Movie Review by KLK

Movie Review by KLK Movie Review by KLK

Reviews by a professional critic on newly-released & most popular films in the Myanmar market. A good page for all movie lovers.

Mostly focus on providing recommendations for new, good movies that are really worth watching.

Movie Review by KLK: Battle of the Wolf (2025)"မင်းလိုချင်တာကို ငါပေးလို့ရတယ်။ ဒါပေမဲ့ လေယာဥ်ပေါ်ကအပြစ်မဲ့သူအားလုံးကို လ...
03/09/2025

Movie Review by KLK: Battle of the Wolf (2025)
"မင်းလိုချင်တာကို ငါပေးလို့ရတယ်။ ဒါပေမဲ့ လေယာဥ်ပေါ်ကအပြစ်မဲ့သူအားလုံးကို လွှတ်ပေးရမယ်"
-From the film ''Battle of the Wolf (2025)"

အကြောင်းအမျိုးမျိုးကြောင့် ကြည့်ညွှန်းတွေအရေးကျဲနေခဲ့တဲ့အတွက် စောင့်မျှော်နေတဲ့ရုပ်ရှင်ချစ်သူတွေအားလုံးကို အားနာမိပါတယ်။ အခုရက်ပိုင်း ဇာတ်က​​ားကောင်းတွေ ကြည့်ဖြစ်တာများလို့ အချိန်ရရင်ရသလို ​ကြည့်ညွှန်းတွေခပ်စိတ်စိတ်ရေးပေးသွားမှာမို့ page ကို like & follow လုပ်ပေးထားပါဦး။

ဒီညမှာ ညွှန်းပေးမယ့်အမိုက်စားတရုတ်အက်ရှင်ဇာတ်ကြမ်းကားသစ်ကြီးက Battle of the Wolf (2025) တဲ့။ အရင်တုန်းက ပြည်တွင်းရုပ်သံလိုင်းမှာ တကူးတကစောင့်ကြည့်ခဲ့ရတဲ့ "သိုင်းလောကမုန်တိုင်း" ဇာတ်လမ်းတွဲကိုအားလုံးမှတ်မိကြမယ်ထင်ပါတယ်။ အဲကားထဲက အဓိကဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ ကျန်းဝမ်ကျုံံ (လျဲ့ဖုန်း) က ဒီကားကိုဦးဆောင်ပုံဖော်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ လွန်ခဲ့တဲ့ခြောက်နှစ်ခန့်က ရေမြေရပ်ခြားလူဆိုးဖမ်းပွဲတစ်ခုမှာ လက်လွန်သွားလို့ ပြည်ပမှာထောင်ကျသွားခဲ့တဲ့ တရုတ်ပြည်အထူးရဲတပ်ဖွဲ့က သင်တန်းဆရာကျန်းကျစ်ယုံကို ရှီယာလေကြောင်းလိုင်းနဲ့ လုံခြုံရေးအရာရှိနှစ်ဦးက ခေါ်လာခဲ့တယ်။

ဒါပေမဲ့ အဲဒီလေယာဥ်ပေါ်မှာ အရေးကြီးတဲ့သုတေသနတစ်ခုလုပ်နေတဲ့ ပါမောက္ခချန်ကော့ရှန်ဆိုသူပါလာတာမို့ သူ့ကိုလိုချင်နေတဲ့ မစ္စတာဂျေ ဆိုသူက "မာ"ဦးဆောင်တဲ့ ဝံပုလွေတပ်ဖွဲ့ကို လေယာဥ်တစ်ခုလုံးထိန်းချုပ်ပြီး ပါမောက္ခချန်ကို ရှာဖွေစေခဲ့တယ်။

