Casa Mia II

Casa Mia II We provide the best service for your entertaining television.

Hidden Face (2024)IMDb 6.2/10Platform : NetflixMystery / Thriller"မမျှော်လင့်ထားတဲ့အကြောင်းအရာ က ဆွဲခေါ်သွားမယ့် ရုပ်ရှင...
25/01/2025

Hidden Face (2024)
IMDb 6.2/10
Platform : Netflix
Mystery / Thriller
"မမျှော်လင့်ထားတဲ့အကြောင်းအရာ က ဆွဲခေါ်သွားမယ့် ရုပ်ရှင်"

--------------------------------------------

ဂျွန်စောလို့သိကြတဲ့ မင်းသား Song Seung-heon ရယ် Parasite ထဲက မင်းသမီး Park Ji-young ရယ် Gongjiam: Haunted Asylum/ Yumi's Cells ထဲက Park Ji-hyun ရယ် ၃ယောက်တည်းနဲ့ ဇာတ်လမ်းတည်ဆောက်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

Original အနေနဲ့ (ကျွန်တော့်အထင်) Spain ရုပ်ရှင်တစ်ကားရှိပေမယ့် ဒီ Korea version ကတော့ မင်းသား၊ မင်းသမီးတွေကြောင့် ပိုကြည့်ကောင်းမှာပါ။ "မိသားစုနဲ့ကြည့်ဖို့ မသင့်တော်တဲ့" scene တွေအများကြီးပါပေမယ့်လည်း plot ကတော်တော်ကောင်းတဲ့ အတွက် အချိန်ပေးပြီးကြည့်ဖို့တန်မယ့် ရုပ်ရှင်တစ်ကားဖြစ်တာကြောင့် customer တွေကိုလည်း ကြည့်ကြည့်ဖို့ recommend ပါရစေခင်ဗျာ။

အလယ်လောက်ရောက်မှ လုံးဝ mind-blown ဖြစ်သွားပါလိမ့်မယ်!

--------------------------------------------

Netflix အပါအဝင် အခြား movie subscriptions, Spotify, Apple Music, VPN, Youtube Premium စတာတွေကို Casa Mia မှာ ဈေးသက်သက်သာသာနဲ့ လာရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

Thai 🇹🇭 နိုင်ငံ မှ customer များအတွက် promotion (Jan 4 - Jan 10)နှစ်သစ်မှာ အားလုံး စိတ်ပင်ပန်းမှုတွေ ကင်းဝေးပြီး အေးအေးဆ...
04/01/2025

Thai 🇹🇭 နိုင်ငံ မှ customer များအတွက် promotion (Jan 4 - Jan 10)

နှစ်သစ်မှာ အားလုံး စိတ်ပင်ပန်းမှုတွေ ကင်းဝေးပြီး အေးအေးဆေးဆေး ပိုပြီး အပန်းဖြေနိုင်အောင် Casa Mia မှ Promotion လေး စီစဉ်ပေးထားပါတယ်။

Jan 4 ရက်ကနေ 10ရက်နေ့ထိပဲဖြစ်တာမလို့ မြန်မြန်လာရောက် ဝယ်ယူထားကြဖို့လဲ လိုပါတယ်နော်။

Promotion မှာ ဘယ် item လေးတွေ ဈေးလျှော့ပေးထားလဲ ဆိုတာကိုတော့ အောက်ကပုံလေးတွေမှာ ကြည့်ရင်ရပါတယ်ခင်ဗျာ။

Japan🇯🇵 နိုင်ငံ မှ customer များအတွက် promotion (Jan 4 - Jan 10)နှစ်သစ်မှာ အားလုံး စိတ်ပင်ပန်းမှုတွေ ကင်းဝေးပြီး အေးအေးဆ...
04/01/2025

Japan🇯🇵 နိုင်ငံ မှ customer များအတွက် promotion (Jan 4 - Jan 10)

နှစ်သစ်မှာ အားလုံး စိတ်ပင်ပန်းမှုတွေ ကင်းဝေးပြီး အေးအေးဆေးဆေး ပိုပြီး အပန်းဖြေနိုင်အောင် Casa Mia မှ Promotion လေး စီစဉ်ပေးထားပါတယ်။

Jan 4 ရက်ကနေ 10ရက်နေ့ထိပဲဖြစ်တာမလို့ မြန်မြန်လာရောက် ဝယ်ယူထားကြဖို့လဲ လိုပါတယ်နော်။

Promotion မှာ ဘယ် item လေးတွေ ဈေးလျှော့ပေးထားလဲ ဆိုတာကိုတော့ အောက်ကပုံလေးတွေမှာ ကြည့်ရင်ရပါတယ်ခင်ဗျာ။

2025 မှာ ဝင်ငွေကောင်းပြီး အပေါင်းပြဦးမယ့် Netflixနာမည်ကြီး လူကြိုက်အရမ်းများတဲ့ Series တွေဖြစ်တဲ့ Squid Game, Wednesday,...
02/01/2025

