The Nature Media

The Nature Media သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသတင်း?

05/11/2025

I got over 4,000 reactions on my posts last week! Thanks everyone for your support! 🎉

ပူတာအို တောင်တန်းတွေ နှင်းမဖွေးသေးပါနို၀င်ဘာ ၄ရက်။နို၀င်ဘာလမှာ မိုးရွာပေမယ့် မိုးတိတ်သွားရင် တောင်တန်းတွေဟာ ဟိုးအရင်တုန်...
04/11/2025

ပူတာအို တောင်တန်းတွေ နှင်းမဖွေးသေးပါ

နို၀င်ဘာ ၄ရက်။

နို၀င်ဘာလမှာ မိုးရွာပေမယ့် မိုးတိတ်သွားရင် တောင်တန်းတွေဟာ ဟိုးအရင်တုန်းက တွေ့ခဲ့ရသလို နှင်းတောင်တန်းတွေအဖြစ် ဖြူဖွေးနေမယ်လို့ ပူတာအို ဒေသခံတွေက မျှော်လင့်ကြပါတယ်။

ကချင်ပြည်နယ်၊ ပူတာအိုဒေသမှာ ခါကာဘိုရာဇီအပါအ၀င် နာမည်ကြီးရေခဲတောင်တွေ ပေါပေါများများတည်ရှိပါတယ်။ အဲဒီထဲက ပူတာအိုမြို့နယ်ထဲကနေ လှမ်းမြင်ရပြီး ရေခဲတောင်တွေဖြစ်တဲ့ လုံခရုမာဒင်၊ ဖန်ဂလန်၊ ဖုန်ရင်နဲ့ ဇီယာတောင်ကြောတလျှောက်မှာ မြန်မာပြည်ဘက်က ကြည့်မယ်ဆိုရင် ရေခဲ လုံး၀မတွေ့ရသေးဘူးလို့ Northern Wildlife Rangers အဖွဲ့က ဆိုထားပါတယ်။ ဒါပေမယ့် မဒွယ်ရာဇီတောင်ထိပ်မှာတော့ ရေခဲအနနည်းငယ်တွေ့မြင်လာရပါတယ်လို့ ဆိုပါတယ်။

"မြန်မာကတော့ အစွန်ဖျားကျတော့ ရေခဲ့ မတင်နိုင်သေးဘူးထင်တယ်။ ညအနည်းငယ် အေးပေမဲ့ နေ့မှာပူပါတယ်။ မြေးမြစ်တွေ လက်ထက်ကြရင် ရေခဲတောင်တွေ ဒီထက် မြင်ရဖို့ ခက်သွားမလား မသိပါဘူး။ ဒီကိစ္စ ကမ္ဘာချီပြီဖြစ်လာတော့ မတက်နိုင်ဘူးလေ။ ဘာပဲဖြစ်ဖြစ် ဒေသခံတွေက အနည်းဆုံး‌တော့ ကိုယ်ပတ်ဝန်းကျင် သစ်တော သစ်ပင် သဘာဝ သယံဇာတတွေ ကို တန်းဖိုးထားကြဖို့ အရမ်းမမှီခိုဖို့နဲ့ လိုအပ်သလောက်ပဲ ယူပြီး မဖြုန်းတီကြဖို့" ပူတာအိုဒေသက သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး ပညာရှင်တယောက်က ဆော်အော်တိုက်တွန်းထားပါတယ်။

အခုလိုမျိုး ရေခဲတောင်တွေမှာ ရေခဲမကျသေးတာကို လွန်ခဲ့တဲ့ ရာသီဥတု ဖောက်ပြန်တဲ့ နှစ်တွေမှာလည်း ကြုံဖူးပြီး၊ ဖေဖော်၀ါရီလလောက်ရောက်မှသာ နှင်းတောင်တန်းတွေအဖြစ် ဖြူဖွေးနေတာကို မြင်ရတတ်တယ်လို့လည်း ဆိုထားပါတယ်။


The Nature Media
Credit - Northern Wildlife Rangers
Photos credit - Putao Beauty Travels & Tours

မိုးလေ၀သပညာရှင် ဦး၀င်းနိုင်မှ ကြေညာသည်ဟုဆိုကာ သတင်းမှားဖြန့်ဝေနို၀င်ဘာ ၄ရက်။ ၄ရက်နေ့၀င်မယ့် မုန်တိုင်းကြီး အရေးပေါ်ကြေည...
03/11/2025

မိုးလေ၀သပညာရှင် ဦး၀င်းနိုင်မှ ကြေညာသည်ဟုဆိုကာ သတင်းမှားဖြန့်ဝေ

နို၀င်ဘာ ၄ရက်။

၄ရက်နေ့၀င်မယ့် မုန်တိုင်းကြီး အရေးပေါ်ကြေညာပြီဟု ဆိုကာ AR Studio အမည်ပေးထားသည့် ဖေ့စ်ဘွတ်လူမှုကွန်ယက်စာမျက်နှာတခုက ဖြန့်ဝေခဲ့ပါသည်။

ယင်းနှင့်ပတ်သက်၍ မိုးလေ၀သပညာရှင် ဦး၀င်းနိုင်က "မိုးလေဝသသတင်းဆိုတာ လူတွေကို အကျိုးပြုရန်အတွက်သာဖြစ်တယ်ဆိုတာ နားမလည်တဲ့သူတွေက အခုလို ထင်ယောင်ထင်မှားတွေ တင်တတ်ပါတယ်။ ကျနော်တင်တာမဟုတ်သလို ဓါတ်ပုံပါယူသုံးထားတဲ့အတွက် အဲ့ဒီ page ကို လဲ block ထားပါတယ်။ အားလုံးသိအောင် တင်ပေးလိုက်တာပါ။" ဟု ၎င်း၏ ဖေ့စ်ဘွတ်လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးထားပါသည်။

