Celodi

Celodi Celebrity News & Entertainment Media. Contact Us for Marketing : +95 9 444 211 211 (Viber)

Celodiမှ Biography (ဘဝအကြောင်း)၊ Lifestyle (ဘဝခြေလှမ်း)၊ Celo Lady အစီအစဥ်၊ Taste of Yangon (အစားအစာအကြောင်း)နှင့် အနုပညာရှင်အသီးသီး ရဲ့ Update သတင်းများကိုပါ စုံစုံလင်လင်နဲ့ နေ့စဥ်မပြတ် တင်ဆက်ပေးလျှက်ရှိပါသည်။

YouTube: >>> http://www.youtube.com/
Tik Tok: >>> http://www.tiktok.com/
Instagram: >>> http://www.instagram.com/CelodiOfficial

18/09/2025

ကိုရဲမှာ ထူးခြားတဲ့အသံပါရမီပါတယ် ဆိုတဲ့ သိန်းဇော် (စန္ဒကူး)

သီချင်းအဟောင်းလေးတွေထဲက လူဦးရေသန်းပေါင်း ၆၀၀၀ ထဲကအချစ် နဲ့ စိုးလွင်လွင် ရဲ့ ချစ်လို့ ဆိုတဲ့ သီချင်းလေးနှစ်ပုဒ်ကို Version လေးပြောင်းပြီး ဖန်တီးထားတယ်။ ကိုယ်နဲ့လဲလိုက်ဖက်တယ် အရမ်းကြိုက်ခဲ့တဲ့သီချင်းတွေမို့လို့ ဆိုဖြစ်တာပါ ဆိုတဲ့ "တေးသံရှင် ကိုရဲ၊ သိန်းဇော် (စန္ဒကူး)"

#သိန်းဇော် #ကိုရဲ

18/09/2025

ဆိုဗီယက်ပြန် နွဲ့နွဲ့စန်း ဆိုပြီး တစ်ခေတ်ဖြစ်ခဲ့ဖူးတယ်

အမေ ကခေတ်အဆက်ဆက်မှီခဲ့တယ်။ မင်္ဂလာဆောင်တွေမှာ အမေ့အငြိမ့်မပါရင်မပြီးဘူး အဲ့လောက်ထိ နာမည်အရမ်းကြီးခဲ့တာပေါ့နော်။ အနုပညာလမ်းကြောင်းကို လျှောက်လှမ်းလာခဲ့တာ ၁၀ နှစ်သမီးထဲကပါ ဆိုတဲ့ "နွဲ့နွဲ့စန်း"

#နွဲ့နွဲ့စန်း

18/09/2025

လမ်းခရီးသွားရင် ပါးစပ်စည်းစောင့်ရတယ်

ခရီးတစ်ခုကို ၆ ယောက်သွားလို့ ရှေ့ခြောက်နောက်လေးမသွားကောင်းဘူးဆိုတာကို တစ်ချို့တွေက မယုံကြည်ကြဘူး။ ဒါပေမယ့် ပြောမယုံကြုံဖူးမှသိ ဆိုသလိုပဲ ပါးစပ်ကပြောပြလို့မရတဲ့အရာတွေက လက်တွေ့မှယုံကြတာ ဆိုတဲ့ "ခွန်သာချို"

#ခွန်သာချို

18/09/2025

မျက်စိခွဲစိတ်ဖို့ အလှူရှင်လိုအပ်နေတဲ့ အသက် ၇၂ နှစ်အရွယ် ဒေါ်လက်ချ်မီး

အဘွားအရင်က မိသားစုတွေနဲ့ စိတ်ချမ်းချမ်းသာသာနေခဲ့ရတယ်။ အခုတော့ အကုန်လုံးဆုံးကုန်ကြတော့ စောင့်ရှောက်ပေးမည့်သူ တစ်ယောက်မှမရှိတော့ဘူး။ မျက်လုံးတစ်ဖက်ကလဲကွယ်နေပြီ ခွဲဖို့ကလဲမတတ်နိုင်ဘူး။ အဝတ်လိုက်လျှော်တဲ့ ပိုက်ဆံကလဲ စားဝတ်နေရေးအတွက်ပဲ ဖြေရှင်းနိုင်တာလေ။ ကူညီမယ့်လူမရှိတော့ စိတ်သောကတော်တော်ရောက်ရတယ် ဆိုတဲ့ "ဒေါ်လက်ချ်မီး"