2025 မှာ ဝင်ငွေကောင်းပြီး အပေါင်းပြဦးမယ့် Netflix

နာမည်ကြီး လူကြိုက်အရမ်းများတဲ့ Series တွေဖြစ်တဲ့ Squid Game, Wednesday, Alice in Borderlands နဲ့ Stranger Things တို့ဟာ season အသစ်တွေ ဒီနှစ်ထဲ ထွက်ကိုထွက်ရှိလာမှာပါလို့ အတည်ပြုထားပြီးပါပြီ။

နှစ်တွေနဲ့ချီပြီး စောင့်ထားရတာကြောင့် ပရိသတ်တွေ မထတမ်း တဝကြီးကြည့်ရမယ့် အချိန်နီးလာပြီလို့ ပြောမယ်ဆိုရင် မမှားပါဘူး။ ရှေ့မှာ ထွက်ထားတဲ့ season တွေအရ ဒီနှစ်ထွက်လာမယ့် အဆုံးသတ် season တွေမှာ ပျော်ရမှာလား၊ ငိုရမှာလားဆိုတာကတော့ customer တွေကိုယ်တိုင်ပဲစောင့်ကြည့်ကြဖို့ တိုက်တွန်းပါရစေ။ Happy Ending လေးတွေဖြစ်ပါစေလို့လဲ ကိုယ်တိုင်ဆုတောင်းနေမိပါတယ်။

Netflix ကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူပြီး ရုပ်ရှင်တွေ စိတ်ကြိုက်ကြည့်ချင်တယ်ဆိုရင် Casa Mia မှာ လာရောက်အားပေးနိုင်ပါတယ်ခင်ဗျာ။

Casa Mia မှ နှစ်သစ်ဆုတောင်းCasa Mia ရယ်လို့ စဖြစ်လာတည်းက ဒီနေ့ ဒီချိန်ထိ စဉ်ဆက်မပြတ်အားပေးလာတဲ့ customer အပေါင်းတို့ကို ...
01/01/2025

Casa Mia မှ နှစ်သစ်ဆုတောင်း

Casa Mia ရယ်လို့ စဖြစ်လာတည်းက ဒီနေ့ ဒီချိန်ထိ စဉ်ဆက်မပြတ်အားပေးလာတဲ့ customer အပေါင်းတို့ကို admin က လှိက်လှိက်လှဲလှဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ Page တွေအများကြီးထဲကနေ Casa Mia ကို ရွေးချယ်ပြီး full Warranty ဆိုတာကို ယုံကြည်ပြီး ဝယ်ယူအားပေးတာ အတွက်လည်း ထပ်တိုးကျေးဇူးတင်စကားဆိုပါရစေ။

နောက်လည်း ပိုမိုကောင်းမွန်တဲ့ Service တွေနဲ့ Customerတွေ စိတ်တိုင်းကျ အဆင်ပြေအောင် ဝန်ဆောင်မှုပေးသွားဦးမှာမလို့ ဆက်လက် အားပေးဝယ်ယူကြဖို့ တောင်းဆိုပါရစေခင်ဗျာ။

နှစ်သစ် 2025 မှာ အရာရာ အဆင်ပြေချောမွေ့ပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ customer များခင်ဗျာ။ ကျေးဇူးပါ!

Casa Mia Team

Squid Game Season 2 ကြည့်ပြီးကြပြီလား? (Spoiler free review)-------------------------------------------Admin ကတော့ Squid...
30/12/2024

Squid Game Season 2 ကြည့်ပြီးကြပြီလား?
(Spoiler free review)

-------------------------------------------

Admin ကတော့ Squid Game Season 1 ကိုတောင် မနေ့တစ်နေ့ကမှ စကြည့်ဖြစ်ပါတယ်။ တခြားသူတွေတော့ မသိပေမယ့် ကိုယ့်အလှည့်မှာတော့ Squid Game Season 1 ကို Episode 1 ပြီးတော့ ဆက်ပြီးကြည့်ဖြစ်တာ သိချင်စိတ်တစ်ခုတည်းနဲ့လို့ပဲပြောရမှာပါ။ Recruiter က ဘယ်သူလဲ၊ 001 အဖိုးကြီးနောက်ကြောင်း၊ Front Man အကြောင်း၊ နောက်ဆုံးအနိုင်ရမှာ ဘယ်သူ စတဲ့စတဲ့ မေးခွန်းတွေ တစ်ပုံတစ်ပင် ခေါင်းထဲမှာပေါ်လာလို့ဆက်ကြည့်ဖြစ်သွားပါ။ နောက်ဆုံးပိုင်း၊ နောက်ဆုံး မိနစ်ထိကို Squid Game ဆိုတာ လူတွေရဲ့ သိချင်စိတ်တစ်ခုတည်းနဲ့ ရှေ့ဆက်နေတဲ့ series ပါလားဆိုပြီးသိထားခဲ့တာပါ။

