Voice of Rangoon

Voice of Rangoon လွတ်လပ်၍ ဘက်မလိုက်သော သတင်းဌာန

12/04/2025

ငလျင်ကြောင့် စစ်ကိုင်း - မန္တလေး ကမ်းနားလမ်း ပျက်စီးနေမှု အခြေအနေ

🌹🌹 ကြီးပွားတော့မယ့်သူ 🌹🌹ဘုရားရှိခိုးဖြစ်ရဲ့လား။ သောက်တော်ရေရောနေ့စဉ်ကပ်ဖြစ်ရဲ့လား။ဘုရားပန်းလည်း အပတ်စဉ်လှူ ဖြစ်ရဲ့လား။အဲ...
24/05/2022

🌹🌹 ကြီးပွားတော့မယ့်သူ 🌹🌹

ဘုရားရှိခိုးဖြစ်ရဲ့လား။
သောက်တော်ရေရောနေ့စဉ်ကပ်ဖြစ်ရဲ့လား။
ဘုရားပန်းလည်း အပတ်စဉ်လှူ ဖြစ်ရဲ့လား။
အဲ့လိုနေ့စဉ်လုပ်ရင်
#ကုသိုလ်ကိုစွဲသွားတာလို့ခေါ်တယ်။
မကြာခင် #ကြီးပွါးတော့မယ့်လက္ခဏာပဲ။

သေချာမှတ်ထား၊
လောကမှာ
အကုသိုလ်ကို စွဲသွားတဲ့လူရယ်၊
ကုသိုလ်ကို စွဲသွားတဲ့လူရယ်လို့
လူနှစ်မျိုးရှိတယ်။

လူတစ်ယောက်ဟာ
#အကုသိုလ်ဘက်မှာ စွဲသွားပြီဆိုရင်
အဲဒီလူဟာ မကြာခင် မွဲသွားတတ်တော့တာပဲ။
တွေ့ဖူးတယ်မလား၊ အရက်သေစာသောက်
စားမှုကို စွဲသွားတဲ့သူတွေ၊ မကောင်းတဲ့
နေရာတွေမှာ စွဲလမ်းသွားတဲ့သူတွေကိုလေ။

အဲ့သလိုလူမျိုးတွေဟာ မကြာခင်
မွဲသွားတတ်တယ်။
ငါတို့ ဒေသအခေါ်ကျတော့ အဲ့ဒါမျိုးကို
ကင်ပွန်းသင့်တယ်လို့ ခေါ်တာပေါ့ကွာ။

#ကုသိုလ်ဘက်မှာ စွဲသွားတဲ့လူတွေကြတော့
မကြာမတင်မှာပဲ ချမ်းသာလာတတ်တယ်ကွ။

နေ့စဉ် ပြုနေကျ သောက်တော်ရေကပ်၊
ဘုရားရှိခိုး၊ မေတ္တာပို့၊ အမျှဝေတာလောက်မှ
မလုပ်ရရင် တစ်ခုခုလိုနေသလို တွေ့လာပြီ
ဆိုရင် အဲဒါမျိုးကို ကုသိုလ်ကို စွဲသွားတာလို့
ခေါ်တယ်။

အဲ့သလို ဖြစ်လာပြီဆိုရင်
စိတ်သာချပေတော့ကွ၊
မကြာခင် ကြီးပွါးချမ်းသာတော့မယ်။
ဘာကြောင့်လဲဆိုတော့
ကုသိုလ်ကို စွဲသွားလို့ပဲ။

စွဲသွားတဲ့အခါကျတော့
ကုသိုလ်ကောင်းမှုဆိုတာ
နေ့စဉ်ပြု ဖြစ်လာတော့တာပဲ။
အဲ့ဒါမျိုးကို
#အာစိဏ္ဏကံကုသိုလ်လို့ ခေါ်တယ်။

သေချာမှတ်ထားနော်၊
#အာစိဏ္ဏကံကုသိုလ်ဆိုတာ နေ့စဉ်၊
အပတ်စဉ်၊ လစဉ် ဆိုသလို
အချိန်မှန်မှန်ပြုတဲ့
ကုသိုလ်မျိုးကို ဆိုလိုတယ်။
အချိန်မှန်မှန် ပြုတယ်ဆိုရင်
#ပဋ္ဌာန်းလိုအာသေဝနပစ္စည်း
တပ်တော့တာပဲကွ။
(အာသဝေနဆိုတာ
အထပ်ထပ်အခါခါ
ပြုတာမျိုးကို ပြောတာပဲ)

