LangJi - လန်ဂျီ

LangJi - လန်ဂျီ LangJi is an independent non-profit Kachin Human Rights Media. LangJi - LJ is a free and independent media. Raise human rights and democratic values.

Expressing the voices of marginalized groups. Represents justice and freedom. Fight against injustice. documenting human rights violations and injustices; Promotes human rights and democracy through the publication of monitoring reports in Myanmar.

SNA တပ်မှ စုဆောင်းရေးဆွဲထားသည့် အသက်မပြည့်သေးသော ကလေးများ တိုက်ပွဲတွင်းကျဆုံးပါက ၎င်းမိဘသို့ထံ အကြောင်းကြားခြင်းမရှိမိုး...
25/09/2025

SNA တပ်မှ စုဆောင်းရေးဆွဲထားသည့် အသက်မပြည့်သေးသော ကလေးများ တိုက်ပွဲတွင်းကျဆုံးပါက ၎င်းမိဘသို့ထံ အကြောင်းကြားခြင်းမရှိ

မိုးညှင်းမြို့နယ်။ ၂၅၊စက်တင်ဘာလ၊၂၀၂၅

စစ်ကော်မရှင်လက်အောက်ခံ SNA တပ်က အသက်မပြည့်သေးသည့် ကလေးသူငယ်များအား စုဆောင်းရေးဆွဲပြီး တိုက်ပွဲသို့ စေလွတ်နေကာ က‌လေးသူငယ်များ တိုက်ပွဲတွင်ကျဆုံးပါက မိဘများအားအသိမပေးဘဲ ဖုံးထားကြောင်း စုဆောင်းခံရသော ကလေးများ၏ နီးစပ်ရာအသိုင်းအဝိုင်းက ပြောသည်။

ပြီးခဲ့တဲ့ ဧပြီလ ၂၀၂၅ခုနှစ်တွင် အသက်(၁၇)နှစ်အရွယ် လူငယ်(၂)ဦးသည် ဖားကန့်သို့ အလုပ်လုပ်ရန် အင်းတော်ကြီးဒေသ နန့်မွန်းမြို့ အောင်မြေဂိတ်သို့ ဖြတ်သန်းချိန် SNA တပ်မှ အဓမ္မ တပ်သားသစ်စုဆောင်းခြင်းခံလိုက်ရပါသည်။ (၄၅)ရက်တာစစ်သင်တန်းပေးပြီး မိုင်းနောင်ရွာနှင့် မမုံကိုင်ရွာတိုက်ပွဲသို့ စေလွတ်ခံရပြီး တိုက်ပွဲတွင် လူငယ်တစ်ဦး ကျဆုံးခဲ့ရာ မိဘများအား အကြောင်းကြား အသိပေးခြင်းမပြုလုပ်ဘဲ ဖုံးကွယ်ထားခဲ့ ကြောင်း ကလေးမိဘများနှင့်နီးစပ်ရာအသိုင်းအဝိုင်းမှ ပြောပါသည်။

"ကလေးက သင်တန်း(၄၅)တက်ပြီး နှစ်ပတ်လောက်ဘဲ စခန်းမှာနေရတာ ၊နှစ်ပတ်ပြည့်တာနဲ့ ရှေ့တန်းကိုပို့ပြီး စစ်တိုက်ခိုင်းတယ်၊ တိုက်ပွဲမှာ ကလေးကသေတော့ မိဘတွေဆီအကြောင်းမကြားဘူး၊ အသိလည်းမ‌ပေးဘူး ၊တိုက်ပွဲဖြစ်တယ်ကြား‌လို့ မိဘတွေက စိတ်ပူပြီး အောင်မြေဂိတ်ကိုလိုက်သွားတော့ ရှိတယ်လို့ ပြောခဲ့ပြီး တွေ့ခွင့်မပေးဘူး၊"ဟု ၎င်းတို့မှ‌ပြောပြပါသည်။

သေဆုံးသည့်ကလေးနှင့်တစ်ရွာထဲသားမှ မိဘများထံ သေဆုံးကြောင်း စာရေးပြီးပါးခဲ့ချိန်တွင် အလောင်းအား ရွာကိုသယ်ပြီးသဂြိုလ်ဖို့ ပြောသော်လည်း မသေဆုံးကြောင်း ထပ်မံဖုံးကွယ်ထားခဲ့ပါသည်။ သုံးကြိမ်တိုင်သွားရောက်မေးမြန်းပြီး သေဆုံးသည့် ကလေး၏မိခင်က ငိုယိုဆဲဆိုမှ သေဆုံးသည်ကိုပြောခဲ့ကြောင်း သိရ ပါသည်။

သူမ၏သားဖြစ်သူသေဆုံးချိန်က မှတ်တမ်းဓါတ်ပုံနှင့် ဝတ်ဆင်အသုံးပြုခဲ့သော အသုံးအဆောင်များအား အမှတ်တရအဖြစ်သိမ်းဆီးထားချင်ပါသဖြင့် တောင်းယူသော်လည်း မပေးခဲ့သဖြင့် မိခင်ဖြစ်သူမှာ သားဖြစ်သူ သေဆုံးသွားသည့်အ‌ပေါ်တွင် ယူကျုံးမရဖြစ်နေကြောင်း သိရပါသည်။

စစ်ကော်မရှင်၏လက်‌အောက်ခံ SNA တပ်သည် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ၊ မိုး‌ကောင်းမြို့နယ် ၊စစ်ကိုင်းတိုင်းရှိ ဗန်း‌‌မောက်မြို့နယ်အတွင်း လှုပ်ရှားတပ်အဖြစ် လှည့်လည်သွားလာနေကြပြီး အသက်မပြည့်သည့် ကလေးသူငယ်များအား ယခုကဲ့သို့ လူ့အခွင့်ရေးချိုးဖာက်မှုများကို ဆက်တိုက်လုပ်ဆောင် နေကြပါသည်။

မြန်မာနိုင်ငံရဲ့ စစ်မှုထမ်းဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီလမှာ ထုတ်ပြန်ခဲ့စဉ် စစ်မှုထမ်းမည့်သူသည် "အသက်၁၈နှစ်ပြည့်ပြီးသူဖြစ်ရမည်" ဟု စည်းကမ်းချက်တွင်ပါရှိခဲ့သော်လည်း လက်တွေ့တွင် အသက်မပြည့် သေးသည့် ကလေးသူငယ်များကိုပါ တပ်သားသစ်စုဆောင်းပြီး ရှေ့တန်းတိုက်ပွဲသို့ စေလွတ်နေကြပါသည်။

