The Clap Sports

The Clap Sports YOUR RELIABLE SPORTS MEDIA

ထိုင်းနိုင်ငံမဲဆောက်မြို့က လီဗာပူး ပရိသတ်တွေရဲ့ပရီးမီးယားလိဂ်ချန်ပီယံ အထိမ်းအမှတ် အောင်ပွဲခံ ပုံရိပ်များ။
26/05/2025

ထိုင်းနိုင်ငံမဲဆောက်မြို့က လီဗာပူး ပရိသတ်တွေရဲ့ပရီးမီးယားလိဂ်ချန်ပီယံ အထိမ်းအမှတ် အောင်ပွဲခံ ပုံရိပ်များ။

ရေခြားမြေခြား သိုင်းသမားများ (၂)ဒီနေ့ စနေနေ့မှာတော့ မဲဆောက်မြို့ရဲ့ SBK ခြင်းကွင်းကို ရောက်ဖြစ်ခဲ့ပါတယ်။ ကွင်းကတော့ အမို...
24/05/2025

ရေခြားမြေခြား သိုင်းသမားများ (၂)

ဒီနေ့ စနေနေ့မှာတော့ မဲဆောက်မြို့ရဲ့ SBK ခြင်းကွင်းကို ရောက်ဖြစ်ခဲ့ပါတယ်။ ကွင်းကတော့ အမိုးအကာ နဲ့ ကွန်ကရစ်ခင်းထားတော့ သပ်သပ်ရပ်ရပ် ရှိပြီး မိုးရွာရင်လဲ ခတ်လို့ရတော့ တော်တော်လေးကို အဆင်ပြေပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ ကြေးစားခြင်းသမားတွေ အကြိုက် မြေကြီးကွင်းမဟုတ်တဲ့ အတွက် မြေသားကွင်းနဲ့ အသားကျနေတဲ့ ကြေးစားတွေ အတွက်တော့ အသားကျအောင် လုပ်ဖို့လိုအပ်ပါလိမ့်မယ်။
SBK ခြင်းကွင်းမှာတော့ ဝါသနာရှင် အဆင့်ကနေ ကြေးစားအထိတန်းစုံတာကို တွေ့ရပါတယ်။
ကြားရက်တွေ အလုပ်လုပ်နားရက်မှာ ကစားကြတာဖြစ်တဲ့ အတွက် လူစုံတာကိုလဲတွေ့ရပါတယ်။

မဲဆောက်သာမကဘဲ မြဝတီမြို့က ကစားသမားတွေလဲ လာကစားကြပါတယ်။ ဒီနေ့ကတော့ ပါစားအောက်ခံ ပွဲကောင်းတွေ ကစားကြပြီး အဲဒီပွဲတွေထဲက ကောင်းနိုးရာရာ ဓါတ်ပုံလေးတွေကို ပရိသတ်တွေ အတွက် တင်ဆက်ပေးလိုက်ပါတယ်။

24/05/2025

မွေထိုင်း (Muay Thai) ဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသား အားကစားအဖြစ် ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်များလာနေပါတယ်။ လက်ရှိအခြေအနေတွေကို ကြည့်ရင်-

**နိုင်ငံတကာအထိ ပျံ့နှံ့မှု**

မွေထိုင်းဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်မှာ လေ့ကျင့်လာနေကြပြီး အထူးသဖြင့် အမေရိကန်၊ ဥရောပ၊ ဂျပန်နှင့် အင်္ဂလန်တို့မှာ အလွန်လူကြိုက်များပါတယ်။

**စီးပွားရေး တိုးတက်မှု**

ထိုင်းတွင် မွေထိုင်း ကျင်းပမှုများဟာ နှစ်စဉ် ဒေါ်လာ သန်းများစွာရရှိနေပြီး၊ နိုင်ငံခြားခရီးသွား အားကစားခရီးစဉ်များအတွက်လည်း အဓိက ဆွဲဆောင်မှု တစ်ခုဖြစ်လာပါတယ်။

**ပညာရေး စနစ်တွင် ထည့်သွင်းမှု**

ထိုင်းအစိုးရက မွေထိုင်းကို ကျောင်းသားများအတွက် မဖြစ်မနေ သင်ခန်းစာ တစ်ရပ်အဖြစ် ထည့်သွင်းထားပြီး၊ တက္ကသိုလ်များတွင်လည်း အားကစားပညာ သင်တန်းများ ရှိပါတယ်။

**ပြိုင်ပွဲများ ဖွံ့ဖြိုးမှု**

ONE Championship၊ GLORY Kickboxing စတဲ့ နိုင်ငံတကာ ပြိုင်ပွဲကြီးတွေမှည မွေထိုင်း ပြိုင်ပွဲတွေ ပုံမှန်ကျင်းပလာနေပြီး၊ ထိုင်းကစား သမားတွေလည်း ကမ္ဘာ့ချန်ပီယံ ဖြစ်လာနေကြပါတယ်။

**ဆုံးရှုံးမှုများ**

ဒါပေမယ့် ရိုးရာ မွေထိုင်းဟာ လူငယ်များအတွက် စိတ်ဝင်စားမှု လျော့နည်းလာနေပြီး၊ တခြား ခေတ်မီ အားကစားတွေကို ပိုမို နှစ်သက်လာကြတာ စိုးရိမ်စရာ ဖြစ်နေပါတယ်။