ဓားသွေးသလိုပေါ့ကွာ။
အချိန်မှန်မှန်၊ အထပ်ထပ်အခါခါ
သွေးဖန်များများတော့၊
ဓားဟာ ထက် လာရသလိုပဲ၊
ကုသိုလ်ကောင်းမှုဆိုတာလည်း
အချိန်မှန်မှန်
အထပ်ထပ်အဖန်ဖန် ပြုဖန်များတော့
ထက်မြက်လာတော့တာပဲကွ။

အလုပ်ကိုလည်း ကြိုးစားပြီး လုပ်သလို၊
သောက်တော်ရေကပ်၊ ဘုရားရှိခိုး၊ မေတ္တာပို့၊
အမျှဝေတဲ့ အခြေခံကုသိုလ်အလုပ်တွေကို
လည်း စွဲသွားသည်အထိ ကြိုးစားပြီးတော့
လုပ်ကွာ။

မကြာခင် #ကြီးပွားချမ်းသာလာပါလိမ့်မယ်။

#အရှင်ဝိသာရဒ (ရမ္မာဝတီ)
🙏🙏🙏

🙏

"INVEST-91B ဟာ မုန်တိုင်းအဆင့် ရောက်လာပြီးတဲ့နောက် ၂၁ ရက် ည သန်းခေါင်ကျော်မှာ ကုန်းတွင်းကို မော်တင်စွန်းအနီးမှကပ်ပြီး ဖြ...
20/03/2022

"INVEST-91B ဟာ မုန်တိုင်းအဆင့် ရောက်လာပြီးတဲ့နောက် ၂၁ ရက် ည သန်းခေါင်ကျော်မှာ ကုန်းတွင်းကို မော်တင်စွန်းအနီးမှကပ်ပြီး ဖြတ်ကျော်ဝင်ရောက်နိုင်မယ်" ဆိုတဲ့ ECMWF ခန့်မှန်းချက်ကတော့ ခုချိန်အထိ ပြောင်းလဲခြင်း မရှိသေးပါ။

အခု ပုံတွေမှာတော့ မုန်တိုင်းရဲ့ ညာဘက်ခြမ်းက ပိုမိုပြင်းထန်တဲ့အား(850 mb height & wind လေတိုက်နှုန်း)ကို မြင်စေချင်တာဖြစ်ပါတယ်။ ပုံရဲ့ ညာဘက်ခြမ်းမှာ အညွှန်းဇယား တွေ့ရပါမယ်။ ပုံပါအချိန်တွေက မြန်မာစံတော်ချိန်ဖြစ်ပါတယ်။

ပုံတွေမှာ မတ်လ ၂၁ ရက် နံနက် ၃ နာရီခွဲမှ မတ်လ ၂၂ ရက် ညနေ ၃နာရီခွဲအထိကာလအတွင်း မြောက်ဘက်ကို တောက်လျှောက်တိုက်သွားနိုင်တဲ့ လေတိုက်နှုန်းပြ အစိမ်းရောင်ဧရိယာနဲ့ဒေသတွေ(ကိုယ့်ဘာသာကိုယ် ခန့်မှန်းကြည့်ပါ) အထူး သတိထားကြရမှာ ဖြစ်ပါတယ်။

မိတ်ဆွေတချို့ဆီက ရတဲ့ သတင်းတွေအရတော့ ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းနီးရေလုပ်ငန်းလုပ်ကွက်ပင်လယ်ပြင်မှာ ဒီနေ့မနက်ပိုင်းမှာ လေ စ ကြမ်းနေပြီလို့ သိရပါတယ်။

လျှော့မတွက်စေချင်ပါ၊ နာဂစ်တုန်းက လဲ ခန့်မှန်းချက်ကို ရနေ/တွေ့နေရပေမဲ့ ကျနော်ကိုယ်တိုင်က(ပထမဆုံး မုန်တိုင်းကြီးကို ကြုံဖူးတာကြောင့်) မယုံတဝက် ယုံတဝက်ဖြစ်ခဲ့ပြီး လျှော့တွက်ခဲ့မိကြပါတယ်။

