Ayar Shwe Pyi

Ayar Shwe Pyi Sports and News Page

ရန်ကုန်-ဘန်ကောက် ၉ နာရီအရောက်သွားလာနိုင်မည့် လမ်းမစီမံကိန်းကြီး ----------------------------------------------------ရန်က...
26/12/2020

ရန်ကုန်-ဘန်ကောက် ၉ နာရီအရောက်သွားလာနိုင်မည့် လမ်းမစီမံကိန်းကြီး
----------------------------------------------------
ရန်ကုန်မှ ဘန်ကောက်သို့ မော်တော်ယာဉ်ဖြင့် ၉ နာရီအရောက်သွားလာနိုင်မည့် လမ်းမကြီးစီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေ အကူအညီဖြင့် စတင်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးစီမံကိန်းကို ADB မှချေးယူသော အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်းဖြင့် ဖောက်လုပ်သွားမည်ဖြစ်သည်။ ယင်းစီမံကိန်းပြီးစီးသွားပါက လက်ရှိ ၁၆ နာရီကြာခရီးမှ ၉ နာရီကြာခရီးသို့ ပြောင်းလဲသွားမည်ဖြစ်သည်။
ရန်ကုန်-သီလဝါမှ ထိုင်းနိုင်ငံဘန်ကောက်အထိ မော်တော်ယာဉ်ခရီးမိုင် ၅၇ဝ ခန့်ရှိကြောင်း၊ မြန်မာနိုင်ငံမှ ကျိုက်ထီးရိုးစေတီတော်နှင့် ရွှေတိဂုံစေတီတော်ကို ထိုင်းနိုင်ငံသားများက ဖူးမြော်ရန်ဆန္ဒရှိကြသလို မြန်မာနိုင်ငံသားများကလည်း မြဘုရားကို ဖူးမြော်ချင်ကြကြောင်း၊ ထို့ကြောင့် ဘန်ကောက်မှ ရန်ကုန်သို့ ၉ နာရီနှင့်ရောက်လိုလျှင် ရန်ကုန်-သီလဝါမှ မြဝတီနယ်စပ်အထိ ၄ နာရီခွဲဖြင့် ရောက်ရှိနိုင်ရန်လိုအပ်ကြောင်း၊ ထိုင်းနိုင်ငံဘက်ကလည်း မြဝတီ-မဲဆောက်နယ်စပ်မှ ဘန်ကောက်အထိ ၄ နာရီခွဲနှင့် ရောက်ရှိနိုင်ရန် လိုအပ်ကြောင်းများကို ADB အစည်းအဝေးများတွင် နှစ်နိုင်ငံတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သီလဝါဆိပ်ကမ်းမှ ဘန်ကောက်အထိ ယာဉ်မောင်းချိန် ၉ နာရီတည်းဖြင့် သွားလာရာတွင် မြို့များကို ဖြတ်သန်းသွား၍မရနိုင်သောကြောင့် မြို့ရှောင်လမ်းများကို ဖောက်လုပ်နေခြင်းဖြစ်ပြီး ယခုအခါ ဖောက်လုပ်ဆဲ မြို့ရှောင်လမ်းအချို့သည် ပြီးစီးတော့မည်ဖြစ်သည်။
''မြို့တွေထဲကသွားရင် ရန်ကုန်မြို့အထွက် ထောက်ကြန့်ကတည်းက ယာဉ်ကြောပိတ်ဆို့မှုကို စတင်ကြုံရမှာဖြစ်တယ်၊ မော်တော်ယာဉ်တွေ၊ မော်တော်ဆိုင်ကယ်တွေ၊ အနှေးယာဉ်တွေနဲ့ ရောထွေးပြည့်နှက် နေတဲ့ အခြေအနေဖြစ်တော့ ၉ နာရီတည်းနဲ့ သွားလာဖို့ဆိုတာမဖြစ်နိုင်ဘူး။ ဒါကြောင့် ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီးအပြင် အခြားမြို့ရှောင်လမ်းတွေလည်း ဖောက်လုပ်ဖို့လိုအပ်လာတာပါ။ အခုကျိုက် ထိုမြို့ရှောင်လမ်းဖောက်လုပ်နေတာ မြေသားလုပ်ငန်းတော့ ပြီးစီးသွားပြီ။ မကြာခင်မှာ လေးလမ်းသွားလမ်း အဖြစ် ပေါ်ထွန်းလာတော့မယ်''ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဖောက်လုပ်ရေးမှ အင်ဂျင်နီယာ တဦးကရှင်းပြသည်။ ထို့အပြင် သထုံမြို့ရှောင်လမ်းကို ဒုံသမိတံတားမှစကာ သထုံမြို့၊ ကျိုက်ကော် သိမ်ဆိပ်တို့ကိုရှောင်ကွင်း၍ ဘီးလင်းမြို့အနီးမှ ဖောက်လုပ်သွားမည်ဟုလည်းဆိုသည်။
ရန်ကုန်-ဘန်ကောက် အမြန်လမ်းမကြီးပြီးစီးသွားလျှင် ရန်ကုန်မြို့ အရှေ့ဘက်အခြမ်းရှိ သန်လျင်၊ သုံးခွ၊ ခရမ်းမြို့နယ်များ၊ သနပ်ပင်၊ ပဲခူး၊ ကျိုက်ထိုမြို့တို့သည် စီးပွားရေးစင်္ကြံလမ်းမအသစ်အဖြစ် ပေါ်ထွက် လာမည်ဖြစ်ပြီး လက်ရှိဖွံ့ဖြိုးပြီးဖြစ်သော ရန်ကုန်၊ ထောက်ကြန့်၊ လှည်းကူး၊ အင်းတကော်၊ ပဲခူးစင်္ကြံ လမ်းပိုင်းနှင့် ဟန်ချက်ညီစွာ ဖွံ့ဖြိုးလာမည်ဖြစ်သည်။ အဆိုပါလမ်းပိုင်း၏ အကျိုးကျေးဇူးကြောင့် ရန်ကုန်တိုင်း GDP သည် မြန်မာနိုင်ငံ GDP တွင် ၃၃ ရာခိုင်နှုန်းအထိပါဝင်လာနိုင်မည်ဖြစ်ပြီး နိုင်ငံအတွင်းဆက်စပ် သွားလာမှုသာမက ကုန်သွယ်မှုပမာဏတွင်လည်း တနှစ်လျှင် ပျမ်းမျှအမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ ရှိလာမည်ဖြစ်သည်။
မြန်မာနိုင်ငံ ဒုတိယအများဆုံး ကုန်သွယ်ဘက် ထိုင်းနိုင်ငံနှင့် မဟာမဲခေါင်ဒေသတွင်းနိုင်ငံများဖြစ်ကြသော လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်နိုင်ငံများကပါ မြန်မာနိုင်ငံအတွင်းဖြတ်သန်း၍ သီလဝါဆိပ်ကမ်းမှတဆင့် အခြားပြည်ပနိုင်ငံများသို့ ကုန်စည်များလွယ်လင့်တကူ စီးဆင်းနိုင်မည်ဖြစ်သောကြောင့် နိုင်ငံဖြတ်ကျော် ကုန်သွယ်မှုများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကြောင့် လမ်းဖြတ်သန်းသွားလာအသုံးပြုခများ၊ အခြား အခွန်အခများလည်း ရရှိလာမည်ဖြစ်ကြောင်းသိရသည်။
၎င်းစီးပွားရေးစင်္ကြံလမ်းမအသစ်ကြီးနှင့်အတူ လမ်းဘေးဝဲယာတွင် စီးပွားရေးဇုန်များ၊ သိုလှောင်ရုံများနှင့် ကုန်းတွင်းဆိပ်ကမ်း (Dry Port) များလည်းပေါ်ပေါက်လာနိုင်ပြီး အလုပ်အကိုင်အခွင့် အလမ်းများစွာ ရရှိလာနိုင်ကြောင်း သုံးသပ်နေကြသည်။
Crd..
ခရမ်းစိုးမြင့်

