Art Union News & Media Website

Art Union News & Media Website Art Union

❝ အမေချစ်တာ အဖေမမှီဘူးလား ❞********************************❀အဖေကကြမ်း ၊ အမေနမ်းတော့     အမေ့ကို.. ချစ်တာပေါ့...     အဖေဆ...
11/05/2024

❝ အမေချစ်တာ အဖေမမှီဘူးလား ❞
********************************

❀အဖေကကြမ်း ၊ အမေနမ်းတော့
အမေ့ကို.. ချစ်တာပေါ့...
အဖေဆူ ၊ အမေက...ချော့တော့
အမေ့ကို .. ချစ်မှာပေါ့...

❀အဖေကအဝေး ၊ အမေထွေးတော့
အမေ့ကို... ချစ်မှာပေါ့....
အဖေကရုန်းရ ၊ အမေကပြုံးပြတော့
အမေ့ကို.. ချစ်တာပေါ့....

❀အဖေကငွေရှာ ၊ အမေကဆင်ရှာတော့
အမေ့ကို ချစ်မှာပေါ့....
အဖေကချွေးပြို ၊ အမေကတေးဆိုတော့
အမေ့ကို .. ချစ်တာပေါ့....

❀အဖေကမထွေး ၊ အမေကကျွေးတော့
အမေ့ကို.. ချစ်ကြတာပေါ့....
အမေကမကြိုက် ၊ အဖေကရိုက်တော့
အဖေ့ကို... မုန်းတာပေါ့....

❀အမေ့ပါးမှာက. နံ့သာ
အဖေ့ပါးမှာ... နေလောင်ရာ
အဖေ့ပါးပြင်..ထက်
အမေ့ပါးကို.... နမ်း
ပိုချစ်ကြတာ မဆန်းပေမဲ့....

❀ချစ်မေတ္တာက အတူတူ
အမေချစ်တာ... အဖေ
မမှီဘူးတဲ့လား..?

❀ဆန်အိုးထဲက..ဆန်
ဂလုံမဆန်အောင် ၊ အပြည့်ထည့်
ဝမ်းစာရတက်မပွေ..
စားမခက်လေအောင်..
အဖေ့မေတ္တာလက်နဲ့ ကြံဆောင်ထား
ဆန်အိုးထဲက ဆန်းများပါ
သားရယ်....

❀ဆီးပုလင်းထဲ...ဆီ
အဲ့ဒီမှာ...
အဖေ့ချွေးစက်တွေက...အစီအရီပါ..
ဘယ်ပန်းချီ ၊ မိုးပြိုကျ
ဥံဖွဆိုပြီး...
ရောက်လာတာမဟုတ်ဘူးလေ..
ဆီတစ်စက် ... အလိုကျ
အဖေ့.. ချွေးစက်တွေက
ရင်းရခဲ့တာပေါ့...သမီးရယ်...

❀အမေဆင်တဲ့ ၊ အဝတ်အစား
အဖေ့ခွန်းအားကို... အရင်းထိုင်
ချည်တိုင်လက်နဲ့ ၊ သဒ္ဒါစက်ကိုတွဲ
အဖေ့..ချွေးနဲ့ ယက်တဲ့
အဖေ့အကြင်နာ အခက်တွေပေါ့...

❀ အဖေဆူတဲ့ ဒေါသ
ခဏတာတော့... မောကြမှာပေါ့
ရင့်ကျက်လာတဲ့ ..တစ်နေ့
အဖေ့မေတ္တာ ..အရိပ်အငွေ့
မင်းတို့တတွေ...ပြန်တွေ့ကြမှာပါ...။

❀အဖေရိုက်တဲ့ လက်ဖဝါး
မင်းတို့အသည်း.. မနာပါနဲ့
တစၻဝစာ... လိမၼာဖို့
ခဏတာ နာကျင်စေမှူ့ မပါတဲ့
ဆန္ဒတွေအစား
အဖေတို့ရဲ့ ....
ကရုဏာတရားတွေပါ...။

❀ အဖေမပေးနိုင်တဲ့.. မေတ္တာ
အဖေမပေးနိုင်တဲ့... နွေးထွေးမှု
အဖေမပေးနိုင်တဲ့...
ဖြည့်ဆည်းမှုတွေ
အမေ´ပေးတယ်လေ...
အဲဒီမှာတင်....
အဖေ့မေတ္တာကရှုံးနေပါပြီ ...

❀ပြုံးနေတဲ့သား... မျက်နှာ
လှနေတဲ့ သမီး.. ကညာ
ဟိုးအဝေးက ... ခိုးကြည့်
မင်းတို့ မသိခဲ့ပါဘူး.... ..