☔မုန်တိုင်းဘယ်ကိုဝင်မလဲ☔ယခုအချိန်အခါရဲ့ သတင်းစီးဆင်းမှုအရ မိဘပြည်သူအများစုအနေဖြင့် မုန်တိုင်းသတင်းသိသူနည်းနေသေး၍ ထပ်မံတင...
19/03/2022

☔မုန်တိုင်းဘယ်ကိုဝင်မလဲ☔

ယခုအချိန်အခါရဲ့ သတင်းစီးဆင်းမှုအရ မိဘပြည်သူအများစုအနေဖြင့် မုန်တိုင်းသတင်းသိသူနည်းနေသေး၍ ထပ်မံတင်ပြလိုက်ပါသည်။ ယခုဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းဟာ ၂၀ ရက်နေ့၊ မနက်ဖြန်တွင် မုန်တိာင်းငယ်အဖြစ်အားကောင်းလာနိုင်ပြီး၊ ၂၁ ရက်နေ့တွင် ဆိုင်ကလုန်မုန်တိုင်းအဆင့်သို့ အားကောင်းလာဖွယ်ရှိနေပါသည်။ အဆိုပါမုန်တိုင်းဝင်မည့်လမ်းကြောင်းကို အသုံးများသည့် ECMWF မော်ဒယ်လ်နှင့် GFS မော်ဒယ်နှစ်မျိုးရဲ့ ခန့်မှန်းချက်ပုံတွေကို တင်ပေးလိုက်ပါသည်။ ပထမမော်ဒယ်လ်အရ ရခိုင်မြောက်ပိုင်း၊ စစ်တွေမြို့ဝန်းကျင်ဝင်ရောက်နိုင်ပြီး၊ ဒုတိယမော်ဒယ်လ်အရ ရခိုင်အလယ်ပိုင်း၊ သံတွဲမြို့ဝန်းကျင်မှာ ဝင်ရောက်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ အဆိုပါမုန်တိုင်းဟာ မြန်မာပြည်ကို ဝင်ရောက်ဖို့ ရာခိုင်နှုန်းအလွန်များပါသည်။ သို့ဖြစ်ပါ၍ ယခုကတည်းက ပြင်ဆင်ထားသင့်ပါသည်။ မုန်တိုင်းဝင်ခြင်းကို အကြောက်မလွန်စေချင်ပါ။ အဓိက ပြင်ဆင်ရမည်က ဝင်မည့် ရခိုင်ပြည်နယ်နှင့် အောက်က ဧရာဝတီကမ်းရိုးတန်းဒေသများပါ။ လေတိုင်နှုန်းမြင့်ပြီး လှိုင်းကြီးနိုင်၍ မတ်လ ၂၁ ရက်ကစပြီး ပင်လယ်ထဲခရီးမထွက်သင့်ပါ။ နောက်ထပ်သတိထားရမှာက မုန်တိုင်းဘယ်လမ်းကြောင်းကဝင်ဝင် မွန်ကရင်တနင်္သာရီက မိုးကြီးနိုင်ပါသည်။ ထို့ကြောင့် စစ်ဘေးရှောင်ပြည်သူများ၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထူးဂရုပြုစေချင်ပါသည်။

မိုးရွာသွန်းမှုအနေနဲ့ကတော့ မတ်လ ၂၂၊ ၂၃၊ ၂၄ ရက်များတွင်
✓ ပထမလမ်းကြောင်းအတိုင်းဝင်လျှင်ရခိုင်မြောက်ပိုင်း၊ မကွေးတိုင်းမြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းမိုးများရနိုင်ပါသည်။

✓ဒုတိယလမ်းကြောင်းကဝင်လျှင် ရခိုင်ပြည်နယ်အလယ်ပိုင်း၊ မကွေးတိုင်းအလယ်ပိုင်းနှင့်တောင်ပိုင်း၊ နေပြည်တော်၊ ရှမ်းပြည်တောင်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် မိုးများရနိုင်ပါသည်။

မြန်မာပြည်အောက်ပိုင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်းကတော့ ဘယ်ကဝင်ဝင် မိုးအနည်းငယ်မှ အသင့်အတင့် ရွာဖို့များပါသည်။
ဧရာဝတီတိုင်းနှင့်ရခိုင်ပြည်နယ်ကတော့ မိုးအပြင်လေပြင်းနှင့် လှိုင်းကြီးတာတွေပါရှိလာနိုင်၍ ဂရုစိုက်သွားလာသင့်ပါသည်။
မွန်ကရင်တနင်္သာရီ မိုးကြီးနိုင်တာကို သတိပြုကြပါ။

