Share မှ နေ့စဉ်ဘဝအတွက် အသုံးဝင်တဲ့ Website များ၊ Tutorial များ၊ Resource များ အပြင် အပျင်းပြေ စူးစမ်းလေ့လာလိုရမည့် App များ၊ Game များ ကိုလည်း ရံဖန်ရံခါ Share ပေးသွားမှာဖြစ်ပါတယ်။ 🖥📱
✅ Facebook: https://www.facebook.com/care2share.mm
✅ Instagram: https://www.instagram.com/care2share.mm
✅ Youtube: https://www.youtube.com/channel/UC2KJ3CQSREQCHFgW84TDRPw

𝗜𝗻𝘁𝗲𝗿𝗻𝗲𝘁 ဖွင့်ထားရုံဖြင့် ပိုက်ဆံအလိုအလျောက် ဝင်နေမည့် App တစ်ခုကို Care2Share မှ Share ပေးလိုက်ပါတယ်။ 🤑💸𝗛𝗼𝗻𝗲𝘆𝗴𝗮𝗶𝗻 ဆိုတဲ...
01/06/2022

𝗜𝗻𝘁𝗲𝗿𝗻𝗲𝘁 ဖွင့်ထားရုံဖြင့် ပိုက်ဆံအလိုအလျောက် ဝင်နေမည့် App တစ်ခုကို Care2Share မှ Share ပေးလိုက်ပါတယ်။ 🤑💸

𝗛𝗼𝗻𝗲𝘆𝗴𝗮𝗶𝗻 ဆိုတဲ့ Crowdsourced web-intelligence network app လေးပဲဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင်တော့ ကိုယ်သုံးနေတဲ့ 𝗜𝗻𝘁𝗲𝗿𝗻𝗲𝘁 𝗖𝗼𝗻𝗻𝗲𝗰𝘁𝗶𝗼𝗻 ကို Data Scientist တွေ၊ ကြော်ငြာကုမ္ပဏီ တွေ နဲ့ အခြားကုမ္ပဏီကြီး ​တွေကို Information Processing တွေ၊ SEO Monitoring တွေ၊ Ad-Fraud Prevention တွေနဲ့ တစ်ခြား Data Analysis တွေလုပ်ဖို့ မျှဝေသုံးခိုင်းထားတာပဲဖြစ်ပါတယ်။ 🐝🌏

ဒီ App သွင်းထားလို့ 𝗟𝗶𝗻𝗲 ကျသွားမှာလား?? 🤔📶
လုံးဝ မကျပါဘူး။ ဘာလို့လဲဆိုတော့ Honeygain က ကိုယ်မသုံးတဲ့ Internet Speed ရဲ့ Traffic ကိုပဲသုံးမှာဖြစ်ပါတယ်။ ဥပမာပြောရရင် ကိုယ့်အိမ်က Internet က 10Mb တပ်ထားတယ်ဆိုပါတော့။ ကျွန်တော်တို့ ဖုန်းတွေ၊ ကွန်ပျူတာတွေက အဲ့ဒီ 𝟭𝟬𝗠𝗯 အကုန်လုံးကို အသုံးမပြုပါဘူး။ ဒါကြောင့် Honeygain က ကိုယ့် Device မှာမသုံးဘဲပိုနေတဲ့ 𝗜𝗻𝘁𝗲𝗿𝗻𝗲𝘁 𝗦𝗽𝗲𝗲𝗱 ကိုပဲယူပြီး အပေါ်ကပြောခဲ့တဲ့ အလုပ်တွေလုပ်မှာဖြစ်ပါတယ်။

App ကနေ ကိုယ့်ရဲ့ 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹 𝗗𝗮𝘁𝗮 တွေကို ခိုးယူသွားမှာလား?? 🤔👀
Honeygain ကို ကိုယ့်ဖုန်းမှာအလုပ်လုပ်ဖို့ ဘာ Permission မှပေးစရာမလိုပါဘူး။ ဒါ့အပြင် ​App ကိုရေးတဲ့ Developer တွေ နဲ့ Company ကိုယ်တိုင်ကလည်း 𝗜𝗻𝘁𝗲𝗿𝗻𝗲𝘁 𝗜𝗣 𝗔𝗱𝗱𝗿𝗲𝘀𝘀 ကလွဲပြီး တစ်ခြားဘာ Data မှမယူပါဘူးလို့ အာမခံထားပါတယ်။ ​ပြီးရင် ကိုယ့်ရဲ့ Internet ကိုလည်း သူတို့မှာ Register ထားတဲ့ 𝗧𝗿𝘂𝘀𝘁𝗲𝗱 𝗣𝗮𝗿𝘁𝗻𝗲𝗿 တွေကလွဲပြီး တစ်ခြားအပြင်လူတွေ သုံးလို့ရမှာမဟုတ်ပါဘူးလို့လည်း ပြောထားပါတယ်။

Background မှာ Run ထားရလို့ 𝗕𝗮𝘁𝘁𝗲𝗿𝘆 စားမှာလား?? 🤔🔋
ကျွန်တော်ကိုယ်တိုင် သုံးကြည့်ရသလောက်တော့ ဒီ App ကို Run တာ တစ်နေကုန်မှ 5% ပဲလျော့ပါတယ်။ ဒါတောင် တစ်နေကုန် Wifi ချိတ်ထားတာပါ။ တစ်ခြား 𝗕𝗮𝗰𝗸𝗴𝗿𝗼𝘂𝗻𝗱 App တွေတောင်မှ သူ့ 2 ဆ လောက်စားတာတွေ့ရပါတယ်။