မြန်မာ့ရေတပ်ရဲ့ နှစ် ၇၀ ကျော်သက်တမ်းအတွင်း ပထမဦးဆုံး ရေငုပ်သင်္ဘော ကို တပ်တော်ဝင်အခမ်းအနားပြုလုပ်-----------------------...
24/12/2020

မြန်မာ့ရေတပ်ရဲ့ နှစ် ၇၀ ကျော်သက်တမ်းအတွင်း ပထမဦးဆုံး ရေငုပ်သင်္ဘော ကို တပ်တော်ဝင်အခမ်းအနားပြုလုပ်
-------------------------------------------
၇၃နှစ်မြောက်တပ်မတော်ရေ၏နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို
ဒီဇင်ဘာ ၂၄ ရက်နေ့က သန်လျင်မြို့၊ သီလဝါဆိပ်ကမ်း အနီး ရန်ကုန်မြစ်ထဲမှာ ကျင်းပခဲ့ပြီး မြန်မာ့တပ်မတော်၏ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပါသည်။
မြန်မာ့တပ်မတော်ရေ၏ ၇၃နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ရေတပ်၏ ပထမဆုံးရေငုပ်‌သင်္ဘောဖြစ်သည့် မင်းရဲသိင်္ခသူကို တပ်တော်ဝင်အခမ်းအနားပြုလုပ်ခဲ့ပါသည်။
ဒီနေ့တွင် မင်းရဲသိင်္ခသူ နှင့်အတူ မြန်မာနိုင်ငံတွင်တည်‌ဆောက်ထားသည့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ် ၂ စီး၊ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်(ဒုံးပျံ)တစ်စီး၊ တင့်ကားတင်ကမ်းထိုးရေယာဉ်တစ်စီး၊ ပင်လယ်သွားတွဲဆွဲရေယာဉ် ၂ စီးတပ်တော်ဝင်ခဲ့ပြီး ကာ‌ကွယ်ရေးဦးစီးချုပ်က တက်ရောက်စစ်ဆေးခဲ့သည်။ အခမ်းအနားကိုရုရှားသံအမတ်ကြီးလည်း တက်‌ရောက်ခဲ့သည်။
အဆိုပါရေငုပ်သင်္ဘောကို မြန်မာ့တပ်မတော်သည် အိန္ဒိယရေတပ်မှာဝယ်ယူခဲ့ပြီး ၁‌၉၈၀ ခုနှစ်ခန့်က ရုရှားမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာ့ရေတပ်သည် ၁၉၄၇ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ရေတပ်ဖွဲ့စည်းခဲ့ပြီး နှစ်ပေါင်း ၇၀ ကျော်ကာလရောက်ရှိချိန်မှသာ ရေငုပ်သင်္ဘောကိုရရှိပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

Music Zone မြေနေရာကို နိုင်ငံတော်ပိုင်မြေအဖြစ် ပြန်လည်သိမ်းဆည်း--------------------------------------------------Music Z...
24/12/2020

