Burmese Echo Media

Burmese Echo Media Your Gateway to Wonders

TikTok က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မျိုးဆက်သစ်များကို ခွန်အားဖြစ်စေမည့် လုပ်ဆောင်ချက်များနှင့်...
13/08/2025

TikTok က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မျိုးဆက်သစ်များကို ခွန်အားဖြစ်စေမည့် လုပ်ဆောင်ချက်များနှင့် အရင်းအမြစ်များကို သိရှိစေရန် မျှ‌ဝေ

၁၂၊ ဩဂုတ်၊ ၂၀၂၅၊ ရန်ကုန် ။ ။
TikTok က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် တီထွင်ဖန်တီးနိုင်မှုရှိကာ လူတိုင်းပါဝင်ပြီး ဘေးကင်းလုံခြုံသော ဒစ်ဂျစ်တယ်နေရာတစ်ခုကို ပံ့ပိုးပေးခြင်းဖြင့် လူငယ်များကို စွမ်းဆောင်ရည်မြှင့်တင်ရန်ဟူသည့် မယိမ်းယိုင်သော ကတိကဝတ်ကို ထပ်မံအတည်ပြုလိုက်ပါသည်။ သန်းပေါင်းများစွာသော လူငယ်များသည် ၎င်းတို့၏ Story များကို မျှဝေရန်၊ ကျွမ်းကျင်မှုအသစ်များ လေ့လာရန်နှင့် အသိုင်းအဝိုင်းများတည်ဆောက်ရန်အတွက် TikTok ကို အသုံးပြုလျက်ရှိကြပြီး နောက်မျိုးဆက်ခေါင်းဆောင်များ၊ Creator များနှင့် Changemaker များကို ပုံဖော်ရာတွင် TikTok သည် အရေးကြီးသောအခန်းကဏ္ဍအဖြစ် ပါ၀င်နေကြောင်းကိုလည်း အသိအမှတ်ပြုပါသည်။
သင်ယူမှု၊ တီထွင်ဖန်တီးမှုနှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှု Hashtag များ
ထို့ကြောင့် TikTok သည် သင်ယူမှု၊ တီထွင်ဖန်တီးမှုနှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို လှုံ့ဆော်ပေးသည့် လုပ်ဆောင်ချက်များနှင့် ကမ်ပိန်းများကို မိတ်ဆက်ပေးလျက်ရှိပါသည်။ ကဲ့သို့သော ကမ်ပိန်းများမှ ပညာရေးဆိုင်ရာ အကြောင်းအရာများသည် သိပ္ပံနှင့် အနုပညာက စကာ လူမှုရေးဆိုင်ရာ ကိစ္စရပ်များအထိ ကွဲပြားသောဘာသာရပ်များကို စူးစမ်းရှာဖွေရန် တွန်းအားပေးဖန်တီးလျက်ရှိပါသည်။ ကဲ့သို့သော Hashtag များသည် ရာသီဥတုဆိုင်ရာလုပ်ဆောင်ချက်၊ စွန့်ဦးတီထွင်မှုနှင့် စိတ်ကျန်းမာရေးအပါအဝင် ကမ္ဘာလုံးဆိုင်ရာ စကားဝိုင်းများတွင် TikTok မှ တစ်ဆင့် လူငယ်များ မည်သို့ပါ၀င်ကြပုံကို တွေ့ရှိနိုင်မည်ဖြစ်ပါသည်။
Teen Safety Center
ကျန်းမာရေးနှင့် ညီညွတ်သော ဒစ်ဂျစ်တယ်အလေ့အထများအကြောင်း
ဆယ်ကျော်သက်အသုံးပြုသူများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို ကာကွယ်ပေးခြင်းသည် TikTok ၏ အဓိကရည်မှန်းချက်တစ်ခုဖြစ်ပါသည်။ Family Pairing နှင့် Screen Time Management ကဲ့သို့သော လုပ်ဆောင်ချက်များမှ တစ်ဆင့် ကျန်းမာရေးနှင့် ညီညွတ်သော ဒစ်ဂျစ်တယ်အလေ့အထများအကြောင်း ဆယ်ကျော်သက်များနှင့် ပွင့်လင်းမြင်သာစွာပြောဆိုနိုင်ရန် အုပ်ထိန်းသူများကို အားဖြည့်ပံ့ပိုးပေးထားသည်။ လူငယ်ကောင်စီသည် ဆယ်ကျော်သက်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန် ကမ္ဘာလုံးဆိုင်ရာ အစပျိုးလုပ်ဆောင်မှုတစ်ခုဖြစ်ပြီး ၎င်းတို့၏ စကားသံများက ပလက်ဖောင်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ပုံဖော်ရန်နှင့် အမှန်တကယ် စိုးရိမ်မှုများကို ထင်ဟပ်စေရန် ခွင့်ပြုပေးထားပါသည်။ ပလက်ဖောင်းသည် တင်းကျပ်သော အသက်အရွယ် လိုအပ်ချက်များ၊ ခိုင်မာသော အကြောင်းအရာ စိစစ်ရေးမူဝါဒများကို ပံ့ပိုးပေးထားသကဲ့သို့ လူငယ်များနှင့် ၎င်းတို့၏ မိသားစုများကြားတွင် ဒစ်ဂျစ်တယ်တတ်မြောက်မှုနှင့် တာဝန်ယူတတ်မှုကို မြှင့်တင်ပေးနိုင်ရန် Guardian’s Guide၊ Teen Safety Center နှင့် Community Guidelines ကဲ့သို့သော ယုံကြည်စိတ်ချရသော အရင်းအမြစ်များကိုလည်း ပံ့ပိုးပေးထားပါသည်။
Guardian's Guide
မြန်မာနိုင်ငံအပါအ၀င် တစ်ကမ္ဘာလုံးတွင် TikTok သည် ရည်မှန်းချက်အတိုင်း လူငယ်များအတွက် လုံခြုံကြွယ်ဝသော နေရာတစ်ခု ဖန်တီးရန် ခိုင်မြဲစွာ ရပ်တည်လျက်ရှိနေပါသည်။ TikTok က ဘေးကင်းရေးဆိုင်ရာ အသိပညာပေးရာများတွင် မိဘများ၊ ပညာရှင်များနှင့် အသိုင်းအဝိုင်းများကို တက်ကြွစွာ ချိတ်ဆက်ခြင်းဖြင့် ဒစ်ဂျစ်တယ်ကျန်းမာရေးသည် အားလုံးခွဲဝေတာဝန်ယူရမည့် အရာတစ်ခုဖြစ်ကြောင်း သိရှိနားလည်စေရန် ဆောင်ရွက်လျက်ရှိပါသည်။ မိတ်ဖက်များ၊ ဒေသန္တရအရင်းအမြစ်များနှင့် ဘေးကင်းလုံခြုံသော ချဉ်းကပ်မှုမှ တစ်ဆင့် ပြည့်စုံသော လုပ်ဆောင်ချက် အစုံအလင်ကို ရှာဖွေလေ့လာရန်နှင့် ကမ္ဘာတစ်ဝန်းရှိ လူငယ်များအတွက် ပိုမိုကောင်းမွန်လုံခြုံသော ဒစ်ဂျစ်တယ်ခေတ်ကို တည်ဆောက်ရာတွင် ပါဝင်ရန် မိသားစုအားလုံးကို TikTok က ဖိတ်ခေါ်လိုက်ပါသည်။ လူငယ်များ၏ အသံများကို ဆက်လက်ချဲ့ထွင်နိုင်စေရန်အတွက် တာဝန်ယူမှ တာ၀န်ခံမှုရှိသည့် ဒစ်ဂျစ်တယ်အသုံးပြုမှုကို အားပေးကာ မျိုးဆက်သစ်များ အွန်လိုင်းတွင် ဘေးကင်းစွာ ရှင်သန်နိုင်သည့် အနာဂတ်ကို တည်ဆောက်ရာတွင် အတူတကွ ကူညီပေးကြဖို့ TikTok က တိုက်တွန်းလိုက်ရပါသည်။

MPT ၏ ဝန်ဆောင်မှုများအားလုံးကို MPT4U အက်ပလီကေးရှင်းဖြင့် တစ်နေရာတည်းတွင် လွယ်ကူစွာ ရရှိ အသုံးပြုနိုင်ပြီMPT4U အက်ပလီကေး...
12/08/2025