အဲလေယာဥ်ပေါ်မှာပဲ ကျန်းကျစ်ယုံရဲ့ဇနီးသည်ဆရာဝန်မနဲ့ သူတို့ရဲ့သားလေးထျန်းယို့တို့ကလည်း အဖေဖြစ်သူနဲ့လျှို့ဝှက်ဆက်သွယ်ဖို့ လေယာဥ်တစ်စီးတည်းလက်မှတ်ဖြတ်ပြီးလိုက်ပါစီးနင်းခဲ့တယ်။ ပါမောက္ခချန်ကလည်း သူသုတေသနလုပ်နေတဲ့ ကွာတမ်ဆက်သွယ်ရေးစနစ်ကို ကာကွယ်ဖို့ Plan B တစ်ခု စီစဥ်လာတယ်။

အဲလိုရှုပ်ထွေးမှုများစွာနဲ့ လေယာဥ်ပေါ်မှာ အထူးလေ့ကျင့်ထားတဲ့ ဝံပုလွေအုပ်စုက ပြန်ပေးဆွဲထိန်းချုပ်ပြီး ပါမောက္ခချန်ကို ရှာဖို့ကြိုးစားတဲ့အခါ... တရားခံအဖြစ်နဲ့လိုက်ပါလာရတဲ့ အထူးရဲကွန်မန်ဒိုကျန်းကျစ်ယုံတစ်ယောက် သူ့မိသားစုနဲ့ ခရီးသည်တွေကို ဘယ်လိုစွန့်စွန့်စားစားကယ်တင်ရမလဲဆိုတာ...

ကျန်းဝမ်ကျုံ (လျဲ့ဖုန်း) ဆိုတာ ဗင်းဆင့်ကျန်းလို့လူသိများတဲ့ စူပါတန်းဝင်တရုတ်အက်ရှင်မင်းသားကြီးဖြစ်တာနဲ့အညီ သဘာဝကျတဲ့ ဖိုက်တင်ခန်းကောင်းကောင်းတွေကို မြင်တွေ့ခံစားရမှာပါ။ ဒါရိုက်တာဂျင်ဂယ်မားရိုက်ကူးတဲ့ ဒီရုပ်ရှင်က ဇာတ်ညွှန်းလည်းခိုင်မာတာမို့ လေယာဥ်ပြန်ပေးဆွဲကားကြိုက်သူတိုင်း သဘောကျမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီမင်းသားကိုအစကတည်းကသဘောကျတာမို့ အချိန်ပေးရကျိုးနပ်တဲ့ဒီရုပ်ရှင်ကို 7.9 out of 10 နဲ့ လွတ်လွတ်ကျွတ်ကျွတ်ဂုဏ်ထူးမှတ်ပေးထားတယ်။







#2025

P.S. ထုံးစံအတိုင်း အောက်ကကွန်းမန့်တွေမှာ မြန်မာစာတန်းထိုး တယ်လီဂရမ်နဲ့ fb လင့်ခ်တွေပေးထားတယ်။ လင့်ခ်ပျက်မြန်တယ်။

Movie Review by KLK: Romeo S3 (2025)"ဒီလူတွေကို ခွင့်လွှတ်မပေးနဲ့။ သူတို့က ငါတို့တိုင်းပြည်ကို စိန်ခေါ်လာတာ"-From the fi...
21/07/2025

Movie Review by KLK: Romeo S3 (2025)
"ဒီလူတွေကို ခွင့်လွှတ်မပေးနဲ့။ သူတို့က ငါတို့တိုင်းပြည်ကို စိန်ခေါ်လာတာ"
-From the film "Romeo S3 (2025)"

ဒီညတော့ အတော်လေးကြမ်းတဲ့ ဘောလိဝုဒ်အက်ရှင်ကားသစ်ကြီးတစ်ကားကို ညွှန်းပေးချင်တယ်။ နာမည်က "Romeo S3 (2025)" တဲ့။

