Scout Football Myanmar

Scout Football Myanmar You can read latest news of international football league, football articles and forecast. We provid

 ယူနိုက်​တက်​အသင်းက​တော့ ​ဒေါ့မွန်​အသင်းထံမှ မြင့်​မားတဲ့​ပြောင်း​ရွေ့​ကြေးတစ်​ရပ်​ဖြင့်​ ​ခေါ်ယူထားခဲ့တဲ့ ​တောင်​ပံတု...
11/06/2023



ယူနိုက်​တက်​အသင်းက​တော့ ​ဒေါ့မွန်​အသင်းထံမှ မြင့်​မားတဲ့​ပြောင်း​ရွေ့​ကြေးတစ်​ရပ်​ဖြင့်​ ​ခေါ်ယူထားခဲ့တဲ့ ​တောင်​ပံတိုက်​စစ်​ကစားသမား ( LW ) ဆန်​ချို ( Jadon Sancho ) အား အသင်း၌​ခြေစွမ်းပြဖို့ ရုန်းကန်​​နေရတဲ့အတွက်​ သင့်​​တော်​တဲ့ကမ်းလမ်းမူမျိုး ရရှိပါက ပြန်​လည်​​ရောင်းထုတ်​သွားဖို့ ဆန္ဒရှိ​နေပြီး ၊ အင်္ဂလန်​သားအတွက်​ ယူနိုက်​တက်​ ဟာ ​ပြောင်း​ရွေ့​ကြေးကို ​ပေါင်​ သန်း ၆ဝ ဝန်းကျင်​ထိ အလိုရှိ​နေပြီး ၊ ပြည်​တွင်းလိဒ်​ပြိုင်​ဘက်​ စပါးအသင်းက​တော့ ဆန်​ချို ကို စိတ်​ဝင်​စားလျက်​ရှိ​နေ​ကြောင်း Sky Sport မှ ​ဖော်​ပြသွားခဲ့ပါတယ်​ ။

Source - Sky Sport

 ရိုးမားအသင်းက​တော့ ပြင်​သစ်​ကလပ်​ လိုင်​ယွန်​အသင်းရဲ့ဗဟိုကွင်းလယ်​လူ ( CM \ AM ) အာဝါ ( Houssem-Aouar ) အား အလွတ်ေ...
11/06/2023



ရိုးမားအသင်းက​တော့ ပြင်​သစ်​ကလပ်​ လိုင်​ယွန်​အသင်းရဲ့ဗဟိုကွင်းလယ်​လူ ( CM \ AM ) အာဝါ ( Houssem-Aouar ) အား အလွတ်​​ပြောင်း​ရွေ့ဖြင့်​​ခေါ်ယူနိုင်​ခဲ့တဲ့ အ​ပြောင်း​ရွေ့ကို တရားဝင်​ချ ပြသွားခဲ့ပါတယ်​ ၊ ရိုးမားအသင်းအ​နေဖြင့်​​တော့ ပြင်​သစ်​ကိုယ်​စားပြု အယ်​လ်​ဂျီးရီးယား နိုင်​ငံသား အာဝါ ကို​တော့ လာမယ့်​ ၂ဝ၂၈ ဇွန်​လကုန်​အထိ ကာလရှည်​စာချုပ်​တစ်​ရပ်​ ချုပ်​ဆိုခဲ့ပါတယ်​ ။

Source : Fc As Roma Official

 နယူးကာဆယ်​အသင်းက​တော့ အသင်းရဲ့အနာဂတ်​စီမံကိန်းအတွက်​ ကွင်းလယ်​ပိုင်း နဲ့ တိုက်စစ်​ပိုင်း အင်​အား​တောင့်​တင်း​စေဖ...
11/06/2023



