Digital Marketing For SME

Digital Marketing For SME Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Digital Marketing For SME, Social Media Agency, Yangon.

🌕ဝါဆိုလပြည့် ( ဓမ္မာစကြာအခါတော်နေ့ )🌕ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဖြစ်တော်မူစဉ် နေ့ထူးရက်မြတ်များ ရှိသောနေ့ဖ...
31/07/2023

🌕ဝါဆိုလပြည့် ( ဓမ္မာစကြာအခါတော်နေ့ )
🌕
ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဖြစ်တော်မူစဉ် နေ့ထူးရက်မြတ်များ ရှိသောနေ့ဖြစ်ပြီး ဘာသာရေးအရ အရေးပါသော ထူးခြားဖြစ်စဉ်များကို နှလုံးသွင်းကြည်ညိုသူတိုင်း ကုသိုလ်များတိုးပွား၊ ကောင်းကျိုးများဝေစည်စေမည့် သာသနာတော်ဆိုင်ရာ ထူးခြားသည့် အခါတော်နေ့ဖြစ်သည်။

ဝါဆိုလပြည့်နေ့၏ ထူးခြားသော ဖြစ်စဉ်တော်များမှာ သန္ဓေတောထွက် ဓမ္မာစက် တစ်ချက်ပြာဋိဟာ ဆိုသည့်အတိုင်း တုသိတာနတ်ပြည်၌ သေတကေတု အမည်ရသော နတ်သား နတ်သက်စုတေပြီး ကပိလဝတ်ပြည် သာကီဝင်မင်းမျိုးတို့၏ ဘုရင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားခေါင်ကြီး မယ်တော်မာယာ ဝမ်းကြာတိုက်၌ မဟာသက္ကရာဇ် ၆၇ ခုနှစ် ဝါဆိုလပြည့် ကြာသပတေးနေ့တွင် ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားအဖြစ် ပဋိသန္ဓေယူသောနေ့ဖြစ်သည်။
သိဒ္ဓတ္ထ မင်းသားသည် ၁၆ နှစ်အရွယ်မှ ၂၉ နှစ်အရွယ်အထိ နန်းစည်းစိမ် ၁၃ နှစ်ခံစားတော်မူပြီး နိမိတ်ကြီးလေးပါးကို မြင်တွေ့ရာမှ မဟာသက္ကရာဇ် ၉၇ ခုနှစ် ဝါဆို လပြည့် တနင်္လာနေ့တွင် တောထွက်တော်မူသည်။

တောထွက်တော်မူပြီး ဒုက္ကရစရိယာ ခြောက်နှစ်တာကျင့်၍ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် အတုမရှိဘုရားဖြစ်တော်မူရာ မဟာဗောဓိပင်မှ ၁၈ ယူဇနာ (၁၄၄ မိုင်ခန့်)ဝေးကွာသော မိဂဒါဝုန်သို့ ခြေကျင်ကြွတော်မူသည်။ သားသမင်တို့အား ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီငါးဦးတို့အား မဟာသက္ကရာဇ် ၁၀၃ ခုနှစ် နေလည်းဝင်စ ၊ လလည်းထွက်ချိန် ဝါဆိုလပြည့် စနေနေ့ ညချမ်းအချိန်တွင် မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါးတို့ဖြင့် တန်ဆာဆင်အပ်သော ဓမ္မစက္က ပဝတ္တနသုတ္တန်(ဓမ္မစကြာ) တရားဦးကို ဟောတော်မူသည်။

ထို့ကြောင့် ဝါဆိုလပြည့်နေ့သည် ဘုရားအလောင်း ပဋိသန္ဓေတည်သောနေ့၊ တောထွက်တော်မူသောနေ့၊ ဓမ္မစကြာတရားဦးဟောတော်မူသောနေ့၊ ဘုရားဖြစ်ပြီဟု ရဲဝံ့စွာ ကြေညာသောနေ့၊ တရားရတနာ စတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့၊ ဧဟိဘိက္ခုဟူသော မြတ်ဗုဒ္ဓ၏ ဗျာဒိတ်တော်ရရဟန်း စတင်ပေါ်ထွန်းသောနေ့ဟူ၍ ထူးကဲသော ဝိသေသများဆောင်ကြဉ်းသဖြင့် ဤဝါဆို လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင် အပေါင်းတို့က ကောင်းမှုအထူးပြု၍ ကောင်းကျိုးများကို ရယူသင့်ကြပေသည်။

ထို့အပြင် မြတ်စွာဘုရားရှင် ခုနစ်ဝါမြောက် ဝါဆိုတော်မူစဉ် အဘိဓမ္မာတရား ဟောကြားရန်အတွက် တာဝတိံသာနတ်ပြည်သို့ ကြွတော်မူစဉ် ရေမီးအစုံဖြင့် တန်ခိုးပြာဋိဟာတို့ကို ဝါဆိုလပြည့်နေ့တွင် ပြတော်မူသည်။

