Theo's Space

Theo's Space My Pace , My Space

Lee Minho , Ahn Hyo Seop, Jisoo, Chae Soo Bin နဲ့ NaNa တို့ပါဝင်သရုပ်ဆောင်ထားတဲ့ Omniscient Reader:The Prophecy ကို Tele...
03/10/2025

Lee Minho , Ahn Hyo Seop, Jisoo, Chae Soo Bin နဲ့ NaNa တို့ပါဝင်သရုပ်ဆောင်ထားတဲ့
Omniscient Reader:The Prophecy ကို Telegram Channel မှာတင်ပေးထားပါတယ်ဗျ

https://t.me/Cine80X


F1:The Movie (2025)IMDB 7.7 , Rotten Tomatoes 82%Sonny Hayes ဆိုတဲ့ကောင်လေးက 1990 ခုနှစ်တွေမှာ Formula 1 ( F1 ) ကားပြိုင...
01/10/2025

F1:The Movie (2025)
IMDB 7.7 , Rotten Tomatoes 82%

Sonny Hayes ဆိုတဲ့ကောင်လေးက 1990 ခုနှစ်တွေမှာ
Formula 1 ( F1 ) ကားပြိုင်ပွဲရဲ့ ပါရမီရှင်လို့ သတ်မှတ်ခြင်းခံရပေမဲ့ ပြိုင်ပွဲအတွင်း မတော်တဆမှုတစ်ခုကြောင့် Formula 1 ပြိုင်တာကိုရပ်နားခဲ့တယ်
နှစ် ၃၀ ကြာပြီးတဲ့နောက်မှာ APXGP အသင်းရဲ့ Owner လည်းဖြစ် သူရဲ့ သူငယ်ချင်းလည်းဖြစ်တဲ့သူက Sonny ကို F1 ​ပွဲတွေ ပြန်လည် ယှဥ်ပြိုင်ဖို့ ပြောတဲ့ အခါမှာတော့....

( ဇာတ်ကားကို အောက်​ကကျွန်တော့်ရဲ့ Telegram Channel လေးမှာ တင်ပေးထားပါတယ် ခင်ဗျ )

https://t.me/Cine80X

ဒီရုပ်ရှင်က တကယ် ကြည့်လို့ကောင်းတဲ့ကား
Admin ရဲ့ Watchlist ထဲ ရောက်နေတာတော့ကြာပြီ
ဒီကားထဲက Actor နောက်တစ်ယောက်ဖြစ်တဲ့
Damson Idris က ရုပ်ရှင်ထဲက ကားနဲ့ Met Gala ကို သွားတဲ့ Clip ကြည့်မိထဲက ပိုကြည့်ချင်သွားတယ်

ဒီကားထဲမှာသုံးထားတဲ့ Soundtracks တွေကလည်း မိုက်တယ်
Tate McRae ရဲ့ Just Keep Watching
Don Toliver နဲ့ Doja Cat ရဲ့ Lose My Mind
အဲ့ ၂ပုဒ် ကိုတော့ ပိုကြိုက်တယ်
Rosé ရဲ့ Messy လေးလည်း အပေါ်က ၂ပုဒ်နဲ့ မတူတဲ့ Vibe လေးရတယ်

တကယ့် F1 Season ရဲ့ F1 ကွင်းတွေမှာ ရိုက်ထားပြီးမှာ တကယ့် F1 Drivers တွေကပါ Cameo အနေနဲ့ ပါထားပါတယ်
Lewis Hamilton, Max Verstappen, Charles Leclerc ,etc...
Lewis Hamilton ဆိုရင် Producer အနေနဲ့ပါ ပါဝင်ထားတယ်

Budget ကိုလည်း $250 Million လောက် ရှယ်သုံးထားတယ်
ရှယ်သုံးထားသလောက် $626.2 Million လောက်ထိ ပြန်ရထားတယ်

ခြုံပြောရရင် ရုပ်ရှင်က Racing Sport Type ထဲမှာ တော်တော်ကောင်းတယ်
ကိုယ်ပါ F1 ကွင်းထဲရောက်နေသလို F1 ကားထဲမှာ ရောက်ပြီး မောင်းနေသလိုမျိုး
တစ် Scene မှ အလွတ်မခံချင်တော့တဲ့ ထိပါဖြစ်တယ်
Gran Turismo (2023) နောက်ပိုင်းမှာ Racing Type ထဲက ရုပ်ရှင်မျိုးတွေက ရှားနေတဲ့ အချိန်မျိုးမှာ
F1:The Movie က အချိန်ပေးရတာ တန်တဲ့ကားမျိုးဆိုတော့ ကြည့်ကြည့် ဖို့ပဲ ညွှန်းရမှာပေါ့



