
01/04/2024
GTA V ကို ဖုန်းမှာ ဆော့နည်း 😱🔥
————————————————————————
Grand Theft Auto V ( သို့ ) GTA 5 ဆိုတဲ့ ဂိမ်းဟာ မြန်မာနိုင်ငံမှာသာ မက
ကမ္ဘာတစ်ဝှမ်းပြဲပြဲစင်အောင် အောင်မြင်ကျော်ကြားခဲ့တဲ့ Video game တစ်ခုပါ။
Rockstar North မှ Developed ခဲ့တာ ဖြစ်ပြီးတော့
Rocker Games က Publish ခဲ့တာဖြစ်ပါတယ်။
————————————————————————
နေရာ အခြေတည်ထားခြင်း
————————————————————————
GTA 5 ဆိုတဲ့ ဂိမ်းကြီးကို ဘယ်လိုတည်နေရာကြီးမှာ ဇာတ်အိမ်တည်ထားလဲဆိုတော့
တကယ့်အပြင်လောကက Los Angeles ကြီးကို inspire ယူပြီး
Los Santos ဆိုတဲ့ GTA V မြို့ကြီးမှာ နေရာအခြေတည်ထားတာပဲ ဖြစ်ပါတယ်။
Story Mode အနေနဲ့ အဓိကဇာတ်ကောင် ၃ ယောက်နေရာကနေ ဆော့ကစားရမှာဖြစ်ပြီး
အဆိုပါ ဇာတ်ကောင် ၃ယောက်လုံးကို ဂိမ်းထဲမှာ လှည့်ပတ်ပြောင်းလဲ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။
————————————————————————
Gameplay အနေနဲ့ အပြစ်ပြောစရာ မရှိလောက်အောင်
အထူးရောစပ်ထားတာကို တွေ့ရပါတယ်
ကားမောင်း ကားပြိုင်တာတွေ၊ ပစ်ခတ်တာတွေ နဲ့ ရှာဖွေလေ့လာတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပြီး
NPC ရဲ့ ကားတွေခိုးယူ၊ လေယာဉ်တွေကအစ မိမိစိတ်ကြိုက် မောင်းနှင် ပျံသန်းနိုင်မှာပဲ ဖြစ်ပါတယ်။
ထို့အပြင် golf ရိုက်၊ tennis ရိုက် အစရှိတဲ့ activities တွေပါ ပြုလုပ်နိုင်ဦးမှာပါ။
————————————————————————
ဒီလောက်ကောင်းမွန်တဲ့ GTA V ကြီးကို မိမိတို့ရဲ့ Mobileဖုန်း ပေါ်မှာ
ဆော့ကစားဖို့အတွက် ဘာတွေလိုအပ်မလဲ?
————————————————————————
မိမိကိုယ်တိုင်ရယ် ဖုန်းတစ်လုံးရယ်ပဲ လိုအပ်ပါတယ်။
————————————————————————
GTA V ကို ဖုန်းပေါ်မှာ ဆော့ကစားဖို့
လောလောဆယ် 2024 April ၁ ရက်နေ့မှာ မရသေးပေမယ့်
၁ နှစ် ၊ ၂ နှစ် နှစ်အနည်းငယ်ကြာလာရင်တော့
သူမလည်း သူမဘဝနဲ့ သူမ ပျော်နေပြီး
မိတ်ဆွေတို့လည်း သူမကို ကြိုးစားပြီး မေ့နိုင်သွားကြမှာပါ။ 🤍✨