ယခုနှစ် မေလတတိယပတ်ထဲမှာ စတင်ဖြန့်ချိခဲ့တဲ့ ဟင်ဒီစကားပြော အက်ရှင်ကားသစ်ဖြစ်ပြီး Commando 2 တို့ Tees Maar Khan တို့လို ကျွန်တော်သဘောကျခဲ့တဲ့ ရုပ်ရှင်ကားကြီးတွေမှာ ဇာတ်ပို့တစ်ဦးအဖြစ်ပါဝင်ခဲ့တဲ့ ဗလတောင့်တောင့်နှုတ်ခမ်းမွှေးမင်းသား ထာကူရ်အနွတ်ရှ်ဆင်းဂ်က ခေါင်းဆောင်မင်းသားအဖြစ် ပုံဖော်ထားပါတယ်။

ဇာတ်ညွှန်းရေးသူ ရှေးလက်ရှ်ဗာမားကတော့ စူပါမင်းသားဆယ်လ်မန်ခန်းရဲ့ Veer ကို ဇာတ်ညွှန်းရေးပေးခဲ့လို့ထင်ရှားပေမယ့် ဒါရိုက်တာဂူဒူးဒါနိုအာကိုတော့ ကျွန်တော်သိပ်သတိမထားမိခဲ့တာ အမှန်ပါ။ ဒါပေမဲ့ ဒီဇာတ်ကားရဲ့ခေါင်းဆောင်မင်းသမီးလေး ပါလက်ခ်တီဝါရီကတော့ ပုရိသတွေကိုဖမ်းစားမယ့်အလန်းဇယားလေးပါ။ အခုမှ အသက် ၂၄ နှစ်ကျော်ပဲရှိသေးတာမို့ ပိုမိုအောင်မြင်ဖို့လည်း အလားအလာကောင်းနေပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိအားလုံးလေးစားရတဲ့ DCP ရှီချော့ဒရီတစ်ယောက် မိမိကိုယ်မိမိအဆုံးစီရင်ခဲ့တယ်လို့ မှတ်ချက်ချခံရပေမယ့် သူ့ကိုအင်မတန်ကျွမ်းကျင်တဲ့ လူသတ်သမားတစ်စုက သတ်ခဲ့တယ်ဆိုတာ ဂိုအာမှာတာဝန်ကျတဲ့ဌာနမှူး ဆန်ဂရမ်ဆင်းရှီခါဝပ်က ရိပ်မိနေတယ်။ သူကိုယ်တိုင်ကလည်း ရှီချော့ဒရီကို အရမ်းလေးစားသူမို့ ဒီအမှုကိုပေါ်အောင်ဖော်ထုတ်ဖို့ စိတ်အားထက်သန်နေတယ်။

အဲဒီအချိန်မှာ ဂိုအာမြို့မှာ ပျံ့နှံ့လာတဲ့ ထူးခြားကူးစက်ရောဂါဆန်းတစ်ခုကြောင့် လေးနာရီအတွင်း လူပေါင်း ၁၂၀၀ ကျော်ကူးစက်ခံရပြီး ကုလသမဂ္ဂမှာပါ အိန္ဒိယကို ပါကစ္စတန်စတဲ့ ရန်ဘက်နိုင်ငံတွေက ဖိအားပေးနေကြတယ်။ အဲဒီကူးစက်ရောဂါက မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုနဲ့ဆက်နွယ်နေသလို ရှီချော့ဒရီသေဆုံးမှုနဲ့လည်း ဆက်စပ်နေတာမို့ ဆန်ဂရမ်က မူးယစ်​​ဆေးကျွမ်းကျင်သူအာဂျူအနေနဲ့ ပုံဖျက်ပြီး လူမိုက်ဂိုဏ်းထဲ ဝင်စုံစမ်းတယ်။