❀ပျော်နေတဲ့ ... သားမျက်နှာ
ကျေနပ်နေတဲ့ ...သမီးကညာ
အိမ့်ထောင့် ၊ တစ်နေရာကလေ...
အဖေ့မျက်နှာ .. ပြုံးစိစိ
ဒါကို...မင်းတို့မသိကြပါဘူး...

❀အိပ်ပျော်နေတဲ့... သားမျက်နှာ
နံ့သာတင်ထားတဲ့.. သမီးမျက်နှာ
ခြေရင်းမှာ... ငူငူရပ်
အပြောမတတ် ၊ စကားမချို
မျက်လုံးချိုချို ၊ သကာကိုချ
အဖေတဝကြီး ... ခိုးကြည့်
ဒါကို..မင်းတို့မသိကြပါဘူးလေ...

❀လိုချင်တာရ ၊ ရှာတာချလို့
ခါးတွေလည်းလှ ၊ ဝမ်းတွေဝရင်လေ
ငါ့ဖို့ဆိုတာ...နောက်ထား
ဖိနပ်... ပါးလို့ အမြီးတို
ချွေးဆိုဆို ၊ နေပူ.ကျဲ
လျှောက်ရဲခဲ့တာ..အဖေပါ....

❀ မိုးပြိုလို့ တိမ်အောက်
ဆင်းရဲခြင်း ဇောက်နက်နက်ထက်
မိုးပေါက် ကြီးကြီးတွေကိုလည်း
ဒူးမထောက် ၊ လက်မမြောက်
အဖေ... မကြောက်ခဲ့ပါဘူး...

❀သားသမီးအတွက် ..ဆိုရင်လေ
ကိုယ့်ဘဝကို... နင်းခြေ
အသည်းကြွေကာ ၊ ဘဝတွေဆုံး
ခန္ဒာတုံးလည်း ၊ အချစ်မပြယ်..
အသက်ဆုံးလည်း ၊ မေတ္တာမပြယ်...

❀လောကဓံကို.....ဖက်တွယ်ရင်းနဲ့
ဆင်းရဲခြင်းကို အံတု
အဖေ့မေတ္တာ ၊ အစုစုကို
မင်းတို့ နားလည်တဲ့တစ်နေ့...

❀နောင်တ.. တကွေ့ .
နောင်မှ....မတွေ့အောင်...
အဖေ့ရင်ထဲက....စကား
အဖေများရဲ့ ...မေတ္တာအများ
အဖေများရဲ့...ကရုဏာတရား

❀မချစ်ချင်ရင်တော့နေပါ..သားရယ်
မခင်ချင်ရင်တော့...နေပါသမီးရယ်
အဖေ့များကိုတော့...
မမုန်းကြပါနဲ့လို့...

❀မှန်သောသစ္စာ ၊ ဖမေတ္တာကို
ဖော်ကာနှိုင်းစု ၊ မရတုသည်
များခုလိမ္မာ ၊ သိနိုင်ပါစေ
သိကြားစေကြား သိစေသား..


❃ အဖေဆိုတာ..နေ
အမေ ဆိုတာ..လ
မေတ္တာမျှတာခြင်း အတူတူ
ဘယ်သူက... ပိုသူ
ဘယ်သူက..လိုသူ
မရှိရိုးထုံးစံ ၊ ဖြစ်အမှန်မို့....

❃ အဖြစ်ခြင်း...မတူပေမဲ့
သားသမီးတွေ...အတွက်ဆို
စစ်ခင်းရဲတာခြင်း.....အတူတူ
ချစ်ကြတာခြင်းကလည်... အတူတူ...
မမုန်းကြတာလည်း ..အတူတူပါပဲ....

#မူရင်းရေးသာသူကိုခရေးဒစ်ပေးပါတယ်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်pth

" မိဘတွေ မရှိတော့ဘူးဆိုရင် "တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့ လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်......
11/05/2024

" မိဘတွေ မရှိတော့ဘူးဆိုရင် "

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ မင်းနဲ့သွေးချင်းအရင်းနှီးဆုံး လူနှစ်ယောက် မရှိတော့ဘူးလို့ နားလည်ပါ....

ဒါကြောင့် မိဘတွေရှိတုန်းမှာ ကောင်းကောင်းမွန်မွန်ဆက်ဆံပါ...မိဘတွေကို မင်းအတွက် စိတ်မပူပါစေနဲ့...

မိဘတွေ လိုချင်တာက သားသမီးတွေဆီက ပိုက်ဆံတွေထက် သားသမီးတွေရဲ့ အဖော်ပြုပေးမှုပါပဲ...
ဘာလို့လဲဆိုတော့ သားသမီးတွေဆိုတာ မိဘတွေရဲ့ နှလုံးသည်းပွတ်ဖြစ်နေလို့ပါပဲ...

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ မင်းကို စိတ်ရင်းစေတနာ နွေးထွေးတဲ့အကြင်နာနဲ့ယုယစွာချစ်မဲ့သူနှစ်ယောက် ဆုံးရှုံးသွားပြီလို့ နားလည်ပါ....

