
06/07/2023
(N4/N3 向け)
稲に虫がつかないように願う「虫送り」の行事
စပါးပင်များပိုးမကျစေရန်ဆုတောင်းသည့် “ပိုးနှင်ပွဲ” ကျင်းပ
「虫送り」は、田んぼに稲を植え終わったころ、火を使って、悪い虫が稲につかないように願う 行事です。香川県の小豆島にある土庄町では江戸時代から続いています。
“ပိုးနှင်ပွဲ" သည် စပါးခင်းများတွင်စပါးပင်များစိုက်ပျိုးပြီးချိန်၌ မီးကိုအသုံးပြု၍ အဖျက်ပိုးမွှားများမကျရောက်စေရန် ဆုတောင်းသည့်ပွဲတော်တစ်ခုဖြစ်သည်။ Kagawa ခရိုင် Shoudo ကျွန်းရှိ Tonoshou မြို့တွင် Edo ခေတ်ကစ၍ ကျင်းပလာခဲ့ကြခြင်းဖြစ်သည်။
今年は2日の夜、町の子どもや親など200人が神社に集まりました。米がたくさんできるように祈ったあと、長さ1m以上のたいまつに火をつけました。そして、火を田んぼに向けながら、1kmぐらい先にある川までゆっくり歩きました。
၂ ရက်နေ့ညပိုင်းတွင် မြို့ရှိကလေးနှင့်မိဘ ၂၀၀ ခန့်တို့သည် ဘုရားကျောင်း၌စုဝေးခဲ့ကြသည်။ စပါးအထွက်နှုန်းကောင်းစေရန်ဆုတောင်းကြပြီးနောက် အရှည် ၁ မီတာအထက်ရှိသောမီးတုတ်များကိုမီးညှိကာ စပါးခင်းများဘက်လှည့်၍ကိုင်ဆောင်ပြီး ရှေ့ ၁ ကီလိုမီတာခန့်အကွာရှိမြစ်အထိ ဖြည်းညှင်းစွာ လမ်းလျှောက်ခဲ့ကြသည်။
大勢の人が行事を見に来て、明るい火が進んでいく景色を楽しみました。火を持って歩いた人は「昔から続く夏の行事で感動しました」と話していました。
ပွဲတော်သို့လူအများအပြားလာရောက်ပြီး ထိန်လင်းနေသောမီးများရွေ့လျားသွားနေသောရှုခင်းကိုကြည့်ရှုခဲ့ကြသည်။ “ရှေးယခင်ကတည်းက အစဉ်အဆက်ကျင်းပလာခဲ့တဲ့ နွေရာသီပွဲတော်ကို လေးလေးနက်နက်ခံစားမိပါတယ်” ဟုမီးတုတ်ကိုင်၍လမ်းလျှောက်ခဲ့သူတစ်ဦးကပြောသည်။
ソース: NHK
Comment မှာ ふりがな များဖော်ပြထားပါတယ်