ပိုက်ဆံစရဖို့ ဘာတွေလုပ်ရမလဲ?? 🤔💰
ပထမဦးဆုံး Honeygain Website မှာ 𝗔𝗰𝗰𝗼𝘂𝗻𝘁 ဖွင့်ဖို့လိုပါမယ်။ အောက်က Link ကနေတစ်ဆင့် ဖွင့်ရင်တော့ စဖွင့်ဖွင့်ချင်း 𝟱$ ရပါမယ်။ သူ့ Website မှာ ဒီအတိုင်းသွားဖွင့်ရင်တော့ ရမှာမဟုတ်ပါဘူး။ Account ဖွင့်ပြီးသွားရင်တော့ ကိုယ်သုံးလိုတဲ့ Device အတွက် 𝗦𝗼𝗳𝘁𝘄𝗮𝗿𝗲 သွင်းရပါမယ်။ ပြီးရင်တော့ ကိုယ့် Account ကိုဝင်ပြီး ဒီအတိုင်း Background မှာ Run ထားလို့ရပါပြီ။ သတိပြုရမှာက Network တစ်ခုမှာ Device တစ်ခုပဲ အသုံးပြုလို့ရမှာဖြစ်​ပြီး 𝗩𝗣𝗡 ချိတ်ထားရင်တော့ အလုပ်လုပ်မှာ မဟုတ်ပါဘူး။ ပိုက်ဆံပိုရချင်ရင်တော့ တစ်ခြား Device တွေမှာ ကိုယ့် Account ကို ဝင်ပြီး တစ်ခြား Network နဲ့ချိတ်သုံးလို့ရပါတယ်။ ရလာတဲ့ ပိုက်ဆံကိုတော့ 𝗖𝗿𝘆𝗽𝘁𝗼𝗰𝘂𝗿𝗿𝗲𝗻𝗰𝘆 𝗪𝗮𝗹𝗹𝗲𝘁 တစ်ခုခု (သို့) 𝗣𝗮𝘆𝗽𝗮𝗹 နဲ့ ချိတ်ပြီး အနည်းဆုံး 20$ ရမှထုတ်လို့ရမှာဖြစ်ပါတယ်။

👉 To Sign Up: https://bit.ly/c2s_honeygain

အသုံးပြုရတာတော့ လွယ်ကူရိုးရှင်းတဲ့ အတွက် ကိုယ်တိုင်ပဲ စမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အားလုံးလဲ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ်မသုံးဖြစ်တဲ့ Internet ကို အများကောင်းကျိုးအတွက် အသုံးလိုတဲ့ သူတွေစီ ပေးသုံးရင်း 𝗣𝗮𝘀𝘀𝗶𝘃𝗲 𝗜𝗻𝗰𝗼𝗺𝗲 တွေများများဝင်ကြပါစေ။ 🙏

ဒီ Post လေးကို ကြိုက်နှစ်သက်တယ် ဆိုရင်တော့ နောက်လာမယ့် Post တွေ Video တွေကို မလွတ်စေဖို Page ကို Like & Follow လုပ်ထားဖို မမေ့နဲ့နော်။ ✌️🤍

Care2Share မှ နေ့စဉ်ဘဝအတွက် အသုံးဝင်တဲ့ Website များ၊ Tutorial များ၊ Resource များ အပြင် အပျင်းပြေ စူးစမ်းလေ့လာလိုရမည့် App များ၊ Game များ ကိုလည်း ရံဖန်ရံခါ Share ပေးသွားမှာဖြစ်ပါတယ်။ 🖥📱

✅ Facebook: https://www.facebook.com/care2share.mm
✅ Instagram: https://www.instagram.com/care2share.mm
✅ Youtube: https://www.youtube.com/channel/UC2KJ3CQSREQCHFgW84TDRPw

𝗚𝗶𝘃𝗲𝗮𝘄𝗮𝘆 𝗔𝗹𝗲𝗿𝘁❗️မင်္ဂလာပါ။ ကျွန်တော်တို့ရဲ့ Care2Share Page လေးဟာဆိုရင် လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် အကျိုးရှိနိုင်...
30/05/2022

𝗚𝗶𝘃𝗲𝗮𝘄𝗮𝘆 𝗔𝗹𝗲𝗿𝘁❗️

မင်္ဂလာပါ။ ကျွန်တော်တို့ရဲ့ Care2Share Page လေးဟာဆိုရင် လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် အကျိုးရှိနိုင်မဲ့ Knowledge တွေ Resource တွေကို Sharing လုပ်ပေးနေတာ အခုဆိုရင် 2 လအတွင်းမှာ 𝗣𝗮𝗴𝗲 𝗟𝗶𝗸𝗲 လေး 𝟮𝟬𝟬𝟬 ပြည့်ခဲ့ပါပြီ။ အခုလို စိတ်ဝင်တစားနဲ့ အချိန်ပေးပြီး ကြည့်ရှုအားပေးကြခြင်းကိုလည်း ကျွန်တော်တို့ C2S Team မှအထူးကျေးဇူးတင်ရှိပါသည်။ 🙏

Care2Share မှ ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် တစ်လကို မြန်မာငွေ ၅သောင်းကျော် ပေးဝယ်ရတဲ့ 𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗣𝗿𝗲𝗺𝗶𝘂𝗺 ကိုမှ 𝟯 နှစ်စာ သက်တမ်းရှိတဲ့ 𝗔𝗰𝗰𝗼𝘂𝗻𝘁 (𝟯) ခုကို 𝗚𝗶𝘃𝗲𝗮𝘄𝗮𝘆 ပေးသွားမှာဖြစ်ပါတယ်။ LinkedIn Learning ဆိုတာကတော့ တကယ့် Professional Background ကလာတဲ့ Mentor တွေ၊ Trainer တွေ သင်ကြားပေးနေတဲ့ Quality Course တွေကို စနစ်တကျလေ့လာနိုင်မဲ့ LinkedIn ရဲ့ Learning Platform တစ်ခုပဲဖြစ်ပါတယ်။ 💡

✅ ဒီ Giveaway ရဲ့စည်းကမ်းချက်တွေကတော့ -
1. ယခု Postလေးကို 𝗟𝗶𝗸𝗲 & 𝗦𝗵𝗮𝗿𝗲 လုပ်ပေးရပါမယ်။
2. 𝗖𝗼𝗺𝗺𝗲𝗻𝘁 မှာ 𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗔𝗰𝗰𝗼𝘂𝗻𝘁 ကို ဘာကြောင့်လိုချင်ရလဲဆိုတာလေးကို သေချာလေးရေးပေးရမှာဖြစ်ပါတယ်။