ဘယ်မိဘကမှ သူတို့ရဲ့ အုတ်ဂူရှေ့မှာ သားသမီးတွေပူဆွေးနေတာကို ကြည့်ရက်မှာ မဟုတ်ပါဘူး....

ဒါကြောင့် အချိန်ရပြီဆိုတာနဲ့အိမ်ကိုပြန်ပြီး မိဘတွေနဲ့ တွေ့ပါ....ကိုယ့်အိမ်မဟုတ်တဲ့စားသောက်ဆိုင် ပျော်ပွဲစားရုံတွေမှာ အချိန်ကုန်နေမဲ့အစား မိဘရဲ့ ရင်ခွင်မှာ ပျော်ရွှင်ပါ....

ဘာလို့လဲဆိုတော့ မိဘတွေဆိုတာ သားသမီးတွေ ပြန်လာမှာကို မျှော်လင့်နေတတ်လို့ပါပဲ....

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ မင်း ထမင်းမစားချင်တဲ့အခါ.. ဂရုတစိုက် ကျွေးမွေးမဲ့သူနှစ်ယောက် မရှိတော့ဘူးလို နားလည်ပါ....

ဒါကြောင့် အပြင်မှာ ဘယ်လောက် အလုပ်များများ...အိမ်ပြန်ပြီး မိဘတွေနဲ့အတူတူ ထမင်းလက်ဆုံစားပါ...

ဘာလို့လဲဆိုတော့ မိဘတွေမရှိတော့မှ သူတို့နဲ့အတူတူ ထမင်းစားချင်လို့ မရနိုင်တော့လို့ပါပဲ....

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ...မင်းကို နေကောင်းရဲ့လား ...အလုပ်အဆင်ပြေရဲ့လား...ပိန်သွားလား..၀ နေလား..ဆိုပြီး ဂရုစိုက်မဲ့သူနှစ်ယောက် မရှိနိုင်တော့ဘူးလို့ နားလည်ပါ....

တကယ်တော့ လူတစ်ယောက်ကို ဂရုစိုက်ရတယ်ဆိုတာ အပင်ပန်းဆုံးပါပဲ...တော်ရုံလူက မင်းကို အမြဲ ဂရုစိုက်နေဖို့ဆိုတာ မလွယ်ပါဘူး...

ဒါကြောင့် မိဘတွေ နေမကောင်းတဲ့အခါ...သူတို့ကို အထူး ဂရုစိုက်ပါ...အဝေးရောက်နေခဲ့ရင်လဲ မိဘတွေနဲ့့အမြဲဖုန်းဆက်သွယ်ပါ...ကိုယ့်ရဲ့အခြေအနေကို ပြောပြသလို မိဘတွေရဲ့ကျန်းမာရေးကိုလဲ အလေးထားပါ...

ဘာလို့လဲဆိုတော့ သူတို့ နာမကျန်းတဲ့အခါ...အတမ်းတဆုံးက မင်းဆီက မေတ္တာဖြစ်နေလို့ပါဘဲ

တကယ်လို့ တစ်နေ့နေ့မှာ မင်းကို မွေးဖွားခဲ့တဲ့
လူနှစ်ယောက် လောကကြီးထဲက ထွက်ခွာသွားပြီဆိုရင်....

ဒီလောကမှာ မင်းကို အဆုံးအစမရှိ မေတ္တာအနန္တနဲ့ချစ်နိုင်မဲ့ သူနှစ်ယောက် ဆုံးရှုံးသွားပြီလို့ နားလည်ပါ....

ဒါကြောင့် မိဘတွေကို စိတ်မထိခိုက်ပါစေနဲ့...မိဘတွေရှိတုန်းမှာ ပျော်ရွှင်မှုများများပေးပါ....

မင်းမှာ အချိန်မရှိဘူးလို့စောဒက မတက်ပါနဲ့...
အလုပ်အရမ်းများတယ်လို့ မညည်းတွားပါနဲ့....ကိုယ့်ရဲ့အချိန်တွေကို တခြားသူတွေဆီမှာ အချည်းနှီး အချိန်မကုန်ပါစေနဲ့...

မိဘတွေရဲ့ ရင်ထဲမှာ သင့်တစ်ယောက်ပဲ ရှိတယ်ဆိုတာ မှတ်ထားပေးပါ....

သူငယ်ချင်းဆုံးရှုံးသွားရင်…… ပြန်ရှာလို့ရတယ်...အလုပ်မရှိတော့ရင်...အလုပ်အသစ်ရှာလို့ရတယ်...ယုတ်စွအဆုံး နှလုံးသားတစ်ခုဆုံးရှုံးသွားရင် ပြန်အစားထိုးလို့ရပါတယ်...