ဤဖြစ်စဉ်တွင်ပါဝင်သူများ၏မိသားစုဝင်များ၏ လုံခြုံရေးကို ထောက်ရှု၍ နေရပ်လိပ်စာနှင့် အမည်များကို ချန်လှပ်ထားခြင်းဖြစ်ပါသည်။


်သားသစ်စုဆောင်း

http://www.youtube.com/-x9y
https://t.me/W_iNNrnH7JQyMDI1
www.kachinhumanrightsinsight.org

ဖားကန့်မြို့တွင် လက်နက်ကြီး‌‌ကြောင့် အရပ်သားများထိခိုက်ဒဏ်ရာရရှိတဲ့အပြင် မပေါက်ကွဲသေးတဲ့ လက်နက်များကျန်ရှိနေဖားကန့်မြို့...
25/09/2025

ဖားကန့်မြို့တွင် လက်နက်ကြီး‌‌ကြောင့် အရပ်သားများထိခိုက်ဒဏ်ရာရရှိတဲ့အပြင် မပေါက်ကွဲသေးတဲ့ လက်နက်များကျန်ရှိနေ

ဖားကန့်မြို့။၂၅၊ စက်တင်ဘာလ၊၂၀၂၅

ကချင်ပြည်နယ် ဖားကန့်မြို့ မနကျေးရွာတွင် စက်တင်ဘာလ ၂၃ နေ့က စစ်ကော်မရှင်မှ တစ်ညလုံးနီးပါး လက်နက်ကြီးများ ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး အရပ်သား (၄) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရပါတယ်။

"မနရွာဘက် မနေ့ည ၁၀နာရီကနေ တစ်ညလုံးပစ်သံကြား‌နေရတယ်။ ဒီမနက် ၄ နာရီခန့်မှာ ဘောလုံးကွင်းရှေ့ ကြယ်နီကွမ်းယာဆိုင်အိမ်ပေါ် ကျရောက်ပေါက်ကွဲလို့ သုံးဦးက ဒဏ်ရာအနည်းငယ်ရတယ်။ တစ်ဦးက‌တော့ ဒဏ်ရာပြင်းထန်တယ်တဲ့" လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

အဆိုပါ ဒဏ်ရာပြင်းထန်စွာရရှိသွားတဲ့ လူနာအတွက် ဆေးကုသဖို့မတတ်နိုင်လို့ ဆေးရုံကိုမပို့ခဲ့ပဲ လက်ရှိမှာ မှော်ရှန်ဘုန်းကြီးကျောင်းကိုပို့ထားတယ်လို့ သိရကြောင်း သူကဆက် ပြောပါတယ်။

ထို့အပြင် ဖားကန့်မြို့ နေရာတစ်ချို့တွင် စစ်ကော်မရှင်ဘက်မှ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးများ မပေါက်ကွဲဘဲ ကျန်ရှိနေတာတွေ့ရှိနေရကြောင်း ဒေသခံများထံမှ သိရပါတယ်။

"မှော်စီစာအောင်သာယာ (၁) ရေကန်ဘေးမှာ မကွဲသေးတဲ့ ငှက်ပျောဖူးတစ်လုံး တွေ့တယ်။ အခုမှစတွေ့တာ အရင်ကလက်ကျင်းတွေတူးနေတဲ့ သာယာကုန်းအောက်ကရေကန်လေ။ ကားတွေနင်းမိရင်ကွဲမှာစိုးလို့" ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ယမန်နေ့လည် စစ်ကော်မရှင်ဘက်မှ ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ ရမ်းပစ်နေတာတွေ ဆက်ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာ ဖားကန့်မှာ စစ်‌ကော်မရှင်က ၎င်းတို့ မထိန်းချုပ်နိုင်‌တဲ့ နေရာဘက်ရှိ အရပ်သားပြည်သူတွေကို လူသားချင်း စာနာမှုကင်းမဲ့စွာ ပစ်မှတ်ထားပြီး နေ့စဉ် ညစဉ် ပစ်ခတ်မှုပြုလုပ်ကာ အရပ်သား ပြည်သူများလည်း ထိခိုက် သေဆုံး ဒဏ်ရာရတဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။

်ဂျီ
#စစ်‌ကော်မရှင်
#အရပ်းသား၄ဦးထိခိုက်ဒဏ်ရာရ
#မပေါက်ကွဲတဲ့လက်နက်များကျန်



http://www.youtube.com/-x9y
https://t.me/W_iNNrnH7JQyMDI1
www.kachinhumanrightsinsight.org

စစ်ကော်မရှင်မှ အရပ်သားများကို ပေါ်တာဆွဲ၊ ပစ်သတ်တဲ့အပြင် ဒရုန်းဖြင့်ဗုံးကြဲကာ အရပ်သား‌ ထိခိုက်သေဆုံးမှုရှိဖားကန့်မြို့။ ၂...
24/09/2025

စစ်ကော်မရှင်မှ အရပ်သားများကို ပေါ်တာဆွဲ၊ ပစ်သတ်တဲ့အပြင် ဒရုန်းဖြင့်ဗုံးကြဲကာ အရပ်သား‌ ထိခိုက်သေဆုံးမှုရှိ

ဖားကန့်မြို့။ ၂၄၊စက်တင်ဘာလ၊၂၀၂၅

ကချင်ပြည်နယ် ဖားကန့်မြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး နေရာတစ်ချို့မှာ စစ်ကော်မရှင်ဘက်မှ အရပ်သားများကို ပေါ်တာဆွဲတာပြုလုပ်တဲ့အပြင် ပစ်သတ်တာတွေလည်းရှိကြောင်း သိရပါတယ်။
ယမန်နေ့က ဖားကန့် လုံးခင်အုပ်စု မှော်စီစာ တာဝါတိုင်နား စစ်ကော်မရှင်မှ အရပ်သားများကို ပေါ်တာဆွဲခဲ့ပြီး တစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

အလားတူ ညနေ ၅:၀၀နာရီခန့်က ဇော်နိုင်ဌေး မြေစာပုံထဲမှာ မျောတိုက်တဲ့သူတွေကို စစ်‌ကော်မရှင်မှ ကား‌‌ပေါ်ဆွဲ‌ခေါ်ထည့်နေတာရှိကြောင့် ၎င်းဖြစ်စဉ်ကို မြင်တွေ့ခဲ့တဲ့ ဒေသခံများထံမှ သိရပါတယ်။