သူ့အနေနဲ့ မူလချိတ်ဆက်မိသူ ဇာကီရာကနေတစ်ဆင့် နောက်ကွယ်ကလက်မည်းကြီးတွေဖြစ်တဲ့ ဒီမယ်လို၊ သူ့နောက်ကွယ်က မာကီဂျာဆေးဝါးဖြန့်ချိရေးတို့ကိုပါ ခြေရာခံမိသွားတယ်။ ဒါပေမဲ့မူးယစ်ဂိုဏ်းဘက်ကလည်း ဂိုအာဝန်ကြီးချုပ်ကိုတောင် ငွေနဲ့ဖိထားတာမို့ ဂိုအာကနေ ဆန်ဂရမ်ကိုပြောင်းရွှေ့ပေးဖို့ ပြည်ထဲရေးဝန်ကြီးဆီ ဖိအားရောက်လာတယ်။

အဲဒီအချိန်မှာ မိန်းကလေးတစ်ဦးကိုအုပ်စုဖွဲ့မုဒိမ်းကျင့်ပြီး လူသတ်အ​​လောင်းဖျောက်ခဲ့တဲ့ လူဆိုးတစ်သိုက်ကို ဘောင်ထဲကနေ လက်စတုံးပစ်ခဲ့တဲ့ဗီဒီယိုက အွန်လိုင်းပေါ်ပျံ့နှံ့သွားတာမို့ ဆန်ဂရမ်ကို မွမ်ဘိုင်းပို့မယ့်အစီအစဥ်ပျက်ခဲ့ရတယ်။ ဒါပေမဲ့ မူးယစ်ရာဇာကြီးက သူ့ကိုငြိုးမာန်ဖွဲ့ပြီး ဂိုအာမှာ ကူးစက်ရောဂါပျံ့နှံ့သွားအောင်ဖန်တီးလာတဲ့အခါ...

သဘာဝကျတဲ့အက်ရှင်ခန်းတွေနဲ့ ခပ်ကြမ်းကြမ်းသရုပ်ဆောင်ထားတဲ့ ထာကူရ်ကြောင့် လတ်တလော IMDb r​ating 5.5 out of 10 ဆိုတာ အဓိပ္ပါယ်မဲ့လွန်းတယ်လို့ ခံစားမိပါတယ်။ ဒီလိုဇာတ်ကားကောင်းမျိုးက အနည်းဆုံးတော့ လွတ်လွတ်ကျွတ်ကျွတ်ဂုဏ်ထူးထွက်သင့်တာအမှန်ပါ။ 7.8 out of 10 ပေးလိုက်တယ်။






#2025

P.S. ထုံးစံအတိုင်း အောက်က ကွန်းမန့်တွေမှာ မြန်မာစာတန်းထိုး တယ်လီဂရမ်နဲ့ fb လင့်ခ်တွေပေးထားတယ်။ လင့်ခ်ပျက်မြန်တယ်။

Movie Review by KLK: Ice Road Vengeance (2025)"ငါတို့ ဒါကို အခုလက်​​ေလျှာ့လိုက်ရင် ငါတို့မြစ်ထက်ပိုပြီး အများကြီးဆုံးရှု...
04/07/2025

Movie Review by KLK: Ice Road Vengeance (2025)
"ငါတို့ ဒါကို အခုလက်​​ေလျှာ့လိုက်ရင် ငါတို့မြစ်ထက်ပိုပြီး အများကြီးဆုံးရှုံးသွားရလိမ့်မယ်"
-From the film "Ice Road Vengeance(2025)"

ဒီညမှာတော့ TGIF မှာ ရုပ်ရှင်ကြည့်ပြီး အိမ်တွင်းအောင်းမယ့်သူတွေအတွက် အလန်းစားဟောလိဝုဒ် အက်ရှင်ဇာတ်ကြမ်းကားသစ်ကြီးတစ်ကားကို ညွှန်းပေးလိုက်မယ်။ သေချာပေါက်အချိန်ပေးရကျိုးနပ်မယ်လို့ ရဲရဲကြီးအာမခံနိုင်တဲ့ ဇာတ်ကားမျိုးပါ။ နာမည်က Ice Road Vengeance (2025) တဲ့။