ℹ️ ကျွန်တော်တို့ C2S Team ကနေပြီးတော့ 𝗝𝘂𝗻𝗲 လ (8)ရက်နေ့မှာ 𝗚𝗶𝘃𝗲𝗮𝘄𝗮𝘆 ကို ပိတ်မှာဖြစ်ပြီး 𝗝𝘂𝗻𝗲 လ (10)ရက်နေ့မှာ 𝗪𝗶𝗻𝗻𝗲𝗿 𝟯 ယောက်ကို ကြေငြာပေးသွားမှာပါ။ 𝗪𝗶𝗻𝗻𝗲𝗿 တွေကိုရွေးချယ်တဲ့အခါကျရင်တော့ 𝗖𝗼𝗺𝗺𝗲𝗻𝘁 𝗣𝗶𝗰𝗸𝗲𝗿 နဲ့ပဲရွေးချယ်သွားမှာဖြစ်ပါတယ်။

ဒီတော့ 𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 𝗟𝗲𝗮𝗿𝗻𝗶𝗻𝗴 𝗣𝗿𝗲𝗺𝗶𝘂𝗺 Account ကို အခမဲ့ ရယူပြီး ကိုယ့်ရဲ့ အသိပညာတွေ တိုးတက်စေဖို့ လေ့လာနိုင်ရန် ဒီ 𝗚𝗶𝘃𝗲𝗮𝘄𝗮𝘆 လေးမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ပါရစေ။ 💯

ဓာတ်ပုံတွေမှာပဲ Background တွေကိုအလွယ်တကူ ဖျက်လို့ရတာမဟုတ်ပါဘူး။ Video တွေကိုပါ အလွယ်တကူ Background ဖျက်လို့ရနေပါပြီ။ 💡အ...
19/05/2022

ဓာတ်ပုံတွေမှာပဲ Background တွေကိုအလွယ်တကူ ဖျက်လို့ရတာမဟုတ်ပါဘူး။ Video တွေကိုပါ အလွယ်တကူ Background ဖျက်လို့ရနေပါပြီ။ 💡

အခု Care2Share မှ Share ပေးမယ့် App လေးကတော့ BgRem ဆိုတဲ့ Video တွေကို လွယ်ကူလျင်မြန်စွာ နောက်ခံဖျက်ပေးမယ့် Web App တစ်ခုဖြစ်ပါတယ်။ 🤗

အခုဆိုရင် ရိုးရှင်းတဲ့နောက်ခံတွေကို ဖျက်ဖို့ဆိုရင် နားလည်ဖို့ ခက်ခဲတဲ့ Masking နည်းပညာတွေ၊ အသုံးပြုရမလွယ်ကူတဲ့ Software တွေသုံးတတ်စရာမလိုတော့ပါဘူး။ အချိန်တိုအတွင်း ကိုယ်လိုချင်တဲ့ ဓာတ်ပုံ၊ ဗွီဒီယို တွေရဲ့ Background တွေကို Click တစ်ချက်ဖြင့် အလွယ်တကူဖျက်ပြီး ကိုယ်နှစ်သက်ရာ တစ်ခြား Background တွေနဲ့ အစားထိုးလို့ရနေပါပြီ။ 😉

ဒီ BgRem ဆိုတဲ့ App လေးမှာတော့ ကိုယ်ကြိုက်နှစ်သက်ရာ Video တစ်ခုတင်လိုက်တာနဲ့ Video ရဲ့ နောက်ခံကို အလိုအလျောက် ဖျက်ပေးသွားမှာပါ။ ပြီးရင်တော့ ရလာတဲ့ Video ကို အခြား Image Background ဒါမှမဟုတ် Video Background တွေနဲ့ အစားထိုးလို့ရမှာပဲဖြစ်ပါတယ်။ 🤩

သူတို့ Website မှာ Sign Up မလုပ်ထားဘူးဆိုရင်တော့ နောက်ခံဖျောက်ထားတဲ့ ကိုယ့် Video ကို အသံမပါဘဲနဲ့ ၁၀ စက္ကန့်စာ ပဲ အခမဲ့ Download လို့ရမှာဖြစ်ပါတယ်။ Sign Up လုပ်ထားမယ်ဆိုရင်တော့ နောက်ခံဖျောက်ထားတဲ့ ကိုယ့် Video ကို အသံအပါအဝင် ၃၀ စက္ကန့်အထိ ရနိုင်မည့်အပြင် အခြား ကြိုက်နှစ်သက်ရာ Background အသစ်တွေကိုပါ အစားထိုးပြီး Download ရယူနိုင်မှာဖြစ်ပါတယ်။❗

BgRem ရဲ့ အခြား Video Background Remove လို့ရတဲ့ App တွေနဲ့ မတူတဲ့ ထူးခြားချက်ကတော့ သူက တစ်သက်လုံး Free ဖြစ်တဲ့အပြင် Download လုပ်ရာတွင် Full HD ဖြစ်ပြီး Watermark မပါတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း Video ကို ၃၀ စက္ကန့်ထက် ပို Download ချင်တယ်ဆိုရင်တော့ Pro Version ကို ပိုက်ဆံပေးဝယ်ရမှာပါ။ 💯

🌐 Website: https://bgrem.deelvin.com
✔️ Android: https://play.google.com/store/apps/details?id=com.deelvin.bgrem
✔️ iOS: https://apps.apple.com/app/bgrem/id1592658212

အလားတူ Background Remove လို့ရတဲ့ App တွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ပါ Link မှာရှာဖွေဖတ်ရှုနိုင်ပါတယ်။ 👇