Credit Win Naing

#သတင်းမှားဖြန့်ဝေ

မြန်မာ့ဌာနေဖွား ရှားပါးရေချိုလိပ်မျိုးစိတ် ပြန်လည်တွေ့ရှိ နိုင်၀င်ဘာ၊ ၂၊ ၂၀၂၅။အချိန်ကြာမြင့်စွာ မတွေ့ရှိရသော စင်းကျားလိပ...
02/11/2025

မြန်မာ့ဌာနေဖွား ရှားပါးရေချိုလိပ်မျိုးစိတ် ပြန်လည်တွေ့ရှိ

နိုင်၀င်ဘာ၊ ၂၊ ၂၀၂၅။

အချိန်ကြာမြင့်စွာ မတွေ့ရှိရသော စင်းကျားလိပ်မျိုးစိတ်အား မကွေးတိုင်း၊ စလေမြို့နယ်၊ လက်ပန်ကျွန်း(ဇီးခုံ) ကျေးရွာတွင် အောက်တိုဘာ ၂၈ရက်က Fauna & Flora နှင့်အတူ ပူးပေါင်းဆောင်ရွက်သော ရေလုပ်သား ထိန်းသိမ်းရေးအဖွဲ့မှ တွေ့ရှိမှတ်တမ်းရရှိခဲ့ပါသည်။

၎င်းလိပ်မျိုးစိတ်သည် IUCN red list တွင် မျိုးသုဉ်းရန် အလွန်နီးသောအဆင့်(Critically Endangered)ရှိမြန်မာ့ ရေချိုလိပ်မျိုးစိတ် တခုဖြစ်ပါသည်။

"၂၀၀၁ ခုနှစ် လင်းပိုင်လေ့လာရေး (WCS) ဧရာဝတီမြစ်(အဆန်) မန္တလေး -ဗန်းမော်ခရီးစဥ် ကြာညှပ်ရွာမှာ မှတ်တမ်းတင်ထားပြီးသလို၊ ၂၀၀၆ ခုနှစ် လိပ်ခုံးစောင့်ရှောက်ရေး(FD + WCS +TSA)အဖွဲ့ငယ်လေးက ရပ်နားရွာနဲ့ ကောင်းဟိန်ကြားမှာတွေ့ရလို့ မှတ်တမ်းတင်ခဲ့ပြီးဖြစ်ပါတယ်။ အတော့်ကိုရှားနေပြီလို့ယူဆနိုင်တဲ့ မြန်မာ့ဌာနေဖွားမျိုးစိတ်ပါ ခင်ဗျာ။ အခုလို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ရေ လုပ်သားများကို အထူးကျေး ဇူးတင်ပါကြောင်းမှတ်တမ်းတင်ပါတယ် ခင်ဗျာ" လို့ အဆိုပါလိပ်မျိုးစိတ် ပြန်လည်တွေ့ရှိမှုနဲ့ပတ်သက်ပြီး ထိန်းသိမ်းရေးပညာရှင်တဦးက မှတ်ချက်ပြုထားသည်ကို တွေ့ရှိရပါသည်။

စင်းကျားလိပ်ကို သိပ္ပံအမည် -Chitra vandijkii၊ အများသုံးအမည်- Myanmar Narrow- headed Softshell Turtleနှင့် ဒေသသုံးအမည်အဖြစ် စင်းကျားလိပ်၊ ခေါင်းသေးလိပ်၊ ရှမ်းကြီးလက်မောင်းလိပ်၊ လိပ်ဖရဲဟု ခေါ်ဝေါ်ကြပါသည်။

ယခင်က ကချင်၊ ရှမ်း၊ မွန်၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ဧရာဝတီ၊ ပဲခူး အစရှိသည့် ပြည်နယ်/တိုင်းများတွင် တွေ့ရှိရသည်ဟု မှတ်တမ်းများရှိသော်လည်း နောက်ပိုင်း မတွေ့ရှိရသည်မှာ အချိန်ကြာမြင့်ပြီဖြစ်ပါသည်။

Credit-

“ ဆင်မကြီး မိုမို ( သို့မဟုတ် ) ပြည်သူတို့အသဲနှလုံးကြားမှ ရွှေသည်းခြေ “=======ဆရာဒေါက်တာ မြင့်သိန်း ( B . V . Sc )ရဲ့ ဆေ...
25/10/2025

“ ဆင်မကြီး မိုမို ( သို့မဟုတ် ) ပြည်သူတို့အသဲနှလုံးကြားမှ ရွှေသည်းခြေ “
=======

ဆရာဒေါက်တာ မြင့်သိန်း ( B . V . Sc )ရဲ့ ဆောင်းပါးကို The Nature Mediaကပြန်လည်ဖော်ပြခြင်းဖြစ်သည်။