အမှန်အတိုင်းဝန်ခံရရင် ဒီရက်ပိုင်းကြည့်ဖြစ်တဲ့ ဇာတ်ကားသစ်တွေထဲမှာ ဒီကားထက်ပိုမှန်းထားတဲ့ ရုပ်ရှင်အချို့ရှိပေမယ့် တကယ်တမ်းကျတော့ ဒီကားကို လတ်တလောမှာအကြိုက်ဆုံးဖြစ်နေတာမို့ TGIF ရဲ့အလန်းစား review အဖြစ် ရွေးလိုက်မိတယ်။

လီယမ်နီလ်ဆင်ဆိုရင် ဟောလိဝုဒ်နဲ့မစိမ်းသူအားလုံး သိပြီးသားဖြစ်မှာပါ။ Taken ကတည်းက ကျွန်တော်စကြေွတဲ့ ဒီဝါရင့်မင်းသားကြီးက ကားရိုက်စိပ်ပေမယ့် အားလုံးနီးပါး သဘာဝကျကျပီပီပြင်ပြင် ပုံဖော်နိုင်တာက သူ့ရဲ့ထူးခြားချက်ပါပဲ။ လက်ရှိမှာ အသက် ၇၃ နှစ်ရှိပေမယ့် အခုထိ ခေါင်းဆောင်မင်းသားနေရာတွေကပဲ အပီပြင်ဆုံးပုံဖော်နိုင်တဲ့အပြင် အဲလောက်ကြီးပြီလို့မထင်ရလောက်အောင် အရွယ်တင်တာကလည်း သူ့ရဲ့ပါရမီပေါ့။

လွန်ခဲ့တဲ့လေးနှစ်ကထွက်ခဲ့တဲ့ ဒီကားရဲ့ ပထမကား Ice Road အပါအဝင် သူ့ကားအများစုကို ကျွန်တော် review ရေးခဲ့ဖူးတယ်။ ဒီကားက sequel လို့သာပြောပေမယ့် ၂၀၂၁ ကထွက်ခဲ့တဲ့ Ice Road နဲ့ ဇာတ်လမ်းချင်းဆက်စပ်မှုမရှိတာကြောင့် အခုမှစကြည့်သူတွေနဲ့လည်း အစပ်တည့်ပြီးသားပါ။ Ice Road တုန်းက ဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်ရိုက်ကူးခဲ့တဲ့ ဂျိုနသန်ဟန်းစ်လိဂ်ကပဲ ဒီကားကိုဇာတ်ညွှန်းရေးပြီး ကိုယ်တိုင်ပုံဖော်ရိုက်ကူးထားပါတယ်။ ဂျွန်ထရာဗိုတာရဲ့ The Punisher တို့ ဘရုစ်ဝီလီစ်ရဲ့ Die Hard: With a Vengeance တို့တုန်းကလည်း သူကိုယ်တိုင်​ဇာတ်ညွှန်းရေးရိုက်ကူးခဲ့တာမို့ အချဥ်တော့မဟုတ်ဘူးနော်။

ယခုလဆန်း (ဇူလိုင်) ၁ ရက်မှာ စတင်ဖြန့်ချိခဲ့တဲ့ ဒီကားရဲ့ဇာတ်လမ်းအကျဉ်းကတော့ မိုက်ခ်မက်ကန်လို့ခေါ်တဲ့ သက်ကြီးပိုင်းအမျိုးသားတစ်ဦးဟာ အီရတ်စစ်မြေပြင်မှာကျဆုံးခဲ့တဲ့ သူ့ညီရဲ့နောက်ဆုံးဆန္ဒအတိုင်း အရိုးပြာကို ဧဝရက်​​တောင်ထိပ်မှာကြဲပေးဖို့ နီပေါကိုရောက်လာတယ်။ သူ့ကိုတိုးဂိုက်အဖြစ်ကူညီပေးမယ့် ဒန်နီယန်ချန်းဆိုတဲ့ တစ်ခုလပ်မလေးကလည်း နယ်နယ်ရရတော့မဟုတ်ဘူး။ ရုပ်လေးချောသလောက် အတိုက်အခိုက်ကြမ်းတဲ့ အာရှသူဖိုက်တာမလေး။

