Phyo Thu

Phyo Thu လက်လီစတိုးဆိုင် အောင်မြင်ရေး Coaching Service
Phone or Viber 09791052415

A star A phonex bus express ကို ဘယ်တော့မှဝယ်မစီးပါနဲ့ my honest review  ဒီနေ့ ငွေ​ဆောင် ရန်ကုန် အပြန်ကို ခရီးသည်တွေကို ဘ...
17/04/2026

A star A phonex bus express ကို ဘယ်တော့မှဝယ်မစီးပါနဲ့ my honest review

ဒီနေ့ ငွေ​ဆောင် ရန်ကုန် အပြန်ကို ခရီးသည်တွေကို ဘယ်လို လိုင်းအစုတ် နဲ့ စီစဥ်ပေးလိုက်တယ်။
နေ့လည် တနာရီမှ ထွက်ရမှာကို မနက်ကိုးနာရီ စောထွက်တယ် ကပ်မှ ၇.၃၀ မှ လည်း အကြောင်းကြားတယ် အဆိုးဆုံးက ကား အဲကွန်း မဖွင့်ပါ။
29 degree C နဲ့ တလမ်းလုံး အသက်ရှူပါ ကြပ်တယ်။ စျေးနှုန်းကျတော့ တခြားလိုင်းတွေထက်လည်း a star က ပိုယူပါတယ်
တာဝန်ယူမှု တာဝန်ခံမှု ကျတော့ တစက်မှ မရှိဘူး
အပျော်ခရီး ထွက်လာတာ စိတ်အနှောင့်အယှက် အရမ်းကို ဖြစ်ရပါတယ်။ ​

လှိုင်သာယာ ဂိတ်ကနေ မြို့ထဲ ပြန်ဖို့လည်း ကားက ငှားရတယ်
တော်တော်ကို ဒုက္ခ ပေးပါတယ်။
လူမပြည့်လို့ မဆွဲနိုင်ရင် အစထဲက လက်မှတ်မရောင်းပါနဲ့ ချစ်ပိုင်သစ္စာမှာ ခုံရရက်သားနဲ့ a star ကို ရွေးမိတာ အကြီးကြီးမှားပါတယ်။
နှစ်ဆန်း တစ်ရက်နေ့မှာ အကုသိုလ်လည်း ဖြစ်ရပါတယ်

်းခြေဟိုတယ်များ #ငွေဆောင်ဘက်ဂျက်ဟိုတယ် #ခရီးထွက်ပါ ်းညွှန် #ချောင်းသာကမ်းခြေလမ်းညွှန် #ချောင်းသာကားလက်မှတ်

Goodbye 2025
01/01/2026

Goodbye 2025

စတိုးဆိုင်ဖွင့်ပြီးနောက်ပိုင်း လုပ်ရမဲ့ လုပ်ငန်းစဉ်လမ်းညွန်း (SOPs)✅နေ့စဉ်ဆိုင်ဖွင့်ခြင်းလုပ်ငန်းစဉ်အချိန်: ဖွင့်ချိန်မတ...
28/12/2025

စတိုးဆိုင်ဖွင့်ပြီးနောက်ပိုင်း လုပ်ရမဲ့ လုပ်ငန်းစဉ်လမ်းညွန်း (SOPs)

✅နေ့စဉ်ဆိုင်ဖွင့်ခြင်းလုပ်ငန်းစဉ်

အချိန်: ဖွင့်ချိန်မတိုင်မီ ၃၀ မိနစ်

လုံခြုံရေးစနစ်
- CCTV စနစ်ဖွင့်ခြင်း (24hr CCTV run နိုင်ရင်ပိုကောင်းပါတယ်)
- မီးများဖွင့်ခြင်း
- Air-Con/ ပန်ကာဖွင့်ခြင်း

ငွေသားပြင်ဆင်ခြင်း
- စတင်ငွေသား (Float Money) စစ်ဆေးခြင်း
- POS စက်ဖွင့်ခြင်း

ဆိုင်ပြင်ဆင်ခြင်း
- စင်များသန့်ရှင်းရေးလုပ်ခြင်း
- ပစ္စည်းများစီစဉ်ခြင်း
- စျေးနှုန်းကပ်ခြင်း/ပြောင်းခြင်း (စျေးနှုန်းများ အချိန်နှင့်အမျှပြောင်းလဲနေသည့်အတွက်)

✅ ဝန်ဆောင်မှုလုပ်ငန်းစဉ်

Customer ကိုကြိုဆိုခြင်း

"မင်္ဂလာပါ" / "ကျေးဇူးပြု၍ဝင်ပါ"
- ပြုံးပြီး ကြိုဆိုပါ

စိတ်ဝင်စားမှုပြပါ
- "ဘာရှာပါသလဲ" / "ကူညီပါ့မယ်"
- ၁.၅ မီတာအကွာမှနေ၍ ကူညီပါ```

ရောင်းချခြင်းလုပ်ငန်းစဉ်

ပစ္စည်းပြသခြင်း
- Customer ကို ရှင်းပြပါ
- အားသာချက်များရှင်းပြပါ

ငွေရှင်းခြင်း
- POS ဖြင့် ငွေရှင်းပါ
- ငွေသားလက်ခံပါက:
* ငွေကို Customer ရှေ့တွင်ရေတွက်ပါ
* ပြန်အမ်းငွေကို Customer လက်ထဲထည့်ပေးပါ

ပစ္စည်းထုတ်ပေးခြင်း
- အိတ်ထဲထည့်ပေးပါ
- ပြုတ်ကျ/ကျိုးပဲ့မှုကို တခါးတည်းစစ်ဆေးပါ

✅ ငွေသားစီမံခန့်ခွဲမှု SOP

နေ့စဉ်ငွေသားထိန်းချုပ်မှု

ငွေသားအဝင်အထွက်
- တစ်ရက်တာ ငွေ အဝင် အထွက်များ ကို မှတ်တမ်းတင်ပါ။ (ဥပမာ ဆိုင်သုံးပစ္စည်း တံမြက်စည်း စသဖြင့် Expense များ)