MPT ၏ ဝန်ဆောင်မှုများအားလုံးကို MPT4U အက်ပလီကေးရှင်းဖြင့် တစ်နေရာတည်းတွင် လွယ်ကူစွာ ရရှိ အသုံးပြုနိုင်ပြီ
MPT4U အက်ပလီကေးရှင်းသည် သုံးစွဲသူများအား MPT ၏ စုံလင်သည့် ဝန်ဆောင်မှုများကို အချိန်မရွေး၊ နေရာမရွေး လွယ်ကူလျင်မြန်စွာ အသုံးပြုနိုင်ရန်ဆောင်ရွက်ထားသည့် တရားဝင် မိုဘိုင်းအက်ပလီကေးရှင်း တစ်ခု ဖြစ်ပါသည်။
MPT က ၎င်း၏ သုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှုများကို အဆင်ပြေပြေနှင့် ထိရောက်စွာ ပေးစွမ်းနိုင်ရေးဟူသည့် ကတိကဝတ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် MPT ၏ ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် စုံလင်စွာရရှိနိုင်စေရန် ဆောင်ရွက်ထားသည့် MPT4U အက်ပလီကေးရှင်းကို အသုံးပြုနိုင်ကြရန်အတွက် တိုက်တွန်းလိုက်ရပါသည်။
သုံးစွဲသူများသည် MPT4U အက်ပလီကေးရှင်းကိုအသုံးပြုပြီး အချိန်မရွေး၊ နေရာမရွေး ၎င်းတို့၏ မိုဘိုင်းအကောင့်များကို စီမံခန့်ခွဲခြင်း၊ လက်ကျန်ငွေ စစ်ဆေးခြင်း၊ ငွေဖြည့်ခြင်း၊ ပက်ကေ့ချ်များဝယ်ယူခြင်းနှင့် အထူးသီးသန့်ပရိုမိုးရှင်းအစီအစဉ်များကို ရယူခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။
MPT4U အက်ပလီကေးရှင်းမှ ထွက်ရှိလာသည့် အသွင်သစ်ဒီဇိုင်းဖြင့် သုံးစွဲသူများသည်
• ပိုမိုကောင်းမွန်သော သုံးစွဲသူအတွေ့အကြုံကို ခံစားနိုင်ရန်အတွက် ခေတ်မီဆန်းသစ်သည့် အသွင်အပြင်
• သုံးစွဲသူအတွက်ပိုမို လွယ်ကူအဆင်ပြေစွာအသုံးပြုနိုင်မှု
• ပိုမိုမြန်ဆန် ပြေပြစ်သော လုပ်ဆောင်ချက်
• အက်ပလီကေးရှင်း၏ ပင်မစာမျက်နှာမှတစ်ဆင့် မိမိကြိုက်နှစ်သက်သော ပက်ကေ့ချ်များကို တိုက်ရိုက် ဝယ်ယူနိုင်ခြင်း
• MPT Club မှ ရရှိသော ဆုလက်ဆောင်များကို ရယူနိုင်မည့် အခွင့်အရေး
• အိုင်ကွန်များနှင့် ကြော်ငြာများကို နှိပ်၍ ဂိမ်းပက်ကေ့ချ်များကို တိုက်ရိုက်ဝယ်ယူခြင်း
• အသစ်အသစ်သော သတင်းများကို ဖော်ပြထားခြင်း အစရှိသည်တို့ကို ဆောင်ရွက်နိုင်ပါသည်။
အဆိုပါ ဆောင်ရွက်ချက်များကို ရယူနိုင်ရန်အတွက် သုံးစွဲသူများအနေဖြင့် အန်းဒရွိုက်အတွက် ဗားရှင်း 4.5.7နှင့် iOS အတွက် ဗားရှင်း 1.4.20 ကို ဒေါင်းလုတ်ပြုလုပ်ရန် လိုအပ်ပါသည်။
ထို့အပြင် သုံးစွဲသူများသည် MPT4U အက်ပလီကေးရှင်းတွင် အောက်ပါဖော်ပြထားသည့် အခြားသော လုပ်ဆောင်ချက်များကိုလည်း ဆောင်ရွက်နိုင်ပါသည်။
• လက်ကျန်ငွေ စစ်ဆေးခြင်း-လက်ကျန်ငွေနှင့်အသုံးပြုမှုမှတ်တမ်းများကို စစ်ဆေးခြင်း။
• ငွေဖြည့်သွင်းခြင်းနှင့် ဘေလ်ပေးဆောင်ခြင်း- လျင်မြန်စိတ်ချစွာဖြင့် ငွေဖြည့်သွင်းခြင်းနှင့် ဘေလ်ပေး ဆောင်ခြင်း။
• ထပ်ဆောင်းဝန်ဆောင်မှုများ၊ ဒေတာနှင့် အသံ ပက်ကေ့ချ်များ ဝယ်ယူခြင်း
• ပရိုမိုးရှင်းနှင့် ဆုလက်ဆောင်များ- နောက်ဆုံးပေးအပ်နေသော အထူးအစီအစဉ်နှင့် ပရိုမိုးရှင်းအသစ်များ ရယူခြင်း။
• ဝန်ဆောင်မှု စီမံခန့်ခွဲခြင်း- ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း စီမံခန့်ခွဲခြင်း၊ လက်ကျန်ငွေလွှဲပေးခြင်း နှင့် အခြားသော ဆောင်ရွက်ချက်များ ။
• ဘာသာစကားနှစ်မျိုးဖြင့်အသုံးပြုနိုင်ခြင်း-မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးလုံးဖြင့် အသုံးပြုနိုင်ခြင်း။
• MPT4U ထိပေါက်ဂိမ်းကစားခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။
MPT4U အက်ပလီကေးရှင်းကို ဒေါင်းလုပ်ရယူရန်အတွက်
• အန်းဒရွိုက်အသုံးပြုသူများ >> bit.ly/DataFree_App
• iOS အသုံးပြုသူများ>> https://apps.apple.com/mm/app/mpt-4-u/id1117941776
• လိုတရပေါ်တယ်>>> lotayamm.com/mpt4u
• USSD>> *4040 # သို့ခေါ်ဆိုခြင်း
MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့် လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။

PMWC 2025 ချန်ပီယံဆုကြီးကို “Yangon Galacticos” PUBG Mobile eSports အသင်းက ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပြီး မြန်မာ့ eSport...
08/08/2025

PMWC 2025 ချန်ပီယံဆုကြီးကို “Yangon Galacticos” PUBG Mobile eSports အသင်းက ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပြီး မြန်မာ့ eSports ၏ သမိုင်းဝင်အောင်မြင်မှုတစ်ခုအဖြစ် မှတ်တိုင်ထူခဲ့



ယခုနှစ် PUBG Mobile World Cup (PMWC) တွင် ထူးခြားပြောင်မြောက်သော ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်နှင့် စိတ်အားထက်သန်မှုများကို မြင်တွေ့ခဲ့ရပြီး မြန်မာအသင်းသည် PUBG Mobile ၏ ကမ္ဘာလုံးဆိုင်ရာ စင်မြင့်ထက်တွင် သမိုင်းဝင် အောင်မြင်မှုကြီးကို ရယူဆွတ်ခူးခဲ့သည်။

သြဂုတ် ၈၊ ၂၀၂၅၊ ရန်ကုန်၊ မြန်မာ — မြန်မာနိုင်ငံ၏ ထိပ်တန်း eSports အသင်းဖြစ်သည့် Yangon Galacticos (YG) သည် PUBG MOBILE World Cup (PMWC) 2025 တွင် ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပြီး တစ်ကမ္ဘာလုံးမှ ထိပ်တန်း ပြိုင်ဘက်အသင်းများကို အနိုင်ရယူကာ မြန်မာ့ eSports ၏ သမိုင်းဝင်အောင်မြင်မှု တစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့သည်။

PUBG MOBILE World Cup (PMWC) ပြိုင်ပွဲကို eSports World Cup (EWC) 2025 ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆော်ဒီအာရေဗျနိုင်ငံ ရီယက်ဒ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာအနှံ့မှ ထိပ်တန်း PUBG MOBILE အသင်းများကို စုစည်းစေခဲ့သည်။ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် Yangon Galacticos သည် ဒေသတွင်းပြိုင်ပွဲနှင့် SEA Challengers League တို့ကို အောင်မြင်ခဲ့ပြီး Underdog အသင်းအဖြစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ Grand Finals ပွဲစဉ်သို့ တက်ရောက်လာသည့် အသင်းအနေဖြင့် Yangon Galacticos သည် စုစုပေါင်းအမှတ် ၁၅၇ မှတ်ဖြင့် Weibo Gaming ကဲ့သို့ နာမည်ကြီးအသင်းများကို အံ့အားသင့်ဖွယ် ဖြတ်ကျော်အနိုင်ရယူကာ ပထမနေရာတွင် ရပ်တည်ခဲ့သည်။


“မြန်မာနိုင်ငံကနေ မိုင်ပေါင်း ၄၀၀၀ ကျော်ဝေးတဲ့ PMWC စင်မြင့်ပေါ်မှာ ရပ်ပြီးတော့ ချန်ပီယံဆုကြီးကို အိမ်ကို ပြန်ယူလာမယ်ဆိုတဲ့ အိပ်မက်ကို တကယ်အကောင်အထည်‌ဖော်လိုက်နိုင်ပါပြီ” ဟု YG အသင်းခေါင်းဆောင် Master Smile က ပြောကြားခဲ့သည်။ ဒီအောင်ပွဲက ကျွန်တော်တို့အတွက် အရာအားလုံးပါပဲ။ ဒီအခိုက်အတန့်က ကျွန်တော်တို့အတွက်တင် မဟုတ်ဘဲနဲ့ ကျွန်တော်တို့ကို ယုံကြည်အားပေးနေတဲ့ ပရိသတ်တိုင်းအတွက်ပါ မဆုတ်မနစ် ကြိုးစားခဲ့ပါတယ်။ မြန်မာနိုင်ငံကို ချန်ပီယံဆုကြီး ယူလာနိုင်ခဲ့လို့ အရမ်းဂုဏ်ယူမိပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။


ချန်ပီယံဆုသည် Yangon Galacticos အသင်းအတွက် သာမက ကျွမ်းကျင်မှု၊ စိတ်အားထက်သန်မှုနှင့် အရှိန်အဟုန် အပြည့်ရှိသော မြန်မာ့ eSports အသိုင်းအဝိုင်းအတွက် ကြီးမားသော အောင်မြင်မှုတစ်ခုပင်ဖြစ်သည်။ YG ၏ ဒေသတွင်း ပြိုင်ပွဲများမှ ကမ္ဘာလုံးဆိုင်ရာ စင်မြင့်ထက်သို့ တက်လှမ်းနိုင်ခဲ့သည့် ခရီးစဉ်သည် ကျွမ်းကျင်မှု၊ စည်းကမ်းနှင့် မဆုတ်မနစ်သော ဇွဲလုံ့လတို့ကို ထင်ဟပ်စေသည်။