👉 Photo Editing အတွက် မဖြစ်မနေသိသင့်တဲ့ Website 3ခု -
https://www.facebook.com/102472795744183/posts/106737608651035/

ဒီ Post လေးကို ကြိုက်နှစ်သက်တယ် ဆိုရင်တော့ နောက်လာမယ့် Post တွေ Video တွေကို မလွတ်စေဖို Page ကို Like & Follow လုပ်ထားဖို မမေ့နဲ့နော်။ ✌️🤍

Care2Share မှ နေ့စဉ်ဘဝအတွက် အသုံးဝင်တဲ့ Website များ၊ Tutorial များ၊ Resource များ အပြင် အပျင်းပြေ စူးစမ်းလေ့လာလိုရမည့် App များ၊ Game များ ကိုလည်း ရံဖန်ရံခါ Share ပေးသွားမှာဖြစ်ပါတယ်။ 🖥📱

✅ Facebook: https://www.facebook.com/care2share.mm
✅ Instagram: https://www.instagram.com/care2share.mm
✅ Youtube: https://www.youtube.com/channel/UC2KJ3CQSREQCHFgW84

ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံက File Size အရမ်းကြီးနေပြီး Memory အရမ်းစားနေပြီလား? 🤔ဓာတ်ပုံတွေကိုသိမ်းထားချင်ပေမယ့် File Siz...
17/05/2022

ကိုယ်ရိုက်လိုက်တဲ့ ဓာတ်ပုံက File Size အရမ်းကြီးနေပြီး Memory အရမ်းစားနေပြီလား? 🤔

ဓာတ်ပုံတွေကိုသိမ်းထားချင်ပေမယ့် File Size အရမ်းကြီးပြီး Memory နေရာအများကြီးယူတဲ့ ဓာတ်ပုံတွေကို ကြုံဖူးတွေ့ဖူးကြမှာပါ။ ဒါ့အပြင် Online မှာ Form တွေ Submit လုပ်တဲ့အခါ၊ Email တွေပို့တဲ့အခါတွင် File Size Limit တွေရှိတတ်ကြပါတယ်။ ဒါဆိုရင်တော့ File Compressing Tool တွေကို သုံးဖို့လိုလာပါပြီ။ ❕

Care2Share မှ ဓာတ်ပုံတွေကို လိုအပ်သလို ချုံ့လို့ရတဲ့ Free Website ကောင်းလေးတစ်ခုကို Share ပေးလိုက်ပါတယ်။ 🤗

ဒီ Website လေးရဲ့ အားသာချက်ကတော့ ဓာတ်ပုံတွေကို ချုံ့ရာတွင် ဓာတ်ပုံ အရည်အသွေးနဲ့ အချိုးအစား ကို လိုအပ်သလို အလွယ်တကူ ပြုပြင်ပြောင်းလဲနိုင်မှာပဲဖြစ်ပြီး လျင်မြန်စွာ Download ရယူနိုင်မှာပဲဖြစ်ပါတယ်။ အသုံးပြုပုံကတော့ ရိုးရှင်းတဲ့အတွက် ကိုယ်တိုင်ပဲ စမ်းကြည့်ဖို့ တိုက်တွန်းပါတယ်။ ✌

🌐 Website: https://www.shrink.media

✔ Android: https://play.google.com/store/apps/details?id=com.pixelbin.shrink.media

✔ iOS: https://apps.apple.com/in/app/shrink-media/id1622037900

ဒီ App လေးကို အသုံးပြုပြီး ဓာတ်ပုံတွေကို ကိုယ်စိတ်တိုင်းကျ ချုံ့နိုင်ပြီး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ 😇

အလားတူ ဓာတ်ပုံပြင်လို့ရတဲ့ App တွေကိုစိတ်ဝင်စားတယ်ဆိုရင် အောက်ပါ Link တွေမှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ 👇

👉 Graphic Design လေ့လာလိုသူများအတွက် -
https://www.facebook.com/102472795744183/posts/115024434489019

👉 Photo Editing အတွက် မဖြစ်မနေသိသင့်တဲ့ Website 3ခု -
https://www.facebook.com/102472795744183/posts/106737608651035

👉 Photoshop သုံးတတ်စရာမလိုဘဲ Retouch လုပ်ချင်သူများအတွက် -
https://www.facebook.com/care2share.mm/posts/126582083333254

ဒီ Post လေးကို ကြိုက်နှစ်သက်တယ် ဆိုရင်တော့ နောက်လာမယ့် Post တွေ Video တွေကို မလွတ်စေဖို Page ကို Like & Follow လုပ်ထားဖို မမေ့နဲ့နော်။ ✌️🤍

Care2Share မှ နေ့စဉ်ဘဝအတွက် အသုံးဝင်တဲ့ Website များ၊ Tutorial များ၊ Resource များ အပြင် အပျင်းပြေ စူးစမ်းလေ့လာလိုရမည့် App များ၊ Game များ ကိုလည်း ရံဖန်ရံခါ Share ပေးသွားမှာဖြစ်ပါတယ်။ 🖥📱

✅ Facebook: https://www.facebook.com/care2share.mm
✅ Instagram: https://www.instagram.com/care2share.mm
✅ Youtube: https://www.youtube.com/channel/UC2KJ3CQSREQCHFgW84

Photoshop တတ်ထားစရာမလိုဘဲ ဓာတ်ပုံထဲက ကိုယ်မလိုချင်တဲ့ အပိုင်းတွေကို အလွယ်တစ်ကူဖျက်လို့ရမယ့် PhotoRoom ရဲ့ အသစ်ထွက်ထားတဲ့...
13/05/2022

Photoshop တတ်ထားစရာမလိုဘဲ ဓာတ်ပုံထဲက ကိုယ်မလိုချင်တဲ့ အပိုင်းတွေကို အလွယ်တစ်ကူဖျက်လို့ရမယ့် PhotoRoom ရဲ့ အသစ်ထွက်ထားတဲ့ Magic Retouch tool လေးကို Care2Share မှ Share ပေးလိုက်ပါတယ်။ 👐