နယူးကာဆယ်​အသင်းက​တော့ အသင်းရဲ့အနာဂတ်​စီမံကိန်းအတွက်​ ကွင်းလယ်​ပိုင်း နဲ့ တိုက်စစ်​ပိုင်း အင်​အား​တောင့်​တင်း​စေဖို့ ဂျာမန်​ကလပ်​ လိုက်​ပ်​ဇစ်​အသင်းထံမှ အရည်​အ​သွေးမြင့်​ လူငယ်​ ( Age - 22 ) ကွင်းလယ်​တိုက်​စစ်​ \ ညာ​တောင်​ပံတိုက်​စစ်​ ( AM \ RW ) ကစားသမား ဇဘိုဇလိုင်​ ( D-Szoboszlai ) အား ​ခေါ်ယူသွားဖို့ ကြိုးပမ်းလျက်​ရှိ​ကြောင်း ၊ အ​ရေးပါတဲ့ ကမ်းလမ်းမူတစ်​ရပ်​ပြု လုပ်​သွားဖို့ အသင့်​ဖြစ်​​နေပြီဖြစ်​​ကြောင်း ပြင်​သစ်​သတင်းစာ L'Équipe မှ ​ဖော်​ပြသွားခဲ့ပါတယ်​ ။

Source - L'équipe

 အက်​စတွန်​ဗီလာအသင်းက​တော့ လက်​စတာအသင်းရဲ့ကွင်းလယ်​လူ ထီလမန်းစ်​ ကို​ခေါ်ယူမူအပြီး ၊ ​ဈေးကွက်​အတွင်း အလွတ်​​ပြောင်...
11/06/2023



အက်​စတွန်​ဗီလာအသင်းက​တော့ လက်​စတာအသင်းရဲ့ကွင်းလယ်​လူ ထီလမန်းစ်​ ကို​ခေါ်ယူမူအပြီး ၊ ​ဈေးကွက်​အတွင်း အလွတ်​​ပြောင်း​ရွေ့​ကြေးဖြင့်​ ​ခေါ်ယူခွင့်​ရနိုင်​မယ့်​ လီ​ဗာပူးလ်​အသင်းရဲ့ကစားသမား​ဟောင်း ​တောင်​ပံတိုက်​စစ်​ ( LM \ AM ) ကစားသမား ချမ်​ဘာလိန်​ အား ဗီလာအသင်း​ခေါ်ယူသွားဖို့ ပြင်​ဆင်​လျက်​ရှိ​နေ​ကြောင်း The Athletic Uk မှ ​ဖော်​ပြသွားခဲ့ပါတယ်​ ။

Source : The Athletic Uk

 ပြင်​သစ်​ကလပ်​ လန်းစ်​အသင်းရဲ့ခံစစ်​ပိုင်း၌ အ​ရေးပါတဲ့ ကစားသမားတစ်​ဦးအဖြစ်​ရှိ​နေတဲ့  ဗဟိုခံစစ်​မူး ( CB ) ဒန်​ဆို (...
03/06/2023



ပြင်​သစ်​ကလပ်​ လန်းစ်​အသင်းရဲ့ခံစစ်​ပိုင်း၌ အ​ရေးပါတဲ့ ကစားသမားတစ်​ဦးအဖြစ်​ရှိ​နေတဲ့ ဗဟိုခံစစ်​မူး ( CB ) ဒန်​ဆို ( Kevin Danso ) ကို​တော့ ​အေစီမီလန်​အသင်းမှ ​ခေါ်ယူသွားဖို့ ပြင်​ဆင်​လျက်​ရှိ​နေပြီး ၊ လန်းစ်​အသင်း ဘက်​က​တော့ ဒန်​ဆို အတွက်​ အနိမ့်​ဆုံး ယူရို ၂၅ သန်း ရမှ လက်​လွတ်​သွားမှာဖြစ်​​ကြောင်း တုံပြန်​သွားခဲ့ပါတယ်​ ။

Source : footmercato

 ဂျာမန်​ကလပ်​ လိုက်​ပ်​ဇစ်​အသင်းက​တော့ ဘွန်​ဒက်​လီဂါပြိုင်​ဘက်​ ​ဟော်​ဖန်​ဟိုင်းမ်​အသင်းထံမှ ဗဟိုကွင်းလယ်​လူ \ ကွင်​...
03/06/2023