Music Zone မြေနေရာကို နိုင်ငံတော်ပိုင်မြေအဖြစ် ပြန်လည်သိမ်းဆည်း
--------------------------------------------------
Music Zone မြေနေရာကို နိုင်ငံတော်ပိုင်မြေအဖြစ် ပြန်လည်သိမ်းဆည်းလိုက်ပြီဖြစ်ကြောင်းသိရသည်။
ဒီဇင်ဘာ၂၄ရက် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းနှင့်သီးသန့်တွေ့ဆုံမေးမြန်းရာတွင် Dwave သတင်းဌာနသို့ တရားဝင်ပြောကြားခဲ့သည်။
"မြူးဇစ်ဇုန်ကေတီဗွီ ကိစ္စ လွှတ်တော်မှာ ကျွန်တော်မေးမြန်းတာကို ဝန်ကြီးဌာနက ဒီဇင်ဘာ ၁ရက်နေ့မှာ ဖြေကြားပါတယ်။အဲဒါကို လွှတ်တော်ကအကြောင်းကြားတဲ့စာကတော့ ကျွန်တော့်ဆီ ဒီဇင်ဘာ ၂၃ရက် မနေ့ကရောက်ပါတယ်။ ဝန်ကြီးဌာနကဖြေကြားစာထဲမှာပါတဲ့အရဆိုရင် ပြည်ထောင်စုကြံ့ခိုင်ဖွံဖြိုးရေးအသင်းအနေဖြင့်လျှောက်ထားပြိးနောက်ပိုင်းတွင် နိုင်ငံရေးပါတီအဖြစ်သို့ပြောင်းလဲဖွဲ့စည်းသွားခြင်း၊ အသင်း၏မူလဖွဲ့ ရည်ရွယ်ချက်ဖြစ်သော လူမှုရေးလုပ်ငန်းများ ဖော်ဆောင်ခြင်းမပြုဘဲ ပုဂ္ဂလိကလုပ်ငန်းများတို့ကို ထပ်ဆင့်ငှားရမ်းထားခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသကြိးအစိုးရအဖွဲ့နှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ မူဝါဒ လမ်းညွှန်များဖြင့်မြေအသုံးပြုခွင့်အားရပ်စဲပြီးအစိုးရမြေအဖြစ် ပြန်လည်သတ်မှတ်၍ မြေစီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကျွန်တော်တို့ပြန်ကြားပါတယ်''ဟု ၎င်းကပြောသည်။
မြူးဇစ်ဇုန်မြေနေရာသည် တရားမဝင်ကြောင်းကို ကိုဗစ်ဒုတိယလှိုင်းတွင် ကေတီဗွီဖွင့်လှစ်ရာမှ ကိုဗစ်ရောဂါပိုးကူးစက်မှုကြောင့် လူအများမှသိရှိလာခဲ့ခြင်းဖြစ်သည်။
၎င်းမြူးဇစ်ဇုန်နှင့် ဆက်စပ်၍ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူလူ၉၀ကျော်ရှိခဲ့ပြီး ၎င်းပိုင်ရှင် ဦးဇော်မင်းနှင့်ဆိုင်မန်နေဂျာကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
-D-Wave- မှကူးယူဝေမျှဖော်ပြပါသည်။

အယုံလွယ်သူများထံမှ ငွေကြေးလိမ်လည်ရယူသူ နိုင်ငံခြားသားများပါဝင်ပတ်သက်သည့် ဂိုဏ်း ဖော်ထုတ်ဖမ်းဆီးရမိ -(ရဲဇာနည်)-----------...
23/12/2020