မနေ့ကမှ Netflix မှာထွက်ထားတဲ့ ဓားခုတ်ကောင် ( Mantis ) ဆိုတဲ့ကား တင်ပေးထားပါတယ်Cast တွေကတော့ Squid Game ထဲက သရုပ်ဆောင် တွ...
27/09/2025

မနေ့ကမှ Netflix မှာထွက်ထားတဲ့ ဓားခုတ်ကောင် ( Mantis ) ဆိုတဲ့ကား တင်ပေးထားပါတယ်

Cast တွေကတော့ Squid Game ထဲက သရုပ်ဆောင် တွေဖြစ်တဲ့ Im Si Wan နဲ့ Park Gyu Young တို့ ပါပါတယ်

https://t.me/Cine80X

Review ကတော့ ကျွန်တော်လည်း ခုထိမကြည့်ရသေးလို့ ကြည့်ပြီးရင် လာပြန်ရေးပေးပါ့မယ်😁



Alice in Borderland Season 3 mmsub ကို ကျွန်တော့်ရဲ့ Telegram Channel မှာ တင်ပေးထားပါတယ်ခင်ဗျ 🤍https://t.me/Cine80X
26/09/2025

Alice in Borderland Season 3 mmsub ကို
ကျွန်တော့်ရဲ့ Telegram Channel မှာ တင်ပေးထားပါတယ်ခင်ဗျ 🤍

https://t.me/Cine80X


25/09/2025

ဒီနေ့ ၂၅ ရက်နေ့မှာ Nf ပေါ်မှာ ပွတ်တိုက်မှုလေးတွေ ဖြစ်ပေါ်နေတာလေးတွေ တွေ့နေလို့
ဒီနေ့တစ်ရက် ဘားမှမတင်ဘူးဗျာ ကိုယ့်ပါလာပွတ်နေမှာဆိုးလို့ ကြိုရှောင်ထားမလို့ xD

18×2 Beyond Youthful Days (2024)IMDB 7.4 , Rotten Tomatoes 91%လူတိုင်း အနည်းဆုံး တစ်ကြိမ် တစ်ခါတော့ ချစ်ဖူးကြမှာပါဒါပေမဲ...
24/09/2025

18×2 Beyond Youthful Days (2024)
IMDB 7.4 , Rotten Tomatoes 91%

လူတိုင်း အနည်းဆုံး တစ်ကြိမ် တစ်ခါတော့ ချစ်ဖူးကြမှာပါ
ဒါပေမဲ့ တစ်ယောက် နဲ့ တစ်ယောက် မတူတာက ဘယ်အချိန်မှာ စပြီး အချစ် နဲ့ စတင် ထိတွေ့ ခဲ့ရတာလဲဆိုတာပေါ့
အသက် ၁၈ ၁၉ လောက် ထဲကလည်း ဖြစ်ရင်ဖြစ်မယ်
အသက် ၂၃ ၂၄ မှ စချစ်ခဲ့ဖူးကြတာလည်းဖြစ်ရင်ဖြစ်မယ်
ဒီထက်လျော့ရင်လည်းလျော့မယ် တိုးရင်လည်းတိုးမယ်
ဒါပေမယ့် သေချာတာကတော့ လူတိုင်း ချစ်ခဲ့ဖူးကြတယ်ဆိုတာပဲ ...

ရုပ်ရှင် အညွှန်း

Jimmy က Video Game Development Studio တစ်ခုရဲ့ Founder ဖြစ်ပေမယ့် တစ်ရက်မှာ Board Meeting တစ်ခုကို လုပ်ခဲ့ကြပြီး Jimmy ကို သူကိုယ်တိုင်တည်ထောင်ထားတဲ့ ကုမ္ပဏီကနေ အလုပ်ထုတ်ခဲ့ကြတယ်
Jimmy က စိတ်ဓာတ်ကျပြီး သူ့ရဲ့ မွေးရပ်မြေ မြို့ ဖြစ်တဲ့ Tainan ကို ပြန်သွားတယ်
သူ ငယ်ငယ်က နေခဲ့တဲ့ အခန်းကို သန့်ရှင်းရေး လုပ်နေတဲ့ အချိန်မှာ လွန်ခဲ့တဲ့ ၁၈ နှစ်က ဂျပန်က သူငယ်ချင်း Ami ပေးခဲ့တဲ့ Postcard လေးကို ပြန်ရှာတွေ့ခဲ့တယ်
အဲ့အချိန်မှာပဲ သူနဲ့ ကုမ္ပဏီ အတူတူတည်ထောင်ခဲ့တဲ့ သူငယ်ချင်းက ဂျပန်မှာရှိတဲ့ Bussiness Meeting ကို နောက်ဆုံး အနေနဲ့ လိုက်ခဲ့ဖို့ Jimmy ဖိတ်ခေါ်လိုက်တယ်
Bussiness Meeting ပြီးတဲ့အခါမှာ Jimmy က ကျောပိုးအိတ်တစ်လုံးနဲ့ Japan ကို ခရီး ဆက်ထွက်ခဲ့တယ် ပြီးတော့ Ami ရဲ့ ဇာတိမြို့ကို ဆက်ပြီး ထွက်လာခဲ့တဲ့နောက်မှာ...

