Anonimus Pop

Anonimus Pop {Official Page} အနုပညာနှင့်အလုပ်ကိစ္စဆက်သွယ်ရန်
{Viber}phone/+99886611881

I’m back finally 😇
24/11/2023

I’m back finally 😇

24/10/2023
ကျွန်တော် နေမကောင်းလို့ပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အမြဲစိတ်ပူပန်ပေးတတ်ကြတဲ့ ကျွန့်တော်ချစ်ခင် လေးစားရတဲ့ပရိတ်သတ်တွေအားလုံး ...
11/10/2023

ကျွန်တော် နေမကောင်းလို့ပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အမြဲ
စိတ်ပူပန်ပေးတတ်ကြတဲ့ ကျွန့်တော်ချစ်ခင် လေးစားရတဲ့
ပရိတ်သတ်တွေအားလုံး မိတ်ဆွေ သူငယ်ချင်းတွေအားလုံးကို
ကျေးဇူးအထူးတင်ပါတယ်ဗျ။

ဘုရား တရား သံဃာကျေးဇူး မိဘ ဆရာသမားတွေရဲ့
ကျေးဇူးတွေ ကျွန်တော် ချစ်ခင်လေးစားရတဲ့ ပရိတ်သတ်တွေ နှင့်တကွ ကျွန်တော်ချစ်ခင် လေးစားရတဲ့
မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးတို့ရဲ့ ပို့သတဲ့
မေတ္တာတွေကြောင့် ကျွန်တော် အစစအရာရာ
အဆင်ပြေပါတယ်ဗျ။လည်ချောင်းနာတာကလည်း
ဆရာဝန်ပေးတဲ့ဆေးနဲ့ သက်သာနေပါပြီခင်ဗျ။

ကျေးဇူးတင်ထိုက်သူတွေ အားလုံးကို ကျေးဇူး
အထူးတင်ပါကြောင်း ပြောကြားပါရစေဗျ။
ပရိတ်သတ်တွေအတွက် အမြဲကြိုးစားနေမယ့်

မနက်ခင်း အစပြုခဲ့တဲ့ ကောင်းမှုကုသိုလ်လေး တစ်ခုပါဗျ။ရွှေတိဂုံဘုရားကို သွားရောက် ဖူးမျှော်ခဲ့ပါတယ်ခင်ဗျ။ရွှေတိဂုံဘုရားမှာ ...
11/10/2023

မနက်ခင်း အစပြုခဲ့တဲ့ ကောင်းမှုကုသိုလ်လေး တစ်ခုပါဗျ။
ရွှေတိဂုံဘုရားကို သွားရောက် ဖူးမျှော်ခဲ့ပါတယ်ခင်ဗျ။

ရွှေတိဂုံဘုရားမှာ မထင်မှတ်ထားပဲ ကျွန်တော့်ကို
ချစ်ခင် အားပေးကြတဲ့ ပရိတ်တွေနဲ့လည်း တစ်ဝကြီး
ချစ်ခင် ရင်းနှီးစွာ တွေ့ဆုံခွင့် ရလိုက်တဲ့အတွက်
အရမ်းကိုဝမ်းသာ ပျော်ရွှင်ရပါတယ်ဗျာ။

ကျွန်တော့်ကို ချစ်ခင် အားပေးတဲ့ ပရိတ်သတ်များအားလုံးကို
ကျေးဇူးအထူးတင်ပါတယ်ဗျ။
ကျွန်တော်နှင့်တကွ ကျွန်တော့် မိဘနှစ်ပါး နှင့်တကွ
မိသားစုဝင်များအားလုံး ကျွန်တော် ချစ်ခင်
လေးစားရတဲ့ ပရိတ်သတ်တွေအားလုံးအတွက်လည်း
‌ကိုယ်စိတ် နှလုံး အေးချမ်းပါစေကြောင်း ဆုတောင်း
မေတ္တာပို့သခဲ့ပါတယ် ခင်ဗျ။

မနက်ဖြန် October 7th မှာ So music Competition ကြီးရဲ့ Grand Final မှာ ကျွန်တော် Anonimus ရဲ့ယဉ်ပြိုင်မူလေးကို ဝန်းရံ အား...
06/10/2023

မနက်ဖြန် October 7th မှာ So music Competition ကြီးရဲ့
Grand Final မှာ ကျွန်တော် Anonimus ရဲ့ယဉ်ပြိုင်မူလေးကို
ဝန်းရံ အားပေးကြပါအုန်းလို့ ကျွန်တော် ချစ်ရ ခင်ရ
လေးစားရတဲ့ ပရိတ်သတ်တွေ အားလုံးကို ကျွန်တော်
ရိုသေ လေးစားစွာ ဖိတ်ခေါ်ချင်ပါတယ် ခင်ဗျာ။