အယုံလွယ်သူများထံမှ ငွေကြေးလိမ်လည်ရယူသူ နိုင်ငံခြားသားများပါဝင်ပတ်သက်သည့် ဂိုဏ်း ဖော်ထုတ်ဖမ်းဆီးရမိ -(ရဲဇာနည်)-
-----------------------------------------------
အယုံလွယ်သူများထံ ယုံကြည်အောင်ပြောဆို၍ Online မှတစ်ဆင့်ဆက်သွယ်ပြီး ဘဏ်သို့ ငွေလွှဲစေကာ MPU ကတ်များအသုံးပြုပြီး လိမ်လည်ရယူသူ နိုင်ငံခြားသားများပါဝင်ပတ်သက်သည့် ဂိုဏ်းတစ်ခုအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။
ဖြစ်စဉ်ခြေရာခံမိသည့် အခြေအနေမှာ မန္တလေးမြို့နေ၊ Tin Yan Naing Facebook Account သို့ Eve Garden Facebook Account အသုံးပြုသည့် အမျိုးသမီးတစ်ဦးမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် စတင်မိတ်ဖွဲ့လာခဲ့ပြီး Facebook ပေါ်၌ ခင်မင်ချိန် (၂)ပတ်ခန့်အတွင်း ၎င်းသည် အမေရိကန်နိုင်ငံသူ၊ ကိုးရီးယားလူမျိုးတစ်ဦးဖြစ်ကြောင်း၊ ဆီးရီးယားစစ်မြေပြင်တွင် ငြိမ်းချမ်းရေး တပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ချိန် အမေရိကန်ဒေါ်လာ (၇၄၀၀၀၀)နှင့် ရွှေချောင်းများရရှိခဲ့ကြောင်း၊ Covid-19 ရောဂါကာလအတွင်း ထိန်းသိမ်းရန်အခက်အခဲဖြစ်သဖြင့် ယခု Account ပိုင်ရှင်ထံ ယုံကြည်သောကြောင့် အပ်နှံထားလိုကြောင်း၊ Delivery နည်းလမ်းဖြင့် ပစ္စည်းများပေးပို့မည်ဖြစ်ကြောင်း ပြောဆိုကာ ပစ္စည်းထုပ်များ၊ ဒေါ်လာများ၏ ဓာတ်ပုံများပေးပို့လာခဲ့ကြောင်း၊ (၂)ရက်ခန့်အကြာတွင် အမျိုးသမီးတစ်ဦး၏အသံဖြင့် ၎င်းအမျိုးသားထံသို့ ဖုန်းဆက်သွယ်လာခဲ့ပြီး ရန်ကုန်လေဆိပ်ပစ္စည်း လက်ခံဌာနမှဖြစ်ကြောင်း၊ ပြည်ပမှပို့လိုက်သည့်ပစ္စည်းများ ရန်ကုန်လေဆိပ်သို့ရောက်နေကြောင်း၊ ပစ္စည်းထုတ်ယူရန် အမေရိကန်ဒေါ်လာ (၁၂၅၀)(မြန်မာငွေ ၁၆၉၀၀၀၀ ကျပ်) ကို Bank Accountသို့ လွှဲပေးရန် (၁)ကြိမ်အပါဝင်၊ ပစ္စည်းထုတ်ယူရန် အကြောင်းအမျိုးမျိုးဖြင့် ငွေ (၃)ကြိမ်ကို Bank Account (၃)ခုသို့ ငွေကျပ်စုစုပေါင်း သိန်း (၁၇၀၀)ကျော် လွှဲပေးခဲ့ကြောင်းသိရှိရပါသည်။
၎င်းလွှဲပေးသည့် ဘဏ်နှင့် Account များကို ခြေရာခံ၍ သက်ဆိုင်ရာဘဏ်များနှင့် ပူးပေါင်းပြီး ငွေလာထုတ်ချိန် ဘဏ်၏ CCTV မှတ်တမ်းများ၊ Bank Account ပိုင်ရှင်များကိုဖော်ထုတ်ရာ လှိုင်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်နေ အသက် (၂၀)ကျော်ဝန်းကျင်ရှိ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၁)ဦးတို့ကို ဖော်ထုတ်ရရှိခဲ့ကြောင်း၊ ၎င်းတို့ (၃)ဦးကို စိစစ်ဖော်ထုတ်ချက်အရ ၎င်းတို့သည် သာမန်လက်လုပ်လက်စားများဖြစ်ကြောင်း၊ ၎င်းတို့ကို (၁၀၀၀၀)ကျပ်စီ ပေး၍ ၎င်းတို့၏ အမည်၊ နေရပ်၊ မှတ်ပုံတင်နံပါတ်များကိုအသုံးပြုပြီး ပုဂ္ဂိုလ်တစ်ဦးမှ MPU ကတ်များ ဘဏ်အသီးသီး၌ ပြုလုပ်စေပြီး ပြုလုပ်ပြီးချိန် ၎င်းပုဂ္ဂိုလ်မှ MPU ကတ်များ ယူဆောင်သွားခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆက် ထပ်မံစိစစ်ချက်အရ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်နေ၊ အမျိုးသား တစ်ဦး၊ ၎င်း၏ဇနီးနှင့် ဇနီး၏ ယခင်အိမ်‌ထောင်နှင့်ရသည့် (၂၃)နှစ်အရွယ်သားတစ်ဦး၊ စုစုပေါင်း (၃)ဦးအား ခြေရာခံဖော်ထုတ်ရမိပြီး ၎င်းတို့မှ သာမန်လက်လုပ်လက်စားများထံမှ MPU ကတ်များကို (၁၀၀၀၀)ကျပ်ဖြင့် ဝယ်ယူခဲ့ကြောင်း၊ ဝယ်ယူရရှိသည့် MPU ကတ်များကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ်၊ (င/က)ရပ်ကွက်နေ နိုင်ဂျီးရီးယားနိုင်ငံသား EZIEFULE (ခ) ABIAZIEN WISDOM နှင့် ၎င်း၏ ဇနီး မြန်မာနိုင်ငံသူ ဒေါ်စိုးစိုးစံ(ခ)နန်းစန္ဒီတို့ထံ MPU တစ်ကတ်လျှင် တစ်သိန်းကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချခဲ့ကြောင်းသိရှိရသဖြင့် နိုင်ဂျီးရီးယားနိုင်ငံသားနှင့် မြန်မာနိုင်ငံသူတို့ကို ဒီဇင်ဘာ (၁၆)ရက်နေ့က ဖမ်းဆီးရမိခဲ့ပါသည်။
နိုင်ဂျီးရီးယားနိုင်ငံသားအား စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းနှင့်အတူ သူငယ်ချင်းဖြစ်သူ အခြားနိုင်ဂျီးရီးယားနိုင်ငံသား(၁)ဦးတို့ ပူးပေါင်းဆောင်ရွက်ကြောင်း၊ ၎င်း၏ သူငယ်ချင်းဖြစ်သူသည် ဒီဇင်ဘာလ (၅) ရက်နေ့က Relief Flight ဖြင့် ရန်ကုန်မှ မလေးရှားသို့ ထွက်ခွာသွားကြောင်း၊ ရဲတပ်ဖွဲ့မှ လေဆိပ် ဝင်/ထွက်မှတ်တမ်းများ စိစစ်ချက်အရ ထွက်ခွာသွားသည်မှာ မှန်ကန်ကြောင်း၊ လိမ်လည်ပုံ စိစစ်ချက်အရ Online မှတစ်ဆင့် ၎င်းတို့သည် ယုံကြည်လွယ်သူ ပစ်မှတ်များ ရှာကြောင်း၊ ယခု အကြောင်းပြဖြစ်စဉ်အပါအဝင် အကြောင်းအရာအမျိုးမျိုးဖြင့် ယုံကြည်အောင် စည်းရုံးပြောဆိုကြောင်း၊ ဖုန်းဆင်းကတ်အမျိုးမျိုးဖြင့် နံပါတ်အမျိုးမျိုးတို့ကို အသုံးပြုကြောင်း၊ တစ်ဖက်သူ ယုံကြည်လာလျှင် ၎င်းတို့ လက်ဝယ်ရှိ MPU ကတ်နံပါတ်များနှင့် သက်ဆိုင်ရာ ဘဏ်များသို့ ငွေလွှဲခိုင်းကြောင်း၊ အမျိုးသမီးဖြစ်သူ ဒေါ်စိုးစိုးစံ(ခ)နန်းစန္ဒီက အမျိုးသမီးအသံများဖြင့် ဖုန်းဆက်သွယ်ပြောဆိုကြောင်း‌ ပေါ်ပေါက်ခဲ့ပါသည်။
ကနဦး စိစစ်ချက်များအရ ၎င်းတို့သည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း (၁၅)ဦး၊ ဇူလိုင်လ အတွင်း (၁၈)ဦး၊ ဒီဇင်ဘာလအတွင်း (၁၈)ဦးတို့ကို ပစ်မှတ်ထားကာ ဆောင်ရွက်ခဲ့ကြောင်း၊ အချို့ ငွေလွှဲပေးသူများရှိသလို လွှဲမပေးသူများလည်းရှိကြောင်း၊ ယုံကြည်၍ငွေလွှဲပေးပြီးနောက် လိမ်လည် ခံရသူများမှ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုဖွင့်ထားမှုများကို ရဲတပ်ဖွဲ့မှတ်တမ်းများအရ စိစစ်ရာ နေပြည်တော်၌ (၁)မှု၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ (၁)မှု၊ တနင်္သာရီတိုင်းဒေသကြီး၌ (၁)မှု၊ ပဲခူးတိုင်းဒေသကြီးအတွင်း၌ (၁)မှု၊ ကချင်ပြည်နယ်၌ (၂)မှု၊ မန္တလေးတိုင်းဒေသကြီး (၂)မှု၊ မွန်ပြည်နယ် (၂)မှု၊ ရန်ကုန်တိုင်းဒေသကြီးတွင်(၁၀)မှု၊ ရှမ်းပြည်နယ်တွင် (၅)မှု ရှိကြောင်း တွေ့ရှိရ ပါသည်။
၎င်းတို့ကို ဖမ်းဆီးချိန်၌ နေအိမ်အတွင်းမှ ဘဏ်ပြေစာ (၄၁)ရွက်၊ ဘဏ်စာအုပ်မျိုးစုံ (၂၅)အုပ်၊ MPU ကတ်မျိုးစုံ (၅၇)ကတ်၊ ဖုန်း (၉)လုံး၊ Laptop (၁)လုံး၊ ငွေကျပ်သိန်း (၁၀၀)ကျော်၊ လေယာဉ် လက်မှတ် (၁)စောင်၊ လေယာဉ် Booking စာရွက် (၃)ရွက်နှင့် Memory Stick (၃)ခုတို့ သိမ်းဆည်း ရမိခဲ့ပြီး လိမ်လည်ရရှိငွေများကို လက်ရှိအချိန်၌ ခွဲဝေသုံးစွဲပြီးဖြစ်ကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဆိုင်ခန်းငှားရမ်း၍ ဒေါ်စိုးစိုးစံ(ခ)နန်းစန္ဒီ မှ စတိုးဆိုင်တစ်ခု တည်ထောင်ရင်းနှီးထားကြောင်း ပေါ်ပေါက်ခဲ့ပြီး နိုင်ဂျီးရီးယားနိုင်ငံသားများ ပါဝင်ပတ်သက်နိုင်သည့် အလားတူဂိုဏ်းများလည်း ရှိနိုင်ကြောင်း ရဲတပ်ဖွဲ့ကသံသယရှိသဖြင့် ဆက်လက်စစ်ဆေးနေကြောင်းနှင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။
-ရဲဇာနည်မှ ဖော်ပြသည်-.