ဆင်မကြီး မိုမို ကားယခုအခါအသက်၇၂နှစ်ပြည့်ခဲ့လေပြီ ။ သို့ပေမဲ့ကျွန်တော်ရန်ကုန်တိရစ္ဆာဉယျာဉ်သို့ စတင်အလုပ်ဝင်ရောက်ချိန်မှာတော့ ဆင်မကြီးကားအသက်၂၇နှစ်အရွယ်ဆင်မလေးမိုမိုအဖြစ်နှင့် ရှိဆဲသာဖြစ်ပေသည် ။ ထိုအရွယ်ထိုကာလမှာတော့ဖြင့်ဆင်မလေးကား ရွှင်ရွှင်မြူးမြူး ၊ ရွှင်ရွှင်လန်းလန်းနှင့် ခေတ်စကားနှင့်ဆိုရသော ဖလန်းဖလန်းသာဖြစ်နေတော့သည် ။ ဆင်တစ်ကောင်ဖြစ်သည်နှင့်အညီ ကြွက်သား အစိုင်အခဲများကလည်း သူ့နေရာနှင့်သူဖြိုးဖြိုးမောက်မောက်ရှိလွန်းလှသည် ။

သူမ၏ဉီးခေါင်းကလည်း မကြီးလွန်း ခန္ဓာ ကိုယ် ကလည်း မသေးလွန်း သို့အတွက်ဆင်မလေးကားခန္ဓာကိုယ်အချိုးအစား ကျနသော ချစ်စဖွယ်ဆင်ချောမလေးတစ်ကောင်ပါ ။ ထိုမျှပင်မဟုတ်သေး ၊ ဆင်မလေးကား လက်ကလေးတစ်ဘတ်‌ မြောက်ကာမြောက်ကာ ခေါင်းကလေးကလည်း ခါကာခါကာနှင့်ဧည့်ပရိတ်သတ်အပေါင်းအားမမောမပန်း မနေမနား မနွမ်းမနယ် ကပြအသုံးတော်ခံတတ်ခြင်း မှာလည်းသူမ၏ချစ်စဖွယ်အကျင့်လေးတစ်ခုပင် ဖြစ်တော့သည် ။

တစ်ပတ်တစ်ခါ ညဂျုတီကျ၍ ဆင်မလေး ရှိရာဆင်ရုံကို ည ၁၀ နာရီခန့်ရောက်ရှိသွား သောအချိန်တိုင်းဆင်မလေးကား သူ့သူငယ်ချင်းများဖြစ်ကြသည့်ဆင်မ မတိုး ဂျင်းဖေါ် မရမ်းကော့ မိုးမိတ် နှင့်ဆင်ထီးကြီးအောင်တိုးတို့နှင့်အတူပိုးလိုးပက်လက်အိပ်ပျော်နေကြ သည်မှာအလွန်ပင် ကြည့်ရူ့၍ မဝကြည်နူးဖွယ်မြင်ကွင်းများပင်ဖြစ်တော့သည် ။

သူတို့တွေက အိပ်နေကြရုံ တင်လားဆိုတော့ ထိုမျှပင် မကသေး ၊ သူတို့အားလုံး၏ဝမ်းခေါင်းအားဖြင့်ဟောက်သံများကလည်းအပြိုင်အဆိုင်ရယ်ပါ ။ တိရစ္ဆာန်ဉယျာဉ်တို့ မည်သည် သူတို့အတွက် ဘေးကင်းလုံခြံအေးချမ်းရာနယ်မြေကြီးဖြစ်သည်ကို အသဲစွဲမှတ်ယူထားသည့်နှယ် ခြေပစ်လက်ပစ်အိပ်ပျော်လျက်ရှိကြလေသည် ။

သို့အတွက်ကြောင့်လည်း ကျွန်တော်တို့ ညဂျုတီသမားများအဖို့ လည်းအားလုံးခြေသံလုံလုံ ဆူညံမူကင်းကင်း အသံတိုးတိုးတိတ်တိတ် ဖြင့်သာ ဆင်တွေကို စစ်ကြကြည့်ကြရသည် ။

အကယ်၍များ ဆင်မလေးမိုမိုသာနိူးသွားခဲ့သည်ရှိသော် အတင်းပင်လူးလည်းထပြီး ကျွန်တော်တို့ကို ခေါင်းလေးခါခါကပြနေသည်မှာ အဆုံးသတ်လိမ့်မည် မဟုတ်တော့ သည်ကဧကန်မုချသာဖြစ်သည် ။

အော် - ဘာလိုလိုနှင့်ယခုတော့ဆင်မလေးသည် ရန်ကုန်တိရစ္ဆာန်ရစ္ဆာန်ဉယျာဉ်အတွင်း နှစ်ပေါင်း၆၅ နှစ်ကျော် တိုင်နေထိုင် ခဲ့ပြီး ပေပြီ ။ ဆင်မလေး မိုမို အဖြစ်မှသည် အသက် ၇၂ နှစ်အရွယ်ဆင်မကြီး မိုမို လည်းဖြစ်လာခဲ့ ပေပြီ ။

ဆင်တို့၏ သက်တမ်းကိုလည်း ကောင်းစွာကျော်လွန်၍လာခဲ့ပြီးဖြစ်ပါသည် ။ သို့ပါသော်လည်း မိုမိုကြီးကားပြောရမည် ဆိုလျင်တော့ဖြင့်ယနေ့ထက်တိုင်ကျန်းမာနေဆဲသာဖြစ်သည် ။ နေ့စဉ်နေ့တိုင်းမနက်တိုင်းတိရစ္ဆာန်ဉယျာဉ်အတွင်းသူ့သူငယ်ချင်းများနှင့်အတူပုံမှန်လမ်းလျောက်နေဆဲသာဖြစ် သည် ။

