15/09/2026
ယူကရိန်းကြောင့် ကျောင်းတွေမှာကလေးတွေပါ စစ်ပညာသင်ပေးနေရတဲ့ ရုရှား
ရုရှားမှာ ကျောင်းတွေကနေ စစ်ရေးလေ့ကျင့်သင်ကြားမှုတွေကို ပိုပြီးတိုးမြှင့်လုပ်ဆောင်လာတာတွေ့ရပါတယ်.
ယူကရိန်းကို စစ်ရေးအရ ကျူးကျော်တိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေတဲ့ ရုရှားနိုင်ငံမှာ ကျောင်းသားတွေအတွက် စစ်ရေးပညာပေးမှုတွေကို အရင်ကထက် ပိုမိုတင်းကျပ်လာတာပါ.
ရုရှားပညာရေးဝန်ကြီး ဆာဂေး ကရာဖ်ဆော့ဗ်ရဲ့ ပြောကြားချက်အရ ဂျပန်နိုင်ငံရဲ့ ပညာရေးစနစ်နဲ့ နှိုင်းယှဉ်ရင် မူလတန်း (၆ တန်းအရွယ်)ကနေ အထက်တန်း(ဒုတိယနှစ်)အထိ အသက်အရွယ်ရှိ ကျောင်းသားတွေကို စစ်ရေးအခြေခံလေ့ကျင့်သင်ကြားမှုတွေ ပေးနေပါတယ်.
စက်တင်ဘာလကစပြီး အခြေခံစစ်ရေးလေ့ကျင့်မှုအတွက် သတ်မှတ်ထားတဲ့ အချိန်ကို စုစုပေါင်းသင်ကြားချိန်ရဲ့ ၂၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်တယ်လို့ သိရပါတယ်.
လေ့ကျင့်သင်ကြားမှုတွေထဲမှာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေကို ကြည့်ရှုတာ၊ အရေးပေါ်အခြေအနေမှာ လူနာကို ကနဦးပြုစုစောင့်ရှောက်ပေးနိုင်ဖို့ ရှေးဦးသူနာပြုနည်းတွေ သင်ယူတာ စတာတွေ ပါဝင်ပါတယ်.
ရုရှားနိုင်ငံမှာ ယူကရိန်းစစ်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကို နောက်ခံထားပြီး ၂၀၂၃ ခုနှစ်ကတည်းက အခြေခံစစ်ရေးလေ့ကျင့်မှုတွေကို ကျောင်းတွေမှာ ပြန်လည်ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်.
အဲဒီအပြင် အချို့သော စစ်ရေးလေ့ကျင့်မှုတွေမှာ အော်တိုမက်တစ်ရိုင်ဖယ်လို အလိုအလျောက်သေနတ်တွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာအထိ သင်ကြားပေးနေတယ်လို့ သိရပါတယ်.
ဒီအပေါ်မှာ မိတ်ဆွေတို့ရော အကောင်းအဆိုးဘယ်လိုမြင်ပါသလဲ?
ကလေးတွေကိုကျောင်းစာနဲ့အတူသင်သင့်တယ်ထင်ပါသလား?
လေ့လာဆန်းစစ်ကြည့်မိသလောက် ကလေးတွေကို စစ်ပညာသင်ကြားရာမှာ ပြည်သူတွေတက်တဲ့အစိုးရကျောင်းတင်မက ပုဂ္ဂလိကကျောင်းတွေအပြင် International School တွေအထိ သက်ရောက်နိုင်ပါတယ်. ဒါမဲ့ သံရုံးကဖွင့်တဲ့ကျောင်းတွေကတော့ လွတ်နိုင်ခြေရှိပါတယ်.
သူများနိုင်ငံတွေမှာ IS ကျောင်းတွေအထိ လွှမ်းမိုးနိုင်တာမို့ သူဌေးသူကြွယ်သားသမီးတွေပါ တက်ရနိုင်ခြေရှိတယ်လို့ဆိုနိုင်ပေမဲ့ နိုင်ငံထိပ်တန်းအရာရှိတွေသားသမီးကျ လုံခြုံရေးဗန်းပြပြီး အိမ်ခေါ်သင်တာမို့ ဒီစနစ်ကနေ လွတ်ကင်းနိုင်တဲ့ အခွင့်ထူးခံလူတန်းစား ၊ ဥပဒေအထက်မှာလူတစ်စုငုတ်တုတ်ထိုင်နေတာမျိုး ရှိနေနိုင်ပါတယ်.
ကိုယ့်သားသမီးကျ တချို့က စစ်မှုထမ်းခိုင်းရင်တောင် သင်တန်းလောက်ဟန်ပြတက်ခိုင်းပြီး သင်တန်းမှာတောင် အထူး VIP ဖြစ်နေတာ၊ရှေ့တန်းမရောက်တာနဲ့ စီးပွားရေးပြန်လုပ်နိုင်တာ အိမ်ပြန်နိုင်တာ သင်တန်းမှာလည်းတန်းတူစည်းကမ်းတင်းကျပ်မခံရတာ.
ဒီလို ဟန်ပြတက်ခိုင်းပြီး သူတို့သားသမီးတွေလည်းတက်ကြောင်း သရုပ်ပြကြတာ စာတက်သူတိုင်းနားလည်ပေမဲ့ စာမတက်သူတွေကျ အဟုတ်ထင်တက်ကြပါတယ်.
ဒီလို ဥပဒေနဲ့တပြေးညီမနေပဲ လက်တလုံးခြားကင်းလွတ်ခွင့်ရယူထားသူတွေအပေါ် တိုင်းပြည်မချစ်တဲ့သစ္စာဖောက်လူလည်တွေလို့တောင် ပြောဆိုနိုင်ပါတယ်.
#ကိုဇွဲမာန် #စစ်မှုထမ်း #ရုရှား