ကိုယ်ရိုက်ထားတဲ့ ဓာတ်ပုံလေးကလှနေပေမယ့် အနောက်မှာ လူတွေပါနေတာတို့ ကိုယ့်မျက်နှာမှာ ဖုန်ကပ်သွားတာတို့ စသည်ဖြင့် ကိုယ်မကြိုက်တဲ့ အရာတွေပါနေလို့ Online ပေါ် မတင်ဖြစ်တာကို ကြုံဖူးကြမှာပါ။ ဒါတွေကိုဖျက်ဖို့အတွက် Photoshop သုံးတတ်စရာ မလိုပါဘူး။ အခု Share ပေးထားတဲ့ Tool လေးကို အသုံးပြုပြီး ကိုယ်ကြိုက်နှစ်သက်ရာပုံကို လွယ်ကူလျင်မြန်စွာ ပြုပြင်နိုင်မှာပဲဖြစ်ပါတယ်။ 😎

ဒီ PhotoRoom App လေးက Magic Retouch အပြင် ဓာတ်ပုံပြင်တဲ့အခါ အခြားအသုံးဝင်တဲ့ Function တွေလဲရှိပါတယ်။ စိတ်ဝင်စားရင်တော့ ကိုယ်တိုင်ပဲ စမ်းသုံးကြည့်ဖို့ အကြံပြုပါတယ်။ 😉

သူက Website အပြင် Android နဲ့ iOS မှာပါ App အနေနဲ့ အသုံးပြုလို့ရပါတယ်။ 💯

🌐 Website: https://www.photoroom.com/tools/remove-object-from-photo/

✔️ Android: https://play.google.com/store/apps/details?id=com.photoroom.app

✔️ iOS: https://apps.apple.com/app/apple-store/id1455009060?pt=120355336&ct=prbr&mt=8

ဒီ App လေးကို အသုံးပြုပြီး ဓာတ်ပုံအမိုက်စားတွေ ပြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ 💡

အလားတူ ဓာတ်ပုံပြင်လို့ရတဲ့ App တွေကိုစိတ်ဝင်စားတယ်ဆိုရင် အောက်ပါ Link တွေမှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ 👇

👉 Graphic Design လေ့လာလိုသူများအတွက် -
https://www.facebook.com/102472795744183/posts/115024434489019/

👉 Photo Editing အတွက် မဖြစ်မနေသိသင့်တဲ့ Website 3ခု -
https://www.facebook.com/102472795744183/posts/106737608651035/

ဒီ Post လေးကို ကြိုက်နှစ်သက်တယ် ဆိုရင်တော့ နောက်လာမယ့် Post တွေ Video တွေကို မလွတ်စေဖို့ Care2Share Page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။ ✌️🤍

Care2Share မှ နေ့စဉ်ဘဝအတွက် အသုံးဝင်တဲ့ Website များ၊ Tutorial များ၊ Resource များ အပြင် အပျင်းပြေ စူးစမ်းလေ့လာလို့ရမည့် App များ၊ Game များ ကိုလည်း ရံဖန်ရံခါ Share ပေးသွားမှာဖြစ်ပါတယ်။ 🖥📱

✅ Facebook: https://www.facebook.com/care2share.mm
✅ Instagram: https://www.instagram.com/care2share.mm
✅ Youtube: https://www.youtube.com/channel/UC2KJ3CQSREQCHFgW84TDRPw

ဒီနေ့ Sharing လုပ်ပေးချင်တဲ့ Website လေးကတော့ အလုပ်လျှောက်ရာတွင် အရေးပါတဲ့ ကိုယ့်ရဲ့ CV/ Resume တွေကို သူများထက်သာအောင် ...
12/05/2022

ဒီနေ့ Sharing လုပ်ပေးချင်တဲ့ Website လေးကတော့ အလုပ်လျှောက်ရာတွင် အရေးပါတဲ့ ကိုယ့်ရဲ့ CV/ Resume တွေကို သူများထက်သာအောင် ကူညီပေးမယ့် Website လေးပဲဖြစ်ပါတယ်။ 🤩

ကိုယ်က အရည်အချင်းရှိသူတစ်ယောက်ဖြစ်ပြီး Company ကောင်းကောင်းမှာ အလုပ်ဝင်ချင်တဲ့သူဖြစ်တယ်ဆိုရင်တော့ Resume ပြင်ဆင်တဲ့အခါ ကိုယ့်ရဲ့ Work Experience တွေ၊ Skilll တွေကို Grammar မှန်မှန်၊ Professional ဆန်ဆန် ရေးတာက ကိုယ့် Image ကိုလည်း မြှင့်တင်ပေးပြီးသားဖြစ်ပါတယ်။ 👍

ဒီ Website လေးမှာဆိုရင် ကိုယ်ရေးထားတဲ့ CV/ Resume ကို Upload လုပ်ပြီး အချိန်အနည်းငယ်စောင့်လိုက်တာနဲ့ ကိုယ့်ရဲ့ CV/ Resume ထဲက Grammar နဲ့ Spelling အမှားတွေကို Highlight လုပ်ပေးတဲ့အပြင် ပိုကောင်းတဲ့ English အသုံးအနှုန်းတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်မှာရှိတဲ့ Skill တွေကိုလည်း Demand များတဲ့ Skill တွေထပ်ဖြည့်နိုင်ဖို့အကြံပြုချက်တွေလည်း ပေးထားပါတယ်။ 💯

ဒါကြောင့် ဒီ Website လေးကို အသုံးပြုပြီး ကိုယ့်ရဲ့ Resume ကို သူများနဲ့မတူအောင် Professional ကျကျပြင်ဆင်နိုင်ကြပါစေ။ ☘️

🌐 Website - https://www.toplineresumes.com

ဒီ post လေးကို ကြိုက်နှစ်သက်တယ် ဆိုရင်တော့ နောက်လာမယ့် Post တွေ Video တွေကို မလွတ်စေဖို Page ကို Like & Follow လုပ်ထားဖို မမေ့နဲ့နော်။ ✌️🤍

