Zayar Phyo Aung

Zayar Phyo Aung personal blog

camera စမ်းကြည့်တာ😉
29/12/2023

camera စမ်းကြည့်တာ😉

စောင်ထဲအတင်းတိုးဝင် တညောင်ညောင် နဲ့လူကိုပွတ်သပ်နေတော့ချမ်းနေရှာလားမသိဘူးဆိုပြီးခေါ်သိပ်ထားတာဘယ်ဟုတ်မလဲ သူက ကလေးမွေးချလို...
26/05/2023

စောင်ထဲအတင်းတိုးဝင် တညောင်ညောင် နဲ့လူကိုပွတ်သပ်နေတော့
ချမ်းနေရှာလားမသိဘူးဆိုပြီးခေါ်သိပ်ထားတာ
ဘယ်ဟုတ်မလဲ သူက ကလေးမွေးချလိုက်တာ ကြောင်ပိစီလေးအသံကြားမှကလေးမွေးမှန်းသိတော့တယ်
သူမွေးတာအကြောင်းမဟုတ်ဘူး ခုတော့စောင်လျှော်ရတော့မယ် မြောင်မြောင်

HOCHA လည်းပြီးပြီ နောက်ဆက်တွဲလည်းမရှိဆိုတော့ နေမင်း ရဲ့အပူချိန်ချိန်ကို ပြန်လည်ခံစားကြပါစို့😁
15/05/2023

HOCHA လည်းပြီးပြီ နောက်ဆက်တွဲလည်းမရှိဆိုတော့ နေမင်း ရဲ့အပူချိန်ချိန်ကို ပြန်လည်ခံစားကြပါစို့😁

ကျွန်တော် page တခုစဖွင့်လိုက်ပါတယ် ရည်ရွယ်ချက်ကတော့လက်ထဲမှာရှိတဲ့ငွေတွေတိုးပွားလာစေဖို့ပါပဲသိပ်မရှင်းဘူးဖြစ်သွားလားကျွန်...
01/05/2023

ကျွန်တော် page တခုစဖွင့်လိုက်ပါတယ် ရည်ရွယ်ချက်ကတော့
လက်ထဲမှာရှိတဲ့ငွေတွေတိုးပွားလာစေဖို့ပါပဲ
သိပ်မရှင်းဘူးဖြစ်သွားလား
ကျွန်တော်တို့gp ကနေပြီးတော့မိတ်ဆွေများကို ရင်းနီးမှုရဲ့အမြတ်ငွေ 2.30% နေ့စဥ်ပေးသွားမှာဖြစ်တဲ့အတွက် သင့်ရဲ့ တလဝင်ငွေ ဘယ်လောက်ရှိမလဲတွက်ချက်ကြည့်ပါ ပြီးတော့ bonus တွေလည်းပေးအုံးမှာပါ ယုံကြည်စိတ်ချရမှူ 100%
မိမိငွေကိုလည်း ထုတ်သွင်း စီမံခန့်ခွဲမှူ ကိုယ်တိုင်စိတ်ကြိုက်ပြုလုပ်နိုင်မှာ​ဖြစ်ပါတယ်
ဝင်ငွေတိုးဖို့
zayarphyoaung cb မှာတွေ့ဆုံကြပါစို့
https://www.facebook.com/thet.phyoaung.167?mibextid=ZbWKwL

ထီပေါက်ပါစေ
01/05/2023

ထီပေါက်ပါစေ

အသဲတုံးလေး❤လွမ်းလိုက်တာ😘😘😘 ငါ့ကို့ ကိုကို လို့ခေါ်တဲ့ ခလေးလေး😘
29/04/2023

အသဲတုံးလေး❤လွမ်းလိုက်တာ😘😘😘 ငါ့ကို့ ကိုကို လို့ခေါ်တဲ့ ခလေးလေး😘

စ ကတည်း ကားလာလိုက်တဲ့(စကား) နှုတ်စောင့်စည်းကြပါ မိမိစကားကြောင့်သူတပါး ဒုက္ခ မရောက်ပါစေနဲ့
27/04/2023

စ ကတည်း ကားလာလိုက်တဲ့
(စကား)
နှုတ်စောင့်စည်းကြပါ မိမိစကားကြောင့်သူတပါး ဒုက္ခ မရောက်ပါစေနဲ့