-------------------------------------------

ဒါပေမယ့်

-------------------------------------------

Season 2 အရောက်မှာတော့ Squid Game ရဲ့ ကြည့်ရှုသူတွေအပေါ်လွှမ်းမိုးနိုင်မယ့် တခြားအချက်ရှိသေးတယ်ဆိုတာသွားတွေ့ရပါတယ်၊ အဲ့တာဘာလဲဆိုရင် နောက်ထပ် "ဘာမှန်းမသိရတာ" ပါပဲ။ Cliffhanger အကြီးစားတွေ များများစားစားပိုပါလာပြီး ဘာဆိုဘာမှ ရေရေရာရာပေးမသိပဲ season ကြီးတစ်ခုလုံးလုပ်လိုက်တာဟာ အရင်က လုံးဝမကြည့်ဖူးတဲ့သူတွေပါ လာပြီးကြည့်ရလောက်တဲ့ထိကို Impact ကြီးသွားတာပါ။ အစက ဒီတိုင်း သိချင်ရုံပဲဆိုပေမယ့် ခုက မသိရမနေနိုင်တဲ့အထိကို ဖြစ်သွားအောင်ကို လုပ်လာနိုင်ပါတယ်။ Season 1 ထက်လဲ Game တွေက ပိုမြိုင်လာတဲ့အတွက် episode တိုင်းက ကြည့်ရတာ စိတ်လှုပ်ရှားစေမှာပါ။

"ဟာဘာကြီးလဲ" ဆိုတဲ့ ခံစားချက်နဲ့ Season 3 ကို ဆန့်တငင်ငင်မျှော်နေချင်ရင် ခုပဲ Squid Game season 2 ကို ကြည့်ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ ခုမှစကြည့်မယ်ဆိုရင်လည်း မှီသေးတာမလို့ Netflix account တွေ လိုအပ်ရင် Casa Mia မှာ ဈေးသက်သက်သာသာနဲ့ လာရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

အေးမြရာသီနဲ့ မြူးဇစ်December လက မျှော်လင့်ထားသလောက် အေးတယ်လို့ မဟုတ်ပေမယ့်လဲ ခံစားချက်တွေကတော့ အေးစက်နေမှာ သေချာပါတယ်။ ဒ...
28/12/2024

အေးမြရာသီနဲ့ မြူးဇစ်

December လက မျှော်လင့်ထားသလောက် အေးတယ်လို့ မဟုတ်ပေမယ့်လဲ ခံစားချက်တွေကတော့ အေးစက်နေမှာ သေချာပါတယ်။ ဒါကပဲ ဒီလရဲ့ အကောင်းဆုံး လှည့်စားချက်တစ်ခုလို့ပဲ ဆိုရမှာပါ။
Christmas လို့ကြားလိုက်တာနဲ့ကို ဘာကြောင့်ရယ်မသိ ရင်ထဲထိ အေးတက်လာသလိုကို ခံစားရပြီး တစ်စုံတစ်ယောက်ကို လွမ်းသလိုလို၊ ဝမ်းနည်းလာသလိုလို၊ ပျော်လာသလိုလို နဲ့ ခံစားချက်တွေ ရောပွမ်းနေမယ်ဆိုတာ အသေအချာပါပဲ။

ဒီလိုအချိန်မှာ အကောင်းဆုံးကတော့ သီချင်းလေးတွေနားထောင်ရင်း ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေး ဖြတ်သန်းတာပဲဖြစ်မှာပါ။ Admin ကတော့ လောလောဆယ် ကောင်မလေးနဲ့ တစ်ယောက်တစ်နိုင်ငံ ဝေးနေရတာဆိုတော့ love song တွေနားထောင်ရင် ပိုလွမ်းမိလာမှာစိုးလို့ Playboi Carti တို့၊ Lil U*i Vert တို့ Yeat တို့ရဲ့ သီချင်းတွေပဲ နားထောင်ဖြစ်ပါတယ် :3 Mumble Rap၊ Emo rap တွေကလဲ အခြား Genre များနည်းတူ လူကို လွှမ်းမိုးစေပါတယ်။

ပုံမှန်နားထောင်နေတာတွေနဲ့ မတူတာကို စမ်းပြီး နားထောင်ချင်ရင်တော့

Watch This - Lil U*i Vert
Out thë way - Yeat
Flawlëss - Yeat Ft. Lil U*i Vert
ILoveUIHateU - Playboi Carti
ALL RED - Playboi Carti
4x4 - Don Toliver
Brother Stone - Don Toliver Ft. Kodak Black

စတဲ့ သီချင်းလေးတွေ နားထောင်ကြည့်ပါ။

Spotify, Apple Music account များကို Casa Mia မှာ ဈေးသက်သက်သာသာနဲ့ လာရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

Casa Mia မှာ ရရှိနိုင်တဲ့ VPN များ-------------------------------------------1.Express VPNVPN တွေထဲမှာတော့ တကယ့် ဆရာကြီး...
28/12/2024

Casa Mia မှာ ရရှိနိုင်တဲ့ VPN များ

-------------------------------------------

1.Express VPN
VPN တွေထဲမှာတော့ တကယ့် ဆရာကြီး VPN ပါပဲ၊ပေးရတဲ့ဈေးနဲ့တန်အောင် ပြန်ရတဲ့ Quality ကလဲ အပြစ်ပြောစရာကို မရှိသလောက်ပါပဲ။