ဒါပေမဲ့ မိဘတွေမရှိတော့ဘူးဆိုရင်တော့ ဘယ်အရာနဲ့မှ အစားထိုးလို့ရမှာ မဟုတ်တော့ပါဘူး... မိတ်ဆွေ ☺☺

Credit

ထွန်းကျော်အိန္ဒြာဟိန်းဗိုလ် 🤣
19/08/2022

ထွန်းကျော်အိန္ဒြာဟိန်းဗိုလ် 🤣

03/08/2022

မသိလို့မေးပါရစေ

မြန်မာတစ်နိုင်ငံလုံးကလူတွေအကုန်ဂျပန်ထွက်ကြတော့မှာလားဟင်

နည်းပညာခေတ်ကိုလုပ်အားနဲ့ ဘယ်လိုမှယှဥ်မရပါဘူး...Koreaတို့Japanတို့မှာ၅နှစ်လောက်အလုပ်သွားလုပ်သိန်း၂ထောင်စုမိပြီပဲထား... မြ...
20/07/2022

နည်းပညာခေတ်ကို
လုပ်အားနဲ့
ဘယ်လိုမှယှဥ်မရပါဘူး...

Koreaတို့Japanတို့မှာ
၅နှစ်လောက်
အလုပ်သွားလုပ်
သိန်း၂ထောင်စုမိပြီပဲထား...

မြန်မာပြည်
ပြန်ရောက်ရင်
japanကား
သိန်း ၅၀၀ တန်လောက်ပဲ
ဝယ်စီးတယ်
ထားဦး
ကျန်တဲ့1500လောက် ကိုတိုက်ခန်းဝယ်
အဲ့တိုက်ခန်းရောင်းတဲ့သူက
အဲ့ပိုက်ဆံနဲ့
ကားအကောင်းစားသိန်း၁၅၀၀တန်
ဝယ်စီးလိုက်ပြီထားပါတော့...

ကိုယ်လုပ်ခဲ့တဲ့
၅နှစ်လုပ်ခအကုန်
သူ့နိုင်ငံအကုန်
ပြန်ရောက်သွားတယ်

ကားတစ်စီးထုတ်ဖို့ ဆိုတာ ရက်ပိုင်းတောင်
ကြာမလားမသိ
နည်းပညာဆိုတာအဲဒါပဲ...

ဆန်စပါးလို
စောင့်နေစရာမလိုဘူး
လိုသလောက်
ထုတ်လို့ရတယ်
စပါးဆိုတာ
တစ်နှစ်၅ခါမှ
စိုက်လို့မရတာ
ကားကတော့
လိုအပ်ရင်
စက်ရုံထပ်ဆောက်မှာပေါ့

ကိုယ်လက်လှမ်းမမှီတဲ့
နည်းပညာတွေမှ
အများကြီးပဲ
တွေးဖို့တောင်
ဉာဏ်မမှီတာ
တစ်ပုံကြီးရှိသေးတယ်...

ပညာတွေဟာ
အရမ်းအရေးကြီးတယ်
ဆိုတာတွေးမိတာပါ ...

နည်းပညာနိမ့်ကျရင်
လယ် လုပ်ရတာ ခြင်း
တူရင်တောင်
စက်နဲ့ လုပ်တဲ့သူနဲ့
နွားနဲ့ အတူတူ ရုန်းတဲ့သူ
ကွာသလို ကွာပါလေ့မယ်...

နိုင်ငံခြားကို သွားဖို့အသည်းအသန်တွေ
ကြိုးစားနေတာ
မြင်တော့
တွေးမိတယ်...

တိုးတက်ပြီးသား
နိုင်ငံတွေက
ငါးကြင်းကြော်ဖို့
ဆီကို ငါးကြင်းဆီကရ
ဆိုသလိုပဲ

ဥပမာ_
ကားထုတ်ဖို့
မြန်မာက
အလုပ်သမားတွေ
ခေါ်တယ်
ကားတွေကို မြန်မာ
ပြန် တင်သွင်းတယ်...

အလုပ်သမား အတွက်
ပေးရတဲ့ငွေကို
အသာလေး
ပြန်ယူလို့ရတယ်
အပေါ်ဆုံးအပိုဒ်မှာ
ရေးသလိုပေါ့...

သူတို့ကတော့
အဲ့လောက်အသေးစား
နည်းပညာလေးတွေမှာ
အချိန်ကုန်မခံဘူး
သူတို့လူတွေမရင်းပါဘူး...