#ဒေါ်လက်ချ်မီး #မျက်စိကွယ်

17/09/2025

ကျွန်တော်တို့ မောင်နှမနှစ်‌‌ယောက် က ၂၀၁၉ လောက်ကတည်းက အတူတူကြိုးစားခဲ့ကြတယ်။ အခုလိုမျိုး ရုပ်ရှင်ဇာတ်ကားကြီးမှာ မမ နဲ့ ပြန်ဆုံရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လည်း တစ်ကယ်ကို ဝမ်းသာတယ်။ ပြီးတော့ ဒီသရုပ်ဆောင်လောကထဲကို ကျွန်တော်ရယ်လို့ဖြစ်လာအောင် မမ တို့က လက်တွဲခေါ်ပေးခဲ့တာပါ "ဇော်ရှိုင်းထက် နှင့် မေသူထွန်း"

#ဇော်ရှိုင်းထက် #မေသူထွန်း #ဇော်ရှိုင်းထက်အင်တာဗျူး

17/09/2025

ကိုစိုင်းစည်က အရမ-်းသဘောကောင်းတယ် သူ့ကိုကြည့်လိုက်တဲ့အချိန်မှာတောင် အကြည်ဓာတ်ကိုရစေတယ်။ ပြီးတော့ အကို က ကျော့ အရင်ကတည်းက လေးစ-ားရတဲ့ စီနီယာဖြစ်တဲ့အတွက်ကြောင့်မိုလို ကျော့ ဘက်က အကိုနဲ့ သရုပ်ဆောင်ရတဲ့အခါမှာ အများကြီးကြိုးစ-ားသွားမှာပါ " ကျော့ကျော့"

#ကျော့ကျော့ #ကျော့ကျော့အင်တာဗျူး

17/09/2025

မြန်မာသံစဥ် ကို ဆို နိုင်တဲ့ကလေးတွေအများကြီးပဲ ဆိုတာ တွေ့လာရတယ်။ မန္တလေးကဆိုရင် နိုနို ရန်ကုန်မှာဆိုရင် မေသက်ထားဆွေတို့ ခင်ပိုးပန်းချီတို့ဆိုရင်လည်း ဆိုတာ သိပ်ကောင်းပါတယ်။ သူတို့ဆိုရင် ဗုဒ္ဓဝင်တေးတွေတောင်ဆိုနိုင်ကြပါတယ် "မြန်မာသံစဥ်အဆိုတော်ကြီး တက္ကသိုလ်လဲ့လဲ့"

#တက္ကသိုလ်လဲ့လဲ့ #တက္ကသိုလ်လဲ့လဲ့အင်တာဗျူး

17/09/2025

မြတ် ကျောင်းတတ်တုန်းကဆိုရင်လည်း သူငယ်ချင်းတွေကို စာသင်ပေးတယ်။ တစ်ကယ်တမ်း စာသင်ပေးရတာကိုလည်း အရမ်းဝါသန-ာပါတယ်။ စိုင်းထီးဆိုင် တို့ ခေတ်ကတည်းကစပြီး မြတ်တို့ တောင်ကြီးဘက်ကလူတွေက အဆိုတော်တွေဖြစ်တာများတယ်။ ငယ်ငယ်ကတည်းက မြတ် က အဆိုတော်ပဲဖြစ်ချင်ခဲတာ " မြတ်ရတနာကျော်"