2.Jump Jump VPN
Underrated ဖြစ်တဲ့ VPN ပါ၊ Customer feedback တွေ အရတော့ မြန်မာနိုင်ငံမှာ တော်တော်လေးသုံးရအဆင်ပြေတယ်လို့ သိရပါတယ်။ Social Media သုံးရတာ လိုင်းမကောင်းဘူးဆိုရင် စမ်းသုံးကြည့်သင့်ပြီး iOS သမားတွေဆို အရမ်းအဆင်ပြေပါတယ်။

3.Outline VPN
Budget VPN လေးပါ။ ချိတ်တိုင်းလိုင်းမိတယ်၊ မြန်တယ်၊ error ကင်းတယ်၊ ဈေးသက်သာတယ် ဆိုတာမှ လိုချင်ရင် ဒါလေးစမ်းသုံးကြည့်ပါ။ သူကတော့ ၁လချင်းပဲရပါမယ်၊ unlimited ပါ။

4.V2BOX VPN
သူလည်းပဲ Social Media သုံးရတာ အရမ်းအဆင်ပြေတယ်လို့သိရပါတယ်။ ဈေးလည်းတော်တော်လေးသက်သာတာမလို့ account တွေမကုန်ခင် အမြန်ဆုံး လာဝယ်ထားသင့်ပြီး VPN အတွက် အသုံးအစွဲချွေတာချင်ရင် ဒါလေးသုံးကြည့်ပါ။ (လက်ရှိ ဈေးအသက်သာဆုံး VPN)

-------------------------------------------

Movie, Music streaming အပါအဝင် VPN, Canva, Youtube premium နဲ့ အခြား subscription များ လိုအပ်ခဲ့ရင် Casa Mia မှာ ယုံကြည်စိတ်ချစွာနဲ့ လာရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

Casa Mia's 3rd Anniversary/Christmas and New Year sale (Dec 25 ရက်နေ့မှ Jan 2 ရက်နေ့ထိသာ)နှစ်စဉ်နှစ်တိုင်း Dec 25 ခရစ်မတ...
24/12/2024

Casa Mia's 3rd Anniversary/Christmas and New Year sale (Dec 25 ရက်နေ့မှ Jan 2 ရက်နေ့ထိသာ)

နှစ်စဉ်နှစ်တိုင်း Dec 25 ခရစ်မတ်နေ့ဟာ Casa Mia ရဲ့မွေးနေ့ပါ။ ဒီနှစ် 2024မှာတော့ ၃နှစ်ပြည့်တာဖြစ်တဲ့အတွက် ထူးထူးခြားခြားဖြစ်သွားအောင် admin တို့က customer တွေအတွက် promotion လေးစီစဉ်ပေးထားပါတယ်။ ရုပ်ရှင်၊ သီချင်း၊ vpn စုံလင်အောင် promotion ချမှာဖြစ်တာမလို့ ခရစ်မတ်နဲ့နှစ်သစ်ကူး အားလပ်ရက်မှာ တစ်ဝကြီး အပန်းဖြေလို့ရတော့မှာပါ။

ဘယ်ဟာလေးတွေ ဈေးလျှော့ပေးထားလဲဆိုတာကိုတော့ အောက်မှာတစ်ပုံချင်းစီကြည့်လို့ရပါတယ်။ (ပုံထဲမှာ မပါတာလေးတွေကတော့ promotion ထဲမပါပါဘူးခင်ဗျာ)

အားလုံးပဲ Merry Christmas and Happy New Year ပါ🥳

အားလုံးစောင့်မျှော်နေတဲ့ Squid Game Season 2 Dec 26 မှာ ထွက်ရှိလာပါတော့မယ်။ပိုပြီးပြောင်မြောက်တဲ့ Thriller, Drama ရသတွေန...
24/12/2024

အားလုံးစောင့်မျှော်နေတဲ့ Squid Game Season 2 Dec 26 မှာ ထွက်ရှိလာပါတော့မယ်။

ပိုပြီးပြောင်မြောက်တဲ့ Thriller, Drama ရသတွေနဲ့အတူ Game အသစ်တွေ၊ Character အသစ်တွေ၊ Backstories အမိုက်စားတွေနဲ့ ပရိသတ်တွေကို အစွမ်းကုန်ဖျော်ဖြေသွားဦးမယ်လို့ Director Hwang Dong-Hyuk က ပြောထားပါတယ်။ Trailer အရဆို တကယ်လည်း မျှော်လင့်ချင်စရာကောင်းနေပြီး ဘယ်လိုဇာတ်လမ်းဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ Season 1 တုန်းကသူအချို့ ပြန်ပါလာဦးမှာဖြစ်ကာ စိတ်ဝင်စားစရာ Character အသစ်အများအပြားလဲ ထပ်မံပါဝင်လာမှာပါ။

ဘယ်လို survival game အမျိုးအစားတွေနဲ့ လူတွေရဲ့ အတွင်းစိတ်၊ သဘာဝ၊ စရိုက်တွေကို ချပြသွားဦးမလဲဆိုတာကတော့ December 26 ကျရင် Netflix မှာစောင့်မျှော်ကြည့်ရှုရတော့မှာဖြစ်တာကြောင့် Squid Game Season 2 ကို အချိန်မှီ ကြည့်ရှုချင်ရင် Netflix account များ Casa Mia မှာဈေးသက်သက်သာသာနဲ့ လာရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