လမ်းလျောက်၍ပြန်လာ ဆင်အားလုံး ရေချိုးမိုးချိုးလုပ် ၊ ပြီးတော့စုစုပေါင်းပေါင်းနှင့် နံနက်စာ ( Breakfast ) တွေစားကြပုံက အလှူအိမ်မှာဆွမ်း ကျွေးနေ သလားအောက်မေ့ရသည် ။ တရုန်းရုန်းနှင့်ပေါ့လေ ။ အဲ - အဲဒီနောက်တွေမှာတော့ ဧည့်သည်တွေက တဖြည်းဖြည်းနှင့်ဝင်လာကြလေပြီ ။

လာရောက်သူတိုင်းကလည်း ဆင်တွေကိုမြင်တိုင်း မိုမို ရေဟုဝမ်းသာအားရ အော်ကြခေါ်ကြတော့သည် ။ ဤအချိန်ဤကာလမှစတင်၍ မိုမို နှင့် ရန်ကုန်တိရစ္ဆာဉ် ဉယျာဉ် - ရန်ကုန်တိရစ္ဆာဉ်ဉယျာဉ် နှင့် မိုမို တို့သည် ခွဲခြားမရနိုင်တော့ပါ ။

ရန်ကုန်တိရစ္ဆာဉ် ဉယျာဉ် ကြီးသည် မိုမို ဟုခေါ်သော ဆင်မကြီး၏ ပျော်စံရာကမ္ဘာကြီးသာဖြစ်ချေတော့သည် ။ ဧည့်သည်များအစုအပေါင်းက ခေါ်အော်နူတ်ဆက်ကြသည့် အဲ့လိုအချိန်မှာ မိုမိုကြီး ဘတ်ကလည်းဝတ္တရားမပျက်ရပါ ။ ရှင် - ရှင် ဟူ၍သာတွင်တွင်ထူးတော့သည် ။ အကယ်၍များ မိုမို သာစကားပြောတတ်ခဲ့မယ်ဆိုရင် ကျေးဇူးတင်ပါတယ် ရှင့် လို့များ ဆက်ပြောနေလေမလား ကျွန်တော်စဉ်းစားနေမိတော့သည် ။

ဆက်လက်၍ ဤနေရာတွင် ပြောပြချင်နေမိသည်က ဆင်မကြီး မိုမို အပေါ်ချစ်မြတ်နိုးသောစိတ်ကိုအခြေခံ၍ ဆင်မကြီး၏ကျန်ရှိသောဘဝအစိပ်အပိုင်းကို ဆင်တို့၏မူလကျင်လည်ကျက်စားရာသဘာဝတောအတွင်း တွင်သာပြန်လည်လွှတ်ပေးစေလိုသောဆန္ဒရှိကြသည့် ဆင်မ မိုမို ၏ဧည့်ပရိတ်သတ်အချို့ကိုကျွန်တော်အထူးပင် ကျေးဇူးတင်နေမိသည် ။ မိုမို အပေါ် စာနာမူ ရှိကြသည်ကိုမြင်တွေ့ရ၍လည်းဝမ်းမြောက်ရမိပါသည် ။

တောရိုင်းတိရစ္ဆာန်တစ်ကောင်အား တိရစ္ဆာန်ဉယျာဉ်တစ်ခုမှသဘာဝတောအတွင်းသို့ပြန်လွှတ်ခြင်းသည် အခြေအနေအရပ်ရပ်တစ်ခုတွင်ကောင်းမွန်မှန်ကန်နိုင်သော်လည်း ယခုကဲ့သို့သက်ကြီးရွယ်အိုဆင်မတစ်ကောင် အား သဘာဝတောအတွင်းပြန်လည်စေလွှတ်ခြင်း ( သို့မဟုတ် ) ထားရှိခြင်းသည် ၎င်း၏ကျန်းမာရေးကို အဓိကထားစိမ်ခေါ်မူများဖြစ်လာနိုင်ပါသည် ။ အထူးသဖြင့် သွားများပွန်းပဲ့ပျက်စီးလာကြပါသဖြင့် တောအတွင်းအစာကြမ်းများကို ကောင်းစွာဝါးနိုင်တော့မည်မဟုတ်ပဲ အစာငတ်ကာသေဆုံးနိုင်ပါသည် ။ ထိုအပြင်အစာအတွက်အစာရှာဖွေသွားရခြင်းများအတွက်အရိုးအဆစ်များနာကျင်မူခံစားရနိုင်စေပါသည် ။

မိုမို သည် နှစ်ပေါင်း ၆၅ နှစ်ကျော်တိုင်တိုင် ရန်ကုန်တိရစ္ဆာဉ် ဉယျာဉ်အတွင်းတွင်သာနေထိုင်ခဲ့ပါသဖြင့် သဘာဝ တောအတွင်း အစာရှာဖွေခြင်း ရေအရင်းအမြစ်နေရာရှာဖွေခြင်း ၊ အဆိပ်ရှိသောအပင်များအားရှောင်ရှားခြင်း ၊ အစရှိသည့်အခြေခံစွမ်းရည်များကျွမ်းကျင်တော့မည်မဟုတ်ပါချေ ။ထိုအပြင်သဘာဝတောအတွင်းသားရဲ တိရစ္ဆာန်များကိုလည်းရှောင်ရှားရန် ( သို့မဟုတ် ) ကာကွယ်ရန် တောတွင်းဗီဇအသိ ( Wild instinct ) များ နင့်အတွေ့အကြုံများလည်းလုံးဝရှိနိင်တော့မည်မဟုတ်ပါကြောင်းကိုလည်း ဖတ်ရူ့သိရှိရပါသည် ။