YG အသင်းနည်းပြ MaKo က "ကျွန်တော်တို့ Yangon Galacticos ရဲ့ အနိုင်ရမှုက ကမ္ဘာ့ eSports အခင်းအကျင်းမှာ အရှေ့တောင်အာရှအသင်းတွေရဲ့ တိုးတက်လာမှုကိုလဲ ပေါ်လွင်စေပါတယ်။ ဒါက အခုမှ အစပဲရှိပါသေးတယ်။ ဒီအခိုက်အတန့်က မြန်မာနိုင်ငံက Gamer မျိုးဆက်သစ်တွေအတွက် ခွန်အားတစ်ခုဖြစ်လိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။



PMWC 2025 သည် ကြည့်ရှုသူဦးရေ ၁.၃၈ သန်းအထိ စံချိန်တင်ရရှိခဲ့ပြီး ပရိသတ်များ၊ Content Creator များနှင့် ကမ္ဘာလုံးဆိုင်ရာ ဂိမ်းအသိုင်းအဝန်းအကြား အားပေးမှုများစွာ ရရှိခဲ့သည်။ ယခုနှစ် PUBG MOBILE World Cup Grand Finals တွင် ထူးခြားသော "Smash Rule" စည်းမျဉ်းတစ်ခုကို အသုံးပြုခဲ့ခြင်းကြောင့် ရလဒ်များကို မခန့်မှန်းနိုင်အောင်ဖြစ်ရပြီး နောက်ဆုံးပွဲစဉ်အထိ ပရိသတ်အားပေးမှုများစွာ ရရှိခဲ့သည်။


ယခုပြိုင်ပွဲအပြင် PUBG MOBILE သည် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှတစ်ဝန်းရှိ eSports ကဏ္ဍများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်လျက်ရှိပါသည်။ PUBG MOBILE ၏ ကောင်းမွန်ပြီး အရည်အချင်းပြည့်မီသော ဖွဲ့စည်းမှုပုံစံသည် ရည်မှန်းချက်ကြီးမားသော အသင်းများကို ကမ္ဘာလုံးဆိုင်ရာ ပြိုင်ပွဲများနှင့် ထိတွေ့မှု ရရှိစေပြီး ကမ္ဘာ့အမြင့်ဆုံးအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် အခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိသည်။

PUBG MOBILE Myanmar ၏ Country Manager ဖြစ်သူ Aman Kumar က “PUBG MOBILE အနေနဲ့ မတူညီတဲ့ Background မျိုးစုံက အရည်အချင်းရှိတဲ့ ကစားသမားတွေအတွက် ‌အောင်မြင်တောက်ပလာနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ စင်မြင့်ကို ပံ့ပိုးပေးခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်” ဟု ပြောကြားခဲ့သည်။ “Yangon Galacticos ရဲ့ PMWC 2025 မှာ သမိုင်းဝင် အနိုင်ရမှုက ပွင့်လင်းတဲ့ ယှဉ်ပြိုင်မှုတွေဟာ အခွင့်အလမ်းတွေ တိုးပွားလာစေကြောင်းနဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဂိမ်းအသိုင်းအဝိုင်းတွေကို မျှော်လင့်ချက် ခွန်အားပေးနိုင်ကြောင်း ပေါ်လွင်စေပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

Yangon Galacticos ၏ အောင်မြင်မှုသည် မြန်မာနိုင်ငံ၏ eSports အသိုင်းအဝန်းများတွင် ထင်ဟပ်နေပြီး ပရိသတ်များ၊ ဖန်တီးသူများနှင့် ပံ့ပိုးသူများထံမှ အားပေးထောက်ခံမှုများ ရရှိခဲ့သည်။ ၎င်းတို့၏ အောင်မြင်မှုခရီးစဉ်သည် eSports အသိုက်အဝန်းများအတွက် ပိုမိုကြီးထွားလာသော စိတ်အားထက်သန်မှုနှင့် မတူညီသော နေရာများမှ ကစားသမားများကို တစ်စုတစ်စည်းတည်းဖြစ်စေသည့် Mobile eSports ၏ ထူးခြားသော စွမ်းအားကို ထင်ဟပ်ပေါ်လွင်စေခဲ့သည်။


PMWC 2025 မှ ကြည့်ရှုသူအရေအတွက်နှင့် အသင်းအဆင့်များ အပါအဝင် ပြိုင်ပွဲအချက်အလက် အပြည့်အစုံကို Esports Charts တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး PUBG MOBILE eSports သတင်းများအတွက် Facebook, Instagram, X နှင့် YouTube တို့တွင် ဆက်လက်ကြည့်ရှု နိုင်သည်။

TikTok က အကြောင်းအရာဖန်တီးသူများ၊ မိသားစုများနှင့် အသုံးပြုသူများအတွက် ယုံကြည်မှုနှင့် လုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်အသ...
02/08/2025

TikTok က အကြောင်းအရာဖန်တီးသူများ၊ မိသားစုများနှင့် အသုံးပြုသူများအတွက် ယုံကြည်မှုနှင့် လုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်အသစ်များ မိတ်ဆက်

၃၁၊ဇူလိုင်၊ ၂၀၂၅၊ ရန်ကုန် ။ ။
TikTok သည် တီထွင်ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ပေးပြီး ကမ္ဘာတစ်ဝန်းရှိ အသုံးပြုများကို ပျော်ရွှင်စေမည့် လုပ်ဆောင်ချက် (Feature) အသစ်များကို ကြေညာလိုက်ပါသည်။ ဤလုပ်ဆောင်ချက်များသည် TikTok တွင် ရှာဖွေလေ့လာသင်ယူကြသည့် ဆယ်ကျော်သက်များနှင့် မိသားစုများ၊ အကြောင်းအရာဖန်တီးသူများ၊ ချိတ်ဆက်အသုံးပြုသူများအတွက် အသုံးပြုမှုအတွေ့အကြုံကို မြှင့်တင်ပေးမှာဖြစ်ပါသည်။ ၎င်းတို့သည် TikTok ၏ လုံခြုံမှု၊ ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးတို့တွင် ဆက်လက်ရင်းနှီးမြုပ်နှံမှုများကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။

မိသားစုများအတွက် လုပ်ဆောင်ချက်များ
ဆယ်ကျော်သက်အကောင့်များတွင် ၎င်းတို့ အသုံးပြုဖို့အတွက်သာ ဒီဇိုင်းထုတ်ထားသည့် မတူညီသော လုပ်ဆောင်ချက်ပေါင်း (၅၀) နှင့် ဆက်တင်များ ပါရှိသောကြောင့် ၎င်းတို့၏ ဖန်တီးနိုင်စွမ်းကို ဘေးကင်းစွာ ဖော်ပြနိုင်ခြင်း၊ သူငယ်ချင်းများနှင့် ချိတ်ဆက်ခြင်း၊ TikTok တွင် လေ့လာသင်ယူနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။ အဆိုပါ Built-in အကာအကွယ်များအပြင် TikTok သည် မိဘများနှင့် အုပ်ထိန်းသူများကို မိမိတို့ ဆယ်ကျော်သက်လူငယ်များ၏ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်စေအောင် လုပ်ဆောင်နိုင်သည့် မိသားစုချိတ်ဆက်ခြင်း (Family Pairing) ဝန်ဆောင်မှုကိုလည်း ပေးထားပါသည်။ TikTok ၏ ဒစ်ဂျစ်တယ်ဘေးကင်းလုံခြုံရေးပူးပေါင်းဆောင်ရွက်မှု (Digital Safety Partnership for Families) ဖြင့် ပေါင်းစပ်ပြီး ဆယ်ကျော်သက်လူငယ်များ၏ အွန်လိုင်းအတွေ့အကြုံများကို ပွင့်လင်းစွာ ပြောဆိုမှုများပြုလုပ်နိုင်ရန် မိသားစုဝင်များကို လုပ်ဆောင်ချက်များ ပံ့ပိုးပေးထားပါသည်။

TikTok က မိဘများအတွက် ၎င်းတို့၏ ဆယ်ကျော်သက်ရွယ်လူငယ်များအကောင့်နှင့် ပတ်သက်ပြီး ပိုမိုသိရှိမြင်သာနိုင်ရန် မိသားစုချိတ်ဆက်ခြင်း (Family Pairing) ဝန်ဆောင်မှုအသစ်များကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး အောက်ပါလုပ်ဆောင်ချက်များ ပါဝင်လာမည်ဖြစ်ပါသည်။
TikTok တွင် ဆယ်ကျော်သက်ရွယ်လူငယ်များသည် အခြားသူများမြင်နိုင်သည့် ဗီဒီယို၊ Story သို့မဟုတ် ဓာတ်ပုံကို တင်သည့်အခါ TikTok က Family Pairing ချိတ်ဆက်ထားသည့် မိဘတစ်ဦးဦးကို အလိုအလျောက်အကြောင်းကြားပေးမည်ဖြစ်ပါသည်။ ၎င်းသည် ဆယ်ကျော်သက်ရွယ်လူငယ်များ၏ တီထွင်ဖန်တီးနိုင်မှု သို့မဟုတ် လွတ်လပ်မှုကို မထိခိုက်စေဘဲ မိဘများအနေဖြင့် မိမိတို့၏ ဆယ်ကျော်သက်ရွယ်များ တင်သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ပွင့်လင်းစွာ ပြောဆိုမှုများကို စတင်နိုင်ရန် ကူညီပေးပါသည်။
ဆယ်ကျော်သက်ရွယ်လူငယ်များ ရွေးချယ်ထားသော ကိုယ်ရေးကိုယ်တာဆက်တင်များအကြောင်း ပိုမိုသိရှိနိုင်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် ဆယ်ကျော်သက်ရွယ်လူငယ်များ (အသက် ၁၆-၁၇ နှစ်) သည် ၎င်းတို့တင်သည့် အကြောင်းအရာများကို အခြားသူများ ဒေါင်းလုတ်လုပ်နိုင်ရန် ဖွင့်ထားခြင်း ရှိ၊ မရှိ သို့မဟုတ် ၎င်းတို့ follow လုပ်ထားသူစာရင်းကို အခြားသူများ မြင်နိုင်ရန် ဖွင့်ထားခြင်း ရှိ၊ မရှိ မိဘများအနေဖြင့် ကြည့်နိုင်မည်ဖြစ်ပါသည်။ TikTok ၏ Manage Topics လုပ်ဆောင်ချက်မှ တစ်ဆင့် ဆယ်ကျော်သက်ရွယ်လူငယ်များသည် ၎င်းတို့၏ feed ကို ပုံသွင်းရန် ရွေးချယ်ထားသည့် အကြောင်းအရာများကိုလည်း မိဘများ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
ယနေ့ကြေညာထားသော မိသားစုများအတွက် လုပ်ဆောင်ချက်အသစ်များအကြောင်းကို ဒီနေရာတွင် https://newsroom.tiktok.com/en-us/supporting-families-with-new-family-pairing-features ပိုမိုလေ့လာနိုင်ပါသည်။