*Christmas နဲ့ New Year ကာလ ပရိုမိုးရှင်းလဲရှိတာမလို့ Dec 25 ရက်နေ့ကတည်းက လိုအပ်တာကို လျှော့ဈေးနဲ့ လာရောက်ဝယ်ယူနိုင်ကြောင်း တစ်ပါတည်းအသိပေးပါရစေခင်ဗျာ။

Superhero တွေထဲကမှ Unique အဖြစ်ဆုံး Iconic character Superman ရုပ်ရှင်အသစ် "Superman: Legacy"James Gunn က director လို့ဆ...
23/12/2024

Superhero တွေထဲကမှ Unique အဖြစ်ဆုံး Iconic character Superman ရုပ်ရှင်အသစ် "Superman: Legacy"

James Gunn က director လို့ဆိုလိုက်တာနဲ့ ဒီရုပ်ရှင်က ပရိသတ်တွေရင်ထဲကျန်ခဲ့တော့မယ်ဆိုတာ သေချာပါတယ်။ သူကိုယ်တိုင်ကလဲ ရသကောင်းတစ်ခုကိုပေးစွမ်းနိုင်မှာကို အသေအချာပြောထားပြီးသားပါ။ Superman ရုပ်ရှင်တွေ၊ animated movie တွေမှာမြင်နေကြအတိုင်း ဒီတစ်ခါမှာလဲ Clark Kent/Kal-El ရဲ့ ဘဝနှစ်ခုမှာ balanced ဖြစ်အောင်ဘယ်လိုတွေကြိုးစားရုန်းကန်နေထိုင်ပြီး villain တွေကို နှိမ်နင်းမလဲဆိုတာကို ရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာ ထူးထူးခြားခြားကြီးတော့ မျှော်လင့်ရမှာမျိုး သိပ်မရှိပေမယ့် Superman ဆိုတဲ့ Hero ကို ပုံစံအသစ်၊ ရှုထောင့်အသစ်၊ သရုပ်ဆောင်အသစ်တွေနဲ့ ကြည့်ရမှာဖြစ်လို့ ဖျော်ဖြေရေးရသတစ်ခုကိုတော့အပြည့်အဝခံစားရမှာပါ။

2025 မှာ အသစ်ထွက်လာမယ့် ဒီရုပ်ရှင်ကိုစောင့်ရင်း DC ရဲ့ superman အပါအဝင် ထွက်ပြီးသားရုပ်ရှင်တွေကိုပြန်ကြည့်ချင်ရင်တော့ Casa Mia မှာ Hbomax account လေးတွေ ဈေးသက်သက်သာသာနဲ့ လာရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

2024 ဟာ Horror Fan တွေအတွက် တကယ်ကောင်းမွန်တဲ့ နှစ်တစ်နှစ်လို့ပဲ ဆိုရမှာပါ။ Critics တွေရဲ့ ချီးကျူးသံတွေ၊ ပရိသတ်တွေရဲ့ အာ...
02/12/2024

2024 ဟာ Horror Fan တွေအတွက် တကယ်ကောင်းမွန်တဲ့ နှစ်တစ်နှစ်လို့ပဲ ဆိုရမှာပါ။ Critics တွေရဲ့ ချီးကျူးသံတွေ၊ ပရိသတ်တွေရဲ့ အားပေးမှုတွေ တခဲနက် လက်ခံရရှိပြီး အရည်အသွေးပိုင်းမှာပါ ကောင်းမွန်တဲ့ Horror ရုပ်ရှင်တွေ အများကြီးထွက်ခဲ့လို့ပါဲ။ အဲ့ထဲကမှ....

1. Late Night With The Devil (IMDb - 7.0/10)

2. Oddity (IMDb - 6.7/10)

3. Smile 2 (IMDb - 6.9/10)

4. Terrifier 3 (IMDb - 6.4/10)

5. Longlegs (IMDb - 6.7/10)

6. The Substance (IMDb - 7.4/10)

ဒါတွေကတော့ Admin အကြိုက်ဆုံးတွေပဲဖြစ်ပါတယ်။ Longlegs ကတော့ တော်တော်လေးကို သဘောကျခဲ့ရတာပါ။ Satanism နဲ့ ပက်သက်တာဖြစ်ဖြစ်၊ cult နဲ့ပက်သက်တာဖြစ်ဖြစ် တအားသဘောကျတာမလို့ Longlegs လိုရုပ်ရှင်မျိုး ၂၀၂၅ ထဲ ထွက်ရှိလာဖို့လဲ အများကြီး မျှော်လင့်မိပါတယ်။

Customer တွေရော 2024 မှာ ထွက်ရှိခဲ့တဲ့ Horror ရုပ်ရှင်တွေထဲမှာ ဘယ်ရုပ်ရှင်ကို အကြိုက်ဆုံးလဲ? သိချင်လို့ နည်းနည်းလောက် စပ်စုပါရစေခင်ဗျာ။

Horror Movie တွေ အပါအဝင် တခြား genre စုံလင်တဲ့ ရုပ်ရှင်တွေ ကြည့်ချင်ရင် Casa Mia မှာ Netflix, Hulu, Disney+, HBOMAX, Paramount + စတာတွေကို ဈေးသက်သက်သာသာနဲ့ လာရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