Care2Share မှ နေ့စဉ်ဘဝအတွက် အသုံးဝင်တဲ့ Website များ၊ Tutorial များ၊ Resource များ အပြင် အပျင်းပြေ စူးစမ်းလေ့လာလိုရမည့် App များ၊ Game များ ကိုလည်း ရံဖန်ရံခါ Share ပေးသွားမှာဖြစ်ပါတယ်။ 🖥📱

✅ Facebook: https://www.facebook.com/care2share.mm
✅ Instagram: https://www.instagram.com/care2share.mm
✅ Youtube: https://www.youtube.com/channel/UC2KJ3CQSREQCHFgW84TDRPw

ကမ္ဘာအနှံ့က လူတွေနဲ့ စကားပြောရင်း ဘာသာစကားလေ့ကျင့်လို့ရနိုင်မဲ့ App 💡 သင်ဟာ ဘာသာစကားတခုခုကို သင်ယူနေတဲ့သူဆိုရင် HelloTal...
04/05/2022

ကမ္ဘာအနှံ့က လူတွေနဲ့ စကားပြောရင်း ဘာသာစကားလေ့ကျင့်လို့ရနိုင်မဲ့ App 💡

သင်ဟာ ဘာသာစကားတခုခုကို သင်ယူနေတဲ့သူဆိုရင် HelloTalk ဆိုတဲ့ App လေးကို သေချာပေါက် သုံးသင့်ပါတယ်။ ဒီ App လေးမှာဆိုရင် Native နဲ့ Learn ဆိုပြီး ရွေးချယ်နိုင်ပါတယ်။ ဥပမာ- ကိုယ်က မြန်မာ စာကို Fluent ဖြစ်တယ် အင်္ဂလိပ်စာကို သင်ယူချင်တယ်ဆိုရင် Native မှာ Myanmar နဲ့ Learn မှာ English ကို ရွေးချယ်ပြီး လေ့လာလို့ရပါတယ်။ ဘာသာရပ်တစ်ခုလုံးရဲ့ 4 skills ကိုစနစ်တကျလေ့လာလို့ရမှာဖြစ်ပါတယ်။ 💯

✅ What you can learn?
ဒီ App မှာဆိုရင် Course အနေနဲ့ Live Class တွေမှာလည်း Learning လုပ်လိုရသလို Native Language Partner တွေဆီကလည်း Learning လုပ်လို့ရပါတယ်။ တစ်ယောက်ထဲ စာလုပ်ရမှာပျင်းပြီး အဖော်ရှိမှ စာလုပ်တတ်တဲ့ သူတွေအတွက်လည်း Classmate တွေနဲ့ အတူ စာလေ့လာလိုလည်းရပါတယ်။ Vocabulary တွေလေ့လာချင်သူများအတွက်လည်း ရုပ်ပုံလေးတွေလည်း အသံထွက်လေးတွေ တွဲထားပေးတာကြောင့် စနစ်တကျလေ့လာလိုရပါတယ်။

✅ Listening
Listening အပိုင်းလေ့ကျင့်ချင်သူများအတွက်လည်း အသံ ဖိုင်တွေ၊ ဗွီဒီယို ဖိုင်တွေကို ဖွင့်ပြီး လေ့လာလိုရပါတယ်။

✅ Reading
Reading အပိုင်းလေ့ကျင့်ချင်သူများအတွက် Short Paragraph လေးတွေရှိပါတယ်။ စာပိုဒ်လေးတွေကို အသံထွက်လေးတွေနဲ့ ဖတ်ပြပေးလို Listening ပါတွဲလုပ်လို့ရပါတယ်။

✅ Writing
ကိုယ်ရေးချင်တဲ့အကြောင်းအရာတွေကို Moment မှာရေးပြီး upload လို့ရပါတယ်။ Grammar Check ရော Translate ရောပါပြီးသားမို့ စာရေးတဲ့အခါ မှားမှာလည်း စိတ်ပူစရာမလိုပါဘူး။ ကိုယ်ရေးချင်တဲ့အကြောင်းအရာ တခုခုမှားသွားခဲ့ရင်လည်း Native Language Partner တွေက ပြင်ပေးပါတယ်။

✅ Speaking အပိုင်းတိုးတက်ချင်သူတွေအတွက် Voiceကိုလည်း upload လုပ်လို့ရသလို Native Language Partner တွေနဲ့လည်း ဖုန်းပြောလို့ရပါတယ်။

👉 ကိုယ်ရဲ့ ဘာသာစကား အရည်အချင်းတွေ ပိုပြီးတိုးတက်လာစေဖို HelloTalk ကို သုံးပြီး စတင်လေ့လာကြည့်ရအောင်နော်။

🌐 Website - https://www.hellotalk.com

Download Link 👇

Android - https://play.google.com/store/apps/details?id=com.hellotalk&hl=en_US&gl=US

iOS - https://apps.apple.com/us/app/hellotalk-language-learning/id557130558

ဒီ post လေးကို ကြိုက်နှစ်သက်တယ် ဆိုရင်တော့ နောက်လာမယ့် Post တွေ Video တွေကို မလွတ်စေဖို Page ကို Like & Follow လုပ်ထားဖို မမေ့နဲ့နော်။ ✌️🤍

Care2Share မှ နေ့စဉ်ဘဝအတွက် အသုံးဝင်တဲ့ Website များ၊ Tutorial များ၊ Resource များ အပြင် အပျင်းပြေ စူးစမ်းလေ့လာလိုရမည့် App များ၊ Game များ ကိုလည်း ရံဖန်ရံခါ Share ပေးသွားမှာဖြစ်ပါတယ်။ 🖥📱

✅ Facebook: https://www.facebook.com/care2share.mm
✅ Instagram: https://www.instagram.com/care2share.mm
✅ Youtube: https://www.youtube.com/channel/UC2KJ3CQSREQCHFgW84TDRPw