ရန်ကုန်တိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာ လျော့နည်းလာတဲ့အတွက် ကုသရေးစင်တာအချို့ကို Stand by အနေအထားဖြင့် ပိတ်ထားရန် စီစဉ်ထား...
23/12/2020

ရန်ကုန်တိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာ လျော့နည်းလာတဲ့အတွက် ကုသရေးစင်တာအချို့ကို Stand by အနေအထားဖြင့် ပိတ်ထားရန် စီစဉ်ထား
------------------------------------------------------------
ရန်ကုန်တိုင်းဒေသကြီး၌ COVID-19 လူနာများ တဖြည်းဖြည်း လျော့နည်းလာ၍ ကုသရေးစင်တာအချို့ကို Stand By အဆင်သင့် အနေအထားဖြင့် ပိတ်ထားရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက နိုင်ငံပိုင်မီဒီယာ၌ ပြောကြားခဲ့သည်။
အကယ်၍လိုအပ်လာခဲ့ရင် ပြန်လည်ဖွင့်လှစ်နိုင်ဖို့ Stand by ရှိနေမှာဖြစ်ပြီး ကူးစက်မှုလျော့ကျလာခဲ့တဲ့အတွင်း ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းတွေ နားခွင့်ရရှိဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကိုဗစ်ရှိမရှိ စစ်ဆေးမှုနှင့် ကုသမှုတို့ကို ပန်းလှိုင်ဆေးရုံမှာ ဒီဇင်ဘာ ၂၄ ရက်နေ့ကစတင်ပြီး လက်ခံသွားမယ်လို့ သိရပါတယ်။