( ဇာတ်ကားကို အောက်​က ကျွန်တော့်ရဲ့ Telegram Channel လေးမှာ တင်ပေးထားပါတယ် ခင်ဗျ )

https://t.me/Cine80X

(Spoiler ဖြစ်စေမယ့် အကြောင်းအရာ အနည်းငယ်ပါပါတယ်ဗျ ရုပ်ရှင်ကြည့်ပြီးမှ အောက်က စာကို ဖတ်ရင် ပိုကောင်းမှာပါခင်ဗျ)

Jimmy က Ami ကို စစတွေ့ထဲက သဘောတွေကျနေခဲ့တာ
Ami ကလည်း သဘောကျတယ်လို့ထင်တယ်
သူတို ၂ယောက် ဆိုင်ကယ်နဲ့ မြို့ကို ပတ်တုန်းက ဆိုရင်လည်း ရုပ်က ဖြီးနေတာ နဲ့ သဘောကျလား မကျလား ဆိုတာ သိလိုက်တော့ဗျာ
ပြီးတော့ Ami ကို တစ်မြို့လုံးကို သေချာမြင်ရတဲ့ လှပတဲ့ နေရာလေးတစ်ခု ခေါ်သွားတယ်
Ami က Jimmy ရဲ့ အိပ်မက်အကြောင်းမေးခဲ့တယ်
Jimmy ဘဝ အတွက် Ami က အရမ်း အရေးပါခဲ့တယ်
သူ့ရဲ့ အနာဂတ် အိပ်မက် ကို ရှာဖွေဖို တွန်းအားပေးခဲ့လည်း Ami ပဲ

Jimmy က Ami ကို ရုပ်ရှင်ကြည့်ဖို့ လက်မှတ်ပေးပြီး
အိမ်မှာ မှန်ကြည့် လေ့ကျင့်တဲ့ အခန်းဆိုရင်လည်း ​တကယ်ချစ်မိတဲ့ ယောက်ျားလေးတိုင်းလိုလို အဲ့လိုမျိုး လုပ်တတ်ကြတယ်
ပြီးမှသာ လေ့ကျင်ထားသလို မဟုတ်ပဲ တစ်ခု မဟုတ် တစ်ခု လွဲသွားတာ xD
ရထားပေါ်မှာ နားကြပ် တစ်ယောက် တစ်ဖက် တပ်ပြီး သီချင်းနားထောင် တဲ့ Scene က ဒီကားထဲမှာ အကြိုက်ဆုံး Scene ပဲ

မီးပုံးပျံ လွှတ်တဲ့ Scene မှာ

သူတို့ အိပ်မက်တွေ ပြည့်တဲ့ အခါမှာ သူတို့ ထပ်တွေ့ကြဖို့ ကတိတွေ ထားခဲ့ကြတယ်

ကတိ ဆိုတာ
တန်ဖိုးထားတဲ့ သူအတွက်ဆိုရင် တန်ဖိုးရှိပေမဲ့
တန်ဖိုးမထားတဲ့ သူအတွက်ဆိုရင် သာမန်စကားလုံးသာသာပဲ

ဘယ်လိုမျိုး ကတိ တွေပဲထားခဲ့ပါစေ
အတူတူ မရှိကြတော့တဲ့ အခါမှာ ထားခဲ့တဲ့ ကတိတွေဆိုခဲ့တဲ့ သစ္စာ တွေက အလကား ဖြစ်သွားခဲ့တာပေါ့

ပြီးတော့ Ami ပြောခဲ့တာလေး တစ်ခု ရှိတယ်

` ငါတို့တွေ အသက်ကြီးလာတဲ့အချိန် ဘယ်လိုဖြစ်နေမလဲ ´

အရမ်းရိုးရှင်းတဲ့ မေးခွန်းလေးတစ်ခုပါပဲ
ကျွန်တော်တို့တွေ အသက်ကြီးလာတဲ့ အခါမှာ ဘာတွေ ဖြစ်လာမှာလဲ ဆိုတာ ကျွန်တော်တို့တွေ ကြိုမသိနိုင်ပါဘူး
မနက်ဖြန် ကျွန်တော်တို့ ဘာဖြစ်မလဲ ဆိုတာ တောင် ကျွန်တော်တို့တွေ ကြိုမသိနိုင်ဘူးဗျ
ဒါကြောင့် မဖြစ်လာသေးတဲ့ အနာဂတ်ကို ကြိုတွေးပြီး စိတ်ပူပန် နေမဲ့အစား ယခု ပစ္စုပန် ကိုပဲ ပျော်ပျော်ရွှင်ရွှင် နဲ့ အကောင်းဆုံး ကြိုးစားနေထိုင်ဖို့ပါပဲ

