Southern Eagle PDF

Southern Eagle PDF Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Southern Eagle PDF, Media/News Company, Yangon.
(1)

၂၀၂၅ခုနှစ် မေ လ (၈)ရက်နေ့တွင် မြင့်မြတ်စွာကျဆုံးခဲ့သည့် ဆေးတာဝန်ခံ ရဲဘော် Lightning ၏ (၁) လပြည့် ဆွမ်းကပ်တရားနာ ပြုလုပ်ခ...
08/06/2025

၂၀၂၅ခုနှစ် မေ လ (၈)ရက်နေ့တွင် မြင့်မြတ်စွာကျဆုံးခဲ့သည့် ဆေးတာဝန်ခံ ရဲဘော် Lightning ၏ (၁) လပြည့် ဆွမ်းကပ်တရားနာ ပြုလုပ်ခဲ့ပါသည်။

်ရင်း


#နွေဦးတော်လှန်ရေး

ရဲဘော်တွေ ဘားတိုက်အတွက် ‌ပါဝင်အားဖြည့်နိုင်ပါတယ်ခင်ဗျာ .... ်ရင်း
07/06/2025

ရဲဘော်တွေ ဘားတိုက်အတွက် ‌ပါဝင်အားဖြည့်နိုင်ပါတယ်ခင်ဗျာ ....
်ရင်း

မိုးတွင်းလဲရောက်ပြီ တဲတွေလဲ မဆောက်ရသေး ‌ရေသောက်ဖို့လဲ ရေတွင်းက ပြင်ရဦးမယ် အခက်အခဲတွေ ဖြတ်ကျော်ရဦးမယ်ဗျို့ တဲဆောက်ဖို့ ရေ...
03/06/2025

မိုးတွင်းလဲရောက်ပြီ တဲတွေလဲ မဆောက်ရသေး ‌ရေသောက်ဖို့လဲ ရေတွင်းက ပြင်ရဦးမယ် အခက်အခဲတွေ ဖြတ်ကျော်ရဦးမယ်ဗျို့
တဲဆောက်ဖို့
ရေတွင်းပြင်ဖို့လဲ
ပါဝင်အားဖြည့်လို့ရပြီနော် လိုအပ်နေပါပြီ ။

်ရင်း

#နွေဦးတော်လှန်ရေး

ကျွန်တော်တို့ P29909 Southern Eagle PDF တပ်ရင်းအတွက် လစဉ်ထောက်ပို့‌ပေးသော Revolution Ladies အား အထူးကျေးဇူးတင်ဂုဏ်ပြုအပ်...
01/06/2025

ကျွန်တော်တို့ P29909 Southern Eagle PDF တပ်ရင်းအတွက် လစဉ်ထောက်ပို့‌ပေးသော Revolution Ladies အား အထူးကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ။

်ရင်း


#နွေဦးတော်လှန်ရေး

28/05/2025

မြေပြင်မှာလိုအပ်ချက်လေးတွေ ရှိနေပါတယ် ပြည်သူများအနေဖြင့် ပါဝင်နိုင်ဖို့ လိုအပ်ချက်လေးတွေပြောပါမယ် ။

🚨တော်လှန်ပြည်သူများ အထူးသတိပြု🚨 မိဘပြည်သူများအား လိမ်လည်ရန်ကြိုးပမ်းနေသည့်  Southern Eagle PDF page 🚨(အတု)🚨 အား...
28/05/2025

🚨တော်လှန်ပြည်သူများ အထူးသတိပြု🚨

မိဘပြည်သူများအား
လိမ်လည်ရန်ကြိုးပမ်းနေသည့် Southern Eagle PDF page 🚨(အတု)🚨 အား ထုတ်ဖော်တင်ပြလိုက်ပါသည်။
https://www.facebook.com/share/1C2Z6dYhAp/

်ရင်း

ပြည်သူမှ ရှေ့တန်းရဲဘော်တွေသို့ တိုက်ရိုက်နွေးထွေးမှုပေးလို့ရပါပြီ ....အခုကာလဟာ မိုးရာသီဖြစ်သည်နှင့်အညီ မြေပြင်မှာလဲ တော်...
21/05/2025

ပြည်သူမှ ရှေ့တန်းရဲဘော်တွေသို့ တိုက်ရိုက်နွေးထွေးမှုပေးလို့ရပါပြီ ....
အခုကာလဟာ မိုးရာသီဖြစ်သည်နှင့်အညီ မြေပြင်မှာလဲ တော်လှန်ရေးအားကောင်းဖို့ နေ့ညမပျက် တိုက်ပွဲဝင်နေရတဲ့ ကာလဖြစ်ပါတယ် အဲ့ဒီအတွက်ကြောင့် ခန့်မှန်းဖို့ခက်တဲ့ရာသီဥတုဒဏ်ကိုခံနိုင်ဖို့ မိုးကာများ လိုအပ်လျှက်ရှိပါတယ် ပြည်သူများအနေဖြင့် မိုးကာ 1ထည် လျှင် ထိုင်းဘတ်ငွေ - 350
မြန်မာငွေ - 46,000 ဖြင့်ပါဝင်အားဖြည့်ပေးကြပါဦးခင်ဗျာ။

်ရင်း


#နွေဦးတော်လှန်ရေး

ညီလေးရေမင်းဟာနာမည်နဲ့လိုက်လဲလိုက်ပ။ရှင်ကျန်ရစ်ခဲ့သူတွေ လင်း ဖို့ကိုယ့်ကိုကိုယ် မီးရှို့လိုက်တာပေါ့။ဒါဟာပေးဆပ်တာလဲ မဟုတ်ဘ...
17/05/2025