ရန်ကုန်မှာ Passport လျှောက်တော့မယ်ဆိုရင်... 🤔မနေ့က Admin တို့ Team ထဲက တစ်ယောက် Passport သွားလုပ်ပါတယ်။ အဲ့တာကြောင့် သူ့...
27/04/2022

ရန်ကုန်မှာ Passport လျှောက်တော့မယ်ဆိုရင်... 🤔

မနေ့က Admin တို့ Team ထဲက တစ်ယောက် Passport သွားလုပ်ပါတယ်။ အဲ့တာကြောင့် သူ့ရဲ့ အတွေ့အကြုံ အရ ဆောင်ရန် ရှောင်ရန်များကို Share ပေးလိုက်ပါတယ်။ 🤗

✅ Online Booking

Passport လုပ်တော့မယ်ဆိုရင် အရင်ဦးဆုံး အနေနဲ့ https://www.passport.gov.mm/user/booking ဆိုတဲ့ Website ထဲကို ဝင်ပြီး Online Booking တင်ရပါမယ်။ Booking တင်တဲ့အခါ ကိုယ်လျှောက်ချင်တဲ့ နေ့ နဲ့ အချိန်ကို Select လုပ်ပြီး ရွေးချယ်လို့ရပါတယ်။ မြန်မာတစ်နိုင်ငံလုံးက Passport လုပ်ချင်တဲ့ သူတွေများတာကြောင့် Website က လိုင်းအရမ်းကျပ်ပါတယ်။ အဲ့တာလေးကိုတော့ စိတ်ရှည်သည်းခံပြီး Appointment ရအောင် ယူပါ။ Appointment ရပြီဆိုတာနဲ့ ကိုယ့် Email ကိုရိုက်ထည့်ပြီး ပို့လိုက်ရင် Email ထဲကို PDF File တစ်ခု ရလာပါလိမ့်မယ်။ အဲ့ Appointment Letter ထဲမှာ ကိုယ့်နာမည်၊ အဖနာမည်၊ မွေးနေ့၊ ကိုယ်သွားလျှောက်မဲ့ Date နဲ့ အချိန်၊ QR Code တို့ပါပါတယ်။ သေချာပြန်စစ်ဆေးပါ။ ပြီးရင် အဲ့ဒီ Appointment Letter ကို Print တစ်ရွက် ထုတ်သွားပါ (Appointment လုပ်ထားတဲ့ QR Code ပါမှ အထဲဝင်လို့ရပါတယ်)။ အခုဆိုရင် Online Booking တင်တဲ့ ကိစ္စပြီးပါပြီ။

✅ စာရွက်စာတမ်း

လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ -
1) သန်းခေါင်စာရင်း မူရင်း နဲ့ မိတ္တူ (၃) စုံ
2) မှတ်ပုံတင် မူရင်း နဲ့ မိတ္တူ (၃) စုံ
3) Appointment Letter (၁) ရွက် ထည့်သွားရပါမည်။

⚠️ သတိထားရန်

Passport ရုံးကို ရောက်ပြီဆိုတာနဲ့ ပွဲစားတွေ ဝရုန်းသုန်းကားနဲ့ အတင်းဆွယ်ပါလိမ့်မယ်။ သတိထားဖို့က ပွဲစားနဲ့ပဲလုပ်လုပ် ကိုယ်ဟာကိုယ်ပဲလုပ်လုပ် အတူတူပါပဲ။ ဘာမှမကွာသွားပါဘူး။ ပွဲစားက စျေးကို ၃ ဆလောက်တင်ပြီးတောင်းပါတယ်။ ကိုယ့်ဆီ ချည်းကပ်လာတဲ့ ပွဲစားက ကိုယ့်ကို Form ဖိုး ၃၀၀၀ ပဲပေး၊ သူအကုန်တာဝန်ယူမယ်ဆို လှည့်သာပြေးပါတော့။ ဘာကျေးညာကျေးတွေ ပေါက်ကရလျှောက်ရွတ်ပြပြီး ငွေတွေအများကြီး ပိုတောင်းပါလိမ့်မယ်။ လုံးဝမယုံလိုက်ပါနဲ့နော်။

✅ Passport ရုံးအဝင်လမ်း

Passport ရုံးရောက်ဖို့ အဝင်လမ်းတွေမှာ ကပ်ထားတဲ့ စာအရှည်ကြီးတွေနဲ့ အနီရောင်ဆိုင်းဘုတ်ကြီးတွေကို တွေ့ရင် အဲ့အတိုင်း ဆက်လျှောက်သွားပါ။ ကိုယ်နဲ့အတူ လိုအပ်တဲ့ စာရွက်စာတမ်းတွေ နဲ့ ဘောပင်တစ်ချောင်း၊ ပိုက်ဆံထည့်ထားတဲ့ အိတ်အသေးလေး လောက်ပဲယူသွားလို့ရပါတယ်။ လူပိုပေးမဝင်ပါဘူး။

Passport ရုံးရှေ့ရောက်ဖို့ လမ်းအဝင်မှာ ရဲတွေက Body တစ်ခါ စစ်ပါတယ်။ လမ်းအလယ်လောက်မှာ Body တစ်ခါထပ်စစ်ပါတယ်။ ပြီးရင် Passport ရုံးရှေ့ တန်းစီဖို့ရောက်ပါပြီ။ အကြာကြီးမစီရပါဘူး။ အလွန်ဆုံး ၁၅ မိနစ်လောက်ပါပဲ။ ပြီးရင် အဝင်ဝမှာ QR Code စစ်ပြီး လုံခြုံရေးအရ စစ်ဆေးမှုတွေ ထပ်လုပ်ပါတယ်။ ပြီးရင်တော့ Passport ရုံးထဲဝင်လို့ရပါပြီ။

ℹ️ Passport ရုံးထဲလုပ်ဆောင်ချက်များ (လ.ဝ.က စစ်ဆေးခြင်း)