ဇာတ်လမ်းလေးက တော်တော်လေး ကောင်းတယ်
နှေးလည်းမနှေးသလို မြန်လည်းမမြန်ဘူး
ကျွန်တော်အတွက်တော့ သူ့အရှိန်လေးနဲ့သူ စီးမြောရင်းကြည့်သွားရုံပဲ
ကြိုက်တဲ့ Genre ဖြစ်နေလို့လည်းပါတာပေါ့ဗျာ

ဒီကားကို ကြည့်ပြီးရင် ကိုယ် ဘယ်လိုခံစားရလဲ ဆိုတာ ကို Cmt လေးမှာ ဝင်ရေးပေးပါဦးခင်ဗျ 🤍



The Danish Girl (2015)IMDB 7.1 , Rotten Tomatoes 60% ဒီကားက ‌David Ebershoff ရဲ့ 2000 ခုနှစ်ကထုတ်ထားတဲ့ The Danish Girl ...
23/09/2025

The Danish Girl (2015)
IMDB 7.1 , Rotten Tomatoes 60%

ဒီကားက ‌David Ebershoff ရဲ့ 2000 ခုနှစ်ကထုတ်ထားတဲ့ The Danish Girl ဆိုတဲ့ Novel ကို အခြေခံထားတာဖြစ်တယ်

The Danish Girl ဆိုတဲ့ Novel က Lili Elbe လို့ခေါ်တဲ့ လိင်ပြောင်းခွဲစိတ်ကုသမှု ခံယူခဲ့တဲ့ အစောဆုံးလူတွေထဲက တစ်ယောက် အ‌ကြောင်း ‌ရေးထားတာ
ဒါပေမဲ့ ရုပ်ရှင်ထဲက အကြောင်းအရာအချို့နဲ့ Novel ထဲက အကြောင်းအရာအချို့ကတော့ ကွဲလွဲနေတာလေးတွေတော့ရှိတယ်


ရုပ်ရှင်ကို 1920 ခုနှစ်ပိုင်း က Denmark နိုင်ငံရဲ့ မြို့တော် Copenhagen မှာရှိတဲ့ ပန်းချီဆရာ Einar Wegener နဲ့ သူ့ရဲ့ အမျိုးသမီး ပုံတူပန်းချီဆရာမ Gerda Wegener တိုအကြောင်းရိုက်ထားတာဖြစ်တယ်
Gerda က သူ့ရဲ့ ခင်ပွန်းကို သူ့အတွက် မိန်းကလေး မော်ဒယ်အဖြစ် ခဏ နေခိုင်းခဲ့ရာကနေ သူတို့ ၂ ယောက်ရဲ့ ပျော်ရွှင်နေတဲ့ ဘဝ က မထင်မှတ်ထားတဲ့ အလှည့်အပြောင်း တွေနဲ့ ကြုံလာရတယ်

အဲ့ကနေ စပြီးတော့ သူတို ၂ယောက် ဘယ်လို ပြဿနာတွေ ရင်ဆိုင်ရမလဲ ၊ ဘယ်လိုပြဿနာတွေ ဆက်လက်ပြီး တွေ့ကြုံလာရမလဲ ၊ ဘယ်လိုတွေ အဖြေရှာကြမလဲ ဆိုတာ ကတော့......

(အောက်က ကျွန်တော်ရဲ့ Telegram Channel လေးမှာ တင်ပေးထားပါတယ်)

https://t.me/Cine80X

(Spoiler ဖြစ်စေမယ့် အကြောင်းအရာ အနည်းငယ်ပါပါတယ်
ရုပ်ရှင်ကြည့်ပြီးမှ အောက်က စာကို ဖတ်ရင် ပိုကောင်းမှာပါဗျ)

