NRG 360 group

NRG 360 group YOU HAVE A NEED, WE HAVE A SOLUTION

Elon Musk က Twitter ကို ဝယ်ဖို့ကမ်းလှမ်းပြီးမှ မဝယ်တော့ဘူးလို့ ဆုံးဖြတ်တဲ့အတွက် လက်ရှိ Twitter နဲ့ Elon Musk တို့ အမှုဖြ...
11/10/2022

Elon Musk က Twitter ကို ဝယ်ဖို့ကမ်းလှမ်းပြီးမှ မဝယ်တော့ဘူးလို့ ဆုံးဖြတ်တဲ့အတွက် လက်ရှိ Twitter နဲ့ Elon Musk တို့ အမှုဖြစ်နေကြတယ်။ Elon Musk နဲ့ Twitter ဘက်ကလူတွေ ပြောကြတဲ့ Private Message တစ်ချို့လည်း အမှုတွဲထဲမှာ တွဲပါနေလို့ အများကြည့်ချင်ရင် ကြည့်လို့ရနေတယ်။
အဲ့ဒီမှာ လက်ရှိ Twitter CEO ဖြစ်သူ Parag Agrawal က "Elon Musk အနေနဲ့ ပြောချင်ရာကို လွပ်လပ်စွာ ပြောနိုင်ကြောင်း၊ ဒါပေမယ့် တစ်ချို့ Twitter နဲ့ ပက်သက်တဲ့ Elon Musk ရဲ့ အပြောအဆိုတွေကြောင့် သူ့အနေနဲ့ Twitter ကို ပိုကောင်းအောင် လုပ်ရတဲ့နေရာမှာ လုပ်ရကိုင်ရခက်ခဲစေတာကို သိစေလိုကြောင်း" စသည်ဖြင့် ပြောထားတယ်။
ဒါနဲ့ပက်သက်ပြီး Elong Musk က ခပ်တိုတိုပဲ ပြန်ပြောထားတယ်။
"What did you get done this week?" တဲ့။
"စကားများမနေနဲ့၊ လုပ်စရာရှိတာလုပ်" ဆိုတဲ့သဘောမျိုး သက်ရောက်ပြီး လုပ်ငန်းကြီးပိုင်း လူကြီးပိုင်း ယဉ်ကျေးမှုအမြင်နဲ့ ကြည့်ရင် အနည်းငယ် ရိုင်းပြတဲ့ သဘောမျိုး သက်ရောက်တာပေါ့။
ဒါပေမယ့် Elon Musk ဆိုတာ သူကိုယ်တိုင်က အလုပ်အလွန်ကြိုးစားသူတစ်ဦး ဖြစ်ပြီး၊ သူ့လက်အောက်ကလူတွေကို သူ့လိုကြိုးစားမှကြိုက်သူ၊ ပြောစရာရှိရင် ရှေ့မကြည့်နောက်မကြည့် ရှင်းရှင်းဘွင်းဘွင်း ပြောတတ်သူတစ်ဦးဆိုတာ အများစု သိထားကြပြီးသားပါ။ သူက Twitter ဘုတ်မှာ မပါသေးလို့ Twitter CEO ဆိုတာ သူလက်အောက်ကလူ မဟုတ်ပေမယ့် သူ့လက်အောက်ကလူကို ပြောသလို ပြောလိုက်တာဖြစ်လို့ စကားတိုတိုလေးတစ်ခုက အဓိပ္ပါယ်ပေါင်းများစွာနဲ့ အတော် တာ သွားတယ်လို့ ဆိုရမှာပေါ့။
ဒီကိစ္စတွေကို ဒီလောက်ကြီးတော့ စိတ်ဝင်စားလို့ မဟုတ်ပါဘူး။ ဘာဖြစ်နေလဲဆိုတာလောက်ပဲ သိချင်ပြီး အတွင်းပိုင်းအသေးစိတ်တွေတော့ မျက်စိရှေ့ရောက်လာတာကလွဲရင် လိုက်ပြီးတော့လည်း မကြည့်ဖြစ်ပါဘူး။ ဒါပေမယ့် ... "What did you get done this week?" ဆိုတဲ့ မေးခွန်းတိုလေးကတော့ ခေါင်းထဲမှာ အချက်ပေးခေါင်းလောင်းသံတစ်ချို့ မြည်သွားစေတယ်။
အမြဲမပြတ်လေ့လာနေသူတစ်ဦးအနေနဲ့ "ငါဒီနေ့ ဘာပညာရလိုက်လဲ" ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးနေကြပါ။ အမြဲမပြတ် တစ်ခုမဟုတ်တစ်ခုလည်း လေ့လာနေဖြစ်ပါတယ်။
ကံကောင်းထောက်မလို့ ပညာနဲ့အသက်မွေးခွင့်ရပြီး လေ့လာမှုတွေကို မပြတ်လုပ်နေခွင့် ရနေပေမယ့်၊ ထိုင်လေ့လာနေယုံနဲ့ မပြီးသေးပါဘူး။ အသုံးချစရာရှိတာ အသုံးချဖို့၊ လုပ်စရာရှိတဲ့အလုပ်တွေ လုပ်နေဖို့ကလည်း လိုအပ်ပါသေးတယ်။ လူ့ဘဝတိုတိုလေးမှာ အချိန်တွေကို တစ်နည်းမဟုတ်တစ်နည်းအတွက် အကျိုးရှိအောင် အသုံးချနေရမှာပါ။ ကုသိုလ်၊ ပညာ၊ ဥစ္စာတဲ့။ ပညာချည်းရှာနေလို့ မဖြစ်သေးပါဘူး။ ကုသိုလ်လည်းရှာ ဥစ္စာလည်းရှာဖို့ လိုပါသေးတယ်။