ဒီဇင်ဘာလအတွင်း ပြည်တွင်း အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း တဖြည်းဖြည်းပြန်တက်လာပြီး ဒီနေ့ ၁၆ ရက်နေ့မှာတော့ လဲလှယ်နှုန်း အမေ...
16/12/2020

ဒီဇင်ဘာလအတွင်း ပြည်တွင်း အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း တဖြည်းဖြည်းပြန်တက်လာပြီး ဒီနေ့ ၁၆ ရက်နေ့မှာတော့ လဲလှယ်နှုန်း အမေရိကန် ၁ ဒေါ်လာကို ၁၃၇၀ ကျပ်နဲ့ KBZ bank ကနေ ကြေငြာထားပါတယ်။

ရပ်နားထားတဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေ စတင်ပြန်လည်ပြေးဆွဲ---------------------------------------------ကိုဗစ် ၁၉ ကပ်ရော...
16/12/2020

ရပ်နားထားတဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေ စတင်ပြန်လည်ပြေးဆွဲ
---------------------------------------------
ကိုဗစ် ၁၉ ကပ်ရောဂါ ကြောင့် စက်တင်ဘာ လတည်းက ရပ်နားထားတဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေ ဒီဇင်ဘာ၁၆ရက်မှာပြန်လည်စတင်ပြေးဆွဲနေပါပြီ။
ပထမဆုံးခရီးစဉ်အဖြစ် Air kBZ လေကြောင်းလိုင်းက ရန်ကုန်-မြိတ် ခရီးစဉ်ကိုပြေးဆွဲခဲ့တာဖြစ်ပြီး ခရီးသည် ၁၂ ဦး ပါဝင်ခဲ့ပြီး မြိတ်ကနေ ရန်ကုန်ကိုပြန်စီးလာသူတွေလည်းရှိခဲ့ပါတယ်။
ဒါ့အပြင် ရန်ကုန်-စစ်တွေခရီးစဉ်ကိုလည်း Air KBZ ကဒီကနေ့မှာပြေးဆွဲခဲ့ပါတယ်။
မြန်မာအမျိုးသားလေကြောင်းလိုင်းကလည်း ရန်ကုန်-လွိုင်ကော်-ဟဲဟိုး-ကျိုင်းတုံ ခရီးစဉ်ကို ပြေးဆွဲခဲ့ပါတယ်။
ခရီးသည်တွေဟာ ၃၆ နာရီ အတွင်းစစ်ဆေးထားတဲ့ ကိုဗစ်၁၉ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှလေယာဉ်စီးနင်းခွင့်ရမှာလည်းဖြစ်ပါတယ်။
-ဘီဘီစီမြန်မာပိုင်း-

ပြည်တွင်းလေကြောင်းလိုင်း ခရီးသွားလာမည့်သူများအား ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးမှုစတင်---------------------------------...
15/12/2020

ပြည်တွင်းလေကြောင်းလိုင်း ခရီးသွားလာမည့်သူများအား ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးမှုစတင်
---------------------------------------------------
ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်များ ဒီဇင်ဘာ ၁၆ ရက်မှစတင်ကာ Covid-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ပြေးဆွဲသွားမည်ဖြစ်၍ ခရီးသွားလာမည့်သူများအား ရောဂါပိုး ရှိ မရှိ စစ်ဆေးမှု ယနေ့(ဒီဇင်ဘာ ၁၅) နံနက်ပိုင်းက စတင်ပြုလုပ်နေပြီဖြစ်သည်။
Covid-19 ရောဂါပိုးရှိမရှိ စစ်ဆေးမှုကို ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် (ဆူးလေးဘုရာအနီး) ရှိ Tourist Burma အဆောက်အအုံနှင့် မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းရှိ ဒေသန္တရဆေးခန်း စသည့်နေရာ ၂ခုတွင် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူကာ (RT-PCR Test) စစ်ဆေးနေခြင်းဖြစ်သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ၄၄ မြို့နယ် (ကိုကိုးကျွန်းမပါ) သည် Stay at Home သတ်မှတ်ထားသည့် မြို့နယ်များဖြစ်၍ Stay at Home ကင်းလွတ်သည့် မြို့နယ်များသို့သွားလာမည်ဆိုပါက (၇) ရက် ကွာရန်တန်း ဝင်ရမည်ဖြစ်သည်။
Stay at Home သတ်မှတ်ထားသည့် မြို့များမှ Stay at Home သတ်မှတ်ထားသော မြို့သို့သွားရောက်မည်ဆိုလျှင် မထွက်ခွာခင် ရောဂါပိုးရှိမရှိ စစ်ဆေးပြီးကြောင်း ထောက်ခံစာပြသရန်လိုအပ်ပြီး ကွာရန်တင်းဝင်စရာမလိုဘူးလို့ သိရှိရပါတယ်။
Stay at Home မသတ်မှတ်ထားသော မြို့များမှ Stay at Home သတ်မှတ်ထားသော မြို့များသို့ သွားရောက်မည်ဆိုလျှင် ကွာရန်တင်း ဝင်စရာမလိုဟု ဖော်ပြထားပါတယ်။
ယင်းအပြင် ပြည်တွင်းလေကြောင်းခရီးသွားများအနေဖြင့် ၃၆ နာရီအတွင်း ကိုဗစ် ကင်းစင်ကြောင်း လက်မှတ်၊ လေယာဉ်လက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(သို့) အခြားသက်သေခံကဒ်ပြား ပြသနိုင်မှသာ လေဆိပ်အဆောက်အအုံအတွင်းသို့ ဝင်ရောက်ခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ကြေညာထားသည်။
ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးပေးတဲ့အခါမှာ RDB Test Kit တွေနဲ့စစ်ဆေးရင် ကျပ်တစ်သောင်းနှုန်းကုန်ကျမှာဖြစ်ပြီး RT-PCR နည်းနဲ့ စစ်ဆေးပါက သုံးသောင်းခွဲကျပ်ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။-New Watch မှ ဖော်ပြသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် လိုက်ပါမည့် ခရီးသည်များ လိုက်နာရမည့် စံသတ်မှတ်ချက်များ------------------------------...
15/12/2020

မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် လိုက်ပါမည့် ခရီးသည်များ လိုက်နာရမည့် စံသတ်မှတ်ချက်များ
----------------------------------------------------------
၁။ ခရီးသည်မှ ခရီးစဉ်နှင့် ရက်သတ်မှတ်ထားသော လက်မှတ်များကို MNA Ticketing Counter များ၊ Website နှင့် နီးစပ်ရာ Travel Agent တို့တွင် ဝယ်ယူရမည်ဖြစ်သည်။
၂။ ခရီးသည်များအနေဖြင့် သက်မှတ်ထားသော နေရာများတွင် ဝယ်ယူထားသော လေယာဉ်လက်မှတ် ပြ၍ ဖြစ်စေ၊ လေယာဉ်ခရီးစဉ်အတွက် ကြိုတင်စာရင်းသွင်းထားကြောင်း အတည်ပြုချက်ပြ၍ဖြစ်စေ Rapid Antigen Diagnostic Test (RDT) Kit ဖြင့် Covid-19 ရောဂါကင်းစင်ကြောင်း ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးရမည်ဖြစ်ပါသည်။ Check-In ပြုလုပ်ရာတွင် ၃၆ နာရီအတွင်းစစ်ဆေးထားသော Negative Test Result ဖြစ်ရပါမည်။
၃ (က)။ ခရီးသည်အနေဖြင့် Rapid Antigen Diagnostic Test တွင် Positive ပြပါက မြန်မာအမျိုးသားလေကြောင်းမှ တိုက်ရိုက်ဝယ်ယူထားသော လက်မှတ်များအတွက် Free Date Change (သို့) Full Refund ပြန်လည်ပေးအပ်ပါမည်။
(ခ)။ Travel Agent မှတစ်ဆင့်ဝယ်ယူထားသော လက်မှတ်များအတွက် မိမိဝယ်ယူထားသော Travel Agent သို့ဆက်သွယ်ပေးရမည်ဖြစ်ပါသည်။
၄။ ယခင် ဝယ်ယူထားသော ပြည်တွင်းလေယာဉ်လက်မှတ်ကိုလည်း ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့မှ စတင်ပျံသန်းမည့် ပြည်တွင်းခရီးစဉ်များအတွက် Free Date Change ပြုလုပ်ပေးပါမည်။
၅။ ပြည်တွင်းလက်မှတ် ဆိုင်ရာ လက်မှတ်ရောင်းချမှု မူလစည်းမျဉ်းသက်မှတ်ချက်များ (Fare Rules) ပြောင်းလဲခြင်းမရှိပါ။
အမှတ်စဉ် (၁) မှ (၄) သည် Covid-19 ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်းဖြေလျော့ပေးထားခြင်းဖြစ်သည်။
မြန်မာအမျိုးသားလေကြောင်း ပြည်တွင်းခရီးစဉ်တွင်လိုက်ပါမည့် ခရီးသွားပြည်သူများအနေဖြင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လေကြောင်းလိုင်းဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းများနှင့် လေယာဉ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက် အားသေချာစွာ ဖတ်ရှုလေ့လာပေးရန် လိုအပ်ပါသည်။
-မြန်မာအမျိုးသားလေကြောင်းမှ ကြေငြာချက်-

ဝီခါ မူဆလင်တွေအပါ် ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်ကို တိုင်ကြားချက် ICC ပယ်ချ----------------------------------------...
15/12/2020

ဝီခါ မူဆလင်တွေအပါ် ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်ကို တိုင်ကြားချက် ICC ပယ်ချ
-----------------------------------------------------
တရုတ်နိုင်ငံအရှေ့ပိုင်း မူဆလင်အများစုနေထိုင်ရာ ရှန်ကျင်းဒေသမှာ ဝီခါမူဆလင်တွေအပေါ် တရုတ်ရဲ့ ကျူးလွန်မှုတွေကို နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံး ICC ကို တိုင်ကြားရာမှာ ပယ်ချခံရတာဖြစ်ပါတယ်။
ပြည်ပရောက် ဝီခါမူဆလင်တွေက တရုတ်ရဲ့ ပြစ်မှုကျူးလွန်မှုတွေက သက်သေအခိုင်အမာ အများအပြားရှိတယ်လို့ ဖော်ပြခဲ့ပြီး ICC ထံကို စွဲချက်တင်နိုင်ဖို့ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
ဝီခါမူဆလင် တစ်သန်းကျော်ကို တရုတ်အစိုးရက ထိန်းသိမ်းရေးစခန်းတွေကို ပို့ဆောင်ခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုအများအပြားရှိခဲ့တယ်လို့ ပြည်ပရောက် ဝီခါတွေက ဆိုပါတယ်။
ထိန်းသိမ်းရေးစခန်းတွေမှာ ဘာသာရေး နဲ့ လူအခွင့်အရေးဆိုင်ရာ အတင်းအကျပ်ဖိအားပေး ချိုးဖောက်မှုတွေအပြင် ဖိအားပေးအလုပ်ခိုင်းစေမှုကိုလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံက ICC မှာ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့အတွက် သူ့နိုင်ငံအတွင်းမှာဖြစ်ခဲ့တာတွေကို အရေးယူစွဲချက်တင်လို့ မရဘူးလို့ ICC က ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။
ဒါ့ကြောင့်လည်း ICC က အင်အားနည်းတဲ့ နိုင်ငံသေးလေးတွေကိုသာ စွဲချက်တင်ဖိအားပေးနိုင်ပြီး နိုင်ငံကြီးတွေဆိုရင်တော့ ထိတောင်မထိရဲဘူးလို့ ဝေဖန်နေကြပါတယ်။

