Treasa Moe Myint

Treasa Moe Myint Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Treasa Moe Myint, Digital creator, Yangon.

14/02/2026

ပါးကွက်ကြားနဲ့ပါးပြင်လေးရယ်💞
#တုံတုံလေး #သနပ်ခါး

19/01/2026

#ပျော်ရွှင်ခြင်းတွေရယ် ကြည်နူးခြင်းတွေရယ်🧡🧡🧡

#တုံတုံလေး

17/01/2026

ပန်းသီးပေါင်း🍎

#တုံတုံလေး
#ဖြည့်စွက်စာ
၇လ ၁၇ရက်

11/01/2026

ဒီမေမေကတော့ ဇွတ်ပဲ🤭🤭🤭



#တုံတုံလေး

မီးမီး video ကို ကြည့်ပေး
Followed ပေးကြတဲ့ လေးလေး တီတီ ကိုကို မမ တို့ကို ကျေးဇူးတင်ပါတယ်ရှင့်💛💛💛

10/01/2026

ခါတော်မီ😁

#တုံတုံလေး

ဓာတ်ပုံအရိုက်ကောင်းတာ ဝက်သားတုံးကြီး လက်ထဲပါသွားလို့ ဆက်မရိုက်နိုင်တော့ဘူး🤣🤣🤣
31/12/2025

ဓာတ်ပုံအရိုက်ကောင်းတာ
ဝက်သားတုံးကြီး လက်ထဲပါသွားလို့
ဆက်မရိုက်နိုင်တော့ဘူး🤣🤣🤣

13/12/2025

အမွှေစိန်လေး

#တုံတုံလေး

10/11/2025

#ချစ်မဝလေး❤️❤️❤️


09/11/2025

#နှာခေါင်း နှာတံ

#သားသား_မီးမီးလေးက_နှာတံမပေါ်ဘူး
#ပြားပြား_နဲ့_ထိပ်လုံးလုံးလေးဖြစ်နေတယ်
#ဂျီးတော်ကြီးပြောသလို_ငယ်တုန်းလေး_ဆွဲဆွဲပေးမှ_နှာတံပေါ်လာမှာလား

Pulling/Pinching/Massageing baby's Nose

မျက်နှာရဲ့အစိတ်အပိုင်း တွေဖြစ်တဲ့ နဖူး၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ ပါး အစရှိတာတွေ အချိုးကျကျ ရှိမှ ချောတယ်လှတယ် ဆိုပြီး ပြောကြတာမလား

ကလေးတစ်ယောက်ရလာရင်
- ကလေးလေး အဖတ်တင်ဖို့ ဆုတောင်းကြရတယ် ကြိုးစားကြရတယ်
အသက်လေးရှင်လာတော့
- ကိုယ်လက်အင်္ဂါတွေ စုံလင်ရဲ့လား စိတ်ပူကြရပါတယ်
ကိုယ်လက်အင်္ဂါတွေစုံ ပြန်တော့
- လူချောလူလှလေး လူချစ်လူခင်များတဲ့ကလေးလေး ဖြစ်စေချင်ပြန်ရော
လူချောလူလှလေးဖြစ်ပြန်တော့လည်း ဉာဏ်ပညာကြီးမားထက်မြတ်ချင်ကြတာဟာ မိဘတိုင်းရဲ့ #အဖြူရောင်လောဘ လို့ပဲပြောရမလားပဲ

ကိုယ်လက်အင်္ဂါစုံတဲ့ကလေးလေး မွေးဖွားလာတဲ့အခါ ကျွန်တော်တို့လူကြီးတတွေက တခြားအစိတ်အပိုင်းတွေကို ပြဿနာသိပ်မရှာတတ်သော်လည်း

မျက်နှာတစ်ခုလုံးမှာ ထောင်လိုက်ရှိနေတဲ့ တစ်ခုတည်းသော #နှာခေါင်း ကိုတော်တော် ကလိချင်ကြပါတယ်။

ဖအေရော မအေရော က နှာတံပေါ်ပေါ်ရယ် နင့်ကြမှ ဘာလို့ ပြားနေရတာလဲ ဆိုပြီး ကြုံတိုင်း ဆွဲပါတယ်။
ဆွဲခံရတိုင်း သူ့ဟာသူ သာသာယာယာ နေတဲ့ ကလေးက ငိုရပါတယ်
ဘာလို့ ငိုရတာလဲ ⁉️
😰 နာလို့ပေါ့ဗျာ

အရေပြား၊အသား နုနုနယ်နယ်ရှိတဲ့ ကလေးလေး ကို မဆိုနဲ့ ဒီအရွယ်ကြီး ကိုယ့်နှာခေါင်းကိုယ် ဆွဲကြည့်ပါလား နာ/မနာ