အထဲရောက်သွားတဲ့အခါ အရင်ဆုံး လ.ဝ.က အရင်စစ်ရမှာပါ။ ဝင်ဝင်ချင်းမှာ Counter တွေတွေ့ပါလိမ့်မယ်။ Passport အသစ်လုပ်မဲ့သူတွေအတွက် ကောင်တာ ၃ ကနေစပြီး လူရှင်းတဲ့ ကောင်တာမှာ ဝင်စီလို့ရပါပြီ။ လ.ဝ.က စစ်တာ လူရှင်းရင် လုံးဝမကြာပါဘူး။ မှတ်ပုံတင် မူရင်းနဲ့ မိတ္တူ တစ်ရွက်၊ သန်းခေါင်စာရင်း မူရင်းနဲ့ မိတ္တူ တစ်ရွက် လိုပါမယ်။ ပြီးရင် စစ်ဆေးပြီးကြောင်း စာရွက်အသေးလေးတစ်ရွက် ပေးပါလိမ့်မယ်။ ပြီးရင်တော့ ကောင်တာရဲ့ အနောက်ဖက်ကိုသွားပြီး ခုဏက လ.ဝ.က ကိုစစ်ဖို့ပေးထားတဲ့ စာရွက်စာတမ်းအကုန် ပြန်သွားတောင်းပါ။ လ.ဝ.က စစ်ဆေးတာ ၂၀၀၀ကျပ် ကျပါမယ်။

ℹ️ Passport ရုံးထဲလုပ်ဆောင်ချက်များ (Form ထုတ်ခြင်း)

ပြီးရင် ကောင်တာအရှေ့ဘက်ကို ပြန်လာပြီး မလှမ်းမကမ်းမှာ ရဲတစ်ယောက် စားပွဲနဲ့ထိုင်နေပါတယ်။ အဲ့မှာ ဖောင်ကိုထုတ်ပါ။ ဖောင်ကြေး ၁၀၀၀ကျပ် ပေးရပါတယ်။ ပြီးရင် ဖောင်မှာ လိုအပ်တာတွေ သေချာဖြည့်ပါ မမှားပါစေနဲ့နော်။

ℹ️ Passport ရုံးထဲလုပ်ဆောင်ချက်များ (Bank ငွေသွင်းခြင်း)

ပြီးရင်တော့ ခုဏက လ.ဝ.က စစ်ထားတဲ့ စာရွက်စာတမ်းတွေနဲ့ ဖောင်ကို ကိုင်ပြီး လ.ဝ.က ကောင်တာရဲ့ အနောက်ဘက်ထဲ တည့်တည့်ဝင်သွားပါ။ မြန်မာ့စီးပွားရေးဘဏ် ဆိုပြီးတွေ့ပါလိမ့်မယ်။ အဲ့ဒီမှာ လ.ဝ.က စစ်ထားတဲ့ စာရွက်အသေးလေးနဲ့ ငွေသွင်းရပါမယ်။ ငွေက ၂၅၀၀၀ကျပ်ပါ။ ငွေရော စာရွက်လေးရော ပေးထားပြီး ကိုယ့်နာမည် ခေါ်တဲ့အခါ ကြားနိုင်မည့် အနီးအနားမှာ စောင့်နေပါ။ ကိုယ့်နာမည် ခေါ်ပြီဆိုတာနဲ့ အဲ့စာရွက်ကိုပြန်ယူလာပါ။ အဲ့စာရွက်လေးမှာ ငွေသွင်းထားပြီးကြောင်း လက်မှတ်ပါပါမယ်။ ပြီးရင်တော့ ဘေးလှေကားကနေ ၂လွှာ ကိုတက်သွားပါ။

ℹ️ Passport ရုံးထဲလုပ်ဆောင်ချက်များ (ဓါတ်ပုံရိုက်ခြင်း)

၂လွှာ ကိုရောက်ပြီဆိုရင် ဓါတ်ပုံရိုက်တဲ့ နေရာရောက်ပါပြီ။ ဓါတ်ပုံရိုက်တဲ့အခါ လ.ဝ.က စစ်ထားတဲ့ မှတ်ပုံတင် မိတ္တူ နဲ့ သန်းခေါင်စာရင်း မိတ္တူ၊ ဘဏ်မှာ ငွေသွင်းထားပြီးကြောင်း လက်မှတ်ပါတဲ့ စာရွက်လေး၊ ဖြည့်ထားပြီးသား Form နဲ့ မှတ်ပုံတင်မူရင်း ကိုပြပေးရပါတယ်။ ဓါတ်ပုံရိုက်ခ ၅၀၀၀ကျပ်ပါ။ ပြီးရင်တော့ စလစ်စာရွက် လေးတစ်ရွက် ပေးပါလိမ့်မယ်။ အဲ့စာရွက်လေးက ဘယ်နေ့မှာ Passport လာထုတ်ပါဆိုပြီး ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်တွေနဲ့ ဓါတ်ပုံပါ ပူးတွဲပါရှိတဲ့ စာရွက်လေးပါ။ အခုဆိုရင်တော့ Passport အသစ်လျှောက်ထားခြင်း Process ကြီး တစ်ခုလုံးပြီးဆုံးပါပြီ။ Passport သက်တမ်းတိုးမယ်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ စာအုပ်အဟောင်း ကိုယူသွားရပါမယ်။

အချိန်အားဖြင့် အများဆုံး ၁နာရီခွဲလောက်သာ ကြာမြင့်ပြီး အားလုံးပေါင်း ငွေ ၃၃၀၀၀ကျပ် သာကျသင့်ပါတယ်။ 💯

အကယ်လို့ ဒီစာထဲ အမှားပါသွားရင်လည်း ခွင့်လွှတ်ပေးကြပါခင်ဗျာ။ အားလုံးအဆင်ပြေကြပါစေ။ 🙏

Address

Yankin Street
Yangon
11111

Alerts

Be the first to know and let us send you an email when Care2Share posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Care2Share:

Videos

Share