Sky Net & Channel 9 Myanmar တွင် 6PM မှ 10PM အထိ တိုက်ရိုက် ကြည့်ရှု အားပေးနိုင်ပါတယ်ခဗျာ။🎶

မင်္ဂလာပါဗျ။ပရိတ်သတ်တို့အားလုံး နေကောင်း ကျန်းမာရဲ့လားဗျ။ကျန်းမာရေး ဂရုစိုက်ကြပါဗျ။အနုပညာနဲ့ ပတ်သက်ပြီး ပထမဦးဆုံး သင်ယူခ...
06/10/2023

မင်္ဂလာပါဗျ။

ပရိတ်သတ်တို့အားလုံး နေကောင်း ကျန်းမာရဲ့လားဗျ။
ကျန်းမာရေး ဂရုစိုက်ကြပါဗျ။

အနုပညာနဲ့ ပတ်သက်ပြီး ပထမဦးဆုံး သင်ယူခဲ့
သင်တန်းတစ်ခုကတော့ တယောသင်တန်းလေးပါပဲဗျ။

တယောအတတ်ပညာကို တတ်မြောက်အောင်
သင်ကြားပေးခဲ့တတဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာများ
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျ။

ပရိတ်သတ်များအတွက် အမြဲကြိုးစားနေမယ့်

သား တောင်းပန်စရာလေး ရှိလို့ပါ ခင်ဗျာ။သား အရင်က ကိုင်တဲ့ ဖုန်းက အလုခံရလို့ ပျောက်သွားတာ ကြာပါပြီ ခင်ဗျ။အခုအချိန်မှာ အဲဒီ ...
06/10/2023

သား တောင်းပန်စရာလေး ရှိလို့ပါ ခင်ဗျာ။

သား အရင်က ကိုင်တဲ့ ဖုန်းက အလုခံရလို့ ပျောက်သွားတာ
ကြာပါပြီ ခင်ဗျ။

အခုအချိန်မှာ အဲဒီ ပျောက်သွားတဲ့ ဖုန်းထဲမှာ Save ထားတဲ့
သား ငယ်ငယ်တုန်းက ရိုက်ထားတဲ့ Tik Tok တွေကို
တစ်ပုဒ်ပြီး တစ်ပုဒ် တင်နေကြပါတယ်ဗျ။

သား ငယ်ငယ်တုန်းက ရိုက်ထားတဲ့ အဲဒီ Tik Tok
အဟောင်းတွေကြောင့်သားကို ချစ်ခင် အားပေးနေကြတဲ့
ပရိတ်သတ်တွေကို စိတ်အနှောက်အယှက်ဖြစ်စရာ
အာရုံနောက်စရာ စိတ်ရှုပ်စရာ အမြင်မတော်စရာတွေ
ဖြစ်ပေါ်စေခဲ့ပါတယ်ဗျ။

🙏 သား အနူးအညွှတ် တောင်းပန်ပါရစေဗျ။ 🙏

သားကို ခွင့်လွှတ် နားလည် ပေးနိုင်ကြလိမ့်မယ်လို့လည်း
မျှော်လင့်ပါတယ် ခင်ဗျ။

✅ သား ဂတိပေးပါတယ်ဗျ။ ✅

နောက်နှောင်မှာ သားနဲ့ပတ်သက်၍သော်လည်းကောင်း
သားရဲ့ လုပ်ရပ်တွေကြောင့်သော်လည်းကောင်း
သားရဲ့ အပြောအဆိုကြောင့်သော်လည်းကောင်း
သားကို ချစ်ခင် အားပေးနေကြတဲ့ ပရိတ်သတ်တွေကို
စိတ်အနှောက်အယှက် ထပ်ဖြစ်စေနိုင်တဲ့ အပြုအမူမျိုး
အပြောအဆိုမျိုး အနေအထိုင်မျိုးကို ထပ်မဖြစ်အောင်
ရှောင်ကြဉ်ပါမယ်လို့ ဂတိပေးပါတယ်ဗျ။