ထို့အပြင် ဖားကန်မြို့ ဖားပြင်ကျေးရွာ တစ်ဖက်ကမ်းဖြစ်တဲ့ တောင်ယာကုန်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ရက်နေ့က စစ်‌ကော်မရှင်ဘက်မှ ဒရုန်းဖြင့် အရပ်သားပြည်သူ့ နေထိုင်ရာ တဲပေါ်တို့ ဗုံးကြဲချသောကြောင့် သားအဖ နှစ်ဦး သေဆုံးခဲ့ရပါတယ်။
လက်ရှိဖားကန့်မြို့တွင် စစ်ကော်မရှင်ပူးပေါင်းတပ် နဲ့ KIA ပူးပေါင်းတပ်တို့ကြားတိုက်ပွဲပြင်းထန်နေပြီး ‌ဒေသခံအရပ်သားများက လုံခြုံရာသို့ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

်ဂျီ
#စစ်‌ကော်မရှင်
#ပေါ်တာဆွဲ_ ပစ်သတ်
#ဒရုန်းဗုံးကြဲ
#အရပ်သားထိခိုက်သေဆုံး


http://www.youtube.com/-x9y
https://t.me/W_iNNrnH7JQyMDI1
www.kachinhumanrightsinsight.org

မိုးညှင်းမြို့နယ်အတွင်း သယံဇာတတူးဖော်မှုများနှင့်  ကျေးရွာအခြေအနေကို သဘောဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းလုပ်ငန်းများတွင်တက်က...
23/09/2025

မိုးညှင်းမြို့နယ်အတွင်း သယံဇာတတူးဖော်မှုများနှင့် ကျေးရွာအခြေအနေကို သဘောဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းလုပ်ငန်းများတွင်တက်ကြွစွာပါဝင်နေသောပြည်သူများ နှင့် ဒေသခံများ၏ အသံ

စက်တင်ဘာ၂၂၊၂၀၂၅
LangJi Media

မြန်မာနိုင်ငံ၏တခုတည်းသော ယူနက်စကိုသမိုင်းဝင်ဇီဝအဝန်းအဝိုင်းဖြစ်ပြီး အကြီးဆုံးသော ရေချိုအိုင်ဖြစ်သည့် အင်းတော်ကြီးအိုင်တည်ရှိရာနေရာက ကျေးရွာ (၁၄)ရွာရှိပြီးဌာနေတိုင်းရင်းသားများသည် ရေလုပ်ငန်းနှင့် တနိုင်တပိုင်ရွှေတူးဖော်သည့် လုပ်ငန်းများကိုလုပ်ကိုင်ကြသည်။

အင်းတော်ကြီးဒေသရှိမမုံကိုင်၊မိုင်းနောင်၊နန့်ပတဲ၊နန့်မီး‌လောင်ရွာများတွင် အဖိုးတန်သစ်နှင့် ရွှေအများအပြားထွက်ရှိပြီး မမုံကိုင်တွင် ရွှေပိသာချိန်နှင့်ချီ၍ထွက်ရှိသောကြောင့်" ရွှေကိုခေါင်းအုံးအိပ်‌တဲ့ရွာ ၊ ရွှေကိုကော်ဇောခင်းပြီးအိပ်တဲ့ရွာ"ဟုပင် တင်စားခေါ် ဝေါ်၏၏၏ကြပြီး ၊ မိုင်းနောင်ရွာတွင် ရွှေဖြူနှင့် ရွှေဝါထွက်ရှိပြီး မြန်မာနိုင်ငံတွင်ထွက်ရှိသော ရွှေများတွင် အရည်အသွေးအမြင့်ဆုံးထဲ ပါဝင်သည်။

အဖိုးတန်သစ်ပေါများပြီး တရားမဝင်သစ်ထုတ်ခြင်း ၊စက်ယန္တရားကြီးများဖြင့် တရားမဝင် ရွှေတူးဖော်ခြင်းများကို ၂၀၂၀ ခုနှစ် နောက်ပိုင်းတွင် ပြုလုပ်လာသောကြောင့် အင်းတော်ကြီးအိုင်ထဲသို့ နှုံးအနယ်အနှစ်များစီးဝင်ပြီး ကုန်းနေ ရေနေ သတ္တဝါများရှားပါလာသည့်အပြင် စိုက်ပျိုးမြေများပျက်စီးဆုံးရှုံးလာပါသည်။

တိုက်ပွဲများကြောင့် နယ်မြေတည်ငြိမ်မှုမရှိဖြစ်ကာ ဌာနေတိုင်းရင်းသားများ စစ်ဘေးရှောင်နေရပေမယ့် ရွှေလုပ်ငန်းရှင်များမှ ဆက်လက်တူးဖော်နေကြဆဲဖြစ်သည်။

"အင်းတော်ကြီးဒေသ မိုင်းနောင်တောမှာ လုပ်ငန်းရှင်တချို့ ရွှေတူးဖော်နေတုန်းဘဲ ၊မိုင်းနောင်ရွာကို SNA ကထိန်းချုပ်ထားတယ်ဆိုပေမယ့် မိုင်းနောင်တောကိုတော့ KIA က ထိန်းချုပ်ထားတယ် ၊ မိုင်းနောင် တောနဲ့ နန့်ရင်းခါ ရွှေဖြူချောင်းတလျှောက်မှာ ရွှေလုပ်ငန်းရှင်တွေက စက်ယန္တယားနဲ့ ရွှေတူးနေကြတုန်းဘဲ ၊သူ့ ဆိုင်ရာပိုင်ရာခွင့်ပြုချက်နဲ့တူးနေကြတာဆိုတော့ နယ်မြေမအေးချမ်းပေမယ့်လဲ သူ့လမ်းကြောနဲ့သူ ဝင်ထွက်သွားလာပြီးတူးနေကြတယ်။"ဟု အသက်၄၂နှစ်အရွယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာတက်ကြွလှုပ်ရှားသူအမျိုးသားမှ ပြောသည်။