"What did you get done this week?" ဆိုတဲ့ မေးခွန်းနဲ့အတူ "ငါ ဒီတစ်ပါတ်အတွင်း (ကုသိုလ်၊ ပညာ၊ ဥစ္စာ ရဖို့) ဘာတွေ ဆောင်ရွက်ပြီးမြောက်ခဲ့သလဲ" ဆိုတာကို ပြန်သုံးသပ်ကြည့်မိလိုက်တဲ့အခါ အမှန်တစ်ကယ် ဆောင်ရွက် ပြီးမြောက်ခဲ့တဲ့ အလုပ်တွေ ထွက်လာသလို၊ ပျင်းရိအချိန်ဆွဲထားမိတဲ့ အလုပ်တစ်ချို့လည်း ထွက်လာတော့တာပေါ့။
ဒီနေရာမှာ အချိန်တွေကို အကျိုးရှိအောင် အသုံးချရမယ်ဆိုလို့ အမြဲမပြတ်ကြီး အလုပ်လုပ်နေရမယ်ဆိုတဲ့သဘောလည်း မဟုတ်သေးပါဘူး။ လူကျန်းမာရေး၊ စိတ်ချမ်းသာရေး ဘက်စုံမျှတမှုရှိဖို့အတွက် အလုပ်လုပ်သင့်တဲ့အချိန်လုပ်၊ အနားယူသင့်တဲ့အချိန်ယူ၊ လေ့လာသင့်တဲ့အချိန်လေ့လာ၊ အပမ်းဖြေသင့်တဲ့အချိန်ဖြေ စသည်ဖြင့် လိုအပ်ပါတယ်။ ကြိုက်မိတဲ့ အဆိုတွေထဲမှာ "အချိန်ဖြုန်းလိုက်လို့ စိတ်ပျော်သွားရင် အဲ့ဒါ အလကား အချိန်ဖြုန်းတာ မဟုတ်တော့ဘူး" တဲ့။ ဒါလည်း ထည့်သွင်းစဉ်းစားစရာပါ။
ဒါကြောင့် အမြဲတမ်း အကျိုးမဲ့ အချိန်ဖြုန်းနေတာ မမှန်သလို၊ အမြဲမပြတ် အလုပ်ချဉ်းပဲ ဖိလုပ်နေရမယ် ဆိုတာမျိုးကလည်း မမှန်တဲ့အခါ၊ ဒီမေးခွန်းလေးဟာ အကောင်းဆုံး မှတ်ကျောက်တစ်ခု ဖြစ်လာတော့တာပေါ့။ "ငါ ဒီတစ်ပါတ်အတွင်း ဘာတွေ ဆောင်ရွက်ပြီးမြောက်ခဲ့သလဲ"...
ဒီလိုသုံးသပ်ကြည့်လို့ ရလဒ်ကို ကျေနပ်နှစ်သက်တယ်ဆိုရင် ကောင်းပါတယ်။ ဒီစွမ်းဆောင်ရည်မျိုး ဆုတ်ယုတ်မသွားအောင် ထိန်းထားရမှာပေါ့။ ဒီလိုသုံးသပ်ကြည့်လို့ ရလဒ်က ကျေနပ်ဖွယ်ရာ မရှိဘူးဆိုရင်တော့ အချိန်ဖြုန်းတာလေးကို သတိထားလျှော့ပြီး အလုပ်လေးတွေကို ပိုလုပ်ပေးရမှာပေါ့။
သူများကိုမေးဖို့ မလိုပါဘူး၊ သူများကို ပြောပြဖို့လည်း မလိုသေးပါဘူး။ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ဖို့ပါပဲ။