🙏 ကျေးဇူးအထူးတင်ပါတယ်ဗျ။ 🙏

ကျွန်တော့်ကို ချစ်ခင်အားပေးကြတဲ့ ပရိတ်သတ်တွေအတွက် အမြဲကြိုးစားသွားနေမှာပါ ခင်ဗျ။

01/10/2023

🎤 🎤 🎤 So တေးရေး တေးဆိုပြိုင်ပွဲမှာ ...
Semi Final မှာ " ကျွန်တော် Anoni Mus
သီဆိုယှဥ်ပြိုင်ထားတဲ့ " သက်ရှိဘုရားတစ်ဆူ “
သီချင်းလေးရဲ အဖြေ ရလာဒ်လေးပါဗျ။

ကျွန်တော့် မိဘနှစ်ပါးနှင့်တကွ ကျွန်တော့် မိသားစုဝင်များ
အားလုံး အကဲဖြတ် ဒိုင်ဆရာများနှင့်တကွ So တေးရေး
တေးဆိုမှ တာဝန်ရှိသူတွေ အားလုံး ကျွန်တော့်ကို ချစ်ခင်
အားပေး ဝန်းရံကြတဲ့ ပရိတ်သတ်တွေအားလုံးနှင့်တကွ
ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ဗျ။

ပရိတ်သတ်တွေအတွက် အမြဲ ကြိုးစားနေမယ့်

01/10/2023

🎤 🎤 🎤 So တေးရေး တေးဆိုပြိုင်ပွဲမှာ ...
Semi Final အတွက် ကျွန်တော် Anonimus
သီဆို ဝင်ပြိုင်ထားတဲ့" သက်ရှိဘုရားတစ်ဆူ “
သီချင်းလေးနဲ့ ပတ်သက်ပြီး ဒိုင် ဆရာတွေရဲ့
ဝေဖန်သုံးသပ်ချက်လေးပါဗျ။

01/10/2023

🎤 🎤 🎤 So တေးရေး တေးဆိုပြိုင်ပွဲမှာ ...
တေးရေး တေးဆို Top 10 ပြိုင်ပွဲဝင်များရဲ့
Semi Final မှာ " သက်ရှိဘုရားတစ်ဆူ “
သီချင်းလေးနဲ့ သီဆို ဝင်ပြိုင်ထားပါတယ် ခင်ဗျ။

ကျွန်တော် Anoni Mus သီဆိုယှဥ်ပြိုင်ထားတဲ့
" သက်ရှိဘုရားတစ်ဆူ “ ကို
တေးရေး ပြိုင်ပွဲဝင် မှုံကြီး ရေးသားထားတာပါဗျ။

စိမ်းလန်း စိုပြေ သာယာတဲ့အပြင် သဘာဝအလှတွေနဲ့ ပြီးပြည့်စုံနေတဲ့ ဖြူးမြို့(ဇာတိမြေ) ကို အမြဲ လွမ်းဆွတ်တမ်းတနေမိတာ အမှားလားဗ...
30/09/2023

စိမ်းလန်း စိုပြေ သာယာတဲ့အပြင် သဘာဝအလှတွေနဲ့
ပြီးပြည့်စုံနေတဲ့ ဖြူးမြို့(ဇာတိမြေ) ကို အမြဲ လွမ်းဆွတ်
တမ်းတနေမိတာ အမှားလားဗျာ။

ကိုယ် နေထိုင် ကြီးပြင်းလာခဲ့တဲ့ ဖြူးမြို့(ဇာတိမြေ) လေးမှာ
ရောက်တုန်း အမှတ်တရလေးပါဗျ။

အဖေ့ကို ဆေးဝါးကုသဖို့ ခံယူရန်အတွက် ဖြူးမြို့ကို
သွားရောက်ခေါ်ယူရတဲ့ ခရီးစဉ်လေးမို့ သွားချင်တဲ့နေရာတွေ
စုံအောင် မသွားခဲ့ရ ၊ တွေ့ချင်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို
မတွေ့လိုက်ရ ဖြစ်သွားပါတယ်။

နောက်တစ်ခေါက် အချိန်ပေးပြီး ကိုယ့်ရဲ့ ဇာတိမြေဖြစ်တဲ့
ဖြူးမြို့ကို အရောက်ပြန်လာပြီး သွားချင်တဲ့နေရာစုံကို
ရောက်အောင်သွားမယ်ဗျာ။တွေ့ချင် ဆုံချင်နေတဲ့ မိတ်ဆွေ
သူငယ်ချင်းတွေနဲ့လည်း တွေ့မယ် ဆုံမယ်ဗျာ။

ဖြူးမြို့ ( ဇာတိမြေ )လေးကို အမြဲလွမ်းဆွတ် တမ်းတနေတဲ့

Address

Yangon
11011

Website

Alerts

Be the first to know and let us send you an email when Anonimus Pop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category