အသိုင်းအ၀ိုင်း၏ ကောင်းကျိုးအတွက် ပံ့ပိုးပေးခြင်း
TikTok ၏ Screen Time Management နှင့် Sleep Hours ကဲ့သို့သော လုပ်ဆောင်ချက်များသည် အသုံးပြုများအတွက် အဆင်ပြေစေမည့် Digital Routine များကို ဖန်တီးရန် ပိုမိုလွယ်ကူစေခဲ့ပါသည်။ ထို့ပြင် TikTok က အသုံးပြုသူတွေအတွက် ပိုမိုအဆင်ပြေစေမည့် ဒစ်ဂျစ်တယ်အတွေ့အကြုံများကို ယူဆောင်ပေးနိုင်ရန်အတွက် ရှိပြီးသား သုတေသနများ၊ TikTok ၏ ကမ္ဘာလုံးဆိုင်ရာ လူငယ်ကောင်စီမှ လမ်းညွှန်ချက်များနှင့် ဘော့စတွန် ကလေးဆေးရုံရှိ Digital Wellness Lab မှ ကျွမ်းကျင်သူများနှင့် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။
ထို့ကြောင့် ယနေ့တွင် Well-being Missions ဟုခေါ်သော လုပ်ဆောင်ချက်အသစ်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါသည်။ ၎င်းတို့သည် လူများကို ရေရှည်ဟန်ချက်ညီသော ဒစ်ဂျစ်တယ်အလေ့အထများ ဖွံ့ဖြိုးလာစေရန်အတွက် ဒီဇိုင်းထုတ်ထားသော တိုတောင်းပြီး ဆွဲဆောင်မှုရှိသည့် မစ်ရှင်လုပ်ဆောင်ချက်များဖြစ်သည်။ မစ်ရှင်တစ်ခုပြီးသည့်အခါတိုင်း တတ်ကြွသည့် လုပ်ဆောင်မှုများကို အားပေးပြီး သတိပြုသုံးစွဲနိုင်စွမ်းကို ခိုင်မာစေမည့် ဆုတံဆိပ်များရရှိမည်ဖြစ်သည်။
ယနေ့ကြေညာထားသော ဒီဂျစ်တယ်ကောင်းကျိုးဆိုင်ရာ လုပ်ဆောင်ချက်အသစ်များအကြောင်း ဒီနေရာတွင် https://newsroom.tiktok.com/en-us/new-ways-to-help-our-community-build-balanced-digital-habits ပိုမိုလေ့လာနိုင်ပါသည်။

Tool အသစ်များဖြင့် အကြောင်းအရာဖန်တီးသူများကို ခွန်အားဖြစ်စေခြင်း
TikTok သည် ဖန်တီးသူများကို ကာကွယ်ရန်နှင့် အောင်မြင်မှုရရှိပြီး လူအများနှစ်သက်သော အကြောင်းအရာများကို ဆက်လက်ဖန်တီးနိုင်စေမည့် လုပ်ဆောင်ချက်အသစ်များကို ယနေ့တွင် ကြေညာလိုက်ပြီဖြစ်ပါသည်။ အဆိုပါ အဆင့်မြှင့်တင်မှုများတွင် အောက်ပါလုပ်ဆောင်ချက်များ ပါဝင်လာမည်ဖြစ်ပါသည်။

Creator Care Mode သည် ဖန်တီးသူများအတွက် မလိုလားအပ်သော မှတ်ချက်များနှင့် မသင့်လျော်သော မှတ်ချက်များကို ပိုမိုကောင်းမွန်စွာ စစ်ထုတ်နိုင်ရန် ကူညီပေးပါသည်။
TikTok LIVE အတွက် Mute လုပ်ဆောင်ချက်အသစ်သည် LIVE လွှင့်နေစဥ် စကားလုံးများ၊ စကားစုများနှင့် Emoji များကို တစ်ခါတည်း စုပေါင်း Mute လုပ်နိုင်ရန် ကူညီပေးပါသည်။
Content Check Lite သည် ဖန်တီးသူများအနေဖြင့် အကြောင်းအရာတစ်ခု မတင်မီ အဆိုပါအကြောင်းအရာသည် For You feed တွင် ပေါ်နိုင်ခြေ ရှိ မရှိကို ကြိုတင်စစ်ဆေးနိုင်စေပါသည်။
Creator Inbox သည် Inbox မက်ဆေ့များကို ပိုမို ထိရောက်စွာ စီမံနိုင်ရန် ဖန်တီးသူများအတွက် အသစ်ထည့်သွင်းထားသော လုပ်ဆောင်ချက်ဖြစ်ပါသည်။
Creator Chat Room သည် ဖန်တီးသူများအနေဖြင့် TikTok တွင် သတ်မှတ်ချက်ပြည့်မီသော Follower များနှင့် တိုက်ရိုက်ချိတ်ဆက်ကာ အပြန်အလှန် ဆက်သွယ်နိုင်စေပါသည်။
ယနေ့ကြေညာထားသော ဖန်တီးသူများအတွက် လုပ်ဆောင်ချက်အသစ်များအကြောင်းကို ဒီနေရာတွင် https://newsroom.tiktok.com/en-us/new-tools-for-creators ပိုမိုလေ့လာနိုင်ပါသည်။

TikTok သည် ဒီဂျစ်တယ်ကောင်းကျိုးအပေါ် အာရုံစိုက်ပြီး အထောက်အကူပြု Tool များနှင့် လုပ်ဆောင်ချက်များကို တစ်နေရာတည်းတွင် စုပေါင်းထားသည့် App အတွင်း အတွေ့အကြုံအသစ်ကိုလည်း လေ့လာ ဖော်ဆောင်လျက်ရှိပါသည်။

TikTok က အကြောင်းအရာဖန်တီးသူများ၊ မိသားစုများနှင့် အသုံးပြုသူများအတွက် ယုံကြည်မှုနှင့် လုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်အသ...
31/07/2025

TikTok က အကြောင်းအရာဖန်တီးသူများ၊ မိသားစုများနှင့် အသုံးပြုသူများအတွက် ယုံကြည်မှုနှင့် လုံခြုံမှုဆိုင်ရာ လုပ်ဆောင်ချက်အသစ်များ မိတ်ဆက်

၃၁၊ဇူလိုင်၊ ၂၀၂၅၊ ရန်ကုန် ။ ။ TikTok သည် တီထွင်ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ပေးပြီး ကမ္ဘာတစ်ဝန်းရှိ အသုံးပြုများကို ပျော်ရွှင်စေမည့် လုပ်ဆောင်ချက် (Feature) အသစ်များကို ကြေညာလိုက်ပါသည်။ ဤလုပ်ဆောင်ချက်များသည် TikTok တွင် ရှာဖွေလေ့လာသင်ယူကြသည့် ဆယ်ကျော်သက်များနှင့် မိသားစုများ၊ အကြောင်းအရာဖန်တီးသူများ၊ ချိတ်ဆက်အသုံးပြုသူများအတွက် အသုံးပြုမှုအတွေ့အကြုံကို မြှင့်တင်ပေးမှာဖြစ်ပါသည်။ ၎င်းတို့သည် TikTok ၏ လုံခြုံမှု၊ ကိုယ်ရေးကိုယ်တာနှင့် လုံခြုံရေးတို့တွင် ဆက်လက်ရင်းနှီးမြုပ်နှံမှုများကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။

မိသားစုများအတွက် လုပ်ဆောင်ချက်များ
ဆယ်ကျော်သက်အကောင့်များတွင် ၎င်းတို့ အသုံးပြုဖို့အတွက်သာ ဒီဇိုင်းထုတ်ထားသည့် မတူညီသော လုပ်ဆောင်ချက်ပေါင်း (၅၀) နှင့် ဆက်တင်များ ပါရှိသောကြောင့် ၎င်းတို့၏ ဖန်တီးနိုင်စွမ်းကို ဘေးကင်းစွာ ဖော်ပြနိုင်ခြင်း၊ သူငယ်ချင်းများနှင့် ချိတ်ဆက်ခြင်း၊ TikTok တွင် လေ့လာသင်ယူနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။ အဆိုပါ Built-in အကာအကွယ်များအပြင် TikTok သည် မိဘများနှင့် အုပ်ထိန်းသူများကို မိမိတို့ ဆယ်ကျော်သက်လူငယ်များ၏ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်စေအောင် လုပ်ဆောင်နိုင်သည့် မိသားစုချိတ်ဆက်ခြင်း (Family Pairing) ဝန်ဆောင်မှုကိုလည်း ပေးထားပါသည်။ TikTok ၏ ဒစ်ဂျစ်တယ်ဘေးကင်းလုံခြုံရေးပူးပေါင်းဆောင်ရွက်မှု (Digital Safety Partnership for Families) ဖြင့် ပေါင်းစပ်ပြီး ဆယ်ကျော်သက်လူငယ်များ၏ အွန်လိုင်းအတွေ့အကြုံများကို ပွင့်လင်းစွာ ပြောဆိုမှုများပြုလုပ်နိုင်ရန် မိသားစုဝင်များကို လုပ်ဆောင်ချက်များ ပံ့ပိုးပေးထားပါသည်။