Casa Mia မှာ ဘာတွေကို စျေးသက်သက်သာသာနဲ့ ရနိုင်ပါသလဲ? 🧐• For December [Fair Price and Full Warranty]----------ရုပ်ရှင်နဲ့...
01/12/2024

Casa Mia မှာ ဘာတွေကို စျေးသက်သက်သာသာနဲ့ ရနိုင်ပါသလဲ? 🧐
• For December [Fair Price and Full Warranty]

----------

ရုပ်ရှင်နဲ့anime ချစ်သူတွေအတွက် ရနိုင်တဲ့ Subscriptions တွေကတော့
- Net-Phlix, Disney+, HBOMAX, Crunchyroll, Amazon Prime, Paramount +, HULU

သီချင်းနားထောင်ရတာကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက်
- Spotify, Apple Music, Youtube Premium

Data တွေကို လုံလုံခြုံခြုံနဲ့ secure ဖြစ်ဖြစ် online ဖြစ်နိုင်ဖို့ လိုင်းကောင်းကောင်းနဲ့ VPN တွေကို လိုချင်တဲ့ သူတွေအတွက်
- Express, IPVanish, Outline, V2Box, Jump Jump VPN (New)

Content Design ကောင်းကောင်းလုပ်လိုသူတွေအတွက်
- Canva

ကျောင်းသားတွေအတွက် သိလိုတာကို အမြန်ဆုံး research လုပ်နိုင်ဖို့အတွက်
-ChatGPT premium

Gamer တွေ Game ဆော့ရင်း teammate တွေနဲ့ communicate ​လုပ်နိုင်ဖို့အတွက်
-Discord Nitro

ဒါတွေ အကုန်လုံးကို စျေးအသင့်အတင့်နဲ့ တစ်နေရာတည်းမှာ ရရှိနိုင်ပြီ ဖြစ်တာမို့ အခုပဲ လာ၀ယ်လိုက်တော့နော် 🥰

2024 ရဲ့ Masterpiece, Anine Movie တစ်ခု Attack on Titan the Last Attack Aot စထွက်တော့ ကြည့်ဖြစ်ခဲ့တာ ၉တန်းပဲရှိဦးမယ်ထင်တ...
30/11/2024

2024 ရဲ့ Masterpiece, Anine Movie တစ်ခု Attack on Titan the Last Attack

Aot စထွက်တော့ ကြည့်ဖြစ်ခဲ့တာ ၉တန်းပဲရှိဦးမယ်ထင်တယ်၊ တော်တော်ကို သဘောကျခဲ့တာ။ Season 1 စကြည့်ထဲကကိုအကောင်ကြီးတွေဘယ်လိုဖြစ်လာကြလဲ၊ နောက်ကြောင်းကကောဘာလဲ ဆိုတာ ကျောင်းစာထက်တောင် ပိုပြီးစိတ်ဝင်စားခဲ့ရပါသေးတယ်။ Episode တစ်ခုပြီး တစ်ခု၊ season တစ်ခုပြီး တစ်ခုတိုင်းမှာ မကြည့်ကြည့်အောင်ကို ဆွဲဆောင်နိုင်တဲ့ anime ဖြစ်ပြီး အပြစ်ပြောစရာ မရှိလောက်အောင်ကို ကောင်းလွန်းတာပါ။ Anime ထွက်ရှိနေဆဲ ကာလတွင်းမှာ animation က အပြောင်းအလဲဖြစ်ခဲ့ပေမယ့် ဇာတ်လမ်းအပေါ် သက်ရောက်မှုမရှိခဲ့ပဲ ဒီနေ့ထိကို လူကြိုက်များနေဆဲပါပဲ။

ခု ၁၀နှစ်လောက်ကြာပြီး ဇာတ်လမ်းရဲ့ အဆုံးသတ် Movie ထွက်လာလို့ ကြည့်ရပြန်တော့လဲ တကယ်ကို ချီးကျူးစရာတွေချည်း ပြည့်နေပြန်ပါသေးတယ်။ Critics တွေကတောင် အံ့ဩရလောက်အောင် ကောင်းတဲ့ production quality, emotional moment တွေမှာ ကြည့်ရှုသူတွေကို ခံစားချက်ပိုပြင်းထန်စေမယ့် soundtrack တွေကလည်း ဒီ movie masterpiece တစ်ခုဖြစ်နေရခြင်းနောက်ကွယ်က အကြောင်းအရာတွေထဲ အပါအဝင်ပါပဲ။ MAPPA နဲ့ လက်တွဲလိုက်ခြင်းဟာ Aot ကို ပိုပြီး ပြီးပြည့်စုံသွားစေခဲ့တယ်လို့ မြင်မိပါတယ်။

Protagonist တစ်ယောက်ကနေ Antagonist စစ်စစ်ဖြစ်သွားတဲ့ Eren နဲ့ သူ့ရဲ့ အနစ်နာခံသွားတာတွေ၊ သူနဲ့ သူငယ်ချင်းတွေကြားက ဝမ်းနည်းစရာ အခိုက်အတန့်တွေ၊ ပါးစပ်အဟောင်းသားဖြစ်စေမယ့် visual နဲ့ soundtrack တွေ စတာတွေကို ကြည့်ရှုခံစားချင်ရင်တော့......

