
19/09/2021
( #စကားလုံးတိုင်းအတွက်) #ရေစစ်သုံးခု
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
တနေ့မှာတော့ ဆိုကရေးတီး(စ်)ရဲ့
တပည့်တစ်ယောက်က
သတင်းတစ်ခုကြားလို့
သူ့ကို လာပြောသတဲ့ ။
လာပြောတဲ့ သူ့တပည့်ကို
ဆိုကရေးတီး(စ်)က
ပြန်ပြောလိုက်တာလေးကို
မှတ်သားသင့်လို့ပါ ။
"ဆရာ !
ဆရာ့သူငယ်ချင်းရဲ့သတင်း
တစ္ခုကို
ကျွန်တော်အခုပဲ ကြားလာ
တယ်"
" နေဦး
ငါ့ကိုမပြောခင် မင်းစကားဟာ
ရေစစ်သုံးခုကို ဖြတ်နိုင်
မဖြတ်နိုင်အရင်စစ်ရမယ်"
"ဘယ်လို ရေစစ်သုံးခုလည်းဆရာ"
"ပထမ ရေစစ်နာမည်က
အမှန်တရားတဲ့။
မင်းပြောတဲ့ စကားလုံးက
လုံးဝရာခိုင်နှုန်းပြည့်
အမှန်ဖြစ်မဖြစ်ဆိုတာ
ပထမရေစစ်ထဲထည့်ရမယ် ။
မင်းပြောတဲ့ စကားလုံးဟာ
လုံဝအမှန်ဖြစ်တယ်လို့
မင်း ရာနှုန်းပြည့်
တာဝန်ယူနိုင်လား"
"ကျွန်တော်လည်း
သူများဆီက ကြားလာတာ
ဖြစ်လို့ ရာနှုန်းပြည့်
မသေချာပါဘူးဆရာ"
"အေး ကောင်းပြီ ။
ဒုတိယရေစစ်နဲ့ စစ်ရအောင်"
"ဒုတိယရေစစ်ဆိုတာ
ဘာလဲဆရာ"
"ဒုတိယ ရေစစ်နာမည်က
ကောင်းကျိုးတဲ့ ။
မင်း အခုပြောမဲ့စကားက
ကောင်းကျိုးကို
ဖြစ်စေမှာလား "
"မကောင်းတာဘဲဖြစ်ဖို့
များပါတယ်ဆရာ"
"ဒါဆို မင်းပြောတဲ့
စကားလုံးက မှန်လည်း
မမှန်ဘူး မကောင်းတာလည်း
ဖြစ်ဖို့များတယ်ပေါ့ "
"ဟုတ်ပါတယ်ဆရာ"
" အေး နောက်ဆုံးကျန်တဲ့
ရေစစ်ထဲ ထည့်ကြည့်ရအောင် "
"ဘာရေစစ်လည်း ဆရာ"
" အဲဒီရေစစ်နံမည်က
"အသုံးဝင်မှု"တဲ့။
မင်း ငါ့ကို ပြောမဲ့စကားက အသုံးဝင်မှုဖြစ်စေမှာလား
" အမ် … သိပ်မသေချာဘူးဆရာ "
" ဒါဆို မင်းငါ့ကိုလာပြောမဲ့
ဟာက
မှန်လည်းမမှန်ဘူး
မကောင်းတာလည်း
ဖြစ်ဖို့များတယ်
ပြီးတော့ အသုံးဝင်ဖို့လည်း
သိပ်မသေချာဘူးဆိုရင်
ငါ့ကိုဘာဖြစ်လို့ လာပြောချင်
ရတာလဲ " တဲ့။
မီးခိုးဆိုတာ မီးရှို့သူ ရှိမှ
ွထွက်ပါတယ် ။
မီးမွှေးတဲ့လူ မဖြစ်ကြပါစေနဲ့။
မီးငြှိမ်းတဲ့သူပဲ ဖြစ်ကြပါစေ။
အတင်းအဖျင်းစကား
တောင်စဉ် ရေမရ
အဓိပ္ပါယ်မရှိတဲ့စကားတွေ
ကိုနားလည်း မထောင်ပါနဲ့ ။
လက်ဆင့်ကမ်းတဲ့သူလည်း
မဖြစ်ပါစေနဲ့တဲ့။Crd