ဂျာမန်​ကလပ်​ လိုက်​ပ်​ဇစ်​အသင်းက​တော့ ဘွန်​ဒက်​လီဂါပြိုင်​ဘက်​ ​ဟော်​ဖန်​ဟိုင်းမ်​အသင်းထံမှ ဗဟိုကွင်းလယ်​လူ \ ကွင်းလယ်​တိုက်​စစ်​ ( CM \ AM ) ကစားသမား​ ​ဘောင်းမ်​ဂါဒ်​နာ ( Christoph Baumgartner ) အတွက်​ ​ပြောင်း​ရွေ့​ကြေး ယူရို ၂၇ သန်း + အပိုဆု​ကြေး​ငွေ ဖြင့်​ နှစ်​ဖက်​အသင်း အပြီးသတ်​သ​ဘောတူညီမူ ရရှိသွားဖို့ အ​တော်​​လေးနီးစပ်​​နေပြီဖြစ်​​ကြောင်း ၊ ကွင်းလယ်​လူ ​ဘောင်းမ်​ဂါဒ်​နာ ဟာ လိုက်​ပ်​ဇစ်​အသင်း နဲ့ ကာလရှည်​စာချုပ်​တစ်​ရပ်​ကို ချုပ်​ဆိုသွား​တော့မှာ ဖြစ်​​ကြောင်း ၊ နှစ်​ဖက်​အသင်း​ဆွေး​နွေးမူ ​နောက်​ဆုံးအဆင့်​သို့ ​ရောက်​ရှိ​နေပြီဖြစ်​​ကြောင်း sky sport ဂျာမန်​အ​ခြေစိုက်​မှ ​ဖော်​ပြသွားခဲ့ပါတယ်​ ။

Source : sky sport de

 ဝုဗ်​အသင်းရဲ့ ​​ဗဟိုကွင်းလယ်​လူ ( CM \ DM ) ​မော်​တင်​ညို ( Joao Moutinho ) ၊ တိုက်​စစ်​မူး ( CF ) ​ကော်​စတာ ( Diego...
03/06/2023



ဝုဗ်​အသင်းရဲ့ ​​ဗဟိုကွင်းလယ်​လူ ( CM \ DM ) ​မော်​တင်​ညို ( Joao Moutinho ) ၊ တိုက်​စစ်​မူး ( CF ) ​ကော်​စတာ ( Diego Costa ) ၊ အပြင်​ ​တောင်​ပံတိုက်​စစ်​ ( RW ) ကစားသမား ထရာအို​ရေး ( Adama Traoré ) တို့ဟာ ယခုနှစ်​​နွေရာသီ​ဈေးကွက်​အတွင်း ဝုဗ်​အသင်းကို စွန့်​ခွာသွားဖို့ ပြင်​ဆင်​​နေ​ကြောင်း ၊ ဝုဗ်​အသင်းဘက်​က​တော့ စပိန်​သား​တောင်​ပံတိုက်​စစ်​ကစားသမား ထရာအို​ရေး ကိုသာ အသင်း၌ဆက်​ထိန်းသွားဖို့ပြင်​ဆင်​​နေ​ကြောင်း ၊ ကစားသမား ထရာအို​ရေး နဲ့လဲ စာချုပ်​သစ်​ကိစ္စ မကြာခင်​မှာပဲ သ​ဘောတူညီမူ ရရှိသွားဖို့ အသင်းဘက်​မှ ​မျော်​လင့်​​နေ​ကြောင်း sky sport မှ ​ဖော်​ပြသွားခဲ့ပါတယ်​ ။

Source : Sky Sport

 ဘွန်​ဒက်​လီဂါရဲ့ ဖရန့်​ဖတ်​အသင်းက​တော့ တချိန်​က ဂျာမန်​​တွေရဲ့သူရဲ​ကောင်းဖြစ်​ခဲ့သူ အသင်းရဲ့ကွင်းလယ်​တိုက်​စစ်​ ( A...
02/06/2023