ငွေသားလွှဲပြောင်းခြင်း
- ည ၉ နာရီ (ဆိုင်ပိတ်ချိန်) ငွေသားလွှဲပြောင်းရန်
- နည်းလမ်း: KBZ Pay / Wave Money
- သက်သေခံ: Screenshot ပို့ခြင်း

အရေးပေါ်ငွေသားလိုအပ်ချက်
-ဆိုင်တာဝန်ခံမှ ဖုန်းဖြင့်အကြောင်းကြားခြင်း

✅ ပစ္စည်းစာရင်းစီမံခန့်ခွဲမှု SOP

နေ့စဉ်စစ်ဆေးခြင်း (မနက် ၁၀ နာရီ၊ ညနေ ၄ နာရီ)
- လက်ကျန် ၅ ခုအောက်ရှိပါက ပြန်ဖြည့်ပါ
- စာရင်းဇယားတွင် မှတ်တမ်းတင်ပါ

ပစ္စည်းမှာယူခြင်း
- အနည်းဆုံးလက်ကျန်: ၁၀ ခု
- မှာယူချိန်: စနေနေ့ နေ့လယ် ၂ နာရီ
- ခွင့်ပြုသူ: ဆိုင်တာဝန်ခံ

✅ Customer ပြဿနာဖြေရှင်းခြင်း SOP

ဖြေရှင်းခြင်း
- ငွေပြန်အမ်းခြင်း / ပစ္စည်းအသစ်လဲပေးခြင်း
- စာရင်းပြုစုပါ
- ခွင့်ပြုသူ: ဆိုင်တာဝန်ခံ

✅ ဆိုင်ပိတ်ခြင်းလုပ်ငန်းစဉ်

အချိန်: ပိတ်ချိန် ၉ နာရီ
ငွေသားရှင်းလင်းခြင်း (၉:၀၀ PM - ၉:၃၀ PM)
- နေ့စဉ်ငွေရလဒ်ရေတွက်ခြင်း (လူနှစ်ဦး)
- POS စာရင်းနှင့် ငွေသားကိုက်ညီမှုစစ်ဆေးခြင်း
- ငွေသားလွှဲပြောင်းခြင်း

ဆိုင်သန့်ရှင်းရေး (၉:၃၀ PM - ၉:၄၅ PM)
- စင်များသန့်ရှင်းရေး
- Floor ကြမ်းပြင်သန့်ရှင်းရေး
- အမှိုက်စွန့်ပစ်ခြင်း

လုံခြုံရေး (၉:၄၅ PM - ၁၀:၀၀ PM)
- ပစ္စည်းများပြန်စီခြင်း
- လျှပ်စစ်​မီးများပိတ်ခြင်း
- တံခါးသော့ခတ်ခြင်း

✅ အရေးပေါ်အခြေအနေ SOP

မီးပျက်ခြင်း
ချက်ချင်းဆောင်ရွက်ချက်များ:
- Generator ရှိပါက ဖွင့်ပါ
- ဖောက်သည်များကို ရှင်းလင်းပြောပြပါ
- အချိန်မှတ်သားပါ Manager သို့ အကြောင်းကြားပါ

ကျန်းမာရေးအရေးပေါ် နှင့် အရေးပေါ်အခြေအနေ
- ပထမဆေးဘက်ဆိုင်ရာအကူအညီ:
- အနီးဆုံးဆေးခန်းသို့ ဆက်သွယ်ပါ
- ၁၉၉ ကို ခေါ်ပါ (လိုအပ်ပါက)
- Manager သို့ ဖုန်းဆက်ပါ အခြေအနေရှင်းပြပါ။

✅အစီရင်ခံစာပေးပို့ခြင်း SOP

နေ့စဉ်အစီရင်ခံစာ (ည ၁၀ နာရီ)

ဘဏ္ဍာရေးအစီရင်ခံစာ:
- စုစုပေါင်းရောင်းအား
- ငွေသားရောင်းအား vs Digital Money ရောင်းအား
- Return ပြန်လည်ပေးပို့မှုစာရင်းများ

ပစ္စည်းအစီရင်ခံစာ:
- ကုန်ပစ္စည်းလာရောက်ချသွားသောပစ္စည်းများ
- မှာယူရန်လိုအပ်သောပစ္စည်းများ

Customer Feedback
- အထူးတောင်းဆိုမှုများ

ပို့ပေးမည့်နည်းလမ်း: Viber / Email / သတ်မှတ်ထားသော App

✅ဝန်ထမ်းစီမံခန့်ခွဲမှု SOP

အလုပ်စတင်ချိန်နှင့်ပြီးချိန်

အလုပ်စတင်ချိန်:
- သတ်မှတ်ချိန် ၁၅ မိနစ်စောလာရန်
- ယူနီဖောင်းဝတ်ဆင်ခြင်း
- Time-in လုပ်ခြင်း

အလုပ်စခန်းပြီးချိန်:
- တာဝန်များပြီးမြောက်အောင်လုပ်ခြင်း
- Time-out လုပ်ခြင်း
- နောက်လူထံအပ်နှံခြင်း

ကိုယ့်လုပ်ငန်းအတွက်​သလိုပြုပြင်ပြောင်းလဲ ရေးဆွဲ အသုံးပြုနိုင်ပါသည်

Address

Tarmwe
Yangon

Telephone

+959791052415

Website

Alerts

Be the first to know and let us send you an email when Phyo Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share