ညီလေးရေ
မင်းဟာ
နာမည်နဲ့လိုက်လဲလိုက်ပ။
ရှင်ကျန်ရစ်ခဲ့သူတွေ လင်း ဖို့
ကိုယ့်ကိုကိုယ် မီးရှို့လိုက်တာပေါ့။

ဒါဟာ
ပေးဆပ်တာလဲ မဟုတ်ဘူး
စွန့်လွှတ်ခဲ့တာလဲ မဟုတ်ဘူး
တကယ်တော့
မင်းက မင်းအလုပ် မင်းလုပ်သွားခဲ့တာ။

ရင်းရင်းနှီးနှီး
ငါတို့မှာသာ
ရူးမတတ်ကျန်ခဲ့တာ ။ ။

(၈၊မေ၊၂၀၂၅ တွင် လုပ်စရာရှိတာတွေလုပ်ပေးခဲ့ပြီး
ကိုယ်ပိုင်ခရီးကို ထွက်ခွာသွားသည့် ညီလေး Light အတွက်
ရင်နဲ့ ရေး၍ ဤ ကဗျာဖြင့် လေးစားဂုဏ်ပြုသည်။)

အရမ်းချစ်တယ်ညီလေးရာ

#လူမာန်သာ

်ရင်း


#နွေဦးတော်လှန်ရေး

12/05/2025

တိုက်ပွဲသတင်း ထုတ်ပြန်ချက်

၂၀၂၅ ခုနှစ် ၊ ‌မေ လ ၊ ၁၂ ရက်

ပဲခူးတိုင်း‌ ၊ရွှေကျင်မြို့နယ် ၊ ညောင်ခြေထောက်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခမရ ၅၉၈အား မေ လ ၊ ၈ ရက် မနက်ပိုင်းတွင် ထိုးစစ်ဆင်ကာ တိုက်ပွဲများပြင်းထန်ခဲ့ပြီး ညနေပိုင်းအချိန်တွင် ခမရ ၅၉၈ တပ်ရင်းဌာနချုပ် တစ်ခုလုံးအား အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပါသည်။
ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား (၃၀)ခန့် မျက်မြင်သေဆုံးကြောင်း အတည်ပြုတွေ့ရှိခဲ့ပြီး မိသားစုဝင် (၇)ဦးနှင့် စစ်သုံ့ပန်း (၆)ဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါသည်။
ကျွန်တော်တို့ P29909 Southern Eagle PDF တပ်ရင်းမှ ဆေးတာဝန်ခံ ရဲဘော် လိုက်တနင်း(Lightning) မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး (၂ )ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါတိုက်တွင် ပွိုင့်၅ စက်သေနတ် ၊ ၇၅ နောက်ပွင့် ၊ ၈၁ မမ ၊ ၆၀ မမ လက်နက်ကြီးများအပါအဝင်
လက်နက်ငယ်မျိုးစုံ ၈၃ လက် ၊ ဂျန်မာစက် (၃) လုံးနှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့ပါသည်။
အဆိုပါ စစ်ဆင်‌ရေးတွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၊ P29909 Southern Eagle PDF တပ်ရင်း ၊ တောင်ပိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ( အထူးလှုပ်ရှားဗျူဟာ) ၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ ၊ ဗျူဟာ (၂၇)မှ နဂါးဖြူတပ်ရင်း ၊ တောင်ညိုတပ်ရင်း ၊ ၇၈၀၅ တပ်ရင်း ၊ ၇၈၀၁ တပ်ရင်း ၊ ဒေါနတပ်ရင်း ၊ SOG တပ်ရင်း ၊ ရန်ကုန်တိုင်း အထူးချေမှုန်းရေး တပ်ဖွဲ့ ၊ ရောင်နီ ဒရုန်းအထူးတပ်ဖွဲ့ ၊ Cloudwings ဒရုန်းအထူးတပ်ဖွဲ့ ၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးအဖွဲ့များ ၊ မွန် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့များ ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဗျူဟာ (၂၀) မှ ၃၇၀၄ တပ်ရင်း ၊ ၅၁၀၁ တပ်ရင်း ၊ ရန်ကုန်ဗျူဟာစစ်ကြောင်း ၊ ပဲခူးတိုင်း ပကဖ တိုက်ခိုက်ရေးအဖွဲ့များ ၊ LDF တပ်ဖွဲ့များဖြစ်သော KRF ၊ UDF ရော့ကက်နှင့် ဒရုန်းတပ်ဖွဲ့များ လက်တွဲညီကာတိုက်ခိုက်ခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များနဲ့အတူ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၃)မှ တပ်ရင်း(၇)နှင့် ဒရုန်းအဖွဲ့များလဲ ပူးပေါင်းပါဝင်တိုက်ခိုက်ပြီး အောင်မြင်မှုရရှိခဲ့ပါသည်။

ယခုစစ်ကောင်စီဟာ ကျွန်တော်တို့တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ခမရ ၅၉၈အား ပြန်လည်ရယူနိုင်သည်ဟု ပုံအဟောင်းများဖြင့် ဝါဒဖြန့်ထားသည်ကိုလဲ တွေ့ရှိပါသည်။

မှတ်ချက်။ တိုက်ပွဲများပြင်းထန်ဆဲ။

်ရင်း


#ပြန်ကြားရေး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Southern Eagle PDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share