TikTok က မိဘများအတွက် ၎င်းတို့၏ ဆယ်ကျော်သက်ရွယ်လူငယ်များအကောင့်နှင့် ပတ်သက်ပြီး ပိုမိုသိရှိမြင်သာနိုင်ရန် မိသားစုချိတ်ဆက်ခြင်း (Family Pairing) ဝန်ဆောင်မှုအသစ်များကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး အောက်ပါလုပ်ဆောင်ချက်များ ပါဝင်လာမည်ဖြစ်ပါသည်။
TikTok တွင် ဆယ်ကျော်သက်ရွယ်လူငယ်များသည် အခြားသူများမြင်နိုင်သည့် ဗီဒီယို၊ Story သို့မဟုတ် ဓာတ်ပုံကို တင်သည့်အခါ TikTok က Family Pairing ချိတ်ဆက်ထားသည့် မိဘတစ်ဦးဦးကို အလိုအလျောက်အကြောင်းကြားပေးမည်ဖြစ်ပါသည်။ ၎င်းသည် ဆယ်ကျော်သက်ရွယ်လူငယ်များ၏ တီထွင်ဖန်တီးနိုင်မှု သို့မဟုတ် လွတ်လပ်မှုကို မထိခိုက်စေဘဲ မိဘများအနေဖြင့် မိမိတို့၏ ဆယ်ကျော်သက်ရွယ်များ တင်သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ပွင့်လင်းစွာ ပြောဆိုမှုများကို စတင်နိုင်ရန် ကူညီပေးပါသည်။
ဆယ်ကျော်သက်ရွယ်လူငယ်များ ရွေးချယ်ထားသော ကိုယ်ရေးကိုယ်တာဆက်တင်များအကြောင်း ပိုမိုသိရှိနိုင်မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် ဆယ်ကျော်သက်ရွယ်လူငယ်များ (အသက် ၁၆-၁၇ နှစ်) သည် ၎င်းတို့တင်သည့် အကြောင်းအရာများကို အခြားသူများ ဒေါင်းလုတ်လုပ်နိုင်ရန် ဖွင့်ထားခြင်း ရှိ၊ မရှိ သို့မဟုတ် ၎င်းတို့ follow လုပ်ထားသူစာရင်းကို အခြားသူများ မြင်နိုင်ရန် ဖွင့်ထားခြင်း ရှိ၊ မရှိ မိဘများအနေဖြင့် ကြည့်နိုင်မည်ဖြစ်ပါသည်။ TikTok ၏ Manage Topics လုပ်ဆောင်ချက်မှ တစ်ဆင့် ဆယ်ကျော်သက်ရွယ်လူငယ်များသည် ၎င်းတို့၏ feed ကို ပုံသွင်းရန် ရွေးချယ်ထားသည့် အကြောင်းအရာများကိုလည်း မိဘများ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
ယနေ့ကြေညာထားသော မိသားစုများအတွက် လုပ်ဆောင်ချက်အသစ်များအကြောင်းကို ဒီနေရာတွင် https://newsroom.tiktok.com/en-us/supporting-families-with-new-family-pairing-features ပိုမိုလေ့လာနိုင်ပါသည်။

အသိုင်းအ၀ိုင်း၏ ကောင်းကျိုးအတွက် ပံ့ပိုးပေးခြင်း
TikTok ၏ Screen Time Management နှင့် Sleep Hours ကဲ့သို့သော လုပ်ဆောင်ချက်များသည် အသုံးပြုများအတွက် အဆင်ပြေစေမည့် Digital Routine များကို ဖန်တီးရန် ပိုမိုလွယ်ကူစေခဲ့ပါသည်။ ထို့ပြင် TikTok က အသုံးပြုသူတွေအတွက် ပိုမိုအဆင်ပြေစေမည့် ဒစ်ဂျစ်တယ်အတွေ့အကြုံများကို ယူဆောင်ပေးနိုင်ရန်အတွက် ရှိပြီးသား သုတေသနများ၊ TikTok ၏ ကမ္ဘာလုံးဆိုင်ရာ လူငယ်ကောင်စီမှ လမ်းညွှန်ချက်များနှင့် ဘော့စတွန် ကလေးဆေးရုံရှိ Digital Wellness Lab မှ ကျွမ်းကျင်သူများနှင့် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။
ထို့ကြောင့် ယနေ့တွင် Well-being Missions ဟုခေါ်သော လုပ်ဆောင်ချက်အသစ်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါသည်။ ၎င်းတို့သည် လူများကို ရေရှည်ဟန်ချက်ညီသော ဒစ်ဂျစ်တယ်အလေ့အထများ ဖွံ့ဖြိုးလာစေရန်အတွက် ဒီဇိုင်းထုတ်ထားသော တိုတောင်းပြီး ဆွဲဆောင်မှုရှိသည့် မစ်ရှင်လုပ်ဆောင်ချက်များဖြစ်သည်။ မစ်ရှင်တစ်ခုပြီးသည့်အခါတိုင်း တတ်ကြွသည့် လုပ်ဆောင်မှုများကို အားပေးပြီး သတိပြုသုံးစွဲနိုင်စွမ်းကို ခိုင်မာစေမည့် ဆုတံဆိပ်များရရှိမည်ဖြစ်သည်။
ယနေ့ကြေညာထားသော ဒီဂျစ်တယ်ကောင်းကျိုးဆိုင်ရာ လုပ်ဆောင်ချက်အသစ်များအကြောင်း ဒီနေရာတွင် https://newsroom.tiktok.com/en-us/new-ways-to-help-our-community-build-balanced-digital-habits ပိုမိုလေ့လာနိုင်ပါသည်။

Tool အသစ်များဖြင့် အကြောင်းအရာဖန်တီးသူများကို ခွန်အားဖြစ်စေခြင်း
TikTok သည် ဖန်တီးသူများကို ကာကွယ်ရန်နှင့် အောင်မြင်မှုရရှိပြီး လူအများနှစ်သက်သော အကြောင်းအရာများကို ဆက်လက်ဖန်တီးနိုင်စေမည့် လုပ်ဆောင်ချက်အသစ်များကို ယနေ့တွင် ကြေညာလိုက်ပြီဖြစ်ပါသည်။ အဆိုပါ အဆင့်မြှင့်တင်မှုများတွင် အောက်ပါလုပ်ဆောင်ချက်များ ပါဝင်လာမည်ဖြစ်ပါသည်။

Creator Care Mode သည် ဖန်တီးသူများအတွက် မလိုလားအပ်သော မှတ်ချက်များနှင့် မသင့်လျော်သော မှတ်ချက်များကို ပိုမိုကောင်းမွန်စွာ စစ်ထုတ်နိုင်ရန် ကူညီပေးပါသည်။
TikTok LIVE အတွက် Mute လုပ်ဆောင်ချက်အသစ်သည် LIVE လွှင့်နေစဥ် စကားလုံးများ၊ စကားစုများနှင့် Emoji များကို တစ်ခါတည်း စုပေါင်း Mute လုပ်နိုင်ရန် ကူညီပေးပါသည်။
Content Check Lite သည် ဖန်တီးသူများအနေဖြင့် အကြောင်းအရာတစ်ခု မတင်မီ အဆိုပါအကြောင်းအရာသည် For You feed တွင် ပေါ်နိုင်ခြေ ရှိ မရှိကို ကြိုတင်စစ်ဆေးနိုင်စေပါသည်။
Creator Inbox သည် Inbox မက်ဆေ့များကို ပိုမို ထိရောက်စွာ စီမံနိုင်ရန် ဖန်တီးသူများအတွက် အသစ်ထည့်သွင်းထားသော လုပ်ဆောင်ချက်ဖြစ်ပါသည်။
Creator Chat Room သည် ဖန်တီးသူများအနေဖြင့် TikTok တွင် သတ်မှတ်ချက်ပြည့်မီသော Follower များနှင့် တိုက်ရိုက်ချိတ်ဆက်ကာ အပြန်အလှန် ဆက်သွယ်နိုင်စေပါသည်။
ယနေ့ကြေညာထားသော ဖန်တီးသူများအတွက် လုပ်ဆောင်ချက်အသစ်များအကြောင်းကို ဒီနေရာတွင် https://newsroom.tiktok.com/en-us/new-tools-for-creators ပိုမိုလေ့လာနိုင်ပါသည်။

TikTok သည် ဒီဂျစ်တယ်ကောင်းကျိုးအပေါ် အာရုံစိုက်ပြီး အထောက်အကူပြု Tool များနှင့် လုပ်ဆောင်ချက်များကို တစ်နေရာတည်းတွင် စုပေါင်းထားသည့် App အတွင်း အတွေ့အကြုံအသစ်ကိုလည်း လေ့လာ ဖော်ဆောင်လျက်ရှိပါသည်။

စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တဲ့ “Sweety Home Living Mall (ကျိုက္ကဆံ)” ရဲ့ Coffee & Book Fair 2025………………………………………………………ဇ...
29/07/2025

စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တဲ့ “Sweety Home Living Mall (ကျိုက္ကဆံ)” ရဲ့ Coffee & Book Fair 2025
………………………………………………………
ဇူလိုင်လ (၂၆) ရက်နှင့် (၂၇) ရက်