အင်္ဂလန်အသင်းတွေ ကြီးစိုးထားမဲ့ ယူရိုပါလိဂ် ၃၂ သင်းရှုံးထွက်အဆင့်---------------------------------------------ယူရိုပါလိဂ...
15/12/2020

အင်္ဂလန်အသင်းတွေ ကြီးစိုးထားမဲ့ ယူရိုပါလိဂ် ၃၂ သင်းရှုံးထွက်အဆင့်
---------------------------------------------
ယူရိုပါလိဂ် ၃၂ အသင်းအဆင့် ပွဲစဉ်တွေအတွက် မဲခွဲဆုံးဖြတ်ခဲ့ပြီး လာမဲ့နှစ်ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ပြန်လည်စတင်ကစားသွားမှာဖြစ်ပါတယ်။

၃၂ သင်းအဆင့်မှာတော့ အင်္ဂလန်အသင်းတွေထဲက မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်၊ စပါး၊ လက်စတာ တို့ ပါဝင်လာခဲ့ပါတယ်။

လက်ရှိယူရိုပါလိဂ်အနေအထားအရ အင်အားတောင့်တင်းတဲ့ အင်္ဂလန်အသင်းတွေက ဗိုလ်ဆွဲနိုင်ဖို့ ရေပန်းစားနေခဲ့သလို ချန်ပီယံလိဂ်ကနေဆင်းလာတဲ့ မန်ယူအသင်းလည်း ပါဝင်လာခဲ့ပါတယ်။

မန်ယူ၊ လက်စတာ၊ အာဆင်နယ် နဲ့ စပါးအသင်းတို့ကို ယှဉ်ပြိုင်နိုင်မဲ့အသင်းတွေဆိုလို့ သိပ်များများစားစားမရှိဘဲ အေစီမီလန်၊ နာပိုလီ၊ ရိုးမား၊ အေဂျက်၊ လေဗာကူဆင် နဲ့ ဗီလာရီးရဲ တို့လောက်ပဲ ရှိတယ်လို့ ဆိုနေကြပါတယ်။

ဘုရားဖူးတွေနဲ့ စည်ကားလာတဲ့ ရခိုင်၊ ကျောက်တော်က မဟာမြတ်မုနိဘုရား--------------------------------------------စစ်ပွဲတွေ နှစ...
15/12/2020

ဘုရားဖူးတွေနဲ့ စည်ကားလာတဲ့ ရခိုင်၊ ကျောက်တော်က မဟာမြတ်မုနိဘုရား
--------------------------------------------
စစ်ပွဲတွေ နှစ်နှစ်ကျော်ကြာဖြစ်ပွားနေတဲ့ရခိုင်ပြည်နယ်ဟာ ကမ္ဘာ့ကပ်ရောဂါကိုဗစ်ဒဏ်ကိုပါ ခံစားခဲ့ရတာကြောင့် လုံခြုံရေးအရရော၊ ကပ်ရောဂါကူးစက်မှုထိန်းချုပ်ရေးအတွက်ပါ ခရီးသွားလာခွင့်ပိတ်ထားတာ၊ ကန့်သတ်ထားတာတွေရှိခဲ့ပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျော်တော်မြို့၊ ရန်ကုန်စစ်တွေကားလမ်းပေါ်မှာတည်ရှိနေတဲ့ မဟာမြတ်မုနိဘုရားကြီးဟာလည်း တိတ်ဆိတ်ခြောက်ကပ်နေခဲ့တာ အချိန်အတန်ကြာနေခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ တန်ဆောင်တိုင်လပြည့်နေ့ကစလို့ မဟာမြတ်မုနိဘုရားကြီးမှာ ဘုရားဖူးတွေနဲ့စည်ကားစပြုလာနေပြီဖြစ်ပါတယ်။
"လပြည့်နေ့ကစပြီး ပြန်စည်ကားလာတာပါ။ အဲဒီနေ့ကတော့ ဘုရားဖူးတော်တော်များများရောက်ပါတယ်။ ခုရက်ပိုင်းလည်း တစ်နေ့ကို ဘုရားဖူးကား အစီးတစ်ရာကျော်လောက်တော့ ရောက်နေတုန်းပါပဲ''လို့ ဘုရားဂေါပကတစ်ဦးက ဆိုပါတယ်။
ဒီဘုရားကို ဓညဝတီခေတ်မှာ ရခိုင်ဘုရင် စန္ဒသူရိယမင်းက သွန်းလုပ်ပူဇော်ကိုးကွယ်ခဲ့တာလို့ ဘုရားသမိုင်းမှာ ဖော်ပြထားပါတယ်။
"တစ်နှစ်ကျော် နှစ်နှစ်လောက် ဘာမှမရောင်းရတာ ခုမှပဲပြန်စည်ကားလာလို့ပြန်ရောင်းရတာပါ။ဒီလိုပဲ အမြဲတမ်းအေးအေးချမ်းချမ်းဖြစ်နေစေချင်ပါတယ်''လို့ ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
-ဘီဘီစီမြန်မာပိုင်း-

Address

MICT Park, Hlaing Township
Yangon
11101

Website

Alerts

Be the first to know and let us send you an email when Ayar Shwe Pyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share