သူတို့စတွေ့ပြီးမကြာခင် ကတ်မန်ဒူမြို့ကနေ ဧဝရက်တောင်ဆီသွားတဲ့ တိုးကားပေါ်မှာ လူဆိုးနှစ်ဦးတိုက်ခိုက်ခံရတဲ့ ဒေသခံလူငယ်လေးဗီဂျေးရိုင်းကို ကယ်တင်ဖို့ဖြစ်လာတယ်။ သူက အဲဒီဒေသမှာ မာဖီးယားလိုကြီးစိုးနေတဲ့ နယ်ခံလူမိုက်ဂိုဏ်းက ပစ်မှတ်ထားခံနေရတဲ့ မြေပိုင်ရှင်ဂန်းနက်ရွိုင်ရဲ့သား။ သူ့အဖိုးကိုလည်း ဧရာမဆည်ကြီးဆောက်ဖို့အတွက် ဒေသခံတွေရဲ့မြေတွေကိုအတင်းလိုက်ဝယ်နေတဲ့ လူမိုက်ခေါင်းဆောက်ရူဒရာယက်ချ်က ကားအက်စီးဒန့်အသွင်ဖန်တီးပြီး ရှင်းပစ်လိုက်တယ်။

နီပေါကို ကွယ်လွန်သူညီဖြစ်သူရဲ့နောက်ဆုံးဆန္ဒကြောင့် ရောက်လာခဲ့ပေမယ့် မတရားတာတွေ့ရင် ငြိမ်ခံမနေတတ်တဲ့ မိုက်ခ်နဲ့ ရုပ်ချောပေမယ့်ဖိုက်တင်ကြမ်းတဲ့ တိုးဂိုက်မလေးဒန်နီတို့က ဒေသခံတွေကို ကိုယ်ကျိုးအတွက် အနိုင်ကျင့်ဗိုလ်ကျနေတဲ့ နယ်ခံမာဖီးယားဂိုဏ်းတစ်ခုလုံးနဲ့ ကိုဒါရီမြို့မှာ ထိပ်တိုက်တွေ့ဖို့ဖြစ်လာတဲ့အခါ...

အလန်းစားဖိုက်တင်ကားတွေအများကြီးရိုက်ဖူးတဲ့ လီယမ်နီလ်ဆင်ရဲ့ masterpiece မဟုတ်တာသေချာပေမယ့် လက်ရှိမှာ 4.9 out of 10 ပဲရထားတဲ့ IMDb rating ကတော့ စိတ်ပျက်စရာကောင်းလောက်အောင် လက်တွေ့နဲ့ကွာခြားလွန်းပါတယ်။ သဘာဝကျ​အောင်လို့ အရမ်းမပြင်ထားတဲ့အသည်းလေးဖန်ဘင်းဘင်းကို ထိုင်ကြည့်နေရတာနဲ့တင် ဂုဏ်ထူးမှတ်နဲ့ထိုက်တန်လွန်းပါတယ်။

ကျွန်တော့်အမြင်အရပြောရရင် ဒီကားက Ice Road ပထမကားထက် ပိုကောင်းတာအသေအချာပါ။ သေချာပေါက်ဂုဏ်ထူးထွက်ရမယ့်ကားကောင်းတစ်ခုကို အမှတ်ဆွဲချပစ်ဖို့အထိ မဝံ့ရဲတာကြောင့် 8 out of 10 အထိ အမှတ်မြင့်ပေးထားတယ်။







#2025

P.S. ထုံးစံအတိုင်း အောက်ကကွန်းမန့်တွေမှာ မြန်မာစာတန်းထိုး တယ်လီဂရမ်နဲ့ fb လင့်ခ်တွေပေးထားတယ်။ လင့်ခ်ပျက်မြန်တယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Movie Review by KLK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category