Coffee & Book Fair အခမ်းအနားအား ရန်ကုန်မြို့ရှိ ကျိုက္ကဆံ Sweety Home Living Mall တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်၊၊

ပွဲအခမ်းအနားတွင် ကော်ဖီနှင့်စာအုပ်ချစ်သူ မိတ်ဟောင်းမိတ်သစ်များအားလုံးအတွက် ပရိုမိုးရှင်းအစီအစဥ်များနှင့်အတူ ကော်ဖီကူပွန်များကိုလည်း customer များနှင့် ဧည့်သည်တော်များအတွက် ပေးအပ်ခဲ့ပါတယ်၊၊

ဒါ့အပြင် စာပေချစ်သူများအတွက် နာမည်ကြီးစာရေးဆရာကြီးများဖြစ်ကြတဲ့ ဆရာကြီးချစ်ီဥးညိုနှင့် ဆရာကြီး မောင်စိန်ဝင်း (ပုတီးကုန်း)တို့ရဲ့ စာပေဟောပြောပွဲများလည်းထည့်သွင်းကာ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့တာတွေ့ရပါတယ်၊၊

နာမည်ကြီးသရုပ်ဆောင် လင်းအောင်ခေတ်၊ ထက်ထက်လင်းလက်တို့က Coffee & Book Fair ကို ဝန်းရံအားပေးရင်း တက်ရောက်ခဲ့ကြပါတယ်၊၊ မိုးအေးအေးလေးမှာကော်ဖီလေးသောက်ရင်း စာအုပ်လေးတွေဖတ်နိုင်ဖို့အတွက် ကော်ဖီဆိုင်များနှင့် စာအုပ်ဆိုင်များလည်း ပါဝင်ခဲ့ပြီး Sweety Home တွင် ၁ သိန်းဖိုးနှင့်အထက် ဝယ်ယူသူများအား ကော်ဖီကူပွန်များအပြင် reader’s Paradise coupon (၆)လ အသုံးပြုခွင့်၊ (၂)သိန်းနှင့်ထက် ဝယ်ယူသူများကိုတော့ ကော်ဖီကူပွန် အပြင် reader’s paradise (၁)နှစ်အသုံးပြုခွင့် ကူပွန်းများနှင့် လက်ဆောင်များလည်းပေးအပ်ခဲ့ပါတယ်၊၊

#ဆရာချစ်ီဥးညို #မောင်စိန်ဝင်း(ပုတီးကုန်း) #စာပေဟောပြောပွဲ &Book #ကျိုက္ကဆံ

အားလုံးအတွက် ငွေပေးချေမှုကို ပိုမိုလွယ်ကူစေတဲ့ MyanmarPay ဇူလိုင် ၂၄ရက် ။၂၀၂၅ ရန်ကုန်ဘယ်နေရာသွားသွား ငွေသားကိုင်ပြီး ငွေ...
24/07/2025

အားလုံးအတွက် ငွေပေးချေမှုကို ပိုမိုလွယ်ကူစေတဲ့ MyanmarPay


ဇူလိုင် ၂၄ရက် ။၂၀၂၅ ရန်ကုန်

ဘယ်နေရာသွားသွား ငွေသားကိုင်ပြီး ငွေသားနဲ့ ပိုက်ဆံရှင်းနေတုန်းပဲလား။ Payment တစ်ခုအတွက် QR ပေါင်းများစွာထဲက ရွေးချယ်နေရလို့ စိတ်ရှုပ်နေပြီလား။ ဒီနေ့ခေတ်လို အရှိန်အဟုန်အားကောင်းကောင်းနဲ့ ဘက်ပေါင်းစုံကနေ တိုးတက်နေတဲ့ ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ ဈေးဝယ်သူတွေအနေနဲ့ ငွေသားကိုင်ပြီးရှင်းစရာမလို၊ ငွေရှင်းခါနီးပြီဆိုရင် ဆိုင်မှာလက်ခံတဲ့ payment နဲ့ချေလို့ရအောင် ဖုန်းထဲမှာ payment app တွေ အများကြီးထည့်ထားစရာမလို၊ လုပ်ငန်းရှင်တွေဘက်ကလည်း ကိုယ့်ရဲ့လုပ်ငန်းကို ပိုမိုတွင်ကျယ်ထိရောက်တဲ့ လုပ်ငန်းတစ်ခုဖြစ်စေဖို့အတွက် အဘက်ဘက်ကနေ ကူညီပေးမယ့် MyanmarPay (MMQR) အကြောင်းကို သေချာလေးပြောပြပေးမယ်နော်။

နေရာတိုင်းမှာ တွေ့နေရတဲ့ MyanmarPay (MMQR) ဆိုတာကတော့ မြန်မာနိုင်ငံရဲ့ ငွေကြေးအခန်းကဏ္ဍကို အဆင့်မြှင့်တင်ပေးနိုင်ဖို့၊ မြန်မာနိုင်ငံသားတိုင်းအတွက် လုံခြုံစိတ်ချပြီးလွယ်ကူတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စီစစ်ကွပ်ကဲပြီး PayPlus Co., Ltd ကနေ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ QR ငွေပေးချေမှုစနစ်ဖြစ်ပါတယ်။

နိုင်ငံတကာစံနှုန်းများနဲ့ကိုက်ညီတဲ့ MyanmarPay (MMQR) က QR code လေးတစ်ခုပါပဲဆိုပြီး လျှော့တွက်လို့မရဘူးနော်။ နိုင်ငံတွင်းမှာရှိတဲ့ လူတိုင်း၊ စီးပွားရေးလုပ်ငန်းတိုင်း မိမိလက်ရှိ အသုံးပြုနေတဲ့ မည်သည့်ဘဏ်မဆို (ဒါမှမဟုတ်) Digital Wallet တွေကိုမဆို အသုံးပြုပြီး အရည်အသွေးအကောင်းဆုံးဆိုတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို အားလုံးတန်းတူညီတူရရှိနိုင်စေဖို့အတွက် ဆိုတဲ့ရည်ရွယ်ချက်နဲ့ အားလုံးရှေ့ကို ရောက်ရှိလာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ်တွေအားလုံးကို စုစည်းပေးထားတဲ့ MyanmarPay (MMQR) ကို ကိုယ့်ရဲ့ ဖုန်းထဲက ကိုယ်အသုံးပြုနေတဲ့ banking/digital wallet ကနေ scan ဖတ်လိုက်တာနဲ့ ငွေချေနိုင်တဲ့အတွက် ငွေပေးချေမှုတိုင်းကို မြန်ဆန်ချောမွေ့စွာနဲ့လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အရင်ကလို ဘဏ်ပေါင်းစုံရဲ့ banking၊ wallet တွေပေါင်းစုံကို ဖုန်းထဲထည့်ထားစရာမလိုတော့ဘူးနော်။ လုံခြုံစိတ်ချရမှုအပိုင်းမှာဆိုရင်လည်း MyanmarPay (MMQR) က နိုင်ငံတော်အဆင့် QR စနစ်ဖြစ်တဲ့အတွက် QR လေးကို scan ဖတ်ပြီး ငွေရှင်း/ငွေလက်ခံရုံပဲဆိုတော့ ပေါ့ပေါ့ပါးပါး လွယ်လွယ်ကူကူငွေရှင်းလို့ရနေနိုင်ပါပြီ။

MyanmarPay (MMQR) ကိုဘယ်လိုအသုံးပြုရမလဲဆိုရင် ကိုယ်လက်ရှိသုံးနေတဲ့ Digital Payment/Mobile Wallet တွေမှာ ပါဝင်ပြီးသားဖြစ်လို့ အကောင့် အသစ်ဖွင့်ရတာ၊ App အသစ် ထပ် Down ပြီး သုံးရတာမျိုး လုပ်စရာမလိုပါဘူး။ ကိုယ်လက်ရှိသုံးနေတဲ့ Pay App ကို ဖွင့်၊ MMQR QR Stand က QR ကို Scan ဖတ်ပြီး ပေးချေရမယ့် ငွေပမာဏကို ရိုက်ထည့်ပြီး ငွေပေးချေရုံပါပဲ။ ကဲ...ဘယ်လောက်တောင်လွယ်လိုက်လေသလဲ။

စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေအနေနဲ့ဆိုရင်လည်း ကိုယ့်ရဲ့လုပ်ငန်းအတွက် အဓိကအသုံးပြုမယ့်ဘဏ်အကောင့် (ဒါမှမဟုတ်) Mobile Wallet တစ်ခုကိုရွေးချယ်ပြီး ထိုသက်ဆိုင်ရာဘဏ်/ Mobile Wallet ကို MyanmarPay (MMQR) ကို အသုံးပြုဖို့အတွက် ဆက်သွယ်လိုက်တာနဲ့ မိမိစီးပွားရေးလုပ်ငန်းအတွက် လိုအပ်မယ့် Payment System Update နဲ့ QR Stand များကို လာရောက်ပြင်ဆင်ပေးတာမျိုး လုပ်ပေးသွားမှာဖြစ်တာကြောင့် အလွယ်လေးပဲနော်။ ပြီးရင်လည်း MMQR နဲ့ လက်ခံထားတဲ့ ငွေပေးချေမှုတိုင်းဟာ ဘယ် Payment နဲ့ပဲပေးပေး၊ မိမိရဲ့ Business Account ကိုပဲ ဝင်ရောက်သွားမှာဖြစ်ပြီး တစ်နေ့တာ ငွေအဝင်အထွက်စာရင်းကို မိမိရဲ့ Merchant Portal ကနေပဲ ပြန်လည်စီစစ် စစ်ဆေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းရဲ့ ငွေကြေးစီမံခန့်ခွဲမှုတွေ၊ စာရင်းစစ်ဆေးတာတွေ စိတ်တိုင်းကျပြုလုပ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့် လုပ်ငန်းရှင်တွေအကြိုက်ပဲ ဖြစ်ပါတယ်။ MyanmarPay (MMQR) စနစ်က POS စနစ်ရှိလေ့မရှိတဲ့ ကျေးလက်ဒေသများရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များပါ အသုံးပြုနိုင်မှာဖြစ်တာကြောင့် ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကို အရင်ကထက် ပိုမိုကျယ်ပြန့်လာစေမှာဖြစ်တဲ့အတွက် စျေးကွက်အတွင်းမှာဆိုရင်လည်း ကိုယ့်လုပ်ငန်းကို လူအများက သတိထားမိစေမှာဖြစ်ပါတယ်။