အဲ့ထက်မြင့်တဲ့
နည်းပညာတွေအတွက်ပဲအချိန်ပေးမှာပါ။

Credit by

Khant Hmhwe Swe

17/07/2022

စိတ်ညစ်ရင် ဒီစာလေးကိုဖတ်ပါ
▪️▪️▪️▪️▪️▪️▪️▪️▪️▪️

ヅ မာနတွေ သိပ်မထားပါနဲ့ ...
မထားသင့်တဲ့ မာန်မာနက
သင့်ကမ္ဘာကို ကျဉ်းမြောင်းစေပါတယ်။

ヅ လူတွေကို အပြုံးနဲ့ စတင်နှုတ်ဆက်ဖို့
ဘယ်တော့မှဝန်မလေးပါနဲ့
အပြုံးတွေက
တစ်ဖက်လူကို ပျော်ရွှင်စေသလို
ကိုယ်တိုင်လည်း ပီတီ ဖြစ်စေတယ်။

ヅ လူတိုင်းမှာ ဝမ်းနည်းစရာဆိုတာ
အမြဲရှိပြီးသားပါ သင့်တစ်ယောက်တည်း
မပျော်ရွှင်ပဲ ဝမ်းနည်းနေရတာ မဟုတ်ဘူး။

ヅ ဘဝဆိုတာ ဒင်္ဂါပြားတစ်ခုလို့
မျက်နှာပြင်နှစ်ဖက် ခေါင်းနဲ့ ပန်းလို့ပါပဲ
အဆိုးတွေပြီးရင် အကောင်းဆုံးတွေ
တစ်ကျော့ပြန်လှည့်လာမှာပါ။

ヅ ဖြေရှင်းလို့ရတာတွေ ဆက်ဖြေရှင်းပါ
ဖြေရှင်းလို့မရတာတွေ ပစ်သာထားလိုက်ပါ
အချိန်တစ်ခုကြာတော့လည်း
အပြောင်းအလဲတွေနဲ့ သင်ကံကြမ္မာ
တစ်ခါပြန်ကံကောင်းလာမှာပါ။

ヅ အရေးကြီးတာက
ဘယ်အရာတွေကိုပဲဖြစ်ဖြစ်
ရင်ဆိုင်ရဲတဲ့စိတ်နဲ့
ရင်ဆိုင်ချင်စိတ်လေးရှိဖို့လိုတယ်။

ヅ တစုံတစ်ယောက်ဆီက
မျှော်လင့်ချက်တွေ
ထင်သလို ဖြစ်မလာတဲ့ အခါ
မျှော်လင့်ချက်တွေကို လျှော့ချပစ်ပါ

အကြိမ်များစွာ သင် မျှော်လင့်သလို
မတုန့်ပြန်တဲ့သူဟာ သင်လိုချင်တဲ့အရာ
သူ့မပေးနိုင်ဘူးဆိုတာ
သင့် နားလည်ထားဖို့ လိုတယ်။

ヅ သင့်ကို မနာလိုသူ ၊ မလိုလားအပ်သူ၊
သင့်ကို စွန့်ခွာသွားသူတွေကို မမုန်းတီးပါနဲ့
မတ်တောသာထားလိုကျပါ

မေတ္တာဆိုတာ ကျယ်ပြန့်တတ်သလို
ရောင်ပြန်ဟပ်စေပါတယ်
သင့်မျှော်လင့်ထားတဲ့သူဆီက မေတ္တာမရလဲ
အခြားလူတွေဆီက ချစ်ခြင်းမေတ္တာတွေ
အပြည့်အဝ ရစေနိူင်ပါတယ်။

ヅ သင့်ကိုဂရုစိုက်သူ
အလေးထားသူတွေကိုပဲ
တတ်နိုင်သလောက်မမေ့လျော့ပါနဲ့ ...
သူတို့ရဲ့တန္ဖိုးထားမွုကို
အသိအမှတ်ပြုပြီး တုန့်ပြန်ပါ။

ဘာလို့လဲဆိုတော့
သူတို့က ကိုယ့်ရဲ့အသက်ရှင်
ရပ်တည်မှုကိုပိုပြီး အဓိပ္ပါယ်ရှိအောင်
လုပ်ပေးတဲ့သူတွေမို့ပါ။

ヅ ဖြစ်ချင်တာတွေ
တစ်ထပ်ချင်းဖြစ်အောင်
ဖြည်းဖြည်းချင်းလုပ်ယူပါ
အရမ်းကြီး ဆန္ဒ သိပ်မစောပါနဲ့...
ဒီနေ့မဖြစ်လဲ နောက်နေ့ရှိသေးတာပဲ
နေ့တိုင်းအကျိုးရှိစွာ
လုပ်ဆောင်နေဖို့သာအဓိကပါ။

ヅ နေ့ရက်တိုင်းကစပြီး ဒီနေ့ထိ
သင့်စိတ်ညစ်နေရင်
ပျော်ရွှင်စရာလေးတစ်ခုခုတော့ရှာဖွေပါ။