"What did you get done this week?"
author: Ei Maung

10/10/2022

ပို့ကုန်သွင်းကုန်ကို ဒေါ်လာဖြင့်လုပ်သည်ဖြစ်စေ၊ ယွမ်ဖြင့်လုပ်သည်ဖြစ်စေ၊ ယန်းဖြင့်လုပ်သည်ဖြစ်စေ၊ ရူပီးဖြင့်လုပ်သည်ဖြစ်စေ ဘာမှမထူးခြားပါ၊ အတူတူပင်ဖြစ်သည်။ ငွေကြေးတမျိုးနှင့် တမျိုး စျေးကွက်ပေါက်စျေးဖြင့် တန်ဘိုးအားလုံးချိတ်ဆက်နေပါသည်။
ပို့ကုန်ကို ယွမ်ဖြင့်ရောင်းလျင် ရလာသည့်ယွမ် 100% ပေါက်စျေးရပြီး ဒေါ်လာနှင့်ရောင်းလျင် ရလာသည့်ဒေါ်လာ 65% ကို discounted rate ဖြင့် CBM သို့ပေးရခြင်းက စျေးကွက်ယှဉ်ပြိုင်မှုကိုပျက်စေသည်။
65% discounted rate ဖြင့်မပေးရရန် ယွမ်နှင့်လုပ်မည်၊ ရူပီးနှင့်လုပ်မည်၊ Border trade လုပ်မည်၊ Sea trade မလုပ်နိုင် ဖြစ်နေလျင် နောက်ဆုံးနစ်နာမည်က မြန်မာပင်ဖြစ်မည်။
သို့သော် Border trade လား၊ Sea trade လား၊ FDI လား၊ Local လား၊ ဒေါ်လာနဲ့လား၊ ယွမ်နဲ့လား၊ ဘတ်နဲ့လား၊ ယန်းနဲ့လား ပေါ်မူတည်၍ မတူကွဲပြားသော 100% 65% 35% ပေါ်လစီများထုတ်ထားခြင်းသည် မျှတစွာယှဉ်ပြိုင်နိုင်ခြင်းကို ဖျက်၍ လက်တလုံးခြားလုပ်လို့ရအောင် ဖန်တီးထားသကဲ့သို့ဖြစ်သည်။
ဥပမာ ဆန်ကွဲတအိတ်ကို sea trade လုပ်လျင် ရန်ကုန်စျေး တအိတ် $ 18 ရပြီး border trade လုပ်လျင် ရန်ကုန်စျေး $ 16 နှင့်ညီမျှသော ယွမ်ငွေကိုသာ နိုင်ငံတော်အနေဖြင့်ဝင်ငွေရနေပါသည်။ သို့သော် 65% ဒေါ်လာကို discounted rate လုပ်ထားသဖြင့် ယွမ်နှင့်ရောင်းမှ တင်ပို့သူက ပိုတွက်ခြေကိုက်နေသောအခါ ယွမ်ဖြင့် ဆန်ကွဲ တအိတ်ရောင်းတိုင်း 2 ဒေါ်လာနာသဖြင့် နောက်ဆုံးနစ်နာသည်က Myanmar economy သာဖြစ်ပါသည်။
ရူပီးဖြင့်ပဲရောင်းလျင်လည်း သာ၍ဆိုးပါမည်။ အိန္ဒိယအကြိုက်ပေါ့။ ရူပီးပိုက်ထားရမည်။ ရူပီးဖြင့်ဝယ်ရသော အိန္ဒိယပစ္စည်းသာပြန်သွင်းရမည်။
Policy makers များ အမြန်သိရှိပြုပြင်နိုင်ပါစေဟု ဆုတောင်းရုံသာ။

