Kachin State Public Voice News - KSPVN

Kachin State Public Voice News - KSPVN ကချင်ပြည်နယ်လူထု၏အသံကို ဝိုင်းဝန်းဖေါ်ထုတ်ကြပါစို့။

International Mountain Day11.12.2025
11/12/2025

International Mountain Day

11.12.2025

နမ်ဆန်တွေဆက်လက်ရွှေတူးဖော်မှု့ဆက်လက်လုပ်ဆောင်နေခြင်း28.11.2025ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာတွေ ၂၀၁၉ ကတည်းကရွှေတူးဖ...
28/11/2025

နမ်ဆန်တွေဆက်လက်ရွှေတူးဖော်မှု့ဆက်လက်လုပ်ဆောင်နေခြင်း

28.11.2025

ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာတွေ ၂၀၁၉ ကတည်းကရွှေတူးဖော်မှု့ပိုမိုလုပ်ဆောင်သဖြင့်ကျေးရွာ၃ပုံ၁ပုံလမ်းမကြီးတစ်ဝိုက်သာကျန်အောင်တူးဖော်ပျက်စီးခဲ့ပြီး အခုချိန်ထိဆက်လက်တူးဖော်လျက်ရှိနေသသည်ဟု ကျေးရွာတွေပြန်လည်နေထိုင်သူတစ်ဦးကပြောသည်။

"ယခုဆက်လက်တူးဖော်နေတာကရွာနောက်ဘက် ပေါ်စေရွာ သွားတဲ့နမ်ဆန်ယန်ရွာနောက်ဘက် ဆက်လက်လုပ်ဆောင်နေတာ” ဟု ဌင်းကပြောသည်။ အဆိုပါလုပ်ဆောင်နေတဲ့နေရာဟာ အရင်ကဆက်လက်ဝယ်ထားသောမြေနေရာဖြစ်သည်ဟုသူကပြောသည်။ ဤနေရာကို လောပန်းတစ်ယောက်လျင် မြေဧက၃ဧကဘဲခွဲတန်းရပြီးတူးဖော်ခွင့်ကို Kia အစိုးရမှပေးသည်ဟုသူကပြန်ပြောသည်။

ရွှေလော်ပန်းတွေက ၁၀ယောက်ထက်မကလုပ်ဆောင်နေပြီး အစိုးရက ဧက၅၀တူးဖို့ဘဲပြောထားတယ်လို့၎င်းကပြောသသည်။ နမ်ဆန်ယန်ကကျေးရွားလူကြီးအပြောင်းအလဲလုပ်သော်လည်း ရွာအတွက်ကောင်းမွန်သောအရာသည်ပြုပြင်ပြောင်းမှု့မရှိဘူးလို့လည်းကြားသိရပါသည်။

photo-CJ ( ပုံဟောင်း )

ကောင်လကျေးရွာတွင်ရွှေတူးဖော်လာခြင်းကြောင့်ရေနေသတ္တဝါများရှားပါးလာခြင်း၂၈.၁၀.၂၀၂၅ကချင်ပြည်နယ်၊ချီဖွေမြို့နယ်၊ကောင်လကျေးရွ...
28/10/2025

ကောင်လကျေးရွာတွင်ရွှေတူးဖော်လာခြင်းကြောင့်ရေနေသတ္တဝါများရှားပါးလာခြင်း

၂၈.၁၀.၂၀၂၅

ကချင်ပြည်နယ်၊ချီဖွေမြို့နယ်၊ကောင်လကျေးရွာဘက်တွင် ဆယ်လပိုင်းမှစတင်ပြီးရွှေတူးဖော်မှုများပြုလုပ်လာကြောင့် ဒေသခံတစ်ဉီးမှ သိရသည်။

" အရင်ကဆို ချောင်းများတွင် ရေညှိနှင့်ကျောက်ဂျပိုးများရှိသော်လည်းအခုနောက်ပိုင်းရွှေတူးဖော်လာ‌မှုကြောင့် ရေညှိ၊ကျောက်ဂျပိုးနှင့်တခြားရေနေသတ္တဝါများပြုန်းတီးလာတယ်" ဟု ဒေသခံတစ်ဦးမှသိရသည်။

ရွှေတူးဖော်သူတွေကတခြားဒေသမှလောပန်းတွေဖြစ်ပြီးလက်ရှိအာဏာပိုင်များကိုအခွန်အခပေးဆောင်ပြီးတူးဖော်နေပြီး ဒေသခံ‌တွေက ရွှေတူးဖော်သည့် လုပ်ငန်းများတွင်အလုပ်အကိုင်အနည်းငယ်လုပ်ခွင့်ရကြတယ်ဟု ၎င်းမှဆက်ပြောပြသည်။

ဝေလောရွှေမှော်တွင်စက်ယန္တရားများစွာဖြင့်ရွှေအလွန်အကျွံတူးဖော်နေမှု၂၇.၁၀.၂၀၂၅ကချင်ပြည်နယ်၊တနိုင်းမြို့နယ်အတွင်''ဝေလောရွှေ...
27/10/2025