ကျွန်တော့်ရဲ့ ဒီရုပ်ရှင်ကြည့်ပြီးတဲ့ အမြင်ကိုပြောရမယ်ဆိုရင် ၆ နှစ် လောက် အတူတူရှိနေတဲ့ Gerda ကို သနားလည်း သနားတယ်
ပြောရရင် အရင်ထဲက အဲ့လို စိတ်ရှိနေတဲ့ သူ့ယောက်ျားကို Gerda ကိုယ်တိုင်က ပံ့ပိုးပေးလိုက်တယ်လို့ ပြောရမလား ပဲ သူ့အောင်မြင်မှုအတွက် သူ့ယောက်ျားကို အသုံးချခဲ့သေးတယ်လို့လည်း မြင်တယ် ဒါပေမဲ့ သူ့ကြောင့်ကြီးပဲ တော့လည်းမဟုတ်ဘူး
ကာယကံရှင်ကိုက စိတ်မရှိဘူးဆိုရင် ဘာမှ ဖြစ်လာစရာအကြောင်း မှမရှိတာ အဓိက က ကာယကံရှင်နဲ့ပဲ ဆိုင်တာ ဆိုတော့

Einar က ကျတော့ သူကိုယ်တိုင် ဘာဖြစ်ချင်ခဲ့တာလဲ ဆိုတာ မသိခဲ့တာကနေ စတာပဲ
Einar နဲ့ Lili ဆိုတဲ့ နာမည် ၂ ခု ကြားမှာလည်း အာရုံတွေ များနေရတယ်
နောက်ပိုင်း သူတကယ် ဘာကို လိုချင်လဲ ဆိုတာ သိလာတဲ့ အခါကျတော့ သူတကယ် လုပ်ချင်တာ ကို ရအောင် လုပ်သွားတယ် ပဲ ပြောရမှာပေါ့

ဒီထဲမှာ Eddie Redmayne သရုပ်ဆောင်တာ အရမ်းတော်ပါတယ်
မျက်လုံး အပြုံး လက်အထားအသို ကိုယ်နေဟန်ထား လမ်းလျှောက်တာက အစ တကယ်တကယ် အများကြီးတော်ပါတယ်

(ဒါကတော့ ကျွန်တော့်ရဲ့ အမြင်မို့ တခြားသူတွေနဲ့ တချို့အရာလေးတွေ ကွဲလွဲတာလေးတော့ရှိမှာပါဗျ)

ဒီကားကြည့်ပြီး ကိုယ် ဘယ်လို မြင်လဲဆို Cmt မှာ ဝင်ရေးပေးသွားကြပါဦးခင်ဗျ 🤍



Together (2025)IMDB 6.8 , Rotten Tomatoes 90%ဒီကားက ထွက်ထားတာ မကြာသေးဘူးလွန်ခဲ့တဲ့ ၁ လကျော်ကမှ ထွက်ထားတဲ့ Body Horror ကာ...
21/09/2025

Together (2025)
IMDB 6.8 , Rotten Tomatoes 90%

ဒီကားက ထွက်ထားတာ မကြာသေးဘူး
လွန်ခဲ့တဲ့ ၁ လကျော်ကမှ ထွက်ထားတဲ့ Body Horror ကားဖြစ်တယ်

ဇာတ်လမ်းကိုပြောရရင် Millie က Countryside မှာရှိတဲ့ Elementary School တစ်ခုမှာ အလုပ်ရသွားတော့ Millie နဲ့ သူ့ရဲ့ Boyfriend Tim တို့ ၂ယောက်သား Countryside က အိမ်အသစ် ကိုပြောင်းလာရတယ် Tim က Musician
Millie နဲ့ Tim က အတူတူ အမြဲရှိနေပေမယ့် Tim ရဲ့ Parents တွေ ဆုံးသွားပြီးထဲက
သူတို့၂ယောက်ရဲ့ တစ်ယောက်အပေါ် တစ်ယောက်ထားတဲ့ Emotion တွေက နီးစပ်မလာတော့ပဲ တဖြည်းဖြည်း ပိုဝေးကွာလာတယ်

အိမ်အသစ်ကို ပြောင်းလာပြီး နောက်ရက်မှာ သူတို့အိမ်နားမှာ Hiking ထွက်တယ်
တစ်နေရာ အရောက်မှာ တွင်းလိုလို အပေါက်လိုလို တစ်ခုထဲ ၂ယောက်လုံး ပြုတ်ကျသွားတယ်
အပြင်မှာလည်း မိုးတွေ သည်းသည်းထန်ထန် ရွာနေတော့ အဲ့ညကိုတော့ အဲ့ တွင်းကြီး ထဲမှာပဲ တစ်ည နေဖို့ ဆုံးဖြတ်လိုက်ကြတယ် Tim က သူ့နားက ကန်တစ်ခုကနေ ရေခပ်သောက်လိုက်တယ်
မနက်ရောက်တော့ Tim နဲ့ Millie တို့ရဲ့ ခြေထောက်တွေက ကပ်ပြီးနိုးလာကြတယ်
အဲ့နောက်ပိုင်းက စပြီးတော့.............