နွားတစ်ကောင်က သခင်ခိုင်းတာတွေ လုပ်ပြီး
အလုပ်သိမ်းချိန်မှာ ပင်ပန်းလို့ နားနေတယ်..တဲ့။

ခွေးတစ်ကောင်ကလာပြီး နှုတ်ဆက်တယ်။
"ကိုနွား နေမကောင်းဘူးလား" ပေါ့။
နွားက
"ပင်ပန်းလို့ပါကွာ။
မနက်ဖြန်တစ်ရက်လောက် နားရရင်
ကောင်းမှာပဲကွာ" လို့ ပြောလိုက်တယ်။
ညည်းလိုက်တယ် ဆ်ိုပါတော့။

အဲ့ဒါကို ခွေးက ကြောင်နဲ့တွေ့လို့ ပြောတဲ့အခါကျတော့
"နွားက ပြောတယ်။
ပင်ပန်းလို့ မနက်ဖြန်တစ်ရက်လောက်
နားချင်တယ်တဲ့။
သခင်ကလည်း အရမ်းခိုင်းလွန်းတယ် ထင်ပါတယ်ကွာ"တဲ့။
သခင်က အရမ်းခိုင်းလွန်းတယ် ထင်တယ်
ဆိုတဲ့သူ့ရဲ့ comment ပါ ပါသွားပြီ။

ဒါကို ကြောင်က ဆိတ်ကို ပြန်ပြောတဲ့အခါကျတော့
"နွားကို သခင်က အရမ်းခိုင်းလွန်းတော့
ပင်ပန်းလွန်းလို့ မနက်ဖြန်ကစပြီး
အလုပ်မလုပ်ချင်တော့ဘူးလို့ ပြောတယ်"
ဆိုပြီး စကားက ပြောင်းသွားတယ်။

တစ်ခါ ဆိတ်က ကြက်ကို ပြောတဲ့အခါကျတော့
"နွားက မနက်ဖြန် သခင်အတွက်
အလုပ်မလုပ်ပေးချင်တော့ဘူး။
ခိုင်းလွန်းလို့ သခင့်ကို မကျေမနပ်
ဖြစ်နေတယ်"လို့ဖြစ်သွားပြန်ရော..တဲ့။

ကြက်က ဝက်ကို တဆင့်ထပ်ပြောတဲ့အခါကျတော့
"နွားက မနက်ဖြန်ကစပြီး
သခင်ခိုင်းတာတွေ မလုပ်တော့ဘူး။
သခင့်ကိုမကျေနပ်ဘူး။ သခင်အသစ် ရှာချင်နေတယ်လို့ကြားတယ်"ဆိုပြီး
စကားက ကားသွားပြီ။

သခင်ရဲ့မိန်းမက ဝက်စာ လာကျွေးတဲ့အချိန်မှာ
ဝက်က ပြောတယ်တဲ့။
"သခင်မ..နွားက အချိုးတွေပြောင်းနေပြီ။
သခင်မတို့ကို မကျေနပ်ဘူး။
သခင်မတို့အလုပ်တွေကို
မနက်ဖြန်ကစပြီး လုပ်မပေးတော့ဘူးလို့
ပြောနေတယ်နော်" ပေါ့။

မိန်းမကလည်း သူ့ယောက်ျားကို ပြန်ပြောတာပေါ့။
"ရှင့်နွားက ရှင့်ကိုသစ္စာဖောက်သွားပြီနော်၊
မနက်ဖြန်ကစပြီး ရှင်ခိုင်းတာတွေ လုပ်မပေးတော့ဘူးလို့ ပြောနေတယ်"တဲ့။

အဲ့ဒီအခါ ယောက်ျားက
"သစ္စာဖောက်တော့လည်း
အသားပေါ် ရောင်းလိုက်ရုံပေါ့ကွာ"တဲ့။
အဲ့ဒါနဲ့ပဲနောက်နေ့မှာ နွားဟာ အသတ်ခံလိုက်ရရော..တဲ့။

တကယ်တော့ နွားပြောတာက
"ပင်ပန်းလို့ မနက်ဖြန်တစ်ရက်လောက် နားရရင်ကောင်းမယ် " ဒါလေးပဲ။
သူ့ရဲ့ဆန္ဒကို သူပြောရုံလေးပဲ။
သခင်ကို ထိခိုက်ပြောတာလည်း မပါဘူး။