“MMQR မရှိခင်တုန်းကဆို ဆိုင်မှာလက်ခံတဲ့ Payment နဲ့ သုံးစွဲသူတွေအသုံးပြုတဲ့ Mobile Wallet အမျိုးအစား မတူညီတဲ့အခါ ငွေပေးချေတဲ့နေရာမှာ အဆင်မပြေတာမျိုး ကြုံတွေ့ခဲ့ရပါတယ်။ အခုဆို MMQR နဲ့ Payment လက်ခံတဲ့အတွက် ဆိုင်အတွက်ရော၊ ဈေးဝယ်သူတွေအတွက်ပါ ပိုပြီးအဆင်ပြေချောမွေ့လာပြီး ဆိုင်မှာ ဖောက်သည်တွေလည်း ပိုများလာပါတယ်။ ပြီးတော့ ကျွန်တော်အနေနဲ့ နေ့တိုင်း ရောင်းရငွေ ငွေသားတွေကို ကိုယ်တိုင် စစ်ဆေးစရာလည်း မလိုတော့သလို တစ်ခါတစ်လေ ဘဏ်ကဒ်ကနေ ငွေလွှဲတဲ့အခါမျိုးမှာ စောင့်ရတာမျိုးလည်း မရှိတော့ပါဘူး။ ငွေပေးချေမှုတွေက ချက်ချင်းဝင်လာတာမျိုးဖြစ်တဲ့အတွက် Merchant App ကနေပဲ ကိုယ်တိုင်စစ်ဆေးနိုင်လို့ အဆင်ပြေပါတယ်” ဟု ရန်ကုန်မြို့ခံ MyanmarPay (MMQR) အသုံးပြုသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

ဒီနေရာမှာ အားလုံးကို သတိပေးချင်တာလေးတစ်ခုကတော့ MyanmarPay (MMQR) အနေနဲ့ အသုံးပြုလိုသူ မည်သူတစ်ဦးတစ်ယောက်ကိုမှ စတင်ဆက်သွယ်ခြင်းများ မပြုလုပ်တာကြောင့် အကယ်၍ MyanmarPay (MMQR) အမည်အသုံးပြုပြီး ဆက်သွယ်လာခဲ့ပါက မိမိ ကိုယ်ရေးကိုယ်တာအချက်အလက်များ မမျှဝေမိစေဖို့အတွက် အထူးသတိပြုဖို့ လိုအပ်ပါတယ်။

MyanmarPay (MMQR) ကြောင့် နိုင်ငံတွင်းမှာ ငွေသားအသုံးပြုမှုကို လျှော့ချနိုင်မယ့် Cashless Society လူ့အဖွဲ့အစည်းတစ်ခုကို ဖော်ဆောင်ရာမှာလည်း ထင်ရှားတဲ့ မှတ်တိုင်တစ်ခုဖြစ်လာခဲ့ပါပြီ။ အခုဆိုရင် ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားအစရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ အသုံးပြုနေတဲ့ QR နဲ့ ငွေပေးချေတဲ့စနစ်ကို မြန်မာနိုင်ငံမှာလည်း စတင်ကျင့်သုံးနေပြီဖြစ်တာကြောင့် နိုင်ငံတကာငွေပေးချေမှုစံနှုန်းတွေနဲ့ ရင်ဘောင်တန်းနိုင်နေပြီဖြစ်ပါတယ်။

MyanmarPay (MMQR) ကို ဘယ်လိုသုံးရမလဲဆိုတာကို သိချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်လုပ်ငန်းမှာ MyanmarPay (MMQR) သုံးချင်လို့ စုံစမ်းချင်တာပဲဖြစ်ဖြစ် MyanmarPay (MMQR) ရဲ့ page [MyanmarPay MMQR - https://www.facebook.com/myanmarpay.mmqr] ဒါမှမဟုတ် Website - https://myanmarpay.com.mm/ မှာသွားရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

ဒါဆို အားလုံးအတွက် အဆင်ပြေလွယ်ကူထိရောက်တဲ့ ဒီဂျစ်တယ်ငွေပေးချေမှုပုံစံအသစ်ကို ကိုယ်တိုင်တွေ့ကြုံခံစားရနိုင်စေဖို့အတွက် အခုဘဲ MyanmarPay (MMQR) ကိုအသုံးပြုပြီး ငွေပေးချေလိုက်ကြပါစို့။

အမိုက်စားဖျော်ဖြေမှုတွေနဲ့ Full-scene AI Imagine Master ဖြစ်တဲ့ OPPO Reno14 Series 5G နဲ့အတူ တောက်ပခဲ့ကြတဲ့ OPPO Reno14 ...
19/07/2025

အမိုက်စားဖျော်ဖြေမှုတွေနဲ့ Full-scene AI Imagine Master ဖြစ်တဲ့ OPPO Reno14 Series 5G နဲ့အတူ တောက်ပခဲ့ကြတဲ့ OPPO Reno14 Series Music Party

ဇူလိုင် ၁၉ ။ ။ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ် OPPO က 3.5x Telephoto Camera နဲ့ AI Flash Photography တို့ ပါရှိသလို Full-scene AI Imagine Master ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ကောင်းမွန်လှတဲ့ Camera Technology နဲ့ ထွက်ရှိလာတဲ့ OPPO Reno14 Series 5G ကို သုံးစွဲသူတွေအားလုံး လက်တွေ့ကျကျ စမ်းသပ်အသုံးပြုနိုင်စေဖို့ OPPO Reno14 Series Music Party ကို ဇူလိုင် ၁၄ ရက်နေ့က Yangon Convention Centre (YCC) မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ OPPO Reno14 Series Music Party ကို OPPO Reno Series Product Ambassador ဖြစ်သူ ပိုင်တံခွန်၊ OPPO မိသားစုဝင်အနုပညာရှင် တွေဖြစ်ကြတဲ့ Lu Hpring ၊ ယွန်းဝတီလွင်မိုး ၊ လင်းအောင်ခေတ်နဲ့ Lara Devora တို့ တက်ရောက်ခဲ့ကြပါတယ်။ OPPO Reno14 Series Music Party ဟာ OPPO မိသားစုဝင် အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသမီးချော ယွန်းဝတီလွင်မိုးရဲ့ Comeback အဖြစ် ပထမဆုံးပြန်လည်တက်ရောက်ခဲ့တဲ့ ပွဲဖြစ်ပြီး OPPO Reno14 Series 5G ကို ဆောင်ပုဒ်တွေထဲက တစ်ခုဖြစ်တဲ့ Party Bestie ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ Party vibe ကို အပြည့်အဝရရှိစေခဲ့တဲ့ ပွဲတစ်ပွဲလဲ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ OPPO ရဲ့ Powerful ဖြစ်လွန်းတဲ့ OPPO Reno14 Series 5G ကို စိတ်ကြိုက်လက်တွေ့စမ်းသပ်စေခဲ့ပြီး အနုပညာရှင်များ၊ အဆိုတော်များရဲ့ လူငယ်ဆန်ဆန် အမိုက်စား Performance တွေကလဲ လာရောက်သူတွေကို စိတ်အပန်းပြေပျော်ရွှင်စေနိုင်ခဲ့ပါတယ်။

OPPO Reno14 Series Music Party ကို Fan Meeting Session နဲ့ Music Party Session ဆိုပြီး ကဏ္ဌ ၂ ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Fan Meeting Session မှာဆိုရင် ပိုင်တံခွန်၊ Lu Hpring ၊ ယွန်းဝတီလွင်မိုး၊ လင်းအောင်ခေတ်နဲ့ Lara တို့က ၎င်းတို့ရဲ့ အမာခံပရိသတ်တွေနဲ့အတူ ပျော်ရွှင်စရာဂိမ်းများစွာကို ဆော့ကစားခဲ့ကြပါတယ်။ ဆော့ကစားခဲ့ကြတဲ့ ဂိမ်းများတွင် ပိုင်တံခွန်က OPPO Reno14 5G ရဲ့ AI Flash Photography ကို အသုံးပြုပြီးသော်လည်းကောင်း၊ လင်းအောင်ခေတ်နဲ့ ယွန်းဝတီလွင်မိုး တို့က 4K Underwater Videography ကို အသုံးပြု၍သော်လည်းကောင်း၊ ဒါအပြင် Lu Hpring နဲ့ Lara Devora တို့က AI Vlog Voice နဲ့ ဆက်နွယ်ပြီး ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါး ဂိမ်းတွေကိုလည်းကောင်း၊ အားလုံးအတူတူ ဆော့ကစားခဲ့ကြပါတယ်။ OPPO Reno14 Series 5G ဟာဆိုရင် ဈေးတန်းတူ စမတ်ဖုန်းများအကြား အချိန်မရွေး၊ နေရာမရွေး အရည်အသွေးကောင်းတဲ့ ဓာတ်ပုံ၊ Video တွေကို အံ့သြဖွယ်ရာ ရိုက်ကူးနိုင်တဲ့ အတွေ့အကြုံတွေနဲ့အတူ ပွဲကို ရောက်ရှိလာသူ ပရိသတ်တွေရဲ့ စိတ်နှလုံးကို ပျော်ရွှင်စေခဲ့ပါတယ်။ ပျော်ရွှင်စရာဂိမ်းများဆော့ကစားလို့ အပြီးမှာတော့ အနုပညာရှင်များက ပရိသတ်တစ်ဦးတစ်ယောက်ချင်းစီနဲ့ အတူတူ မိတ်ဆက်၊ လက်မှတ်ရေးထိုးပေးပြီး တပျော်တပါး အမှတ်တရဓာတ်ပုံတွေကို ရိုက်ကူးခဲ့ကြပါတယ်။