တဖန်အထူးသတိပြုရန်အချက်မှာ ဆင်မ မိုမို သည် စိတ်ဖိစီးမူများနှင့်စိတ်ပိုင်းဆိုင်ရာထိခိုက်မူများ ( Stress and Psychological Trauma ) များပြင်းထန်စွာခံစားရရှိလာနိုင်ခြင်းပင်ဖြစ်ပါသည် ။ နှစ်ပေါင်း ၆၅ နှစ်ကျော် ခန့်ရင်းနှီး ကျွမ်းဝင်ခဲ့ရသည့် ရန်ကုန်တိရစ္ဆာဉ် ဉယျာဉ်၏ပတ်ဝန်းကျင် ၊ သူမအားအချိန်ပြည့် စောင့်ရှောက်မူပေး ခဲ့ကြသည့်ဝန်ထမ်းများနှင့်ဝေးကွာပြီး သူမ မရင်းနှီးသည့်တောထဲတွင်နေထိုင်ရခြင်း အစရှိသည်တို့က မိုမို အားစိတ်ဖိစီးမူကိုပြင်းပြစွာခံစားရရှိစေနိုင်ပါသည် ။

နောက်ဆုံးတစ်ချက်အနေဖြင့်တင်ပြလိုသည်က ဆင်မ မိုမို သည်နှစ်ပေါင်း ၆၅နှစ်ကျော်တိုင်လူသားတို့၏ ထိန်းသိမ်းစောင့်ရှောက်မူ အောက်တွင်နေထိုင်ခဲ့ရသောဆင်သည် သဘာဝတောအတွင်းပြောင်းလဲနေသော အခြေအနေများ ၊ အပြိုင်အဆိုင်အစာရှာဖွေမူများနှင့်ရာသီဥတုပြောင်းလဲမူ အစရှိသည်တို့ကို လိုက်လျောညီထွေ ဖြစ်အောင်နေနိုင်စွမ်းမရှိတော့ခြင်း ( Lack of Adaptability ) ကိုတွေ့ကြုံခံစားရမည်ဖြစ်ပေသည် ။ ထို့အပြင် ဆင်မ မိုမို သည် ရန်ကုန်တိရစ္ဆာဉ် ဉယျာဉ်အတွင်း နှစ်ပေါင်း ၆၅ နှစ်ကျော်တိုင်လူသားတို့နှင့်ရင်းနှီးကျွမ်းဝင်မူ ၊ အသားကျမူ ၊ ယဉ်ပါးမူ ( Habituation ) မှာအလွန်ပင်ကာလရှည်ကြာ များပြားခဲ့ပြီးဖြစ်ပါသဖြင့် သဘာဝ တောအတွင်းရောက်ရှိသွားသည့်အခါ လူသားများကိုရှောင်ရှားရန်ကြိုးစားမည်မဟုတ်ပဲ လူ့ပတ်ဝန်းကျင်ကိုသာ ရှာဖွေမည်ဖြစ်ပြီး လူသားနှင့်ဆင်ပဋိပက္ခများဖြစ်နိုင်ချေများပြားလာမည်ဖြစ်ပေသည် ။

သို့ပါ၍ ဆင်မကြီး မိုမို အား ရန်ကုန်တိရစ္ဆာဉ် ဉယျာဉ် မှ သဘာဝတောအတွင်းပြန်လည်ပို့ဆောင်ပေးရန်ဆန္ဒပြုမူ များမှာ စာနာမူများ စေတနာများကိုအခြေခံ၍ဆောင်ရွက်ကြသော်လည်း သူမ၏အသက် ၇၂ နှစ်အရွယ်နှင့် နှစ်ပေါင်း ၆၅ နှစ်ကျော်တိုင်ရန်ကုန်တိရစ္ဆာဉ် ဉယျာဉ်အတွင်းနေထိုင်ခဲ့သည့်သမိုင်းကိုထဲ့သွင်းစဥ်း စားပါက ပြန်လွှတ်ပေးခြင်းသည် သူမအတွက်အကောင်းဆုံးနည်လမ်းမဟုတ်ပဲ အသက်အန္တရာယ်နှင့် စိတ်ပိုင်း ဆိုင်ရာဒုက္ခများပိုမိုများပြားစေနိုင်မည်သာဖြစ်ပေသည် ။

သို့ပါသဖြင့် လက်ရှိတွင် တိရစ္ဆာန်ထိန်းဝန်ထမ်းများက ရန်ကုန်တိရစ္ဆာဉ် ဉယျာဉ် အတွင်း အချိန်ပြည့်ဂရုစိုက် စောင့်ရှောက်ပေးနေခြင်းသည်သာ သူမအတွက်အသက်ရှည်ဆုံးနှင့်အသက်သာဆုံးနေထိုင်ရာ နေရာဖြစ်ပါ ကြောင်း နှင့် ဆင်မ မိုမို ၏ကျန်ရှိနေသေးသော ဘဝအစိပ်အပိုင်း၏ ဘဝအရည်အသွေး ( Quality of life ) ကို ဆင်တစ်ကောင်၏သာယာဝပြောသောဘဝများနှင့်ညီညွတ်အောင် ရန်ကုန်တိရစ္ဆာဉ် ဉယျာဉ်အတွင်း တွင် အမြဲမပြတ်ဆောင်ရွက်လုပ်ကိုင်လျက်ပြုစုစောင့်ရှောက်နေခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်ပါ ကြောင်းတင်ပြလိုက်ရပါသည် ။
( အဆုံးထိတိုင်အောင် ဖတ်ရူ့ပေးကြသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိရပါသည်ခင်ဗျား )

မြွေဆို ထိန်းသိမ်းမလား၊ ရှင်းပစ်မလား မြွေဆိုတာနဲ့ မကြောက်တဲ့ သူ ခပ်ရှားရှားပါ။ မြွေဆို ကြားတာနဲ့ ကြောက်တတ်သူ၊ မြင်တာနဲ့က...
23/10/2025