ဘွန်​ဒက်​လီဂါရဲ့ ဖရန့်​ဖတ်​အသင်းက​တော့ တချိန်​က ဂျာမန်​​တွေရဲ့သူရဲ​ကောင်းဖြစ်​ခဲ့သူ အသင်းရဲ့ကွင်းလယ်​တိုက်​စစ်​ ( AM ) ကစားသမား ​ဂေါ့ဇီ ( Mario Götze ) အား လာမယ့်​ ၂ဝ၂၆ ဇွန်​လကုန်​အထိ စာချုပ်​သက်​တမ်း ထပ်​မံတိုးလိုက်​ပြီဖြစ်​​ကြောင်း တရားဝင်​ထုတ်​ပြန်​သွားခဲ့ပါတယ်​ ။

Source : Fc Eintracht Frankfurt Official

 ဘွန်​ဒက်​လီဂါရဲ့ဖရန့်​ဖတ်​အသင်းက​တော့ ပီအက်​စ်​ဂျီအသင်းထံမှ အငှါး + ယူရို ၆.၅ သန်းဖြင့်​ အပြီးသတ်​​ခေါ်ယူခွင့်​အချက်...
30/05/2023



ဘွန်​ဒက်​လီဂါရဲ့ဖရန့်​ဖတ်​အသင်းက​တော့ ပီအက်​စ်​ဂျီအသင်းထံမှ အငှါး + ယူရို ၆.၅ သန်းဖြင့်​ အပြီးသတ်​​ခေါ်ယူခွင့်​အချက်​ ထည့်​သွင်းလျက်​ အငှါး​ခေါ်ယူထားခဲ့တဲ့ လူငယ်​ ညာ​နောက်​ခံလူ ( RB ) ဘင်​မ်​ဘီ ( Eric Dina Ebimbe ) အား ကနဦးသ​ဘောတူညီချက်​အတိုင်း အပြီးသတ်​​ခေါ်ယူခွင့်​အချက်​ ကို အသက်​သွင်းလျက်​ ၊ ပြင်​သစ်​နိုင်​ငံသား ခံစစ်​ကစားသမား ဘင်​မ်​ဘီ အား လာမယ့်​ ၂ဝ၂၇ ဇွန်​လကုန်​အထိ ကာလရှည်​စာချုပ်​တစ်​ရပ်​ဖြင့်​ အပြီးသတ်​​ခေါ်ယူနိုင်​ခဲ့ပြီးဖြစ်​​ကြောင်း တရားဝင်​ထုတ်​ပြန်​သွားခဲ့ပါတယ်​ ။

Source : Fc Eintracht Frankfurt Official

 ချဲလ်​ဆီးအသင်းက​တော့ ​ပေါ်တူဂီကလပ်​ စပိုးတင်း-စီပီအသင်းရဲ့ ဥရု​ဂွေးဗဟိုကွင်းလယ်​လူ ( CM ) အူဂတ်​တီ ( Manuel Ugarte )...
30/05/2023



ချဲလ်​ဆီးအသင်းက​တော့ ​ပေါ်တူဂီကလပ်​ စပိုးတင်း-စီပီအသင်းရဲ့ ဥရု​ဂွေးဗဟိုကွင်းလယ်​လူ ( CM ) အူဂတ်​တီ ( Manuel Ugarte ) အတွက်​ ​ပြောင်း​ရွေ့​ကြေး ယူရို သန်း ၆ဝ + အပိုဆု​ကြေး​ငွေ ၅သန်း ဖြင့်​ တရားဝင်​ကမ်းလမ်းခဲ့ပြီဖြစ်​​ကြောင်း ၊ ကွင်းလယ်​လူ အူဂတ်​တီ ကို​တော့ ချဲလ်​ဆီးအသင်း နဲ့ အပြိုင်​ ပီအက်​စ်​ဂျီအသင်း မှ ချိတ်​ဆက်​ထားခဲ့ပြီဖြစ်​ပြီး ၊ ကစားသမားကိုယ်​တိုင်​က​တော့ ပရီးမီးယားလိ​ဒ်​၌ ကစားရမယ့်​ အခွင့်​​ရေးကို ပိုမက်​​မောလျက်​ရှိ​နေ​ကြောင်း the athletic uk မှ ​ဖော်​ပြသွားခဲ့ပါတယ်​ ။