မိုင်းနောင်တောမှ ရွှေလုပ်ကွက်များကို KIA ခွင့်ပြုချက်ဖြင့် တူးဖော်နေကြတာဖြစ်ပြီး လုပ်ကွက်တဧကလျှင် ပျမ်းမျှ သိန်း၂၀၀ ထိ ဝယ်ယူ၍တူးဖော်နေကြခြင်းဖြစ်ပါသည်။ ရွှေပို၍ထွက်ရှိသည့် နေရာများသည် တဧကလျှင် သိန်း ၈၀၀ ၊၁၀၀၀အထိ ပေး၍ တူးဖော်နေကြကြောင်းသူကဆက်ပြောသည် ။မိုင်းနောင်တောတွင် ရွှေဖြူနှင့် ရွှေဝါထွက်ရှိပြီး ခေါင်းပေါင်းကျင်းဟုခေါ်သောအပေါ်ယံမြေကိုဖယ်ပြီး ၁၀ပေအနက်တွင်ပင် ရွှေထွက်ရှိနေခြင်းဖြစ်သည်။

"အင်းတော်ကြီးဒေသ မမုံကိုင်ကျေးရွာမှာ SNA တွေ ထိန်းချုပ်ထားတယ်ဆိုပေမယ့် အရင်ရွှေလုပ်ငန်းရှင်တွေကတော့ ခုချိန်ထိတူးနေကြတုန်းဘဲ ၊မမုံကိုင်က ရွှေတအားထွက်တော့ လုပ်ငန်းရှင်တွေက လယ်ကွက်တွေနဲ့ ကိုဈေးကောင်းပေးပြီးဝယ်ကြတယ် ၊လယ်တဧကကို သိန်း၅၀၀၀၊၈၀၀၀၊၁၂၀၀၀အထိ ပေါက်တယ်၊ လယ်ဘေးကဘေးမဲ့တောမှာတူးနေကြတော့ လယ်တွေပျက်စီးပြီး လယ်သမားတွေ အခက်တွေ့ကြတယ် ၊ဒါနဲ့ဘဲ မထူးဘူးဆိုပြီးရောင်းကြရ တော့တာ၊ "ဟုအသက်၃၉နှစ်အရွယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာတက်ကြွလှုပ်ရှားသူအမျိုးသမီးမှ ပြောသည်။
ယခင် KIA ထိန်းချုပ်ကာလက ရောင်းထား သော‌ဘေးမဲ့တောကိုလည်း လက်ရှိ SNA ထိန်းချုပ်ကာလမှာ ဆက်လက်တူးဖော်နေကြောင်း သူကဆက်ပြောသည်။

မမုံကိုင်ရွာအနီးရှိရွှေလုပ်ကွက်မှ ရွှေကြောသည် အင်းတော်ကြီးအိုင်ဖက်သို့ ရွှေကြောထိုးသွားသောကြောင့် လုပ်ငန်းရှင်များက အင်းအနောက်ဖက်ကမ်းကနေပတ်ပြီး ရွှေတူးဖော်ရန် အတွက် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းများထံ နည်းအမျိုးမျိုးဖြင့် ချဉ်းကပ်နေကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

"မမုံကိုင်လုပ်ကွက်မှာ ရွှေကြောမိပြီဆိုရင် တရက်ကို၂ပိသာ ကနေ ၃ပိသာအထိကျတယ် ၊ ရွှေထွက်တဲ့နေရာက မြေကြီးရဲ့အရောင်က မြင်းချီးရောင်လိုမျိုးဟုတ်တယ် ၊မမုံကိုင်ကိုင်ကားလမ်းကနေ အင်းတော်ကြီးအိုင်ဖက်အထိ ရွှေကြောက ထိုးသွားတာမို့ လုပ်ငန်းရှင်တွေက ကားလမ်းရဲ့ အောက်အထိ နှိုက်ပြီးတူးထားကြပြီ ၊ဖားကန့်ကိုသွားတဲ့လမ်းဖြစ်တဲ့ မမုံကိုင်ကားလမ်းက ကြာရင် ပြိုကျနိုင်တယ် ၊ မမုံကိုင်ရွာကလဲ ကားလမ်းရဲ့ အောက်ဖက်မို့ မြေပြိုရင် ရွာပါထိမှာ ၊"ဟု အင်းတော်ကြီး ဒေသက အသက် ၆၇နှစ်အရွယ် ရွှေလုပ်ငန်းရှင်ဟောင်းဖြစ်သည့် ဒေသခံအမျိုးသားမှ ပြောသည်။

၂၀၂၃ ခုနှစ်တွင် မမုံကိုင်ကားလမ်းဘေးမှ ဓါတ်မီးတိုင်များကို EPC ထံမှ ခွင့်ပြုချက်တောင်းပြီး လမ်းဖက်သို့ ဆယ်ပေခန့် ရွှေ့ပြီး ကားလမ်းအောက်ဖက်အထိ နှိုက်၍ ရွှေတူးဖော်ထားခြင်းကြောင့် မြေပြိုကျပါက မမုံကိုင်ရွာအတွက် အန္တရာယ်များ‌ကြောင်း ယင်းအမျိုးသားမှ ပြောသည်။

အင်းတော်ကြီးဒေသက ရွှေတူးဖော်မှုကြောင့် ချောင်း ၊မြောင်းများထဲသို့ သဲနှုံးထိုးဝင်ပြီး ရေခမ်းခြောက်ကာ ပြည်သူများသောက်သုံးရေရှားပါးမှုပြသနာဖြစ်နေပါသည်။ မြစ်ချောင်းများထဲမှ ရေများသည် ရွံ့ရောင်ဖြစ်နေပြီး ကျွဲ ၊နွား ၊ တိရိစ္ဆာန်များ သောက်သုံး၍မရသည့် အခြေအနေဖြစ်နေပါသည်။
ဆောင်းအကုန် နွေအကူး ဧပြီလတွင်ပင် သုံး‌ရေပြတ်လပ်သည့်အခြေအနေဖြစ်ပေါ် နေပါသည်။

အင်းတော်ကြီးဒေသတွင် လယ်ယာမြေအနီးနှင့် နေအိမ်အနီးတို့တွင် ရွှေတူးဖော်နေကြပြီး မမုံကိုင်သာသနာပိုင်နယ်မြေနံဘေးမှာ ရွှေတူးဖော်သောကြောင့် ဘာသာရေး
ခေါင်းဆောင်များဦးဆောင်ပြီး ဒေသခံများက လုပ်ငန်းရှင်များနှင့် ခွင့်ပြုမိန့်ပေးသော လက်နက်ကိုင်များကို ဆန္ဒပြခြင်းပြုလုပ်ခဲ့ကြသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ရွှေတူးဖော်မှုခတ္တ ရပ်ဆိုင်းခဲ့သော်လည်း
ဆန္ဒပြပွဲကိုဦးဆောင်သည့် ဘာသာရေး ခေါင်းဆောင်များနှင့် ဌာနေတိုင်းရင်းသားအချို့ကို လက်နက်ကိုင်များမှ ဖမ်းဆီးထိန်းသိမ်းသည့် အခြေအနေများရှိခဲ့သည်။