မြွေဆို ထိန်းသိမ်းမလား၊ ရှင်းပစ်မလား

မြွေဆိုတာနဲ့ မကြောက်တဲ့ သူ ခပ်ရှားရှားပါ။ မြွေဆို ကြားတာနဲ့ ကြောက်တတ်သူ၊ မြင်တာနဲ့ကြောက်တတ်သူက ပိုများပါတယ်။ ပိုဆိုးတာကတော့ "မြွေဆို -တ်ပစ်" ဆိုတာပါပဲ။

ဆိုတော့ မြွေဆိုတိုင်း အန္တရာယ်ရှိလား၊ -တ်ပစ်သင့်လား။
မြွေတိုင်း အဆိပ်ရှိလား။
ဘယ်လိုမြွေအမျိုးအစားကို ကြောက် သင့်လဲ၊ မကြောက်သင့်လဲ။ အိမ်ထဲမြွေ၀င်ရင် ဘာလုပ်သင့်လဲ။ တကယ်လို့ မပြောကောင်းမဆိုကောင်း မြွေကိုက်ခံလိုက်ရရင် ဘာလုပ်သင့်လဲ။
မြွေတွေက သဘာ၀ပတ်၀န်းကျင်နဲ့ ဂေဟစနစ်ကို ဘယ်လိုအကျိုးပြုလဲ။
မြွေနဲ့လူ သဟဇာတဖြစ်အောင် ဘယ်လိုနေထိုင်ကြမလဲဆိုတာတွေကို သိသွားမယ်ဆိုရင်ရော။
မြွေဆိုတိုင်း -သတ်ပစ်ဦးမှာလား။

"သိသွားရင်တော့ တမျိုးပေါ့လို့" အဖြေရှိတယ် ဆိုရင်တော့ အလုပ်ရုံဆွေးနွေးပွဲလေးတခုကို ပါ၀င်ဖို့သင့်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ အပေါ်က ပြောထားတဲ့အကြောင်းတွေကို တတ်သိပညာရှင်တွေက ဆွေးနွေးကြမှာပါ။

ဒီပွဲကို ဟေရမုန်နဲ့ Snakes of Myanmarက အတူလုပ်ဆောင်မှာဖြစ်ပြီး “ save the snakes” လို့ ခေါင်းစဉ်ပေးထားပါတယ်။

ပွဲလုပ်မယ့် အချိန်၊ နေရာက
📅25. October 2025
⏰9:00 am - 3:00 pm
📍ဟေရမုန် မြို့ပြစိုက်ပျိုးရေးခြံမှာ ဖြစ်ပါတယ်။ တက်ရောက်ချင်သူတွေကိုတော့ messenger ကနေ အမည်နဲ့ ဖုန်းနံပါတ်ပေးပို့ထားဖို့ ဟေရမုန်က ပြောထားပါတယ်။
Credit- ဟေရမုန်- Urban Organic Farm
#ဟေရမုန်-UrbanOrganicFarm

၈၃၈၉ ကီလို (ဟောင်းနွမ်းငါးဖမ်းပိုက်)ငါးမန်းနဲ့ ငါးလိပ်ကျောက်မျိုးစိတ်တွေအတွက် အရေးပါတဲ့ ပင်လယ်ရေပြင်ထဲသို့ ဟောင်းနွမ်းငါ...
20/10/2025

၈၃၈၉ ကီလို (ဟောင်းနွမ်းငါးဖမ်းပိုက်)

ငါးမန်းနဲ့ ငါးလိပ်ကျောက်မျိုးစိတ်တွေအတွက် အရေးပါတဲ့ ပင်လယ်ရေပြင်ထဲသို့ ဟောင်းနွမ်းငါးဖမ်းပိုက်တွေ မရောက်သွားစေဖို့ Myanmar Ocean Project က ကြိုးပမ်းဆောင်ရွက်နေပါတယ်။

ဒီနှစ်ထဲမှာဆိုရင် တနသ်ာရီတိုင်းထဲက နာမည်ကြီးကျွန်းစုတွေဖြစ်တဲ့ လန်ပိနဲ့ လငန်းတ၀ိုက်က ဟောင်းနွမ်းငါးဖမ်းပိုက်တွေကို ပင်လယ်ထဲ ရောက်မသွားဖို့ Myanmar Ocean Project အဖွဲ့က စုဆောင်းနေတာဟာ အခုဆို ကီလို ၁၀၀၀၀ နီးပါးထိ ရရှိနေပါပြီ။

အဲဒီပင်လယ်ရေပြင်တွေဟာ ငါးဘဲလိပ်မျိုးစိတ် ၄မျိုးအပါအ၀င် မျိုးသုဉ်းမယ့်အန္တရာယ်နဲ့ခြိမ်းခြောက်ခံနေရတဲ့ ငါးမန်းနဲ့ ငါးလိပ်ကျောက်တွေအတွက် အရေးပါတဲ့ နေရာတွေဖြစ်တာကြောင့် ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးကြီးတယ်လို့ Myanmar Ocean Project ကဆိုထားပါတယ်။




Photo credit- Myanmar Ocean Project

ငှက်ပညာရှင်နဲ့ ပန်းချီဆရာတို့ ပူးပေါင်းမှု🕊️"2025 ခုနှစ် နိုဝင်ဘာ 7 ရက်‌နေ့မှ 9 ရက်နေ့အထိ ဝန်ကြီးများရုံးတွင်ကျင်းပမည့် ...
20/10/2025