(ဒီကားထဲက မင်းသား Dave Franco နဲ့ မင်းသမီး Alison Brie က အပြင်မှာလည်း တကယ် လက်ထပ်ထားတာပါ)

ကျွန်တော်က အမှန်တိုင်းပြောရရင် Horror Movie တွေ သိပ်ကြည့်လေ့မရှိဘူး
(ကိုယ့်ဘာသာကိုယ်တောင်မှ အရမ်းကြည့်ချင်လို့ဆိုပြီး
ကြည့်တဲ့ Hannibel Season 1 ကို ပြီးဖို့ ၃လ လောက် အချိန်ယူကြည့်ခဲ့ရတာ ဆိုတော့ xD)

ဒီကားကလည်း သူငယ်ချင်းတစ်ယောက်က ကြည့်ကြည့်ဖို့ပြောလို့ရယ် Page မှာလည်း မတင်ဖူးတဲ့ အသစ်အဆန်းလေး ပြောင်းတင်ချင်တာရယ် ကြောင့် ကြည့်ဖြစ်တာပေါ့


ခြုံပြောရရင်တော့ ရုပ်ရှင်က စိတ်ဝင်စားဖို့ကောင်းတယ် Together ဆိုတဲ့ နာမည်နဲ့လည်း လိုက်တယ်
သူငယ်ချင်းတွေနဲ့ စုပြီးကြည့်ကြည့်
တစ်ယောက်တည်း ကြည့်ကြည့် ကြည့်လို့ကောင်းတယ်
Horror Movie တွေဆိုရင် တော့ ကျွန်တော့်ရဲ့ Personally အရ လူများများနဲ့ ကြည့်ရတာတော့ ပိုကြိုက်တယ်

( ဇာတ်ကားကို အောက်​ကကျွန်တော့်ရဲ့ Telegram Channel လေးမှာ တင်ပေးထားပါတယ် ခင်ဗျ )

https://t.me/Cine80X



The Su***de Squad (2021)IMDB 7.2 , Rotten Tomatoes 90%ပထမကားထက် စာရင် Rating တွေက ပိုကောင်းလာသလို ဇာတ်လမ်းကလည်း ပထမ ကားထ...
20/09/2025

The Su***de Squad (2021)
IMDB 7.2 , Rotten Tomatoes 90%

ပထမကားထက် စာရင် Rating တွေက ပိုကောင်းလာသလို ဇာတ်လမ်းကလည်း ပထမ ကားထက် အများကြီး ပိုကောင်းတယ်
ပါလာတဲ့ ဇာတ်ကောင် တွေကလည်း ပထမကားက ဇာတ်ကောင် တွေထက် ပိုပြီး လုပ်ကွက်ပိုများလာတာဆိုတော့ ကြည့်ရတာလည်း ပို Fun ဖြစ်တယ် Action ခန်းတွေလည်း ပိုပြီးပါလာတယ်

ဒီကားက ကျတော့ Character တစ်ကောင်ချင်းစီရဲ့ Story တွေပါ လိုအပ်သလောက် ထည့်ပေးထားတော့
ပထမကားထဲကလောက် ဇာတ်ကောင်တွေကို စိမ်းနေတယ်လို့ မခံစားရဘူး

အတူတူ ကြည့်တဲ့ သူငယ်ချင်း တစ်ယောက်ဆိုရင် King Shark ထွက်လာတိုင်း ချစ်စရာကြီး ဆိုတာပဲ ထိုင်ပြောနေလို့ ရပ်ပါတော့ ဆိုပြီးပါ ပြောယူရတယ်

(King Shark ရဲ့ Voice Actor က ကျွန်တော်တိုရဲ့ Rambo ထဲက မင်းသားကြီး Sylvester Stallone ဖြစ်ပါတယ်)

ကျွန်တော့်ရဲ့ အကြိုက်ဆုံး Scene ထဲက တစ်ခု ဆိုရင်
ပထမကားထဲက ကြည့်မရတဲ့ Amanda Waller ကို တီးလိုက်တဲ့ အပိုင်းပဲ xD

အကျဥ်းချုပ်လိုက်ရင်တော့ ဒီဒုတိယ ကားထဲမှာလည်း Harley Quinn က မိုက်နေတုန်းပဲ ဟဲဟဲဟဲ

( ဇာတ်ကားကို အောက်​ကကျွန်တော့်ရဲ့ Telegram Channel လေးမှာ တင်ပေးထားပါတယ် ခင်ဗျ )

https://t.me/Cine80X



***deSquad

Su***de Squad (2016)IMDB 5.9 , Rotten Tomatoes 26%Rating တွေက အရမ်း ကောင်းမနေပေမဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရုံတင်ငွေ $...
19/09/2025