လက်ရှိအချိန်တွင် နယ်မြေမငြိမ်သက်မှုများကြောင့် ကျေးရွာအချို့မှ ဒေသခံပြည်သူများနေရပ်စွန်ခွာသွားကြပြီး လယ်ယာအများစုကို စပါးစိုက်ပျိုးခြင်းမရှိဘဲ ရပ်နားထားကြောင်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဟဲပါးကျေးရွာမှအသက်၃၆နှစ်အရွယ် တောင်သူတဦးကပြောသည်။
"ဒီနှစ်လယ်ဆင်းမဲ့အချိန်ကြီး တိုက်ပွဲတွေဖြစ်ပြီး လက်နက်ကြီးနဲ့ လေယာဉ်ရန်ကို ကြောက်လို့ စစ်ဘေးရှောင်ကြတော့ တောင်သူတော်‌တော်များများက လယ်တွေကို စပါးမစိုက်ဘဲ ပစ်ထားလိုက်ကြတယ် ၊ကုန်‌ဈေးနှုန်းကကြီး ၊လမ်းက ဖွင့်လိုက် ပိတ်လိုက်နဲ့ ဒီကြားထဲ လက်နက်ကိုင်အဖွဲ့အစည်းတွေက စုဆောင်းရေးအသကုန်ဆွဲမို့ လယ်စိုက်လဲ ရှုံးမဲ့အတူတူ မစိုက်တာဘဲ အေးတယ်ဆိုပြီး လယ်တွေကိုဟမ်းထားလိုက်ကြတော့တာ ၊"ဟုယင်းကပြောသည်။

အင်းတော်ကြီးဒေသက နယ်မြေမအေးချမ်းသည့် ကျေးရွာများမှ လယ်ယာမြေ ၇၀ရာခိုင်နှုန်းကို စပါးစိုက်ပျိုးခြင်းမပြုလုပ်ဘဲ ရပ်နားထားကြကြောင်း ဆက်လက်သိရှိရပါသည်။

လုပ်ငန်းရှင်များ၏ပြောပြချက်အရ ရွေ့ပြောင်းပြီးတူးဖော်ကြသည့်လုပ်ငန်းရှင်များဖြစ်သည့်အတွက် လယ်ပိုင်ရှင် ၊ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အုပ်ချုပ်ရေးအဖွဲ့များအား အခွန် ပေးဆောင်ပြီးလုပ်လက်စဖြစ်နေသော ကြောင့် နယ်မြေမငြိမ်သက်သော်လည်း ဆက်လက်လုပ်ကိုင် နေရဆဲဖြစ်ကြောင်း သိရပါသည်။
မိုင်းနောင်နှင့် မမုံကိုင်ရွာရှိ စိုက်ပျိုးမြေ နှင့် ဘေးမဲ့တော ၇၅% သည် ရွှေတူးဖော်မှုကြောင့် ကျင်းဟောင်းနှင့် မြေစာပုံများအဖြစ်ကျန်ရှိနေပါသည်။



ရွှေတူးဖော်မှုများ
်ဂျီ

www.kachinhumanrightsinsight.org

Red PowerRanger

ဓာတ်ပုံ ရွှေလုပ်ကွက်

22/09/2025

လန်ဆယ်တွင် စစ်ကော်မရှင်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား(၂)ဦးအထက် ထိခိုက်သေဆုံး

လန်ဆယ်မြို့။ ၂၂၊စက်တင်ဘာလ၊၂၀၂၅

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့လော်မြို့နယ်ကြားရှိ လန်ဆယ်မြို့တွင် ယနေ့ နေလည် ၂:၃၀ခန့် က စစ်ကောင်မရှင်မှ Y-12 လေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြည်သူများရှိရာသို့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား(၂)ဦး အထက်ထိခိုက်သေဆုံးခဲ့ကြောင့် မြေပြင်သတင်းရင်းမြစ်များထံမှ သိရပါတယ်။

"တိုက်ပွဲတော့ ရှိတယ်။ ဒါပေမဲ့ အခုကျတာက တိုက်ပွဲဖြစ်တဲ့ဘက်မဟုတ်ဘဲ ပြည်သူတွေရှိတဲ့ဘက်ကျတာ။ တမင်သက်သက်ဗုံးကြဲတာဖြစ်တယ်။ ဝိုင်းဖွဲ့ထိုင်နေတဲ့နေရာ‌ဘေးမှာကျတာ"လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဆိုပါ လန်ဆယ်မြို့ ကို စစ်ကော်မရှင်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်များက ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ရက်နေ့က စစ်ကြောင်းထိုးလာပြီး KIA နဲ့ PDFပူး‌ပေါင်းတပ်တို့နဲ့ တိုက်ပွဲများပြင်းထန် နေသလို၊ လေကြောင်းများဖြင့်လည်း နေတိုင်းနီးပါး လာရောက်ဗုံးကျဲပစ်ခတ်တာရှိကြောင်း သူကဆက် ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က လန်ဆယ်မြို့ကို KIAနဲ့ ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး KIA အုပ်ချုပ်ရေးယန္တယားလည်ပတ်နေပြီဖြစ်တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။

#လေကြောင်းပစ်ခတ်
#အရပ်သား(၂)ဦးအထက်ထိခိုက်သေဆုံး
်ဂျီ



http://www.youtube.com/-x9y
https://t.me/W_iNNrnH7JQyMDI1
www.kachinhumanrightsinsight.org

အမျိုးသမီးများကို ခြိမ်းခြောက်ပြီး မဖွယ်မရာလုပ်တဲ့ စစ်ကော်မရှင် ရဲတပ်ဖွဲ့တစ်ဦး ဝိုင်းဖမ်းဆီးခံရမြစ်ကြီးနားမြို့။ ၂၂၊စက်တ...
22/09/2025

အမျိုးသမီးများကို ခြိမ်းခြောက်ပြီး မဖွယ်မရာလုပ်တဲ့ စစ်ကော်မရှင် ရဲတပ်ဖွဲ့တစ်ဦး ဝိုင်းဖမ်းဆီးခံရ