Casa Mia မှာ Disney+ နဲ့ Netflix account များ ဈေးသက်သက်သာသာနဲ့လာရောက်ဝယ်ယူနိုင်ပါပြီခင်ဗျာ။

လူကြိုက်အရမ်းများခဲ့တဲ့ Squid Game ဟာ December လ 26ရက်မှာဆို Season 2 ထွက်ရှိလာတော့မှာပဲဖြစ်ပါတယ်။အနိုင်ရရှိအပြီး နောက် ...
29/11/2024

လူကြိုက်အရမ်းများခဲ့တဲ့ Squid Game ဟာ December လ 26ရက်မှာဆို Season 2 ထွက်ရှိလာတော့မှာပဲဖြစ်ပါတယ်။

အနိုင်ရရှိအပြီး နောက် ၃နှစ်အကြာမှာတော့ Player 456 ဟာ Squid Game ဆီကို အခြား ပါဝင်ယှဉ်ပြိုင်မယ့်သူတွေနဲ့ အတူ တစ်ဖန်ပြန်လာတဲ့ ပုံစံကို Season 2 မှာမြင်တွေ့ရမှာပါ။

Cast တွေမှာဆိုရင်တော့ အရင်ကပါပြီးသား Lee Jung-Jae, Lee Byung-hun စတဲ့ နာမည်ကြီးမင်းသားတွေပြန်လည်ပါဝင်လာမှာဖြစ်ပြီး အသစ်တွေအနေနဲ့ကတော့ Kang Ha-neul, Park Gyu-young နဲ့ Im Si-wan တို့ကို မြင်တွေ့သွားရမှာပဲဖြစ်ပါတယ်။ (T.O.P လဲ ပါဝင်လာမှာပါ)

ပြောမယ့်သာပြောတာ Admin က Season 1 တောင်မကြည့်ရသေးပါဘူး။ ဒါပေမယ့် Season 2 Trailer ကြည့်အပြီးမှာတော့ Squid Game ကို ကြည့်မှကိုဖြစ်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်ပါတော့တယ်။ တကယ်ကောင်းတဲ့ Series တစ်ခုကို လုံးဝမကြည့်ခဲ့တာ မှားပြီလို့ မဖြစ်ရလေအောင် မကြည့်ရသေးသူများရှိရင် Season 2 မထွက်ခင် အမြန်ဆုံး ကြည့်ကြည့်ဖို့ တိုက်တွန်းပါရစေ။

Squid Game အပြင် အခြား series တွေ movies တွေ documents တွေ ကြည့်ဖို့အတွက် Casa Mia မှာ Netflix account များ ဈေးသက်သက်သာသာနဲ့ လာရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

ဒီနေ့ခေတ်မှာ Youtube ဟာ တကယ်ကို ဗဟုသုတ ဟင်းလေးအိုးကြီးဆိုတာ ငြင်းလို့ကို မရတဲ့ အမှန်တရားပါ။အရင်ကဆို နိုင်ငံခြားကလူတွေ လု...
26/11/2024

ဒီနေ့ခေတ်မှာ Youtube ဟာ တကယ်ကို ဗဟုသုတ ဟင်းလေးအိုးကြီးဆိုတာ ငြင်းလို့ကို မရတဲ့ အမှန်တရားပါ။

အရင်ကဆို နိုင်ငံခြားကလူတွေ လုပ်ပေးသလောက်ပဲ content တွေကြည့်နေခဲ့ရတာဖြစ်ပေမယ့် ခုတော့ ပြည်တွင်းမှာပါ နယ်ပယ်ပေါင်းစုံက content creator တွေအများအပြား ပေါ်ပေါက်လာပါပြီ။ အထူးသဖြင့် anime, movie, series စတဲ့ နယ်ပယ်မှာတော့ တော်တော်ကြီးကို သိသာထင်ရှားပါတယ်။

အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့မလို့ ကိုယ်ကြည့်ချင်တဲ့ series ဖြစ်ဖြစ် anime ဖြစ်ဖြစ် ဘယ်လိုမှ မကြည့်နိုင်ဘူးဖြစ်နေရင် လုံးဝ စိတ်မညစ်သွားပါနဲ့၊ Season တစ်ခုလုံးကို ၄-၅မိနစ်နဲ့တင် recap လုပ်ထားတာတွေ ကြည့်လိုက်ရုံနဲ့ သိနိုင်မှာဖြစ်ပြီး အချိန်ကုန်လည်း အများကြီးသက်သာစေပါတယ်။ ဆိုးကျိုးအနေနဲ့ကတော့ တကယ်ကောင်းပြီး အသက်ဝင်တဲ့ scene တွေကို ကိုယ်တိုင်ခံစားခွင့်တော့ မရနိုင်တော့တာပါပဲ။