[လမ်းကြောင်းအပြောင်းအလဲများထပ်ရှိနိုင်၍ Update တွေ ထပ်အသိပေးပါမည်။ နားစွင့်ပြီးနေကြပါခင်ဗျာ။]

မုန်တိုင်းသတင်းသည်လည်း အရေးကြီး၍ မိမ်အသိမိတ်ဆွေ၊ ဆွေမျိုးများ သိနိုင်စေရန် အချင်းပချင်း သတင်းစကားပါးပေးကြပါ။ မင်္ဂလာညနေခင်းပါ ခင်ဗျာ။

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ=============================(၂၀၂၂ခုနှစ်၊ မတ်လ(၁၉)ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာ...
19/03/2022

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
=============================
(၂၀၂၂ခုနှစ်၊ မတ်လ(၁၉)ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
=============================
(က) အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
------------------------------------------------------------
ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန်တိုင်းထွာချက်များ
အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well MarkedLow Pressure Area)သည် ဆက်လက်တည်ရှိ နေပါသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်း
(Well Marked Low Pressure Area)သည် ပိုမိုအားကောင်းလာနိုင်ပြီး၊ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ နောက်(၁၈)နာရီအတွင်းကပ္ပလီပင်လယ်ပြင်၊ နီကိုးဘားကျွန်းနှင့် ကိုကိုးကျွန်းတို့အနီးတွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့ လည်းကောင်း၊ နောက်(၄၂)နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့်ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့လည်းကောင်း အားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။

အဆိုပါအားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် မုန်တိုင်းငယ်(Depression) အဖြစ် ရောက်ရှိပြီးနောက် (၂၀.၃.၂၀၂၂)ရက်နေ့၌ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးသို့လည်းကောင်း၊ (၂၁.၃.၂၀၂၂)ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ (၂၂.၃.၂၀၂၂)ရက်နေ့၌ ရခိုင်ကမ်းရိုးတန်းသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ခ) သတိပေးနှိုးဆော်ချက်
-----------------------------
အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)၏အရှိန်ကြောင့် ယနေ့ညနေမှ (၂၂.၃.၂၀၂၂)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင်ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။

(ဂ) အကြံပြုချက်
--------------------
သို့ဖြစ်ပါ၍ အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)၏အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့် အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
Credit: DMH (မိုး/ဇလ)

အိုမီခရွန်အကြောင်းသိကောင်းစရာများ✅ အိုမီခရွန် 𝗢𝗺𝗶𝗰𝗿𝗼𝗻 (𝗖𝗢𝗩𝗜𝗗-𝟭𝟵 𝗩𝗜𝗥𝗨𝗦) ရဲ့ ရောဂါလက္ခဏာတွေက အရင်မျိုးစိပ်တွေနဲ့ တူပါလား?ယ...
10/02/2022

အိုမီခရွန်အကြောင်းသိကောင်းစရာများ

✅ အိုမီခရွန် 𝗢𝗺𝗶𝗰𝗿𝗼𝗻 (𝗖𝗢𝗩𝗜𝗗-𝟭𝟵 𝗩𝗜𝗥𝗨𝗦) ရဲ့ ရောဂါလက္ခဏာတွေက အရင်မျိုးစိပ်တွေနဲ့ တူပါလား?

ယေဘုယျအားဖြင့်ဆင်တူပါတယ်။ အဖြစ်များတာတွေကတော့ နှာစေး၊ နှာပိတ်တာ၊ လည်ချောင်းနာတာ၊​ ချောင်းခြောက်ဆိုတာ၊ ဖျားနာ ၊ ကိုက်ခဲ၊ ပင်ပန်းနုံးချိတာတွေ အဖြစ်များပါတယ်။ အနံ့ပျောက်တာ၊ အရသာပျောက်တာတို့ကတော့ အိုမီခရွန်မှာ သိပ်မဖြစ်ကြပါဘူး။

🔶 အရင်သုံးနေကြ ရောဂါရှိမရှိစစ်တဲ့ 𝘙𝘢𝘱𝘪𝘥 𝘈𝘯𝘵𝘪𝘨𝘦𝘯 𝘛𝘦𝘴𝘵 𝘒𝘪𝘵 တွေနဲ့စစ်လို့ရပါသလား?