Author: Thin Thin Nwe

ချင့်ချိန်ပြီး  စား....တခါကရန်ကုန်မှာဂျပန်မိသားစုတစုလာနေခဲ့ဖူးပါတယ်။  ၉မိုင်မှာအိမ်ခြံငှားပြီးရုံးခန်းလာဖွင့်တာပါ။အဲဒီကု...
09/10/2022

ချင့်ချိန်ပြီး စား....

တခါကရန်ကုန်မှာဂျပန်မိသားစုတစုလာနေခဲ့ဖူးပါတယ်။ ၉မိုင်မှာအိမ်ခြံငှားပြီးရုံးခန်းလာဖွင့်တာပါ။
အဲဒီကုမ္ပဏီမှာကျနော့်သူငယ်ချင်းကအလုပ်လုပ်တယ်။ စနေနေ့ဆိုရင်နေ့တဝက်မို့ အဲဒီသူငယ်ချင်းကိုသွားခေါ်ပြီး တနေရာရာမှာ စားကြသောက်ကြပေါ့။
သူငယ်ချင်းဆီကိုမကြာခဏသွားလည်လေ့ရှိတော့
အဲဒီအိမ်က ဂျပန်တွေမွေးထားတဲ့ခွေးတွေနဲ့လည်း
ရင်းနှီးလာတာပေါ့။ ဒါကြောင့် အဲဒီအိမ်ကိုသွားရင်
ခွေးလေးတွေစားဖို့ပေါက်ဆီတို့အသားပေါင်းတို့ကြက်ကြော်တို့ ဝယ်ဝယ်သွားပြီးကျွေးတယ်။
ကျနော်တို့က တိချစ်သူတွေဆိုတော့ဂျပန်အိမ်ကိုသွားတိုင်း အစာတွေဝယ်ဝယ်သွားပြီး ခွေးလေးတွေကို ဗိုက်ကားအောင်ကျွေးကြတယ်။
တနေ့မှာတော့ အဲလိုကျွေးတာကို ဂျပန်တွေ
သိသွားပြီး တော်တော်စိတ်ဆိုးကြပါတော့တယ်။
ဂျပန်ကဘာပြောသလဲဆိုရင် "ငါတို့ကခွေးတွေကိုစည်းကမ်းတကျပဲကျွေးတယ်၊ အာဟာရကောင်းကောင်းကို နည်းနည်းပဲကျွေးတယ်၊ ဘယ်တော့မှပိုမကျွေးဘူး၊ သူ့အချိန်နဲ့သူ စနစ်
တကျကျွေးတယ်၊ ရေကိုကြိုက်တဲ့အချိန်သောက်လို့ရအောင် ချထားပေးတယ်။ နည်းနည်းပဲကျွေးပေမဲ့သူတို့မဆာဘူး။ အကျင့်ရနေပြီ" တဲ့။
"ခွေးတွေကိုပိုကျွေးရင်ရောဂါဖြစ်ပြီးမြန်မြန်
သေတတ်တယ်။ ပြီးတော့အပျင်းကြီးသွားရော။နောက်ကို ဒီလိုလာမကျွေးပါနဲ့တော့" တဲ့။
ဂျပန်တွေက သူတို့ကိုယ်တိုင်လည်း ဒီလိုပဲစားသောက်နေထိုင်ကြတာဖြစ်တယ်။ နည်းနည်းပဲစားတယ်၊ကောင်းတဲ့အာဟာရတွေကို စနစ်တကျစားတယ်။ ထမင်းပန်းကန်သေးသေးတစ်လုံး၊ ငါးဟင်း၊မီဆိုဟင်းချိုတခွက်။
အဲဒါဟာသူတို့စားတဲ့ ခွက်ချင့်ပုံစံဖြစ်တယ်။ ဒါကြောင့်မို့ ဂျပန်တွေဟာ ကမ္ဘာမှာ အကျန်းမာဆုံးနဲ့ အသက်အရှည်ဆုံးဖြစ်နေတာပေါ့။ ငါးနဲ့အသီးရွက်စားတာတခုတည်းကြောင့် မဟုတ်ဘူး။ ဝက်သား၊အမဲသားတွေလည်းစားတာပဲ။ တကယ်တော့
သူတို့ဟာသင့်ရုံစားပြီး လှုပ်ရှားမှုများလို့ ကျန်းမာအသက်ရှည်ကြတာဖြစ်တယ်။
တချို့လူတွေကဘယ်လိုထင်နေကြသလဲဆိုရင်
"ကာယလုပ်သားတွေက အများကြီးစားဖို့လို