Su***de Squad (2016)
IMDB 5.9 , Rotten Tomatoes 26%

Rating တွေက အရမ်း ကောင်းမနေပေမဲ့
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရုံတင်ငွေ $749.2 Million ထိရရှိခဲ့တယ်

ဒီကားထဲမှာ Will Smith နဲ့ Margot Robbie တို့က သူတို့ Character အပေါ် လုံးဝ စိတ်နှစ်ထားမှန်းသိသာတယ်
Will Smith ဘယ်လောက် တော်လဲဆိုရင် သူ့မျက်လုံးကို ကြည့်တာနဲ့တင် သူဘယ်လိုခံစားနေရလဲဆိုတာ ခံစားမိတယ်
ပြီးတော့
Margot Robbie ဆို Harley Quinn
Harley Quinn ဆို Margot Robbie ပဲ ဖြစ်မှ ရမယ်ဆိုတဲ့ အထိ မိုက်တယ်

ဒီထဲမှာ မကြိုက်တာ ပြောရရင် Jared Leto ရဲ့ Joker ပဲ
Joker ဆိုပြီး ခံစားလို့ရမနေဘူး ပိုပဲပိုလွန်းနေတာလား လိုပဲလိုနေတာလား မပြောတတ်ဘူး
သေချာ တာကတော့ Joker ဆိုတဲ့ Vibe မရဘူး
Amanda Willer ဆိုတဲ့ အဖွားကြီးကိုတော့ တစ်ကားလုံးမှာ ကြည့်မရဆုံးပဲ

ကျွန်တော် Su***de Squad ကို ဘာလို့ကြည့်တာလဲဆိုတဲ့ အဓိက အကြောင်းပြချက် ၃ ချက်ပဲ ရှိတယ်

၁ က Margot Robbie ပါလို့
၂ က Margot Robbie ကို ကြည့်ချင်လို့
၃ က Margot Robbie ကြောင့် မို့လို့ကို ကြည့်တာ

ဟဲဟဲ

( ဇာတ်ကားကို အောက်​ကကျွန်တော့်ရဲ့ Telegram Channel လေးမှာ တင်ပေးထားပါတယ် ခင်ဗျ )

https://t.me/Cine80X



***desquad

18/09/2025

ဒီရက်ပိုင်း မအားသေးတာရယ်၊ ရုပ်ရှင် မကြည့်ဖြစ်သေးတာရယ်၊ စိတ် အခြေအနေကလည်း အကောင်းကြီးမဟုတ်သေးလို့ နည်းနည်းပျောက်နေသလိုဖြစ်နေတာပါ
မနက်ဖြန်ဖြစ်ဖြစ် Content တစ်ပုဒ်ရေးပြီးတင်ပေးပါ့မယ်ဗျ 🤍

The Admiral: Roaring Currents (2014)Yi Sun Sin လို့ပြောလိုက်ရင် MLBB ဆော့တဲ့ သူတွေ တော်တော်များများတော့ တန်းသိကြမှာပါဒီရ...
15/09/2025

The Admiral: Roaring Currents (2014)

Yi Sun Sin လို့ပြောလိုက်ရင် MLBB ဆော့တဲ့ သူတွေ တော်တော်များများတော့ တန်းသိကြမှာပါ
ဒီရုပ်ရှင်ကား က Yi Sun Sin ရဲ့ Battle တွေထဲက တစ်ခုကို ရိုက်ထားတာဖြစ်တယ်

Yi Sun Sin အကြောင်းပြောရရင်
သူ့ကို April 28 1545 ခုနှစ်မှာ Hanyang ( အခုခေတ် Seoul) မှာ မွေးဖွားခဲ့တယ်
Clan က Deoksu Yi Clan
သူတို့ရဲ့ မိသားစုက အခွင့်ထူးခံ လူတန်းစားဖြစ်တယ်

သူကငယ်စဥ်ထဲက War Games တွေ ဆော့ရတာကြိုက်တယ် ပြီးတော့ အမြဲတမ်း ခေါင်းဆောင်လုပ်လေ့ရှိတယ်
ဆော့တိုင်းလည်း ဓားနဲ့မြားကို ကိုင်တယ်

ဒါပေမယ့်လည်း သူ့ရဲ့ ဘဝက ကောင်းတာကြီးပဲ ဖြစ်မနေဘူး
သူက Military Examination ကို အသက် ၃၂ နှစ် မှာမှ အောင်မြင်ခဲ့တာဖြစ်တယ်