မြစ်ကြီးနားမြို့။ ၂၂၊စက်တင်ဘာလ၊၂၀၂၅

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် (၁) ကိုယ်ပိုင်ကျောင်း အမျိုးသမီးဆောင်တွင် ယမန်နေ့ည ၁၂:၀၀ နာရီဝန်ကျင်က ရဲတပ်သားတစ်ဦးက သေနတ်ထောက်ခြိန်းခြောက်ပြီး ဓါးပြတိုက်တဲ့အပြင် မဖွယ်မရာလုပ်ဖို့ကြိုးစား‌နေချိန် အမျိုးသမီးများမှ ဝိုင်းဖမ်းခဲ့တာဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။

"သေနတ်နဲ့ထောက်ပြီး ဖုန်း၊ပိုက်ဆံတွေ ထုတ်ခိုင်းတယ်တဲ့။ ပြီးတော့ အင်္ကျီးတွေချွတ်ခိုင်းပြီး မဖွယ်မရာလုပ်တယ်တဲ့။အဲ့ချိန်မှာ အမျိုးသမီးတစ်ဦးက သေနတ်လုယူ ပြေးသွားပြီး ကျန်တဲ့သူတွေက ဝိုင်းရိုက်ဖမ်းကြတယ်တဲ့။ နောက်တော့ ကျောင်းဆရာတွေ၊ ယောက်ျားအဆောင်က လူတွေနဲ့ ဝိုင်းဖမ်းလိုက်ကြတယ်တဲ့" လို့ ရပ်ကွက်နေ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဆိုပါ ရဲတပ်သား၏အမည်မှာ အောင်မျိုးခန့် အသက် (၂၀)၊ ကိုယ်ပိုင်အမှတ်( တ-၅၉၁၈၁၂) ဖြစ်ပြီးကျဉ်ဆံအပြည့်ပါတဲ့ သေနတ်အရှည်တစ်လက်ပါကြောင်းနဲ့ သက်ဆိုင်ရာရဲစခန်းမှ လာရောက်ခေါ်ဆောင်သွားကြောင်း သိရတယ်လို့ သူမက ပြောပါတယ်။

မြစ်ကြီးနားမြို့တွင် ခိုးဆိုးလုယက်ဓါးပြတိုက်မှုများ ပိုမိုများပြားလာပြီး အမျိုးသားများထက်အမျိုးသမီးများက ပိုမိုကြုံတွေ့နေရကြောင်း သိရပါတယ်။

်ဂျီ
#ရဲတပ်သား
#ဓါးပြတိုက်မှု
#မဖွယ်မရာလုပ်


http://www.youtube.com/-x9y
https://t.me/W_iNNrnH7JQyMDI1
www.kachinhumanrightsinsight.org

မြစ်ကြီးနာမြို့တွင် အသက်(၃၀)အရွယ်ပိုင်ရှင်မဲ့အလောင်းတွေ့မြစ်ကြီးနားမြို့။၁၉၊စက်တင်ဘာလ၊၂၀၂၅ကချင်ပြည်နယ်မြစ်ကြီးနားမြို့ စ...
19/09/2025

မြစ်ကြီးနာမြို့တွင် အသက်(၃၀)အရွယ်ပိုင်ရှင်မဲ့အလောင်းတွေ့

မြစ်ကြီးနားမြို့။၁၉၊စက်တင်ဘာလ၊၂၀၂၅

ကချင်ပြည်နယ်မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ယနေ့ နံနက် ၆ နာရီခန့်က အသက်(၃၀)အရွယ်ရှိ ပိုင်ရှင်မဲ့ အမျိုးသားရုပ်အလောင်းတစ်ခုတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ‌ သိရပါတယ်။
"ဧရာဝတီမြစ်ကမ်းအနီးရှိ ဒူဝါခက်လလမ်း လမ်းဘေးမှာ အမျိုးသားတစ်ဦး သေဆုံးနေတာ။ ဘာဖြစ်လို့သေတာမသိဘူး။ ဘယ်သူဘယ်ဝါဆိုတာတော့မသိဘူး" လို့ စီတာပူရပ်ကွက်‌ ဒေသခံအမျိုးသားတစ်ဦးက‌ပြောပါတယ်။

အဆိုပါ ရုပ်အလောင်းမှာ အခြားထိခိုက်ဒဏ်ရာမတွေ့ရသလို သေလူဆုံးသူ၏ အိတ်ထဲတွင် အရက်ပုလင်းသာ တွေ့ရကြောင်း သူကဆက် ပြောပါတယ်။

သေဆုံးသူ၏ ရုပ်အလောင်းကို မြစ်ကြီးနားမြို့ရှိ လူမှုကူညီ‌ရေးအသင်းမှလာ‌ရောက်ကောက်ယူပြီး ရာဒါကောင် သုဿန်သို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။

မြစ်ကြီးနားမြို့တွင် စစ်ကော်မရှင်အာဏာသိမ်းမှု နောက်ပိုင်း ခိုးဆိုးဓါးမြလုယက်မှုအပြင် ပိုင်ရှင်မဲ့ရုပ်အလောင်းများတွေ့ရှိမှု ပိုမိုများပြားလာကြောင်း သိရပါတယ်။

်ဂျီ
#ပိုင်ရှင်မဲ့အလောင်းတွေ့ရှိ



http://www.youtube.com/-x9y
https://t.me/W_iNNrnH7JQyMDI1
www.kachinhumanrightsinsight.org

စစ်ကော်မရှင်နဲ့ ပြည်သူ့စစ်များ၏ ဒရုန်းဗုံးပစ်ခတ်မှုကြောင့် ဖားကန့် အရပ်သား ၂ ဦးထိခိုက် သေဆုံးဖားကန့်မြို့။ ၁၉၊စက်တင်ဘာလ၊...
19/09/2025

စစ်ကော်မရှင်နဲ့ ပြည်သူ့စစ်များ၏ ဒရုန်းဗုံးပစ်ခတ်မှုကြောင့် ဖားကန့် အရပ်သား ၂ ဦးထိခိုက် သေဆုံး

ဖားကန့်မြို့။ ၁၉၊စက်တင်ဘာလ၊၂၀၂၅

ကချင်ပြည်နယ် ဖားကန့်မြို့ မရှီကထောင်အုပ်စု ထုံးဘို ကျေးရွာတွင် ယနေ့ မနက် ၉:၀၀နာရီခန့်က စစ်ကော်မရှင်နဲ့ ရှမ်းနီပြည်သူ့စစ်ပူး‌ပေါင်းတပ်ဘက်မှ ပြည်သူများ နေထိုင်ရာသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်အများထိခိုက်ပျက်စီးတဲ့အပြင် အရပ်သား (၂)ဦးထိခိုက်သေဆုံးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရပါတယ်။