🔶 ဟုတ်ကဲ့။ ရောဂါလက္ခဏာပြလို့ (သို့) သံသယ ရှိလို့ ရှိရင် စစ်ကြည့်လို့ ရပါတယ်။

✅ 𝘙𝘢𝘱𝘪𝘥 𝘈𝘯𝘵𝘪𝘨𝘦𝘯 𝘛𝘦𝘴𝘵 𝘒𝘪𝘵 နဲ့စစ်လိုက်လို့ 𝙉𝙚𝙜𝙖𝙩𝙞𝙫𝙚 ဆိုရင် စိတ်ချရပြီလား?

စိတ်ချလို့မရပါဘူး။ 𝙉𝙚𝙜𝙖𝙩𝙞𝙫𝙚 ပေမယ့် ရောဂါလက္ခဏာတွေရှိနေရင် သီးသန့်လေးနေတာ၊ mask တပ်ထားတာ၊ လူကြားထဲမသွားတာ၊ မကြာခဏလက်ဆေးတာ၊ မိမိရဲ့ရောဂါအခြေအနေကိုသတိထားစောင့်ကြည့်တာမျိုးလုပ်
သင့်ပါတယ်။ ရက်​ခြားပြီး နောက်တစ်ကြိမ်ထပ်စစ်ဆေးတာမျိုးလဲလုပ်လို့ရပါတယ်။

🔶 Omicron ရဲ့ ရောဂါပြင်းထန်မှု အခြေ​အနေက ဘယ်လိုရှိလဲ?

🔶 အရှေ့ကဖြစ်ခဲ့တဲ့ မျိုးစိပ်တွေလောက်မပြင်းထန်ဘူးလို့ လေ့လာချက်တွေအရ တွေ့ရပါတယ်။ ဒါပေမယ့် ရောဂါကူးစက်ခံရသူရဲ့ အသက်အရွယ်၊ ကိုယ်ခံအား၊ ရောဂါအခံ ရှိ/ မရှိ၊ အရင်က ကိုဗစ်ဖြစ်ဖူးခြင်း ရှိ/ မရှိ၊ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားခြင်း ရှိ/ မရှိ ဒါတွေပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ ဒါကြောင့် အစိုးရိမ်မလွန်သင့်သလို၊ ပေါ့ဆလို့လဲမဖြစ်ပါဘူး။

✅ 𝗖𝗢𝗩𝗜𝗗-𝟭𝟵 ရောဂါရဲ့ သတိထားသင့်တဲ့ ပြင်းထန်တဲ့ လက္ခဏာတွေကဘာတွေလဲ?

မောကြပ်နေတာ၊ oxygen

ကူးစက်ခံရသူ ၉၀% ကျော်ဟာ Omicron ဖြစ်ပြီးသူကပေးတဲ့ antibody ဟာ T cell ကို memorized လုပ်ပေးပြီး Corona virus ကို မှတ်မိစေ...
09/02/2022

ကူးစက်ခံရသူ ၉၀% ကျော်ဟာ
Omicron ဖြစ်ပြီး
သူကပေးတဲ့ antibody ဟာ T cell ကို
memorized လုပ်ပေးပြီး
Corona virus ကို မှတ်မိစေမယ်။
ကူးစက်ခံရတဲ့ targeted cell ကို
တိုက်ခိုက်တာမို့
နောင် အသစ်ထွက်နိုင်မယ့် variant ကိုပါ
ကာကွယ်နိုင်မယ်လို့ တွက်ဆထားပါတယ်။

Omicron ကူးစက်ခံရတဲ့အတွက်
ထွက်လာတဲ့ antibody ဟာ delta ကူးစက်မှုကို
ခံနိုင်ရည်ရှိတယ်လို့လည်း တွေ့ထားပါတယ်။

အထက်ပါတွေ့ရှိချက်အရဆိုရင်
Omicron ဟာ နောက်ဆုံးလာတဲ့
ကိုဗစ်လှိုင်းဖြစ်ဖို့များပါတယ်...

ပြောရရင် ကူးသွားတာတောင်
ခပ်ကောင်းကောင်းဆိုတဲ့
အနေအထားမျိုးဖြစ်လာတယ်...