Recap တွေအပြင် သက်ဆိုင်ရာ ရုပ်ရှင်၊ series၊ anime ထဲက knowledge sharing content creator တွေလဲအများကြီးရှိပါတယ်။ အဲ့ထဲကမှ admin မျက်စိထဲ သဘောအကျဆုံးတွေကတော့ Game Of Thrones အတွက်ဆို Poppin Poe, Berserk anime ဆို chaemyam, One piece ဆို Cyn101, ရုပ်ရှင် recap ဆို Recappian Myanmar, Yo Yo Joy စတဲ့ content creator တွေပဲဖြစ်ပါတယ်။

ဂျပန်/ထိုင်းမှာရောက်နေသူတွေထဲက မြန်မာ content creator တွေရဲ့ video တွေကြည့်ပြီး ads ကင်းစင် အပန်းဖြေ ဗဟုသုတလိုချင်ရင်တော့ Casa Mia မှာ Youtube Premium account လေးတွေ ဈေးသက်သက်သာသာနဲ့ လာရောက်ဝယ်ယူနိုင်ပါပြီ။

Soul, R&B ဆန်ဆန် သီချင်းမျိုး နားထောင်ချင်လို့ ပတ်ရှာကြည့်ရာကနေ Artist တစ်ယောက်သွားတွေ့မိတယ်။ The Color Violet ဆိုတဲ့ သီ...
23/11/2024

Soul, R&B ဆန်ဆန် သီချင်းမျိုး နားထောင်ချင်လို့ ပတ်ရှာကြည့်ရာကနေ Artist တစ်ယောက်သွားတွေ့မိတယ်။ The Color Violet ဆိုတဲ့ သီချင်းနဲ့အတူ တော်တော်များများသတိထားမိသွားတဲ့ "Tory Lanez" ပါ။ အရင်ထဲက နာမည်တစ်ခုရှိပြီးသားဖြစ်ပေမယ့်လည်း The Color Violet နဲ့တော့ Tory Lanez ဟာ General Audience တွေကိုပါ ဆွဲဆောင်နိုင်သွားတာဖြစ်ပါတယ်။

အမည်အရင်း Daystar Peterson တစ်ဖြစ်လဲ Tory Lanez ဟာ 2009 ခုနှစ်ထဲက စတင် debut ခဲ့တာဖြစ်ပြီး သီချင်းတွေဖန်တီးနေခဲ့တာပါ။ ထူးခြားတဲ့ vocal နဲ့ soul ဆန်ဆန် သီချင်းတွေကို ခံစားချက်အပြည့်ပါတဲ့ စာသားတွေနဲ့ သီဆိုလေ့ရှိတာက Tory Lanez ရဲ့ Trademark တစ်ခုလို့လဲပြောလို့ရပါတယ်။

The Color Violet ဟာလဲ ခံစားချက်တွေ ရောနှောပြီး ရေးသားသီဆိုထားတဲ့ သီချင်းဆိုတာ သူ့ရဲ့ အသံကို ခံစားကြည့်ရုံနဲ့တင် နားဆင်သူတွေဟာ လိုက်ပါခံစားနိုင်မှာပါ။ Rollercoaster တစ်ခုစီးနေရသလို တွေ့ဆုံခြင်းနဲ့ ခွဲခွာရခြင်းဆိုတဲ့ အတက်အကျ၊ အနိမ့်အမြင့်တွေကို ဒီသီချင်းမှာ တွေ့ရမှာပဲဖြစ်ပါတယ်။

80's vibe နဲ့ modern music တစ်ပုဒ်ဖြစ်တဲ့ Tory Lanez ရဲ့ The Color Violet ကို Quality ကောင်းကောင်းနဲ့ ခံစားနားဆင်ချင်ရင်တော့ Casa Mia မှာ Spotify premium, Apple Music စတာတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ။

အကုန်လုံး သဘောကျနှစ်သက်ပြီး အဖက်ဖက်က အဆင်ပြေမယ်လို့ ထင်တဲ့ VPN လေးကို Casa Mia မှာ ရောင်းချပေးနေပါပြီ 💕-----Review ကောင်...
22/11/2024

အကုန်လုံး သဘောကျနှစ်သက်ပြီး အဖက်ဖက်က အဆင်ပြေမယ်လို့ ထင်တဲ့ VPN လေးကို Casa Mia မှာ ရောင်းချပေးနေပါပြီ 💕

-----

Review ကောင်းတဲ့ VPN လေးဖြစ်တာမို့လို့ admin လည်း စတင်ရောင်းချဖို့ ဆုံးဖြတ်လိုက်တာပါ။ စျေးလေးလည်း သက်သက်သာသာနဲ့ ရောင်းချပေးနေပြီဖြစ်တာကြောင့် Casa Mia မှာ စတင်လာရောက်၀ယ်ယူလို့ ရပါပြီ။

Full warranty ဆိုတာကိုတော့ Casa Mia page နဲ့ တွဲပြီးသာမြင်ထားလိုက်ပါ။ ယုံကြည်စိတ်ချစွာ လာရောက်၀ယ်ယူနိုင်ပြီဖြစ်တာမို့လို့ အမြန်ဆုံးလာခဲ့လိုက်တော့နော် 🥰

Address

Yangon
22374

Telephone

+959976059509

Website

Alerts

Be the first to know and let us send you an email when Casa Mia II posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Casa Mia II:

Share