ထို့ကြောင့် ပြည်သူ ပြည်သား သူတော်ကောင်းများအနေဖြင့် ဝါဆိုလပြည့်နေ့ ဤနေ့သို့ရောက်တိုင်း သဒ္ဓါတရား ပေါက်ရာ နေ့ထူးအခါတော်တို့ကို နှလုံးသွင်း၍ ဗုဒ္ဓမြတ်စွာဘုရားကို အာရုံပြုကာ ကြည်ညိုပူဇော်ခြင်းဖြင့် ကောင်းခြင်းမင်္ဂလာ ဝေဖြာစေမည်ဖြစ်ပါသည်။ ဝါဆိုလပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ထူးခြားသောဖြစ်စဉ် တော်များနှင့် ထေရဝါဒ ဗုဒ္ဓသာသနာဝင်သမိုင်းတွင် အထူးခြားဆုံးလ၊ အထူးခြားဆုံးနေ့ဖြစ်၍ ကောင်းမှု ကုသိုလ်များကို အလေးအနက်ထား ပွားများရမည့်အချိန်အခါဖြစ်ပါသည်။

ထိုမျှသာမက ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအဖို့ ကောင်းမှု အထူးပြုလုပ်ရန်နှင့် ရဟန်းသံဃာတော် များအဖို့ ကျင့်ဝတ်သိက္ခာပုဒ်တို့ကို အထူး စောင့်ထိန်းရမည့် ဝါတွင်းသုံးလကာလအစဖြစ်၍ အထူးအရေးပါသည့် နေ့လည်း ဖြစ်ပါသည်။ လူပုဂ္ဂိုလ်များအဖို့ ဝါတွင်းသုံးလ ဥပုသ်နေ့တိုင်း ဥပုသ်သီလစောင့်ထိန်း ကြပြီး ရှောင်ရန်/ကျင့်ရန်တို့ကို အထူးပြုလုပ်ကြသည်။ ဝါတွင်းကာလ၌ ကောင်းမှု ကုသိုလ်များကို အထူးပြုလုပ်ကြ သည်ဆိုသော်လည်း ကောင်းမှုကုသိုလ်ဟူသည် အချိန်အခါမရွေး မင်္ဂလာနေ့ထူးဖြစ်၍ ရက်အခါမရွေးဘဲ ပြုလုပ်သင့်ကြပေသည်။

ကောင်းသောအမှုကို ပြုလုပ်ခြင်းသည် ကောင်းသောအကျိုးကို ခံစားစေ နိုင်မည်ဖြစ်သည်။ ဘဝအကြောင်းဖန် သံသရာဝဋ်ကြွေးမှလွဲ၍ ရောဂါကင်းဝေး နိုင်အောင် ကျန်းမာရေးလည်း အထူးအလေးထား၊ ဝါတွင်းကာလ အတွင်း၌လည်းကောင်းမှုကုသိုလ်များကို အထူးပွားများအားထုတ်သင့်ပါသည်။

သို့ဖြစ်ရာ ဤဝါဆို လပြည့် ဓမ္မစကြာအခါတော်နေ့သည် ဗုဒ္ဓဖြစ်စဉ်တော်မှ ထူးခြားသောအခါသမယ များစွာတို့နှင့် ကြုံကြိုက်နေသည်ဖြစ်ရာ မြတ်စွာဘုရားရှင်အား ရည်မှန်းပြီး ကောင်းမှု အထူးများ ပွားများအားထုတ်ခြင်းဖြင့် ပစ္စုပ္ပန်/သံသရာ ကောင်းကျိုး နှစ်ဖြာ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်းရေးသား ဖော်ပြလိုက်ရပါတယ် ။

ယခုလို အသိပညာပေးစာပေများ မျှဝေပေးနိုင်ရန်အတွက် ဖတ်ရှု့မှတ်သားခဲ့ရသော စာအုပ် ၊စာပေများမှ မူရင်းရေးသားသူများအား အထူးပင်ကျေးဇူးတင်ရှိပါတယ် ။

#ဝါဆိုလပြည့်နေ့
#ဓမ္မာစကြာအခါတော်နေ့

⚠️သင့်ရဲ့ လုပ်ငန်းက Facebook မှာ Marketing လုပ်နေပေမယ့်လုပ်သလောက် မရောင်းရဘဲ ရောင်းအားတွေကျနေပြီလား ။⚠️ ဒါဆိုရင် ခုပြောပ...
21/07/2023

⚠️သင့်ရဲ့ လုပ်ငန်းက Facebook မှာ Marketing လုပ်နေပေမယ့်လုပ်သလောက် မရောင်းရဘဲ ရောင်းအားတွေကျနေပြီလား ။⚠️