အပ်တယ်လို့ထင်နေကြတယ်"။ မဆိုင်ဘူးဗျ။
နည်းနည်းစားလည်း အားမယုတ်ဘူး။
ပေါ့ပါးလို့ အားပိုရှိတယ်လို့တောင် ခံစားရဦးမယ်။
ကမ္ဘာကျော်ဘော်လုံးသမားတွေကို လေ့လာကြည့်ပါ။ သူတို့ကို Clubတွေက သင့်ရုံလေးပဲ စားခိုင်းတယ်။ သွေးထဲကသကြားဓာတ်မကျအောင် အလေ့အကျင့်လုပ်ခိုင်းတယ်။
အများကြီးမစားပေမဲ့ ကိုယ်ကာယတွေအများကြီးထုတ်သုံးနိုင်ကြတယ်။ အဲဒါနမူနာပဲ။ ညကိုယ်တိုင်လုပ်ကြည့်ရင် သိလာလိမ့်မယ်။
India ငြိမ်းချမ်းရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီက ဘာပြောခဲ့သလဲဆိုရင် "ခပ်နည်းနည်းပဲစားပါ" တဲ့။ "ထမင်းစားပြီးတာတောင် နည်းနည်းဆာနေရဦးမယ်" တဲ့။
"လူကနည်းနည်းဆာနေတဲ့အချိန်ဟာ နေလို့အကောင်းဆုံးပဲ"ဘတဲ့။ "တော်တော်ဆာမှ နည်းနည်းစားပါ" တဲ့။
မဟတ္တမဂန္ဓီဟာ အသက်၈၀ကျော်အရွယ်မှာ ဘာရောဂါမှမရှိဘဲ ကျန်းကျန်းမာမာရှိခဲ့တယ်။ လုပ်ကြံခံခဲ့ရလို့သာ အသက်ဆုံးရှုံးရတာပါ။ အကယ်၍ သူလုပ်ကြံခြင်းမခံရဘူးဆိုရင် အသက်ရာကျော်မယ့်ပုဂ္ဂိုလ်ဖြစ်ပါတယ်။
ဗုဒ္ဓဂါယာကိုဘုရားဖူးသွားလည်ကြတဲ့မိတ်ဆွေတွေ
ပြောပြတာတစ်ခုရှိသေးတယ်။ ဂါယာကိုပတ်ဖို့ ၁၄ရက် ကြာတယ်။ လေအိတ်ကားကြီးတွေနဲ့ပေါ့။၁၄ရက်လုံး တနေကုန်ကားမောင်းတဲ့ Driver က အသက် ၇၀ လောက်ရှိပြီ။
သူဘယ်လိုစားလဲဆိုရင် တစ်နေ့ကို ချာပါတီ၂ချပ်နဲ့သီးစုံပဲဟင်း၂ခွက်၊ လ္ဘက်ရည်၂ခွက်။ ဒါဘဲစားတယ်။ ရေတော့သောက်တာပေါ့။ အသက်၇၀မှာ ဘာရောဂါမှမရှိ၊ ကျန်းမာပေါ့ပါးစွာ အလုပ်လုပ်နိုင်တုန်းပဲ။
ကားပေါ်မှာအိပ်ပြီးလိုက်လာတဲ့ မြန်မာတွေက ခရီးပန်းလို့ လမ်းတောင်ကောင်းကောင်းမလျှောက်
နိုင်ချိန်မှာ သူကတစ်နေကုန်ကားမောင်းပြီး ညနေမှာလည်း ပေါ့ပေါ့ပါးပါးပဲ။ သူတို့ကိုယ်တွေ့ကိုပြောပြတာဖြစ်ပါတယ်။
ကျနော်တို့က စားဖို့သောက်ဖို့အတွက် အဓိကထားပြီး ပိုက်ဆံရှာနေကြရတာဖြစ်နေကြတယ်။ ရှာသမျှကိုလည်း အစားအသောက်အတွက် အများဆုံးသုံးနေကြရတာမဟုတ်သေးဘူး။ ရသတဏှာကိုဦးစားပေးနေတာကို ပြင်ဖို့လိုတယ်။
အစားအသောက်ကတော့ စားရမှာပဲ။ ဒါပေမဲ့ စားတတ်ဖို့လိုတယ်။ အဟာရစုံအောင်စီမံပြီး သင့်ရုံစားဖို့ပဲဖြစ်တယ်။
လူ့ဘဝရဲ့အနှစ်သာရတခုက ကျန်းမာရွှင်လန်းခြင်းပါ။ အစားအစာကို ခပ်နည်းနည်းစားခြင်းက အဲဒီရလဒ်ကို မုချပေးနိုင်ပါတယ်။