ယခုမိတ်ဆက်ခဲ့တဲ့ OPPO Reno14 Series 5G ဟာ Party Bestie ဆိုတဲ့ ဆောင်ပုဒ်အတိုင်း Party အတွက် အထူးရည်ရွယ်ထားသလို ဒီဇိုင်းအားဖြင့် ကြည့်မယ်ဆိုရင်လဲ ခေတ်မှီဆန်းသစ်နေမှုကို အတိုင်းသားမြင်ရမှာ ဖြစ်ပါတယ်။ ဒါတင်သာမက OPPO Reno14 5G နဲ့ OPPO Reno14 Pro 5G တို့မှာပါရှိတဲ့ 3.5x Telephoto Camera က အဝေးက အရာဝတ္တုနဲ့ ပုံရိပ်တွေကိုလဲ အနီးကပ်ဆုံး ရှိနေတယ်လို့ ခံစားစေနိုင်တဲ့အထိ ပုံရိပ်ရဲ့ ကောင်းမွန်မှုကို ပေးစွမ်းမှာဖြစ်သလို၊ 3.5x Telephoto Camera နဲ့ AI Software အကူအညီဖြင့် 120x အထိ Digital Zoom အနေနဲ့ အလှဆုံးဖြစ်အောင် ပုံရိပ်တွေကို အနီးကပ်ဆုံးဖြစ်အောင် ရိုက်ကူးပေးနိုင်တာကြောင့် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် Party ပွဲတွေမှာ အထူးခြားဆုံး အသုံးဝင်မဲ့ AI Vlog Voice Enhancer ဟာ Stage Show ၊ Party လိုမျိုး စည်ကားပြီးဆူညံတဲ့ ပွဲတွေမှာတောင် ကိုယ်အကြိုက်ဆုံး အနုပညာရှင်ရဲ့ သီချင်းတွေ ၊ ကိုယ်အနှစ်သက်ရဆုံး သီချင်းတွေကို ဘေးက ဆူညံသံတွေ မပါစေဘဲ အကြည်လင်ဆုံး ဖမ်းယူနိုင်မှာဖြစ်ပါတယ်။

Fan Meeting Session အပြီးမှာတော့ အတောက်ပဆုံး OPPO Reno14 Series Music Party ကို ဆက်လက်ကျင်းပခဲ့ပါတယ်။ OPPO Reno14 Series Music Party ရဲ့ အဖွင့်ကိုတော့ ပရိသတ်အချစ်တော် Band အဖွဲ့ဖြစ်တဲ့ Eternal Gosh အဖွဲ့ က စတင်ဖျော်ဖြေပေးခဲ့ပြီးနောက်မှာတော့ လူငယ်အဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Square Lake Pirates က ဆက်လက်ဖျော်ဖြေပေးခဲ့ပါတယ်။ Square Lake Pirates ရဲ့ ဖျော်ဖြေမှု ပထမပိုင်းအပြီးမှာတော့ MHTV နဲ့ Square Lake Pirates အဖွဲ့တို့က OPPO Reno14 Series 5G ရဲ့ အလှဆုံး ဒီဇိုင်းကို သူတို့ရဲ့ အတွေးအထင်အမြင်နဲ့ ပတ်သက်ပြီး ဝေမျှပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Square Lake Pirates ရဲ့ ဒုတိယပိုင်း ဖျော်ဖြေမှု နဲ့အတူ ပရိသတ်ကို ဖျော်ဖြေခဲ့ပြီး အဆိုပါ ဖျော်ဖြေမှု အပြီးမှာတော့ လူငယ်အဆိုတော် ချမ်းမြေ့မောင်ချိုရဲ့ ပထမဖျော်ဖြေမှုနဲ့အတူ ပရိသတ်တွေက ပျော်ရွှင်ခဲ့ကြပါတယ်။ အဆိုတော် ချမ်းမြေ့မောင်ချို ရဲ့ ပထမပိုင်းဖျော်ဖြေမှု အပြီးမှာတော့ Myanmar Mobile & Tech Review - MMTR နဲ့ အဆိုတော် ချမ်းမြေ့မောင်ချိုတို့က AI Flash Photography နဲ့ ပတ်သက်လို့ အတွေးအမြင် ခံစားချက်တွေကို မျှဝေခဲ့ကြပါတယ်။ အဆိုပါ ဝေမျှမှုအပြီးမှာတော့ ချမ်းမြေ့မောင်ချိုရဲ့ ဒုတိယပိုင်း ဖျော်ဖြေမှုကို ဆက်လက်ခံစားခဲ့ကြပြီး အဲ့ဒီနောက်မှာတော့ ပရိတ်သတ်အချစ်တော် လူငယ် Vlogger Lara Devora နဲ့ Technity တို့က AI Vlog Voice Enhancer အကြောင်းကို ပရိသတ်ထံ ဝေမျှခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အဆိုတော် ရှိုင်းရဲ့ ပထမပိုင်း ဖျော်ဖြေမှုက ပရိသတ်တွေကို ပိုပြီး စည်ကားလာစေခဲ့ပါတယ်။ ထို့နောက် အဆိုတော်ရှိုင်းနဲ့အတူ Lil Lucas တို့က AI Recompose နဲ့ 3.5x Telephoto Camera တို့အကြောင်းကို သူတို့ အတွေ့အကြုံနဲ့အတူတူ ပရိသတ်ထံ ဝေမျှခဲ့ကြပါတယ်။ အဆိုပါ အစီအစဉ်အပြီးမှာတော့ အဆိုတော် ရှိုင်း ရဲ့ ဒုတိယ ဖျော်ဖြေမှုနဲ့ ဆက်လက် ဖျော်ဖြေခဲ့ကြပြီး အဲဒီနောက်မှာတော့ အဆိုတော် Lu Hpring က HoneyBee နဲ့ အတူတူ 4k Resolution အရည်အသွေးရှိတဲ့ 4k Videography နဲ့ 4k Underwater Videography တို့အကြောင်းကို ပရိသတ်တွေအတွက် အတူတူ ဝေမျှခဲ့ကြပါတယ်။ ဒီလိုစိတ်ဝင်စားစရာ ဝေမျှမှုအပြီးမှာတော့ အဆိုတော် Lu Hpring က ပရိသတ်တွေ သဘောကျနှစ်ခြိုက်စေမဲ့ သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပြီး အဆိုပါ ဖျော်ဖြေမှုအပြီးမှာတော့ မင်းသားချော လင်းအောင်ခေတ်နဲ့ Techviewspro တို့က AI Mind Space ၊ Gemini Live တို့အကြောင်း ပရိသတ်ကို အရှင်းလင်းဆုံး ဝေမျှခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ပရိသတ်အချစ်တော် အဖွဲ့ဖြစ်တဲ့ Eternal Gosh က ပရိသတ်တွေအတွက် အကောင်းဆုံးသီချင်းတွေနဲ့အတူ ဖျော်ဖြေပေးရင်း OPPO Reno14 Series Music Party ကို အဆုံးသတ်ခဲ့ပါတယ်။

OPPO Reno14 Series 5G ဟာ ဈေးတန်းတူစမတ်ဖုန်းများအကြား Flagship Technology ပါရှိလာတဲ့ 3.5x Telephoto Camera နည်းပညာ၊ အလင်းအားအကောင်းဆုံးဖြစ်တဲ့ AI Flash Photography ၊ ခေတ်ဆန်ပြီး သုံးစွဲသူတွေ သဘောကျတဲ့ Iridescent Mermaid Design ၊ ခေတ်မီပြီး တိုးတက်လာတဲ့ AI လုပ်ဆောင်ချက်တွေ ၊ Battery Capacity ပိုင်း မှာဆိုရင်လဲ OPPO Reno14 Series ရဲ့ ဈေးအသက်သာဆုံးဖြစ်တဲ့ OPPO Reno14F 5G မှာတောင် 6000 mAh အထိ ပါဝင်လာပြီး IP69 အဆင့်ရှိ ရေဒဏ်နဲ့ ဖုန်ဒဏ်တွေကို ခံနိုင်ရည်ရှိမှု အစရှိတဲ့ ဘက်ပေါင်းစုံအတွက် ပြီးပြည့်စုံတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတာကြောင့် သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝမှာ ပိုပြီးလွယ်ကူပေါ့ပါးအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။

OPPO Reno14 Series 5G ရဲ့ ဈေးနှုန်းတွေကတော့ OPPO Reno14 Pro 5G - ၂,၉၉၉,၉၀၀ ကျပ် ၊ OPPO Reno14 5G - ၂,၃၉၉,၉၀၀ ကျပ် ၊ OPPO Reno14 F 5G - ၁,၅၄၉,၉၀၀ ကျပ် တို့ဖြင့် မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။ အရောင်အားဖြင့်ကတော့ OPPO Reno14 Pro 5G ကို Opal White နဲ့ Titanium Grey နှစ်ရောင် ၊ OPPO Reno14 5G ကို Opal White နဲ့ Luminous Green နှစ်ရောင်၊ Reno14 F 5G ကို Opal Blue နဲ့ Luminous Green နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

Address

Yangon
11501

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Burmese Echo Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share