ဥပမာ။ ။ ဟာသ VDယိုလေး၊
ရီမောစရာကာတွန်းလေးတွေ ၊
ရီစရာပြောတတ်သောသူငယ်ချင်းတွေ
အစရှိသဖြင့်
ပြုံးရီစရာလေးတွေနဲ့
အာရုံပြောင်းနိုင်အောင် ကြိုးစားပါ။

ヅ လူသားတိုင်း မပျော်ပဲ ပြုံးနေရတဲ့
ဘဝဆိုတာ အမြဲရှိပြီးသားပါ

တချို့လူတွေပျော်ရွှင်နေရတယ်ဆိုတာ
စိတ်ညစ်စရာလုံးဝမရှိလို့မဟုတ်ဘူး

သူတို့ကိုယ်တိုင်က
ပျော်ပျော်နေတတ်လို့ပါ
ပြီးတော့ ပျော်ရွှင်ခြင်းဆိုတာ
သင်ကိုယ်တိုင် ဖန်တီးယူရတာပါ။

ヅ ကိုယ့်ကိုယ်ကို ကံအဆိုးလို့
ဘယ်တော့မှမတွေးပါနဲ့
သင့်ဘဝ ဘယ်လောက်ဆိုးရွားပါစေ
ကိုယ့်ထက်ဆိုးရွားတဲ့လူတွေ
ကိုယ့်ထက်ကံဆိုးတဲ့သူတွေ
ဒီကမ္ဘာပေါ်မှာ တစ်ပုံကြီးပါ။

အတွေးလေးတစ်ခု
ပြောင်းလဲတွေးခေါ်တတ်ဖို့ပဲ လိုပါတယ်။

ヅ နောက်ဆုံးတစ်ခုကတော့

ကံဆိုတာအလုပ် အလုပ်ဆိုတာ ကံပါ။
ဆိုးတာတွေ လုပ်နေရင် အဆိုးတွေချည်းပဲ
ကြုံတွေ့နေရမှာပါ။

ဒါကြောင့် သင်အမြဲကောင်းတာတွေ
လုက်ကိုင် ကြံစည်လုပ်ကိုင်နေရင်
တနေ့တော့ သင်အမြဲ
ကံကောင်းလာမှာ ဧကန်မုချမလွဲပါပဲ ။ ။

မေတ္တာဖြင့်🍂
ပန်းပျိုးလက် (ရသစာပေ )

credit , SanDarHla(ထားဝယ်)

01/07/2022

လစာထုပ်ရက်ဆိုတော့ ဘီယာတိုက်မဲ့သူများမရှိကြဘူး
လား.....ဟင်😢

11/05/2022

သွားလည်းသွားဖူးတယ် စားလည်းစားဖူးတယ် ရောက်လည်းရောက်ဖူးတယ် သုံးလည်းသုံးဖူးတယ် ၀တ်လည်း၀တ်ဖူးတယ်
သူများနည်းတူလိုင်းပေါ်မတင်တာပဲရှိတယ်
😌😌😌

အောက်‌ခြေလွတ်နေတဲ့ကောင်တွေကိုတစ်ခုတော့ပြောထားလိုက်မယ် သိလား......မင်းတို့ကြိုးစားလို့ရအောင်😄ခေတ်မကောင်းလို့သာရူးချင်ယောင...
20/04/2022

အောက်‌ခြေလွတ်နေတဲ့ကောင်တွေကိုတစ်ခုတော့ပြောထားလိုက်မယ် သိလား......မင်းတို့ကြိုးစားလို့ရအောင်😄

ခေတ်မကောင်းလို့သာရူးချင်ယောင်ဆောင်နေတာ........😊

သမင်ဆယ်လှမ်းကျားတစ်လှမ်းဆိုတဲ့စကားက အလကားဖြစ်လာတာတော့မဟုတ်ဘူး........ဖင်တော့မယားနဲ့ 🙂

မင်းတို့အိုဇာတာကောင်းဖို့သာဖင်ကုန်းပြီးတော့အသည်းအသန်ကြိုးစားလိုက်အုန်း........သိလား😌

ထီပေါက်ပြီးချမ်းသာရင်တောင် သူများဆီကပိုက်ဆံချေးပြီးထိုး ပေါက်မှချမ်းသာမဲ့ကောင်တွေကစောက်ကြီးစောက်ကျယ်လေကန်နေတယ် 😏

စောက်ဆင့်ကြည့်တော့ခေါက်ဆွဲပြုတ်စားရင်တောင်ကြက်ဥထည့်မစားနိုင်တဲ့စောက်ဆင့်နဲ့......😂

ဒဲ့ပဲပြောတယ်.......
အခုတော့ဒီလောက်ပဲပြောအုန်းမယ် နောက်မှဆက်ပြောမယ် ☺️

ဒီလူ ၁၀ ယောက်ထဲ မပါစေနဲ့။****************************1 ။ ကောင်းကွက်တွေရှိနေပါလျှက် နဲ့ ၊မကောင်းကွက်ကိုမှရွေးပြီး ကြည့်တတ...
18/04/2022

ဒီလူ ၁၀ ယောက်ထဲ မပါစေနဲ့။
****************************

1 ။ ကောင်းကွက်တွေရှိနေပါလျှက် နဲ့ ၊
မကောင်းကွက်ကိုမှရွေးပြီး ကြည့်တတ်သော လူ !!