ကူးစက်နှုန်းက ထိန်းချုပ်မရလောက်အောင်
မြန်တဲ့အတွက် တားဖို့မလွယ်လောက်ဘူး...
သေဆုံးနှုန်းက ၀.၂% ဆိုတော့
အရင်လိုဒုက္ခမကြီးတော့ဘူး...
ဒါပေမယ့် နာတာရှည် ဆီးချို သွေးတိုး
နှလုံး အဆုတ် ရောဂါရှိသူတွေအတွက်တော့
အရဲမစွန့်သင့်တဲ့အနေအထားပါ...

ကျနော်တို့ ကမ္ဘာကြီးဟာ
ကိုဗစ်နဲ့ယှဉ်တွဲနေထိုင်နိုင်တဲ့ နေ့သစ်ကို
ရောက်ပါတော့မယ်...

အားတင်းထားကြပါစို့ …….. 💪💪

Dr. Paing Soe Zaw

Credit

3 ပတ်ခန့် အတွင်း အိုမီခရွန် တနိုင်ငံလုံး ပျံ့နှံ့မှုကြီးနိုင်ကြောင်း ကျန်းမာရေးပညာရှင်အချို့နှင့် ဆရာဝန်ကြီးများ သတိပေး…...
07/02/2022

3 ပတ်ခန့် အတွင်း အိုမီခရွန် တနိုင်ငံလုံး ပျံ့နှံ့မှုကြီးနိုင်ကြောင်း ကျန်းမာရေးပညာရှင်အချို့နှင့် ဆရာဝန်ကြီးများ သတိပေး
……………………………………………………

ကိုဗစ်ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ပျံ့နှံ့မှုကြီးမားပြီး မြန်မာနိုင်ငံမှာ ၃ ပတ်အတွင်းပြန့်နှံ့လာနိုင်ပြီးး အရင်လိုလော့ဒေါင်းတွေ ထပ်ချ‌ကောင်းချရနိုင်တယ်လို့ ဆရာဝန်ကြီးတချို့က မှတ်ချက်ပေးပါတယ်။

ရန်ကုန်မြို့ပေါ်က ပန်းလှိုင်ဆေးရုံနဲ့ အာရှတော်ဝင်ဆေးရုံတို့မှာ ကိုဗစ်လူနာတွေကပြည့်နေပြီး အိုမီခရွန် ကူးစက်မှုနှုန်းများပြားနေတယ်လို့ ရန်ကုန်မြို့နေ အထွေထွေရောဂါကုဆရာဝန်တစ်ဦးကပြောပါတယ်။

‘လွန်ခဲ့တဲ့ နှစ်ပတ်ကက ခရီးသွားပြန်လာတဲ့သူတွေအတော် များများနှာစေးချောင်းဆိုး-ဖျားတာ ဖြစ်တယ်’လို့ သူက ပြောပါတယ်။

လက်ရှိမှာ တာမွေမြို့နယ်အတွင်း ကိုဗစ်ကူးစက်မှုအဖြစ်များနေတယ်လို့လည်း သိရပါတယ်။

‘အခုက လူငယ်တွေအဖြစ်များနေတာ။လူကြီးတွေသိပ်မကူးသေးဘူး။သေတဲ့နှုန်းကတော့ အခုမှ စတာမို့ ’လို့ အထွေထွေရောဂါကုဆရာဝန်ကပြောပါတယ်။

ဖေဖေါ်ဝါရီ ၃ ရက်နေ့ ည ၈ နာရီ ကနေ ဖေဖေါ်ဝါရီ ၄ ရက်နေ့ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၃,၈၂၅) ခုကို စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၃၁၉) ဦး တွေ့ရှိခဲ့ကြောင်း။

ဒါ့ကြောင့် ဒီနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၄၆၉,၇၂၄) ခုကို စစ်ဆေးခဲ့ပြီး အတည်ပြုလူနာပေါင်း (၅၃၇,၂၂၃) ဦး ရှိပြီဖြစ်ကြောင်း ဖေဖေါ်ဝါရီ ၄ ရက်နေ့မှာ ကိုဗစ်ရောဂါနဲ့ ထပ်မံသေဆုံးသူ မရှိ တဲ့အတွက် ဒီနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၃၁၀) ဦးရှိကြောင်း ကျကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

#အိုမီခရွန်
Credit

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Voice of Rangoon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share