🤷‍♂️ နာမှန်းသိသားပဲ အကျိုးရှိလို့ လုပ်တာပေါ့ လို့ဆိုပြန်လဲ

#အကျိုးမရှိပါဘူးဗျာ

ကလေးလေးရဲ့ နှာခေါင်းအပါအဝင် မျက်နှာပုံပန်းသဏ္ဍာန်က ဘာသာရေးအရကြည့်ရင် အတိတ်ကုသိုလ်ကံ အတိုင်းလို့ပြောလို့ရသလို
ဆေးပညာအရပြောရရင် မျိုးရိုးဗီဇအရ သတ်မှတ်ထားပြီးသားဖြစ်ပါတယ်။
(ရေမြေသဘာဝ နဲ့ကိုက်ညီတဲ့ ပုံပန်းသဏ္ဍာန် ပဲရကြတာပါ)

🤷‍♂️ ငါတို့ဆွဲဆွဲပေးလို့ မွေးကာစ နှာပြားလေးက ၂-၃ လသားလောက်မှာ နှာတံလေးပေါ်လာတယ်လေ ဆက်ဆွဲပေးမှ နှာတံချွန်ချွန်ရမှာပေါ့
#အဲ့လိုမဟုတ်ပါဘူး 😅
ခွဲစိတ်မွေးဖွားတဲ့ ကလေးတွေထက် ရိုးရိုးမွေးဖွားတဲ့ ကလေးလေးတွေက ကျဉ်းမြောင်းတဲ့မွေးလမ်းကြောင်းတောက်လျောက် ပွတ်ပြီးထွက်လာရတဲ့အတွက် ရှိသင့်တဲ့အရွယ်ထက် နှာခေါင်းလေးက ပြားနေရခြင်းဖြစ်ပါတယ်။
မွေးဖွားပြီး အချိန်အတိုင်းအတာတစ်ခု ရရင် မူလ ပုံစံလေးရလာပါလိမ့်မယ် (ဆွဲစရာမလိုပါဘူး)

နောက်တစ်ချက်က မွေးကာစ ကလေးလေး တွေဟာ နှာခေါင်းပုံစံ ပီပီပြင်ပြင် မဖွံ့ဖြိုးသေးပါဘူး လသားအရွယ်ရောက်လာတဲ့ အခါမှ နှာခေါင်းအရိုးနုတွေ ဖွံဖြိုးလားပြီး နှာတံလေးပေါ်လာပါလိမ့်မယ်။
(သူ့ဟာသူဖွံ့ဖြိုးလာတာကို ဆွဲလို့ ပေါ်လာတယ်လို့ ပြောကြမှာပေါ့ 😬)

လသားအရွယ်ရောက်လည်း သူရဲ့ပုံပန်းသဏ္ဌာန်က လူကြီးမှာရှိမယ့် ပုံပန်းသဏ္ဌာန်မဖြစ်သေးပါဘူးဗျာ

👉 ဆွဲဖို့ မကြိုးစားကြပါနဲ့

အသက် (၈-၁၀) နှစ်လောက်ရောက်မှ နှာခေါင်းပြားမလား လုံးမလား ချွန်မလား သေသေချာချာ သိကြရတာပါ။

👉 အဲ့အရွယ်လည်းသွားမလုပ်ကြပါနဲ့ 😅

နှာခေါင်းဆိုတာ အသက်ရှူလမ်းကြောင်းရဲ့ အစဖြစ်တဲ့အတွက်အရေးကြီးပါတယ်
ကလေးနုနုနယ်နယ်လေးကို လူကြီးအားနဲ့ ဆွဲခြင်းဟာ နှာခေါင်းမှာ ဒဏ်ဖြစ်နိုင်ပါတယ်
- နှာခေါင်းသွေးလျှံခြင်း တွေပါဖြစ်လာနိုင်ပါတယ်

အကျိုးမရှိတဲ့ကိစ္စအတွက်
ဘာမှမပြောနိုင်သေးတဲ့ ကလေးလေးတွေကို #အနိုင်မကျင့်ကြပါနဲ့

(Ref; babycenterindia)
(Photo credit;youtube)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

#တုံတုံလေး

07/11/2025

အိပ်နေတယ်ဆိုပြီး စိတ်ချလက်ချမထားရဲဘူး🤧🤧🤧

#တုံတုံလေး

05/11/2025

မိသားစု စုပေါင်းအလှူ 🩷🩷🩷

#တန်ဆောင်တိုင်
#ဆေးပေါင်းခတဲ့ည
#အလှူ
#တုံတုံလေး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Treasa Moe Myint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share