Yi Sun Sin က တရားမျှတမှု နဲ့ ခေါင်းဆောင်မှု ပြည့်ဝတဲ့သူဖြစ်တယ်
သူက ထက်မြက်ပြီး တရားမျှတမှုရှိလွန်းတာကြောင့် နာမည်ကြီးတယ်
အကျင့်ပြတ်ခြစား တာကိုလည်းမုန်းတယ်
အဲ့တာတွေကြောင့် သူ့ရဲ့ အထက်အရာရှိတွေနဲ့ မကြာခဏ ပွတ်တိုက်မှုတွေဖြစ်တယ် ရာထူးတွေ ချခံရတယ် ထောင်ချခံရတယ် ညှင်းပန်းခံရတယ် နယ်နှင်ဒဏ်ပေးခံရတယ်
သူပြန်လွတ်လာတော့ သာမန်ရိုးရိုး စစ်သားအနေနဲ့ပဲပြန်စစေတယ်
ဒါပေမဲ့ သူ့ရဲ့ ကြိုးစားမှုတွေကြောင့်ပဲ အချိန်ခဏအတွင်းမှာ စစ်ရေးလေ့ကျင့်ရေး ဌာနမှူး အဖြစ်ခန့်အပ်ခံရတယ်
နောက်ပိုင်းမှာ Jeolla ခရိုင်ရဲ့ စစ်သူကြီး အဖြစ် ရာထူးတိုးသွားတယ်

1591 မှာ Yeonsu ဆိုတဲ့ ခရိုင်မှာ ရာထူးအသစ်နဲ့ တာဝန်ထမ်းဆောင်ပြီးတော့ ဂျပန်တွေရဲ့ ကျူးကျော်တပ်တွေကို ရင်ဆိုင်နိုင်ဖို ဒေသတွင်းရေတပ်ကိုဖွဲစည်းခဲ့တယ်
ပြီးတော့ ကိုရီးယား-ဂျပန်စစ်ပွဲ မှာ ကိုရီးယား ရေတပ်ဘက်က အဓိက အနေနဲ့ အသုံးပြုခဲ့တဲ့ Turtle Ship (လိပ်ခုံးသင်္ဘော) ကိုလည်း တည်ဆောက်နိုင်ခဲ့တယ်

Records တွေအရတော့ သူဟာ Battle ပေါင်း ၂၃ ခုထိ အောင်မြင်ခဲ့တယ်
အဲ့ဒီ အထဲကမှ Battle of Myeongnyang နဲ့ Battle of Hansan Island က သူ့ရဲ့ နာမည်အကြီးဆုံး Battle တွေဖြစ်တယ်

ဒီရုပ်ရှင်က Battle of Myeongnyang ကို ရိုက်ထားတာဖြစ်တယ်
ဒီ Battle of Myeongnyang မှာ သူ့ရဲ့ ဘက်ကနေတိုက်မယ့် စစ်သင်္ဘောစုစုပေါင်းက ၁၃ စီး ၊ သင်္ဘောသား အရေအတွက်က အယောက် ၂၀၀
ပြီးတော့ အဲ့ဒီ ၁၃ စီး ထဲမှာလည်း သူ့ရဲ့ Trademark တစ်ခုဖြစ်တဲ့ Turtle Ship တစ်စီးမှ မပါဘူး
အဲ့အချိန်မှာ Joseon ရဲ့ ၁၄ ယောက်မြောက် မင်းဆက် King Seonjo က Yi Sun Sin ကို သူ့ရဲ့ သင်္ဘောတွေ ကိုထားခဲ့ပြီး မြေပြင်က စစ်တပ်ဆီသွားပေါင်းဖို အမိန့်ပေးခဲ့တယ်
ဒါပေမဲ့ Yi Sun Sin က သွားမပေါင်းဘူး ဒီ သင်္ဘော ၁၃ စီးနဲ့ ပဲ ရအောင် ကြံ့ကြံ့ခံဖို့ ကိုပဲ ရွေးခဲ့တယ်

Yi Sun Sin ရဲ့ Battle တွေ အကြောင်းကို Yi Sun Sin Trilogy ဆိုပြီး ၃ကား ထွက်ထားတယ်

- The Admiral: Roaring Currents (2014)
- Hansan: Rising Dragon (2022)
- Noryang: Deadly Sea (2023)
တို့ ဖြစ်တယ်

နောက်နေ့တွေကျရင် Hansan: Rising Dragon နဲ့ Noryang: Deadly Sea ရဲ့ Battle တွေအကြောင်းရေးပေးမယ် စိတ်ဝင်စားကြရင်ပေါ့ 🙄

( ဇာတ်ကားကို အောက်​ကကျွန်တော့်ရဲ့ Telegram Channel လေးမှာ တင်ပေးထားပါတယ် ခင်ဗျ )

https://t.me/Cine80X



Address

Yangon

Telephone

+959799195437

Website

Alerts

Be the first to know and let us send you an email when Theo's Space posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Theo's Space:

Share