#မြတ်ရတနာ‌ကျော် #မြတ်ရတနာကျော်အင်တာဗျူး

17/09/2025

အမတို့နိုင်ငံမှာ မင်းသားစျေးကွက်ချည်းပဲရှိတာလေ မင်းသမီး‌စျေးကွက်ဆိုတာ လုံးဝမ-ရှိဘူး။ အမ တို့ မရင်ရွှေ ကား နာမည်ကြီးသွားတယ် ဒါပေမယ့် အဲ့တစ်ကားနဲ့တင် ကုမ္ပဏီတွေက မယုံဘူး နောက်ပိုင်း တစ်ကားပြီးတစ်ကားဆက်ပြီး နာမည်ကြီးလာမှ သူ ကြိုးစ-ားနိုင်ပါလားဆိုတာကို ယုံကြတာ " သရုပ်ဆောင် အာကာမြင့်အောင်"

#အာကာမြင့်အောင် #အာကာမြင့်အောင်အင်တာဗျူး

16/09/2025

သိန်း ၂၀၀ ကျော်တန်ဖိုးရှိတဲ့ ရာဇာထက်အောင် ရဲ့ Nation Costume

နန်းတွင်းဝတ်လဲတော်တွေကို နိုင်ငံကိုယ်စားပြုဝတ်စုံအနေနဲ့ ဆင်ယင်ပေးရမယ်ဆိုတော့ ဝမ်းသာပါတယ်။ ရာဇာရဲ့ Nation Costume ကို မင်းဧကရာဇ်တွေ မင်းအခမ်းအနားမှာ ဝတ်ဆင်တဲ့ ရတနာ ဒုရင်တော် ကိုစီစဥ်ပေးထားပါတယ်။ ရှေးခေတ်ဘုရင်နဲ့တော်ဝင်မိသားစုတွေ ဘယ်လိုမျိုးဝတ်ဆင်ခဲ့လဲဆိုတာ ပြသချင်ပါတယ် ဆိုတဲ့ "ဒီဇိုင်နာ မြတ်သိင်္ခငယ်၊ ရာဇာထက်အောင်"

#ရာဇာထက်အောင် #မြတ်သိင်္ခငယ်

16/09/2025

ဗမာစကားပီအောင် ရခိုင်စကား နည်းနည်းလျှော့ပြောနေတယ်

ကျွန်တော်က ရခိုင် ဆိုတော့ စကားပြောရင်တော်တော်ဝဲတယ်။ အိမ်မှာဆိုရင် မိဘတွေနဲ့ ရခိုင်စကားပဲပြောကြတာဆိုတော့ ပိုဆိုးတာပေါ့။ သရုပ်ဆောင်လုပ်ရမှာဆိုတော့ ဗမာစကားပီအောင် ကြိုးစားနေပါတယ် ဆိုတဲ့ "ဘုန်းမြင့်ဇော်၊ Clark"

#ဘုန်းမြင့်ဇော်

16/09/2025

မိဘတွေနဲ့အတူတူနေခွင့်ရတာ တကယ်ကိုဘုရားပေးတဲ့ဆုပါပဲ

ပေါက်စီ တို့ ညီအစ်မတွေက တစ်ခုခုဆိုအမေနဲ့အဖေကို ပွင့်ပွင့်လင်းလင်းတိုင်ပင်တယ်။ သူငယ်ချင်းမိသားစုလိုဖြစ်နေတော့ အသည်းကွဲရင်တောင်မှ အဖေ့ကိုပြောပြလို့ရတယ်။ ဒီလိုအဖေမျိုးရထားတာ ကိုယ်ကိုယ်ကို ကံကောင်းတယ်လို့ထင်ပါတယ် ဆိုတဲ့ "မအေးသောင်း"

#မအေးသောင်း

Address

5 Dagon Thiri Street
Yangon
11211

Alerts

Be the first to know and let us send you an email when Celodi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Celodi:

Share

Thin Yu Par - သင်ယူပါ

Thin Yu Par ရဲ့ ရည်ရွယ်ချက်တော့ Social platform ပေါ်မှာ သင်ရှိနေတဲ့ အချိန်အတောအတွင်း စိတ်အပန်းဖြေစရာ၊ ဗဟုသုတရစေမယ့် အကြောင်းအရာတွေကို တင်ဆက်ပေးဖို့ပဲ ဖြစ်ပါတယ်။ Thin Yu Par ရဲ့ များပြားစုံလင်လှစွာသော ခေါင်းစဥ်များထဲမှ မိမိကြိုက်နှစ်သက်ရာ ကဏ္ဍကို ရွေးချယ် ဖတ်ရှု နိုင်မှာပဲဖြစ်ပါတယ်။ စာဖတ်ရမှာ ပျင်းတဲ့သူတွေအတွက်လည်း စိတ်၀င်စားဖွယ် အကြောင်းအရာတွေ၊ သင့်အတွက် အကျိုးရှိစေမယ့် နည်းလမ်းကောင်းလေးတွေကိုလည်း Presentation Video တွေနဲ့ ဖော်ပြပေးထားပါတယ်။ Thin Yu Par ကနေ သင့်ရဲ့ နေ့စဥ်ဘ၀မှာ ကြုံတွေ့နေရတဲ့ လူမှုရေး၊ စီးပွားရေး ပြဿနာတွေကို ဘယ်လိုပြေလည်အောင် ရင်ဆိုင်ဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းတွေ၊ ပိုမိုကောင်းမွန်လာအောင် လိုက်နာသင့်တဲ့ အကြံပြုချက်တွေ၊ လုပ်ငန်းခွင် အမျိုးမျိုးကနေ ရရှိလာတဲ့ ဘ၀အမောတွေကို ခဏတာ ပြေပျောက်စေဖို့အတွက် ဖျော်ဖြေရေးကဏ္ဍတွေ၊ အသက်အရွယ် မရွေးသတိပြုသင့်တဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ဆောင်ရန်/ရှောင်ရန် အချက်အလက်တွေ၊ အိမ်ရှင်မများအတွက် ဗဟုသုတ တိုးပွားစေမယ့် ဟင်းချက်နည်းတွေ၊ မိမိကိုယ်တိုင် ပြင်ဆင်ချက်ပြုတ်နိုင်မယ့် ချက်ပြုတ်နည်း အဆင့်ဆင့်တွေ၊ လူငယ်/လူရွယ်များအတွက် Fashion နဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေ၊ ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် မိမိကိုယ်တိုင်ပြုလုပ်နိုင်မယ့် လက်မှုပစ္စည်း ပြုလုပ်နည်းတွေ၊ သိပ္ပံနှင့်နည်းပညာနယ်ပယ်မှ နောက်ဆုံးရ အချက်အလက်တွေနဲ့ သိပ္ပံ Essay တွေ၊ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတဖြစ်စရာ အကြောင်းအရာတွေ၊ အစရှိသဖြင့် များပြားစုံလင်လှစွာသော အကြောင်းအရာတွေကို သင့်အနေနဲ့ တစ်နေရာထဲမှာ လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်စာကို လေ့လာနေသူများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ Thin Yu Par ရှိ article အားလုံးကို English version ဖြင့်လည်း ရေးသားဖော်ပြထားပါသည်။ ထို့အပြင် Thin Yu Par ၏ ပညာရေးကဏ္ဍ မှလည်း အင်္ဂလိပ်စာနှင့် ပတ်သက်သော သင်ခန်းစာများကို သင်ကြားပြသပေးလျှက် ရှိပါတယ်။ Thin Yu Par ကို သင့်အနေနဲ့ Facebook, YouTube, Instagram, Pinterest, Twitter, DailyMotion စတဲ့ Social platform တွေမှာ ရှာဖွေနိုင်ပါတယ်။ သင့်အတွက် အကျိုးဖြစ်ထွန်းစေဖို့ ရည်ရွယ်တာကြောင့် အခုပဲ Google PlayStore တွင် ThiYuPar App ကို Download ပြုလုပ်ပြီး ရယူလိုက်ပါ။