ငှက်ပညာရှင်နဲ့ ပန်းချီဆရာတို့ ပူးပေါင်းမှု

🕊️"2025 ခုနှစ် နိုဝင်ဘာ 7 ရက်‌နေ့မှ 9 ရက်နေ့အထိ ဝန်ကြီးများရုံးတွင်ကျင်းပမည့် ငှက်ပန်းချီအနုပညာနှင့် သိပ္ပံပြပွဲသို့ ငှက်နှင့် သဘာဝကိုစိတ်ဝင်စား‌သော ငှက်ချစ်သူမိတ်ဆွေသူငယ်ချင်းများနှင့် မည်သူမဆိုလာရောက်ကြည့်ရူ့နိုင်ပါရန် Jacana Project အဖွဲ့မှ ဖိတ်ကြားအပ်ပါတယ်ရှင်"
🕊️Jacana project အဖွဲ့သည် " မြန်မာနိုင်ငံမှာ‌ တွေ့ရှိရ‌သော ငှက်မျိုးစိတ်များ"ကို ငှက်ပန်းချီသရုပ်‌ဖော်ပုံများရေးဆွဲကာ မြန်မာနိုင်ငံကွင်းဆင်းလက်စွဲငှက်စာအုပ် (Bird Field Guide Book of Myanmar) အဖြစ်ထုတ်လုပ်ရန်အစပျိုးဖန်တီးနေခြင်းဖြစ်ပါသည်။ ဤစာအုပ်အား ပြည်တွင်းရှိ ငှက်ပညာရှင်များနှင့် ပန်းချီဆရာများပူးပေါင်း၍ အတူတကွလုပ်ဆောင်နေခြင်းဖြစ်ပါသည်။
🕊️ပြပွဲတွင် ပန်းချီဆရာများ၏ရေးဆွဲပြီးစီးထားသော ငှက်ပုံပန်းချီလက်ရာများကိုလေ့လာတွေ့ရှိခံစားနိုင်မည်ဖြစ်သည်။
🕊️မြန်မာနိုင်ငံရှိ ထူးခြားစိတ်ဝင်စားဖွယ်ကောင်း‌သော ငှက်မျိုးစိတ်များ၏ပန်းချီပုံများကို လေ့လာကြည့်ရူ့လိုပါက ဆက်ဆက်အရောက်လှမ်းခဲ့ဖို့ ငှက်နှင့် သဘာဝကိုချစ်ခင်မြတ်နိုးသူတိုင်းအား ဖိတ်ကြားအပ်ပါတယ်ရှင့်။

ရက်စွဲ - ၇ - ၉ နိုဝင်ဘာ ၂၀၂၅
ပြပွဲတည်နေရာ - ဝန်ကြီးများရုံး

#မှတ်ချက် -ဆရာမဒေါ်မျိုးစန္ဒာဝင်း အကောင့်မှပြန်လည်ကူးယူဖော်ပြခြင်းဖြစ်သည်။

မိုမို ၏ ၇၂ နှစ်ပြည့် မွေးနေ့ပွဲတော်ကျင်းပမည်=========🐘ဆင်မှာဆို “ မိုမို “ ဟု ပြောစမှတ်တွင်ရလောက်တဲ့အထိ အားလုံးက ချစ်ရတ...
17/10/2025

မိုမို ၏ ၇၂ နှစ်ပြည့် မွေးနေ့ပွဲတော်ကျင်းပမည်
=========

🐘ဆင်မှာဆို “ မိုမို “ ဟု ပြောစမှတ်တွင်ရလောက်တဲ့အထိ အားလုံးက ချစ်ရတဲ့ ပြည်သူ့အချစ်တော်ကြီး မိုမို ၏ ၇၂ နှစ်ပြည့် မွေးနေ့ ပွဲတော်ကြီး‌ဟာ မကြာမှီ အချိန်အခါအတွင်း ရောက်ရှိလာတော့မည်ဖြစ်ပါတယ်။ 🥳🥳

✨ဒီလို အားလုံးအတူ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်မယ့် မိုမို၏ မွေးနေ့ပွဲကြီးကို တိရစ္ဆာန်ဥယျာဥ် ( ရန်ကုန် ) အတွင်း၌ ၂၄ . ၁၀ . ၂၀၂၅ ရက်နေ့ မှစတင်၍ ၂၆ . ၁၀ . ၂၀၂၅ ရက်နေ့အထိ မြိုင်မြိုင်ဆိုင်ဆိုင် ၊ စည်ကားသိုက်မြိုက်စွာဖြင့် ပြုလုပ် ကျင်းပမည် ဖြစ်ကြောင်းကို မိုမိုချစ်သော မိုမို၏ ပရိတ်သတ်များထံသို့ ကြိုတင်၍ အကြောင်းကြား အသိပေးအပ်ပါတယ် ။🙆🙆

💁အားလုံးအတူပျော် မိုမို မွေးနေ့ပွဲတော်ကြီးတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ဖို့ ရင်းနှီး ဖော်ရွေစွာဖြင့် ကြိုဆို ဖိတ်ခေါ်လိုက် ရပါတယ်ရှင် ။
#ဆင်မကြီးမိုမို

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆုတ်ခွာသည့် အခြေအနေ===================================================၂၀...
16/10/2025

အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆုတ်ခွာသည့် အခြေအနေ
===================================================
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်
--------------------------------------------------------------

“အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ဆုတ်ခွာခဲ့ပြီး ဖြစ်ပါသည်။”

