30/04/2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်း
-----------------
ဧပြီ၊၃၀
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကျန်ရှိနေတဲ့ပြစ်ဒဏ်များကို နေအိမ်တွင်ဆက်လက်ကျခံရန် ပြောင်းလဲသတ်မှတ်ပေးလိုက်တယ်လို့ စစ်အုပ်ရဲ့ မြန်မာ့အသံ ရုပ်မြင်သံကြားကနေ ကြေညာသွားပါတယ်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ ၁ အရ ကျခံရန်ကျန်ရှိနေတဲ့ ပြစ်ဒဏ်များကို သတ်မှတ်ထားတဲ့ နေအိမ်မှာ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်းဆိုပြီး ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။
သတ်မှတ်ထားတဲ့ နေအိမ်လို့ ဖော်ပြထားမဲ့ နေရာ အတိကျကိုတော့ ဖော်ပြထားတာ မရှိသေးပါဘူး။
#နောက်ဆုံးရသတင်းများ