ဒါပေမယ့် စကားတွေက ချဲ့ကားရင်းနဲ့
နောက်ဆုံးမှာ ဒီစကားလေးအတွက်
သူ အသတ်ခံလိုက်ရတယ်...တဲ့။

ဆက်စပ်ပြီး ပြန်တွေးကြည့်တော့
ဟုတ်နေတာပဲ။
ငါတို့လည်း တစ်ခါမက ကြုံခဲ့ဘူးတာပဲ။
နွားလို အသက်သေအောင် အသတ်မခံရပေမယ့်
ကိုယ်တကယ်မပြောခဲ့တဲ့ စကားတွေအတွက်၊
ကိုယ်တကယ်မလုပ်ခဲ့တဲ့ အပြုအမူတွေအတွက်
ဘဝသေအောင်၊နာမည်သေအောင်ထိ
အသတ်ခံခဲ့ရဘူးတာပဲ။

တစ်ယောက်တည်း မနေနဲ့၊
တစ်ယောက်တည်း မကြံနဲ့၊
တစ်ယောက်တည်း မခံစားနဲ့
တိုင်ပင်ပါ၊အကြံဥာဏ်တောင်းပါ၊
ရင်ဖွင့်ပါလို့တော့ ပြောကြတာပဲ။
ပြောမိ ပြန်တော့လည်း ရေရောခံရရင်၊
ကိုယ့်စကားကို ပုံဖျက်ခံလိုက်ရရင်
ကိုယ်ပဲ ခံရပြန်ရော။

အခုလို....
လူမှုကွန်ရက် ယဉ်ကျေးမှုထွန်းကားတဲ့ခေတ်မှာ
ပိုသိသာတယ်။
ဖေ့စ်ဘုတ်မှာ မင်းပြောချင်တာတစ်ခုခုကိုရေးပြီး
တင်ကြည့်လိုက်ပါလား။
မင်းပေးချင်တဲ့မက်ဆေ့ခ်ျကို လူတိုင်းသိချင်မှ သိတာ။
မင်းမျှော်လင့်မထားတဲ့ရှုဒေါင့်က အမြင်တွေနဲ့ပေးတဲ့ comments တွေ မင်းတွေ့လိမ့်မယ်။

အဲ့ဒီတော့ကွာ...
ကိုယ်လည်း စိတ်ချလက်ချ မပြောရဲ၊
ကိုယ်ကြားသမျှကိုလည်း မယုံရမှတော့
နားရောပါးစပ်ရော ပိတ်ထားတာ ကောင်းပါတယ်။
လောကမှာ သိစရာတွေကတော့ အများကြီးပဲ။
လိုက်လို့ကို မကုန်နိုင်ဘူး။
ဒါပေမယ့်
အကုန်သိစရာမှ မလိုတာ။
မသိမဖြစ် သိသင့်တာလောက်ပဲ သိရင်တော်ပြီပေါ့။

27/04/2023
27/04/2023
26/04/2023

ကိုဗစ်မျိုးကွဲအသစ်(Arcturus)

Arcturusလို့ အမည်ပေးထားတဲ့ ကူးစက်မြန် အိုမီခရွန်မျိုးကွဲအသစ်တစ်ခုဟာ အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံပေါင်း(၂၉)နိုင်ငံထိ ပျံ့နှံ့နေပြီး အိုမီခရွန်ရဲ့မျိုးကွဲ XBB. 1.16 ဖြစ်ကြောင်း WHO ကထုတ်ပြန်ထားပါတယ်။

ကူးစက်ခံရလျင်တွေ့ရှိရမဲ့ လက္ခဏာတွေကတော့ ကိုဗစ်လက္ခဏာတွေလိုပါပဲ...