Yahoo Company ရဲ့ သမိုင်းမှာ အကြီးမားဆုံး မှားယွင်းမူ—-  —— -— —- —— — — —— —- — —- —- —-♻️ ၁၉၉၈ မှာ Yahoo company ဟာ Go...
09/10/2022

Yahoo Company ရဲ့ သမိုင်းမှာ အကြီးမားဆုံး မှားယွင်းမူ
—- —— -— —- —— — — —— —- — —- —- —-
♻️ ၁၉၉၈ မှာ Yahoo company ဟာ Google company ကို ဒေါ်လာ တစ်သန်း 1 million နှင့် ဝယ်ဖို့အခွင့်အရေး ရခဲ့ပါတယ် , ဒါပေမဲ့ Yahoo company က ( No ) ဆိုပြီး မဝယ်ခဲ့ပါဘူး ။ နောက်တော့ Yahoo ဟာသူ့ရဲ့အမှားတွေကိုသိပြီး Google ကို 3 Billion နှင့်ပြန်ဝယ်ဖို့ ကမ်းလှမ်းပြန်တယ်။ အဲဒီအချိန် Google က 5 Billion ပေးဖို့တောင်းဆိုပြန်တယ် ဒီတစ်ကြိမ်လည်း Yahoo ဟာ ( No ) ဆိုပြီး Google ကို ပိုင်ဆိုင်ဖို့ မဟာ အခွင့်အရေးနောက်တကြိမ် လက်လွတ်ရ ပြန်တယ် ။ လက်ရှိ Google ရဲ့တန်ဖိုးဟာ 1.3 Trillion ရှိနေပြီး Yahoo အတွက်တော့ နောင်တတွေ တစ်ပွေ့တစ်ပိုက်နှင့် မဟာအမှားကြီးကို ကြိတ်မိတ် ခံစားနေရရှာတယ် ။ ဒီလိုနှင့် Yahoo နောက်တစ်ကြိမ် အခွင့်အရေး တစ်ခုထပ်ရပြန်တယ် ဒါကတော့ Facebook company ကိုဝယ်ဖို့ 1 Billion နှင့် ကမ်းလှမ်းခဲ့ရာမှာ Facebook က 1.1 Billion တောင်းဆိုခဲ့တယ် ဒီတစ်ကြိမ်လည်း တစ်ပြားမှ ပိုမပေးနှိင်ဘူးဆိုကာ Yahoo က ( No ) ဆိုပြီး ငြင်းပယ်လိုက်ပြီး နောက်ထပ် မဟာ အခွငိ့အရေးတစ်ခု ထပ်ဆုံးရှူံးပြန်တယ်။ လက်ရှိ Facebook ရဲ့တန်ဖိုးဟာ 358.65 Billion ရှိပါတယ် .. ဒီတစ်ခေါက်လည်း အော် FaceBook ကိုသာဝယ်ခဲ့ရင် ဆိုတဲ့အတွေးနှင့်နောက်ထပ် မဟာအမှားကြီးကို ရင်ဝယ်ပိုက်ကာ ခရီးဆက်ရပြန်တယ်။ ဒီလိုနှင့် 2008 စီးပွါးရေး ကပ်ဘေးကြုံတော့ Yahoo ဟာ company ရပ်တည်နှိင်ရေးအတွက် အတော်လည်းရုန်းကန်နေရကာ Bill Gate Microsoft company က 44.6 Billion နှင့် company ကို ဆက်လက် ရပ်တည်ဖို့ ကမ်းလှမ်းခဲ့ရာ ဒီတစ်ကြိမ်လည်း Yahoo က ( No ) ဆိုပြီး ကမ်းလှန်းမူကို ငြင်းပယ်လိုက်တယ်။ ဒီလိုနှင့် Yahoo company ဟာ company ရှေ့ဆက်ရပ်တည်ဖို့တောင် အတော်လည်း ရုန်းကန်နေရပြီး 2016 မှာတော့ Yahoo ဟာ တစ်နှစ်ကို 4 Billion လောက် company အရူံးပေါ်ပြီးတန်ဖိုးကျဆင်းလာရာ နောက်ဆုံးတော့ Verizon companyကို မဖြစ်မနေ ရောင်းရတော့မဲ့ အခြေအနေ တစ်ခုကို ရင်ဆိုင်လာရပါတော့တယ်။ Yahoo company ရဲ့မှားယွင်းမူဟာ နောက်ဆုံးတော့ သမိုင်းမှာ ကမ္ဘာ့စျေးအကြီးဆုံး မဟာအမှားအဖြစ် မှတ်တမ်းတင် သတ်မှတ်ထားပါတယ်။

✍️ ဘရန်ဆိုင်း

Address

ZeZaWar, 2nd Street, 2 Ward
Yangon
11031

Alerts

Be the first to know and let us send you an email when NRG 360 group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share