အဆိုပါ မရှီကထောင်အုပ်စုကို ယမန်နေ့က KIAနဲ့ KPDFများက ဆုတ်ခွာထားတာဖြစ်ပြီး စစ်‌ကော်မရှင်နဲ့ ရှမ်းနီပြည်သူ့စစ်များက ဝင်ရောက် နေရာယူထားတာဖြစ် ကြောင်းလည်းသိရပါတယ်။

ထို့အပြင် လက်ရှိမှာ စစ်ကော်မရှင်က နေ့တိုင်းနီးပါး ကားမိုင်းဘက်မှ စစ်ကား ၆စီး အထက်ဖြင့် ဖားကန့်ဘက်ကို အင်အားများဖြည့်တင်နေတာရှိကြောင်း မြေပြင်သတင်းရင်းမြစ်တစ်တစ်ဦးကပြောပါတယ်။

"ဖားကန့်ဘက် အရမ်းထိုးနေတယ်။ မနေ့က စစ်ကားလည်း(၆)စီးတက်လာတယ်။ ဒီမနက်လည်းတက်လာတယ်တဲ့။ အခုတိုက်ပွဲက တောတော်ဆိုးနေတယ်။" လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၇)ရက်နေ့က ဖားကန့် မှော်ရှန်ဘက် စစ်ကော်မရှင်လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦးထိခိုက် သေဆုံးပြီး ကလေးငယ်အပါအဝင် အရပ်သား(၄)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။

်ဂျီ
#ဒရုန်းဗုံး
#အရပ်သားနှစ်ဦးသေ
#တိုက်ပွဲပြင်းထန်နေ



http://www.youtube.com/-x9y
https://t.me/W_iNNrnH7JQyMDI1
www.kachinhumanrightsinsight.org

လက်ရှိမိမိဒေသတွင်း စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုတိုင်းတာမှု အခြေအနေ ဒေတာအချက်အလက်အရ ကချင်ပြည်နယ်တွင် စိတ်ပိုင်းဆိုင်ရာ...
18/09/2025

လက်ရှိမိမိဒေသတွင်း စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုတိုင်းတာမှု အခြေအနေ

ဒေတာအချက်အလက်အရ ကချင်ပြည်နယ်တွင် စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုတိုင်းတာရာတွင် (၁၀၀)ဦးမှ (၆၀)ဦးခန့်က လုံးဝမပျော်ရွှင်ကြောင်းကို ညွှန်ပြနေပြီး ၊(၆) ဦးကသာ ပျော်ရွှင်မှုရှိကြောင်းညွှန်ပြနေပါသည်။

်ဂျီနဲ့ kachin human rights insight ပူးပေါင်းကောက်ယူသည်။
#စစ်တမ်းကောက်ခဲ့သည့်မြို့နယ်_မြစ်ကြီးနားမြို့_ဖားကန့်မြို့ _မိုးညှင်းမြို့ _ဝိုင်းမော်မြို့
http://www.youtube.com/-x9y
https://t.me/W_iNNrnH7JQyMDI1
www.kachinhumanrightsinsight.org

18/09/2025

စစ်ကော်မရှင်ရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးသေ၊ လေးဦးအထက်ဒဏ်ရာပြင်းထန်ရ

ဖားကန့်မြို့။ ၁၈၊စက်တင်ဘာလ၊၂၀၂၅

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စု အထက်မှော်ရှန်ဘက် ယန်မနေ့ ညနေ ၄နာရီခန့်က စစ်ကော်မရှင်ဘက်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အသက်(၉)အရွယ် ကလေးတစ်ဦးထိခိုက် သေဆုံးပြီး ပြည်သူ(၄)ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရပါတယ်။

"ညနေ (၄)နာရီခန့်က ဖားကန့် ဆိပ်မူကျေးရွာအုပ်စု၊ အထက်မှော်ရှန်ဘက်သို့ စကမအဖွဲ့ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး (၉)နှစ်အရွယ် မမေမြတ်နိုးသွယ် ‌ထိခိုက်သေဆုံးခဲ့ပြီး၊ လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့် မှတ်တမ်းဖြစ်သည်" ဟု ဖားကန့် ဒေသခံတစ်ဦး၏ လူမှုစာမျက်နာမှာ ဖော်ပြထားပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ဒေသခံများကို မေးမြန်ရာတွင် ဆိပ်မူအုပ်စုတွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကော်မရှင်ဘက်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာဖြစ်တဲ့အပြင်၊ KIAနဲ့ KPDFတို့ဘက်မှ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်ကတိုက်ခိုက် ထိန်းချုပ်ထားတဲ့ နေရာဖြစ်ကြောင်း ဆက်လက်သိရပါတယ်။

"တိုက်ပွဲတော့မရှိဘူး။အရင်နှစ်က KIAတို့ တိုက်သိမ်းထားတာ။ အခုစစ်တပ်ဘက်က မကြာခဏ ရမ်းပစ်တာ။ ဒီလိုရမ်းပစ်တော့ ပြည်သူတွေက ကျီးလန့်စာစားနေရတယ်။"လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဖားကန့်ဘက် စစ်ကော်မရှင်ဘက်မှ စစ်အင်အားအလုံးအရင်းဖြင့် ကားမိုင်းက‌နေ ထိုးစစ်ဆင်လာပြီး ဖားကန့်ကျေးရွာတစ်ချို့လည်း စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။

်ဂျီ
#လက်နက်ကြီးပစ်ခတ်
#ကလေးငယ်တစ်ဦးသေ
#လေးဦးထိခိုက်ဒဏ်ရာရ

TarlinMg
http://www.youtube.com/-x9y
https://t.me/W_iNNrnH7JQyMDI1
www.kachinhumanrightsinsight.org

ဖားကန့်မြို့နယ် တစ်ချို့တွင် တိုက်ပွဲပြင်းထန်လာသဖြင့် လုံခြုံရေးအတွက် အရပ်သားတစ်ချို့ စစ်ဘေးရှောင်ဖားကန့်မြို့။ ၁၇၊စက်တင...
17/09/2025

ဖားကန့်မြို့နယ် တစ်ချို့တွင် တိုက်ပွဲပြင်းထန်လာသဖြင့် လုံခြုံရေးအတွက် အရပ်သားတစ်ချို့ စစ်ဘေးရှောင်