ဒါဆိုရင် ခုပြောပြမယ့် အချက်လေးတွေနဲ့ တိုက်စစ်ကြည့်လိုက်ပါ...
•Customer တွေရှာဖွေရလွယ်ဖို့ Page Name နဲ့ Username တူအောင်ထားထားလား ။
•ကိုယ့်ရဲ့ Page ကို ရှာရလွယ်စေဖို့ Keyword စနစ်တွေနဲ့ သေချာထားထားလား ။
•Messenger ကနေတဆင့် တွေထဲက Automation တွေနဲ့ Reply စနစ်တွေကိုအသုံးပြုနေပြီလား ။
•ကိုယ့်ရဲ့ page မှာ Boost လုပ်တဲ့အခါ ကိုက်ညီတဲ့ Objective ကိုက်ညီတဲ့ Detail Target Audience ကိုအသုံးပြုလား ။
•Ads Policy တွေသေချာနားလည်ပြီး Copy Right မမိ‌အောင် ကြော်ငြာနိုင်ပြီလား ။
•Story တွေ Reel တွေ ရော တင်ပြီးကြော်ငြာဖြစ်လား
•အသုံးပြုလိုက်တဲ့ Budget အတိုင်းရော တကယ်ရောင်းရလား ။

↘️ဒီအချက်တွေအတိုင်းသေချာမလုပ်ဖြစ်သေးဘူးဆိုရင်တော့ သင့်လုပ်ငန်းရဲ့ ရောင်းအားက ကျနေဦးမှာပါ ။

🧐ဒီလိုပြသာနာတွေကိုဖြေရှင်းပြီး ရောင်းအားတွေ တက်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ရဲ့ Digital Marketing for SME က ကူညီဖို့အသင့်ရှိနေပါတယ် ။

အသေးစိတ်ဆွေးနွေးတိုင်ပင်လိုတာများရှိရင်
📱ဖုန်းနံပါတ် 09-445253530 ကိုဆက်သွယ်နိုင်သလို့
💻 Page Messenger ကနေလည်းလာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ် ။



🌧 မျက်ရည်သွန်လို့ ဘဝင်ညှိး ဇူလိုင် တစ်ဆယ့်ကိုး 🌧 #အာဇာနည်နေ့
19/07/2023

🌧 မျက်ရည်သွန်လို့ ဘဝင်ညှိး ဇူလိုင် တစ်ဆယ့်ကိုး 🌧

#အာဇာနည်နေ့


🏆 Let's Run Your Business with Us🏆 ကျွန်တော်တို့ရဲ့  Digital Marketing For SME ဟာဆိုရင် SME ( Small and medium-sized ent...
27/06/2023

🏆 Let's Run Your Business with Us🏆

ကျွန်တော်တို့ရဲ့ Digital Marketing For SME ဟာဆိုရင် SME ( Small and medium-sized enterprises ) စီးပွားရေးလုပ်ငန်းများအတွက် အဓိက ရည်ရွယ်ထားတဲ့ Digital Marketing Agency တစ်ခုဖြစ်ပါတယ် ။
မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် SME စီးပွားရေးလုပ်ငန်းများဟာ နိုင်ငံနှင့် လွန်စွာကိုက်ညီပြီး နိုင်ငံသားများအတွက် အဓိက အားကိုးအားထားပြုနေရသော စီးပွားရေးလုပ်ငန်များဖြစ်ပါတယ် ။ ဒါ့ကြောင့်တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်စီးပွားရေးအနေဖြင့် ဖွင့်လှစ်ကြသော စီးပွား‌ရေးလုပ်ငန်းများသည် ယခုအချိန်အခါတွင် ဈေးကွက်အတွင်း လွန်စွာမှ များပြားလာပြီဖြစ်ပါသည် ။

ယနေ့ခေတ်သည် Digital Era ခေတ်ဖြစ်သည့်အတွက် လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းအား မိမိပြိုင်ဘက်ထက် အသာစီးရရှိပြီး ကုန်ပစ္စည်းနှင့် ထုတ်ကုန်များ ရောင်းအားတက်စေရေး ကျွန်တော်တို့ရဲ့ Digital Marketing For SME နှင့် အသေးစိတ်ဆွေးနွေးတိုင်ပင်လိုက်ပါ ။

လူကြီးမင်းတို့အနေဖြင့် အသေးစိတ်ဆွေးနွေးတိုင်ပင်လိုပါက
☎️09-445253530 သို့ ဖုန်းဖြင့်ဆက်သွယ်၍ဖြစ်စေ
💻viber မှဖြစ်စေ ၊ Page Messenger မှဖြစ်စေ ဆက်သွယ်ပြီး
ဝါရင့် Digital Marketer ကြီးများရဲ့ အကြံဉာဏ်များကို ရယူလိုက်ပါ ။



Address

Yangon
11011

Opening Hours

Monday 17:00 - 01:00
Tuesday 17:00 - 01:00
Wednesday 17:00 - 01:00
Thursday 17:00 - 01:00
Friday 17:00 - 01:00
Saturday 17:00 - 01:00
Sunday 17:00 - 01:00

Website

Alerts

Be the first to know and let us send you an email when Digital Marketing For SME posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share