- အဖျားကြီးခြင်း (102-103F လောက်ထိတက်ပါတယ်)
- နုံးချိ ညောင်းညာခြင်း အင်အားယုတ်လျော့ခြင်း
- လည်ချောင်းနာခြင်း၊ တံတွေးမျိုရခက်ခြင်း
- အသံဝင်ခြင်း
- နှာစေး နှာပိတ်ခြင်း
- ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း
- ခံတွင်းပျက်ခြင်း
- ချောင်းဆိုးခြင်း၊ မောခြင်း စတဲ့လက္ခဏာတွေအပြင်

ထူးခြားတာက မျက်စိပါနာတတ်ပါတယ်။ လူကြီးတချို့အပြင် ၁၂နှစ်အောက်ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ တွေ့ရတဲ့ မျက်လုံးအပြင်လွှာရောင်ပြီး မျက်လုံးပန်းရောင်ဖြစ်ခြင်းအတွေ့များပါတယ်။ Pink eye အပြင် ပြည် (pus) မရှိဘဲ မျက်လုံးဟာ စေးကပ်ပြီး ဖွင့်မရတာမျိုးလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

Arcturus ဟာ Omicron တွေထက် ပိုပြီးအခြေအနေဆိုးတာ မတွေ့ရသေးဘဲ ရောဂါလက္ခဏာအများစုမှာ ၃-၄ ရက်နဲ့ ပြန်ကောင်းသွားတတ်တယ်လို့ဆိုပေမဲ့ ရောဂါပြင်းထန်နိုင်မှု အတိုင်းအတာကတော့ လူတယောက်နဲ့တယောက်မတူနိုင်ဘဲ ရောဂါအခံရှိတဲ့သက်ကြီးရွယ်အိုတွေမှာတော့ ပိုပြီးရောဂါဒဏ်ကို ခံရနိုင်ခြေရှိပါတယ်။

ပူပြင်းတဲ့ ရာသီမှာ အသက်ကြီးသူတွေဖျားကြရင် heat stroke heat exhaustion တွေ ရနိုင်တာမို့ ရောဂါ မကူးအောင် သတိထားဖို့ လိုပါတယ်။ ဒါ့အပြင် ကလေးတွေ ဖျားပြီး မျက်လုံးနာရင် Arcturus ကို သတိထားကြဖို့နဲ့ ကျွမ်းကျင်ဆရာဝန်တွေနဲ့ ပြသ၍ သေချာစွာကုသမှုခံယူသင့်ပါတယ်။

ကျွမ်းကျင်ပညာရှင်များအကြံပြုထားတာကတော့ ကိုဗစ်ကာကွယ်ဆေး Booster dose ထပ်ထိုးထားကြဖို့နဲ့
ကိုဗစ်ရောဂါကာကွယ်ရေးနည်းလမ်းတွေဖြစ်တဲ့
Maskတပ်ခြင်း
လက်ဆေးခြင်း
ခပ်ခွာခွာနေခြင်း
ခန္ဓာကိုယ်ခုခံအားကောင်းအောင်နေထိုင်ခြင်း
စသည့်နည်းလမ်းတွေကိုပြန်လည်လိုက်နာသင့်ကြောင်းအကြံပြုထားကြပါတယ်။




Credit to original uploader

အားလုံးကျန်းမာရွှင်လန်းချမ်းမြေ့ပါစေ
New strain of covid (Arcturus)

A new infectious Omicron strain named Arcturus is spreading to 29 countries including India, and Omicron's strain XBB. It is 1.16 according to WHO.

The symptoms to be found in case of infection are like the symptoms of covid...

- High fever (as high as 102-103F)
- Shoulder sprains and weakness
- Sore throat Difficulty swallowing saliva
- Voice input
- Nasal congestion
- Nausea and vomiting; Diarrhea
- Loss of appetite
- cough; In addition to symptoms such as shortness of breath

What is special is that it often hurts the eyes. It is more common in some adults as well as children under 12. Eye pinkness is common in children and teenagers. In addition to pink eye, it is said that the eyes are sticky and cannot be opened without pus.

Arcturus has not been seen to be worse than Omicron, and most symptoms resolve in 3-4 days, but the degree of severity varies from person to person, and older people who are susceptible to the disease are more likely to be affected.

If the elderly get sick during the hot season, they can get heat stroke heat exhaustion, so you need to be careful not to spread the disease. Also, if children are sick and have eye pain, they should be careful of Arcturus and see professional doctors for proper treatment.

Experts recommend that they inject a booster dose of the covid vaccine
How to prevent covid
Wearing a mask
Hand washing
Staying apart
Living to strengthen the body's resistance
It is recommended that such methods should be followed again.




Credit to original uploader

May everyone be healthy and happy

Address

Yangon

Alerts

Be the first to know and let us send you an email when Zayar Phyo Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zayar Phyo Aung:

Share