ဖားကန့်မြို့။ ၁၇၊စက်တင်ဘာလ၊၂၀၂၅

ကချင်ပြည်နယ် ဖားကန့်မြို့ဘက် ပြီးခဲ့တဲ့ စက်တင်ဘာလဆန်မှ စစ်ကောင်မရှင်တပ်ဖွဲ့များထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများပြင်းထန်လာနိုင်တာကြောင့် ကျေးရွာတစ်ချို့ မြစ်ကြီးနားသို့ နေရပ်စွန့်ခွာစစ်ဘေးရှောင်လာကြောင်း မြို့ခံများထံမှ သိရပါတယ်။

"ထိုးစစ်အရမ်းဆိုးလာလို့ စစ်ဘေးရှောင်လာကြတယ်။ တစ်ချို့က ဆွေမျိုးအိမ် တွေမှာခိုလုံကြတယ်။ အများပိုင်းကတော့အသင်းတော်တွေမှာ ခုံလုံနေကြတယ်။ အားလုံးမဟုတ်သေးဘူး တစ်ချို့က လမ်းစရိတ်မရှိတာရယ်၊ ရွာမှာရှိတဲ့ပိုင်ဆိုင်မှု စောင့်ရှောက်ဖို့ရယ် စတဲ့ အခက်အခဲနဲ့ အကြောင်းအမျိုးမျိုးကြောင့် နေခဲ့ရတာရှိတယ်တဲ့" လို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဆိုပါ ဖားကန့်ဘက်မှ စစ်ဘေးရှောင်လာတဲ့ လူဦးရေအတိအကျ စာရင်းမသိရသေးသလို ၅၀၀ နဲ့ ၁၀၀၀ အထက်ကြားရှိနိုင်ပြီး ရှရောခနဲ့ မရှီကထောင်ရွာတွေ ပါတာသိရ‌ကြောင့် သူကဆက်ပြောပါတယ်။

ဖားကန့်မြို့တွင် ပြီးခဲ့တဲ့ လတိုင်းမှာ စစ်ကော်မရှင်ဘက်မှ လက်နက်ကြီးလက်နက်ငယ်၊ ဒရုန်း၊ လေယာဉ်များဖြင့် ပစ်ခတ်တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုနဲ့ နေအိမ်ထိခိုက်ပျက်စီးမှုများစွာ ရှိခဲ့ကြောင်း သိရပါတယ်။

်ဂျီ
#စစ်ဘေးတိမ်းရှောင်


http://www.youtube.com/-x9y
https://t.me/W_iNNrnH7JQyMDI1
www.kachinhumanrightsinsight.org

တရုတ်မယားလုပ်ရန် အမျိုးသမီးများကို အကောင့်တုများဖြင့်လိုက်လံ မြူဆွယ်မြစ်ကြီးနားမြို့။ ၁၇၊ စက်တင်ဘာလ၊ ၂၀၂၅ကချင်ပြည်နယ် မြ...
17/09/2025

တရုတ်မယားလုပ်ရန် အမျိုးသမီးများကို အကောင့်တုများဖြင့်လိုက်လံ မြူဆွယ်

မြစ်ကြီးနားမြို့။ ၁၇၊ စက်တင်ဘာလ၊ ၂၀၂၅

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အွန်လိုင်းမှတစ်ဆင့် ကချင်စာဖြင့် အမျိုးသမီးများကို အကောင့်တုများနဲ့ လိုက်လံမြူဆွယ် နေပုံကို လူမှုကွန်ယက်တွင် မြင်တွေ့ရပါတယ်။

အဆိုပါ မြင်တွေ့ရတဲ့စာများအရ မြစ်ကြီးနားမြို့မှ အမျိုးသမီးများကို ဦးတည်ပြီး စဖွန်ဆာအကြောင်းအပြင် မူးယစ်ဆေးဖြစ်တဲ့ K သုံးတတ်မတတ်‌ မေးထားတာ‌ကို တွေ့ရပြီး တရုတ်များက ရှာခိုင်းတာဖြစ်ကြောင်း မိန်းက‌လေးများကို အကောင့်တုနှင့် လိုက်လံစာပို့‌‌တာတွေ့ရပါတယ်။

ဤအကြောင်းနဲ့ပတ်သတ်ပြီး မြစ်ကြီးနားမြို့ခံ တစ်ဦးကအခုလိုပြောထားပါတယ်။
"မြစ်ကြီးနားမှာက အခု လောင်းက‌စားရုံ၊ ‌KTV၊ Bar Club တွေဘဲ။ ည ၁နာရီ၊၂နာရီတောင် ကားသံဆိုင်ကယ်သံတွေကြားနေရတယ်။ တရုတ်တွေကိုလည်း အရင်ကထက် အများကြီး‌တွေ့လာရတယ်။ ကုန်ဈေးနှုန်းကတက်၊ အလုပ်ကရှားပါးဆိုတော့ လူငယ်တွေ အထူးသဖြင့်မိန်းကလေးတွေက အခုလို ငွေရဲ့သားကောင်ဖြစ်လာရတယ်ပေါ့။" လို့ သူမ ပြောပါတယ်။

မြစ်ကြီးနားမြို့တွင် အများအားဖြင့် အမျိုးသမီးများက ခိုးဆိုးလုယက်ဓါးပြတိုက် ခံရပြီး အွန်လိုင်းမှတစ်ဆင့် အခုလို မြူဆွယ်စည်းရုံးတာလည်း ကြုံတွေ့နေရတာကြောင့် အနာဂတ်အတွက် အလွန်ပင်စိုးရိမ်ရကြောင်းသူမကဆက်ပြောပါတယ်။

ယခုလအတွင် မြစ်ကြီးနားမြို့တွင်း ဓါးပြတိုက်များကို မကြာခဏဖမ်းဆီးမိပြီး အများပိုင်းမှာ အသက်ငယ်ငယ်လူငယ်‌ ယောကျ်ား‌လေးများဖြစ်နေကြောင်းသိရပါတယ်။

်ဂျီ
#အွန်းလိုင်းမှလိမ်လည်မြူဆွယ်
#အကောင့်တု
#မူးယစ်ဆေးဝါး
#တရုတ်စပွန်ဆာ

http://www.youtube.com/-x9y
https://t.me/W_iNNrnH7JQyMDI1
www.kachinhumanrightsinsight.org

Address

Yangon

Alerts

Be the first to know and let us send you an email when LangJi - လန်ဂျီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LangJi - လန်ဂျီ:

Share