2 ။ သူတစ်ပါးရဲ့ ကောင်းဂုဏ်ဒြပ်တွေကို -
တစ်ခြားလူတစ်ယောက်ဆီမှာ -
ဖွင့်ပြောပြရမှာ ဝန်လေးတတ်သော လူ !!

3 ။ ကိုယ်နဲ့မထိုက်လို့ မရတာသိလျှက်နဲ့ -
သူတစ်ပါးက ရသွားမှာကြောက်ပြီး ၊
မကောင်းကြံတတ်သော လူ !!

4 ။ ကိုယ်မလုပ်နိူင်မှန်းသိလျှက်နဲ့ -
သူတစ်ပါးလုပ်နိူင်တာကို -
မနာလို ဝန်တိုတတ်သော လူ !!

5 ။ တစ်ခြားလူဘက်မှာ အမှန်တရားရှိတာသိလျှက်နဲ့ -
ငွေကြေးရှိတဲ့သူဘက်က ရပ်တည်ပေးတတ်သော လူ !!

6 ။ ငါသာ ဗိုက်ဝရင်ပြီးရော
သူတစ်ပါးငတ်ငတ်ဆိုတဲ့ စာနာစိတ်မရှိသော လူ !!

7 ။ ပိုက်ဆံမျက်နှာတစ်ခုအတွက်နဲ့ -
အကုသိုလ်ကို ပြုလုပ်ရဲသော လူ !!

8 ။ လူတစ်ယောက်ကို တွေ့တာနဲ့ -
အရင်ဦးစွာ အပြစ်ကိုလိုက်ရှာပြီး ၊
အားရပါးရပြောတတ်သော လူ !!

9 ။ ငွေကြေးဥစ္စာရှိသူနဲ့ဆိုရင် တစ်မျိုး ၊
ငွေကြေးဥစ္စာမရှိသူနဲ့ကြတစ်မျိုး ဖြစ်တတ်သော လူ !!

10 ။ ရိုးသားတဲ့သူတွေအပေါ်မှာ -
လိမ်လည်ကောက်ကျစ်ချင်တတ်ကြသော လူ !!



16/04/2022

`အကြွေး,
မတောင်းပဲပေးတာ 👉လူမှန်
တောင်းမှပေးတာ 👉လူလည်
တောင်းလဲမပေးတာ 👉လူလိမ်

ဘ၀ကို အရှုံးပေးချင်နေပြီလား ဆုံးအောင်ဖတ်ကြည့်နော်------------------------အသက် ၅ နှစ်မှာ သူ့ဖခင်ဆုံးတယ်။အသက် ၁၆ နှစ်မှာ သ...
11/04/2022

ဘ၀ကို အရှုံးပေးချင်နေပြီလား ဆုံးအောင်ဖတ်ကြည့်နော်
------------------------

အသက် ၅ နှစ်မှာ သူ့ဖခင်ဆုံးတယ်။
အသက် ၁၆ နှစ်မှာ သူကျောင်းထွက်တယ်။
အသက် ၁၇ နှစ်မှာ အလုပ် ၄ ခုမှာပြူတ်နေပြီ
အသက် ၁၈ နှစ်မှာ သူအိမ်ထောင်ကျတယ်။
အသက် ၁၈ - ၂၂ ကြားမှာ ရထားလမ်းပြ အလုပ်ကိုလုပ်ပြီး သူအလုပ်ပြူတ်ပြန်တယ်။
သူ ဥပဒေကျောင်း၀င်ခွင့်လျောက်တယ် မရဘူး။
သူအာမခံကုမ္ပဏီမှာလုပ်တယ် အလုပ်ပြုတ်ပြန်တယ်။
အသက် ၁၉ နှစ်မှာ သူဟာ ဖခင်တဦးဖြစ်လာတယ်။
အသက် ၂၀ မှာ သူ့မိန်းမက သူကို ထားခဲ့ပြီး သမီလေးနဲ့အတူအိမ်ပေါ်ကဆင်းသွားတယ်။
အသေးစား ကဖေးဆိုင်မှာ စားဖိုမှုးနဲ့ပန်းကန်ဆေးတဲ့အလုပ်တစ်ခုသူရပြန်တယ်။
မိန်းမနဲ့ကွဲနေချိန်မှာ သူ့သမီးကိုပြန်ပေးဆွဲဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူး။ ဒီလိုနဲ့သူမိန်းမကို ကတိတွေပေးပြီး ချောမော့ပြီးအိမ်ကိုပြန်ခေါ်နိုင်ခဲ့တယ်။