ဝေလောရွှေမှော်တွင်စက်ယန္တရားများစွာဖြင့်ရွှေအလွန်အကျွံတူးဖော်နေမှု

၂၇.၁၀.၂၀၂၅

ကချင်ပြည်နယ်၊တနိုင်းမြို့နယ်အတွင်''ဝေလောရွှေမှော်တွင်လက်ရှိအာဏာပိုင်များကိုအခွန်အခပေးပြီးစက်န္တရားအမျိုးမျိုးနဲ့ရွှေအလွန်အကျွံတူးနေတယ်" ဟုတောင်သူတစ်ဦးထံမှသိရသည်။

''အရင်ကဆိုသည်လောက်မတူးဘူးနိုင်ငံရေးမတည်ငြိမ်ဖြစ်ပြီးသည့်နောက်ပိုင်းမှာသိသိသာသာ များလာတာဟုတ်တယ် ပြီးတော့ မိုးကောင်း/မိုးညှင်းဘက်ကလောပန်းတွေ ပြောင်းလာတယ်" ဟု၎င်းမှဆက်ပြောသည်။

နိုင်ငံရေးမတည်ငြိ်မ်သော်လည်းပျားဆွဲရွှေမှော်တွင်ဆက်လက်ရွှေတူးဖော်နေခြင်း ၂၇.၁၀.၂၀၂၅             ကချင်ပြည်နယ်၊တနိုင်းမြို...
27/10/2025

နိုင်ငံရေးမတည်ငြိ်မ်သော်လည်းပျားဆွဲရွှေမှော်တွင်ဆက်လက်ရွှေတူးဖော်နေခြင်း

၂၇.၁၀.၂၀၂၅

ကချင်ပြည်နယ်၊တနိုင်းမြို့နယ်၊ပျားဆွဲရွှေမှော်တွင်"နိုင်ငံရေးမကောင်းသော်လည်း ရွှေတူးလောပန်းများကလက်ရှိအာဏာပိုင်များကိုအခွန်အခပေးပြီးဆောင်ပြီးစက်ယန္တရားများစွာနဲ့ရွှေတူးဖော်နေတယ်''ဟုတောင်သူတစ်ဦးထံမှသိရသည်။

"အခုလိုရွှေတူးလာသောကြောင့်သား၊ငါးနှင့်သစ်တောများပျက်စီးပြုန်းတီးလာတယ်ပြီးတော့ချောင်းရေလဲညစ်ညမ်းလာတယ်''ဟု၎င်းမှဆက်ပြောပြသည်။

လောဒ့်မိုင်ယန်တွင်စက်ယန္တရားများစွာဖြင့်နေ့/ညမပျက်ရွှေတူးဖော်နေခြင်း ၂၂.၁၀.၂၀၂၅ကချင်ပြည်နယ်၊ဆွမ်ပရာဘွမ်မြို့နယ်၊လော့ဒ်မိ...
22/10/2025

လောဒ့်မိုင်ယန်တွင်စက်ယန္တရားများစွာဖြင့်နေ့/ညမပျက်ရွှေတူးဖော်နေခြင်း

၂၂.၁၀.၂၀၂၅

ကချင်ပြည်နယ်၊ဆွမ်ပရာဘွမ်မြို့နယ်၊လော့ဒ်မိုင်ယန်ကျေးရွာတွင် လက်ရှိအာဏာပိုင်များကိုအခွန်အခပေးဆောင်ပြီးစက်ယန္တရားများစွာဖြင့်ရွှေတူးဖော်လေ့ရှိနေတယ်ဟုဒေသခံတစ်ဦးမှသိရသည်။

"ရွှေတူးတဲ့နေရာကတော့ရွာပိုင်မြေ၊ရွာမြေနေရာများနှင့်တောင်ပေါ်မြေနေရာများတွင်တူးတယ်ဒါကြောင့်သစ်တောပြုန်းတီးလာတယ်ပြီးတော့မြေပြိုတာတွေဖြစ်လာတယ်'' ဟု၎င်းမှဆက်ပြောပြသည်။

ဧရာဝတီမြစ်အတွင်းဘာလီစက်ကြီးနဲ့ နေ့/ညမပြတ်ရွှေတူးဖော်နေမှု ၁၇.၉.၂၀၂၅ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်ရေ"ကြည်ကျေးရွာနံဘေးဧ...
17/09/2025

ဧရာဝတီမြစ်အတွင်းဘာလီစက်ကြီးနဲ့ နေ့/ညမပြတ်ရွှေတူးဖော်နေမှု

၁၇.၉.၂၀၂၅

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်ရေ"ကြည်ကျေးရွာနံဘေးဧရာဝတီမြစ်အတွင်း၂၀၂၄နှစ်ကုန်ပိုင်းမှစတင်ပြီးဘာလီစက်ကြီးများနဲ့နေ့/ညမပြတ်ရွေတူးနေတယ်''ဟုသေဒခံအမျိုးသမီးတစ်ဉီးမှသိရသည်။

ဘာလီစက်ကြီးနဲ့တူးသောကြောင့်မြစ်လမ်းကြောင်းများပြောင်းပြီး ရေကြည်ရွာဟောင်းကမ်းပါးပြိုမှုများလည်ဖြစ်လာခြင်း,ဒီလိုစက်ကြီးများနဲ့သာတောက်လျှောက်တူးနေရင် ရေကြည်ရွာဟောင်းကုန်သွာနိုင်သည်ဟု၎င်းမှဆက်ပြောသည်။

Address

Rangoon
Yangon
11181

Website

Alerts

Be the first to know and let us send you an email when Kachin State Public Voice News - KSPVN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kachin State Public Voice News - KSPVN:

Share