သစ်ခွပညာရှင်ဒေါက်တာစောလွင်ဟောပြောပွဲ=======ကျွန်တော်၏Zoom ဖြင့်ရာသီဥတုနှင့်ပတ်၀န်းကျင်ဆိုင်ရာနည်းပညာဖလှယ်ခြင်းရပ်၀န်းဆွေ...
15/10/2025

သစ်ခွပညာရှင်ဒေါက်တာစောလွင်ဟောပြောပွဲ
=======

ကျွန်တော်၏Zoom ဖြင့်ရာသီဥတုနှင့်ပတ်၀န်းကျင်ဆိုင်ရာနည်းပညာဖလှယ်ခြင်းရပ်၀န်းဆွေးနွေးပွဲသို့ပါ၀င်တက်‌ေရာက်ဆွေးနွေးပေးကြပါရန်ချစ် မိတ်ဆွေများအားလုံးကို နွေးထွေးလေးစားစွာဖိတ်ကြားအပ်ပါတယ်။

လာမည့်စနေနေ့(၁၈၊၁၀၊၂၅) ၊ညနေ၃:၀၀နာရီမှာZoom မှာဆုံကြမယ်နော်။

Meeting ID- 811 8207 2789
Passcode - 719572
QR Code နဲ့လည်းZoom Meeting ကိုJoin လို့ရပါတယ်။

ဥဩငှက်ဆန့်ကျင်သံ(Anti-Cuckoo call )======ငှက်တွေမှာ သူတို့အချင်းချင်း နားလည်တဲ့ သတိပေးအချက်ပြအသံ ရှိတယ်ဆိုတာ သိပါသလား။ဟု...
12/10/2025

ဥဩငှက်ဆန့်ကျင်သံ(Anti-Cuckoo call )
======

ငှက်တွေမှာ သူတို့အချင်းချင်း နားလည်တဲ့ သတိပေးအချက်ပြအသံ ရှိတယ်ဆိုတာ သိပါသလား။

ဟုတ်ပါတယ် ငှက်တချို့မှာ အဲဒီလိုအသံမျိုးရှိကြပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ ငှက်မျိုးစိတ်တိုင်းမှာ ရှိတာ မဟုတ်ပေမယ့် ငှက်မျိုးစိတ် ၂၀ခုမှာ သူတို့အချင်း ချင်း နားလည်နိုင်တဲ့ သတိပေးအချက်ပြအသံမျိုး ရှိကြပါတယ်။

အဲဒီအသံကို Anti-cuckoo callလို့ ခေါ်ကြပါတယ်။ စာရေးသူကတော့ နားလည်သလို ဥသြငှက် ဆန့်ကျင့်သံလို့ ဘာသာပြန်ထားပါတယ်။ အမှားပါရင်လည်း ပြင်ပေးဖို့ တောင်းဆိုပါရစေ။

မတူကွဲပြားတဲ့ တိုက်ကြီးအမျိုးမျိုးမှာ နေထိုင်ကျက်စားကြတဲ့ ငှက်မျိုးစိတ် ၂၀ခုဟာ သူတို့အသိုက်ထဲကို၀င်ရောက်ပြီး ဥအုမယ့် ကျူးကျော်သူတွေကို တွေ့တဲ့အခါ အလားတူနှိုးဆော်သံကို အရိပ်အမြွက်အဖြစ်အသုံးပြုပြီး အချင်းချင်း နားလည်စေကြပါတယ်။

အထူးသဖြင့် ဥသြငှက်လိုမျိုး အခြားသူတွေရဲ့ အသိုက်ထဲ ဥအုတတ်တဲ့ ငှက်မျိုးစိတ်တွေကို သူတို့အနီး၀န်းကျင်မှာတွေ့တဲ့အခါ ဖြစ်ပါတယ်။ ဥသြတွေ အနီး၀န်းကျင်မှာရှိကြောင်း အချင်းချင်းသတိပေးကြတာဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း ဥသြငှက်တွေက အခြားငှက် ေတွရဲ့ အသိုက်ထဲမှာ ဥအုတတ်ပြီး ဥကနေ သားပေါက်၊ ကြီးပြင်းတဲ့အထိ အသိုက်မှာနေထိုင်စေပြီး အသိုက်ပိုင်ရှင်တွေရဲ့ သားသမီးအရင်းလိုမျိုး စောင့်ရှောက်စေကြပါတယ်။ ဒါကြောင့် ငှက်မျိုးစိတ်တချို့က ဥသြငှက်တွေရဲ့ ကျူးကျော်တာကို အချင်းချင်း သတိပေးသံကတဆင့် ကာကွယ်ကြတာဖြစ်ပါတယ်။

အဲဒီလို အချင်းချင်းanti-cuckoo callကိုနားလည်ကြတဲ့ ငှက်မျိုးစိတ် ၂၀ထဲမှာ superb fairy-wrens (Malurus cyaneus) in Australasia, tawny-flanked prinia (Prinia subflava) in Africa, Hume’s leaf warblers (Phylloscopus humei) in Asia and greenish warblers (Phylloscopus trochiloides) in Europe တို့ ပါ၀င်ပါတယ်။

"ဥသြ ဥသြ" လို့ တွန်သံဟာ လူသားတွေအတွက် လွမ်းမောစရာပါ။ သို့သော် တချို့ငှက်မျိုးစိတ်အတွက်တော့ ရင်မောစရာပါပဲ။

ဘာသာပြန်ကိုးကား- New Scientist website၊ 20 bird species can umderstands each other's anti-cuckoo call

Address

Yangon

Alerts

Be the first to know and let us send you an email when The Nature Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share