
23/08/2025
Golden Land TV Channel သည် ၊ 2025 ခုနှစ် August လ 25 ရက် Monday တွင် ပရိသတ်များအတွက် အစီအစဉ်အသစ်များဖြင့် ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။ အထူးသဖြင့် "FA Time ဟာသဇာတ်လမ်းတို" အစီအစဉ်အသစ်ကို တစ်နေ့လျှင် (၉) ကြိမ်အထိ ထုတ်လွှင့်မည်ဖြစ်ပြီး၊ ပရိသတ်များအတွက် ရယ်မောပျော်ရွင်စေမည့် ဟာသဇာတ်လမ်းတိုများကို တင်ဆက်ပေးမည်ဖြစ်ပါသည်။
ထို့အပြင်၊ နေ့စဉ်နေ့တိုင်း "Why This Movie" အစီအစဉ်များကိုလည်း တင်ဆက်ပေးလျှက်ရှိပြီး၊ Hollywood ဇာတ်ကားများ၊အကအလှများနဲ့ Bollywood ဇာတ်လမ်းကောင်းများ,စိတ်ဝင်းစာဖွယ်ကောင်းသော Korea ဇာတ်ကားကောင်းများ၊ ကျော်ကြားသော Hong Kong ဇာတ်လမ်းကောင်းများနှင့် သားသားမီးမီးတို့အတွက် ကာတွန်းဇာတ်ကားများကိုပါ ထုတ်လွှင့်တင်ဆက်လျှက်ရှိပါသည်။ ပရိသတ်များအတွက် နားသောတဆင်ဖို့ "Why This Song" / "Why This Movie Song" ကိုလည်း တင်ဆက်ပေးလျှက်ရှိပါသည်။
Golden Land TV Channel သည် Free to Air (FTA) ချန်နယ်ဖြစ်သောကြောင့် မြန်မာနိုင်ငံအနှံ့မှ ပရိသတ်များအနေဖြင့် အခမဲ့ ကြည့်ရှုနိုင်ပါသည်။
နောက်ဆုံးသတင်းအချက်အလက်များနှင့် အစီအစဉ်အချိန်ဇယားများအတွက် Golden Land TV Channel ၏ တရားဝင် Facebook စာမျက်နှာတွင် လေ့လာနိုင်ပါသည်။
(free to air)