သူ စစ်တပ်ထဲဝင်တယ် သူဘ၀ အတော်ပင်ပန်းနွမ်းနယ်ခဲ့တယ်
အသက် ၆၅ နှစ်မှာ သူပင်စင်ယူတယ်
သူပင်စင်ယူတဲ့ ပထမဦးဆုံးနေ့မှာ အစိုးရထံမှ $105 ဒေါ်လာသူလက်ခံရရှိတယ်။
သူအဲဒီငွေကိုကြည့်ပြီးအတော်ခံစားခဲ့ရတယ်။ ဒီလူက သူကိုယ်ကိုတောင်သူမကူညီနိုင်သူ ဟုဆိုပြီးအစိုးရက သူ့ကို အဲဒီလိုမြင်တယ်လို့သူခံစားရတယ်။
သူအမြဲတမ်းကျရှူံးတယ် သူအသက်ရှင်ဖို့မတန်ဘူးဆိုပြီး သူ့ကိုယ်သူ အဆုံးစီရင်ဖို့ကြိူးစားခဲ့တယ်။
သူသစ်ပင်အောက်ထိုင်ပြီး သူသေတမ်းစာ ရေးဖို့ပြင်ပါတော့တယ်။ ဒါပေမယ့်သူ့ဘ၀မှာသူဘာတွေ အောင်မြင်ခဲ့သလည်းဆိုတာကို ပြန်ပြီးသုံးသပ်ကြည့်ပါတယ်။ အားလုံးဟာ ဆုံးရှူံးမှုတွေပဲသူတွေ့ခဲ့ရတယ်။ ဒါပေမယ့်ရှားရှားပါးပါးသူ့ရဲ့အားသာချက်လေးတစ်ခုသူတွေ့မိတယ်။ အဲ့တာက ဘာလည်းဆိုရင် ဟင်းကို ဘယ်လို ချက်ရမလည်း ဆိုတာပါပဲ။
ဒီလိုနဲ့ $87 ဒေါ်လာငွေကို ချေးယူပြီး ကြက်သားနဲ့လို အပ်တဲ့တန်ဆာပလာတွေကို၀ယ်ကာ သူ့ရဲ့ ကြက်ကြော်ကို တအိမ်၀င် တအိမ်ထွက် Kentucky မှာရှိတဲ့ အိမ်နီးနားချင်းတွေကို လိုက်ရောင်းပါတော့တယ်။

ဒီနေရာမှာ စာဖတ်သူကို ပြန်ပြီးတခုသိတရစေချင်တာက သူအသက် ၆၅ နှစ်မှာ သူ့ကိုယ်သူ့အဆုံးစီရင်ဖို့ကြိူးစားခဲ့ဘူးတယ်ဆိုတဲ့အချက်

သို့သော်.. Kentucky Fried Chicken (KFC) ကမ္ဘာကျော် ကြက်ကြော် KFC ကိုတည်ထောင်သူ အငြိမ်းစားဗိုလ်မှူး Sanders ဟာ အသက် ၈၈ နှစ်မှာ ဘီလီယံနာ ကမ္ဘာ့သန်းကြွယ် သူဌေးကြီးဖြစ်လာခဲ့ပါတယ်။

စိတ်ဓါတ်ရေးရာအရ သင်ခန်းစာယူစရာများကတော့
1/ အလုပ်တစ်ခုကို စတင်ဖို့အတွက် သိပ်နောက်ကျသွားတယ်ဆိုတာ ဘယ်တော့မှမရှိဘူး။
2/ နောက်အရေးကြီးတာက သင့်ရဲ့ ပင်ကိုယ်ရပ်တည်ချက်သဘောထား Attitude ဖြစ်တယ်။ ဘယ်လောက်ပဲအခက်ခဲတွေ တွေ့ပါစေ ဘယ်တော့မှအရူံးမပေးတဲ့စိတ်ဓါတ် ဇွဲ လုံလ ဝိရိယတွေရှိဖို့လိုတယ်။
အောင်မြင်မှုအတွက်သင့်မှာ တစ်ခုခုတော့ အနည်းဆုံးရှိတယ်။ သူများနဲ့မတူတဲ့ဆန်းသစ်မှုကို သတ္တိရှိရှိ ရဲရဲလုပ်ပါ။

အနာဂါတ်အိပ်မက်တစ်ခုအတွက်ဆိုရင် အသက်ကြီးပြီးနောက်ကျပြီဆိုတာ ဘယ်တော့မှမရှိဘူး သူငယ်ချင်း💪💪💪

Credit

Address

Pyitharyar Road
Yangon

Website

Alerts

Be the first to know and let us send you an email when Art Union News & Media Website posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share