Source : The Athletic Uk

 လီဗာပူးလ်​အသင်းက​တော့ အီတလီကလပ်​ လာဇီယိုအသင်းရဲ့ အ​ရေးပါကစားသမားတစ်​ဦးဖြစ်​တဲ့ ကွင်းလယ်​လူ အသင်း​ခေါင်း​ဆောင်​ ( C...
30/05/2023



လီဗာပူးလ်​အသင်းက​တော့ အီတလီကလပ်​ လာဇီယိုအသင်းရဲ့ အ​ရေးပါကစားသမားတစ်​ဦးဖြစ်​တဲ့ ကွင်းလယ်​လူ အသင်း​ခေါင်း​ဆောင်​ ( CM \ AM ) ဆာဗစ်​ ( Sergej Milinkovic Savic ) အား ​ခေါ်ယူသွားဖို့အတွက်​ ပြင်​ဆင်​လျက်​ရှိ​ကြောင်း ၊ ဆာဘီးယား ကွင်းလယ်​လူ ဆာဗစ်​ ဟာ အသင်းနဲ့စာချုပ်​သက်​တမ်း​နောက်​ဆုံးနှစ်​ထဲသို့ ​ရောက်​ရှိသွား​တော့မှာဖြစ်​တဲ့အတွက်​ လီဗာပူးလ်​အသင်းအ​နေဖြင့်​ ဝါရင့်​ကွင်းလယ်​လူ အား ​ပြောင်း​ရွေ့​ကြေး ​ပေါင်​ ၂၂ သန်း ဝန်းကျင်​​လောက်​ဖြင့်​ ရရှိသွားနိုင်​​ချေရှိ​ကြောင်း Calcio Mercato အီတလီအ​ခြေစိုက်​မှ​ဖော်​ပြသွားခဲ့ပါတယ်​ ။

Source : Calcio Mercato Italy

 ဘာစီလိုနာအသင်းဘက်​က​တော့ အသင်းရဲ့ကွင်းလယ်​ပိုင်းအတွက်​ နယူးကာဆယ်​အသင်းရဲ့ကွင်းလယ်​၌ အဓိက ကစားသမားအဖြစ်​ ​ခြေစွမ်​...
30/05/2023



ဘာစီလိုနာအသင်းဘက်​က​တော့ အသင်းရဲ့ကွင်းလယ်​ပိုင်းအတွက်​ နယူးကာဆယ်​အသင်းရဲ့ကွင်းလယ်​၌ အဓိက ကစားသမားအဖြစ်​ ​ခြေစွမ်းပြလျက်​ ရှိ​နေတဲ့ ဘရာဇီးသား ကွင်းလယ်​လူ ( CM ) ဂူမာရက်​စ်​ ( Bruno Guimarães ) အား ​ခေါ်ယူဖို့အတွက်​ အလိုရှိ​နေ​ကြောင်း ၊ ဘာစီလိုနာအသင်း ဟာ ၄င်းတို့ရဲ့ပစ်​မှတ်​ကစားသမား ဂူမာရက်​စ်​ အတွက်​ ​ပြောင်း​ရွေ့​ကြေး ယူရို သန်း ၁ဝဝ ​လောက်​အထိ အသုံးပြုသွားရနိုင်​​ချေ ရှိ​ကြောင်း ၊ ဘာစီလိုနာအသင်းဟာ နယူးကာဆယ်​ကွင်းလယ်​လူ ကို ရရှိ​ရေးဟာ ခက်​ခဲတဲ့အ​ပြောင်း​ရွေ့တစ်​ခုအဖြစ်​ ယူဆလျက်​ရှိ​နေ​ကြောင်း the times မှ ​ဖော်​ပြသွားခဲ့ပါတယ်​ ။

Source : The Times

Address

Yangon

Telephone

+959782868394

Website

Alerts

Be the first to know and let us send you an email when Scout Football Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Scout Football Myanmar:

Share