ခြုံကြည့်ရင် မွေထိုင်းဟာ နိုင်ငံတကာ အဆင့်မှာ တိုးတက်နေပေမယ့် ပြည်တွင်း ရိုးရာ ထိန်းသိမ်းမှုတွေမှာ စိန်ခေါ်မှု ရှိနေပါတယ်။

Happy Birthdayပါ ကျောင်းတိုက်ရေ။ ပိုပြီးအောင်မြင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါစေလို့ ကျွန်တော်တို့ The Clap Sportsကနေ ဆုမွန...
19/05/2025

Happy Birthdayပါ ကျောင်းတိုက်ရေ။ ပိုပြီးအောင်မြင်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပါစေလို့ ကျွန်တော်တို့ The Clap Sportsကနေ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

ရေခြားမြေခြား သိုင်းသမားများ (၁) မေ ၁၈၊၂၀၂၅။မဲဆောက်သုတရဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပရပ်ကွက်က ခြင်းကွင်းဖွင့်ပွဲကို ...
18/05/2025

ရေခြားမြေခြား သိုင်းသမားများ (၁)

မေ ၁၈၊၂၀၂၅။
မဲဆောက်

သုတရဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပရပ်ကွက်က ခြင်းကွင်းဖွင့်ပွဲကို ကျွန်တော်တို့ ဒီနေ့ရောက်ဖြစ်ခဲ့ပါတယ်။

သစ်ပင်ရိပ်အောက် အစိမ်းစတွေ ကာထားတဲ့ ခြင်းကွင်းကို အဝေးက လှမ်းမြင်လိုက်တဲ့ အချိန်မှာပဲ ကျွန်တော့် စိတ်မှာ ရန်ကုန်မြို့ရဲ့ ကြေးစားခြင်းကွင်းတွေ ဖြစ်တဲ့ ၃၉ ကွင်း၊ သရက်တောကွင်း၊ ကွေ့မကွင်း၊ ကျောင်းဆရာ ကျော်မျိုးအောင်ပွဲကို မိုးကုတ်က အသိတွေကို လိုက်ပို့ရင်း အားပေးခဲ့ရတဲ့ စစ်ပင်ကွင်းနဲ့ ကိုဦးရဲ့ လေးထောင့်ကန်ကွင်း တွေကို စရောက်တဲ့ အချိန်ကလိုမျိုး ခံစားချက်ကို ပြန်ရပါတယ်။

ခြင်းကစားနေတဲ့ သူတွေရှိမယ်။ ဘေးကနေထိုင်အားပေးနေတဲ့ ပရိတ်သတ်တွေ။ အဆာပြေစားဖို့ မုန့်နဲ့ အအေး ရောင်းတဲ့ ဆိုင်လေးတွေ။ကွင်းဘေးမှာတော့ နောက်ပွဲတွေကစားဖို့ ကြေးစားတွေရဲ့ ပုံစံအတိုင်း ခြင်းစပ်နေတာတွေ။ အားလုံးက ကျွန်တော်တို့ သိုင်းလောက ကကြေးစားခြင်းကွင်းတွေ ခေတ်ကောင်းခဲ့တဲ့ အချိန်တုန်းက အတိုင်းပဲ။

ကွင်းဖွင့်ပွဲ အနေနဲ့ ကစားတဲ့ သုတနဲ့ မဲဆောက်က ကျားလေးတို့ ၃တူ အဖိုက်အနိုက် ဆားဗစ် ချုပ်ပိတ်ကစားတာကို သုံးပွဲလောက်ကြည့်ဖြစ်ခဲ့ပါတယ်။ စုစုပေါင်းလေးပွဲကစားပေမယ့် ကျွန်တော်တို့ ညနေပိုင်း အလုပ်လေးတစ်ခု ရှိတာကြောင့် နောက်ဆုံးပွဲကိုတော့ မကြည့်ဖြစ်လိုက်ပါဘူး။

ကျွန်တော်တို့ ကြည့်ခဲ့တဲ့ ပွဲတွေမှာတော့ ပွဲဦးထွက် သုတတို့နိုင်ပြီး နောက်နှစ်ပွဲကို ကျားလေးတို့က အနိုင်ရရှိခဲ့ပါတယ်။ နောက်ဆုံးလေးပွဲမြောက်တင်းပွဲလဲ ကျားလေးတို့ ထပ်နိုင်သွားတယ်လို့ သိရပါတယ်။

ပွဲတွေမှာ ကျားလေးတို့ သုံးက လစ်၊ ဘရော့၊ အဖိုက် သုံးယောက်စလုံး အသင်းလိုက် ကစားပုံကောင်းပါတယ်။ သုတတို့ဖက်မှာတော့ ဘရော့ကစားတဲ့ ကစားသမားက ကျားလေးရဲ့အဖိုက်ကို နှိုက်တဲ့ အချိန်မှာ နိမ့်နေတာ ကြောင့် အနားကပ်လို့မရခဲ့ပါဘူး။

ဒီပွဲမှာ သုတဖက်က လစ်မရှိတာကြောင့် လိုအပ်ချက်တွေ ရှိခဲ့ပြီး ခြင်းထိန်း ခြင်ဆယ် ခြင်းထောင်တွေမှာလဲ အားနည်းခဲ့ပါတယ်။

သုတရဲ့ ဖဝါးတွေကတော့ တန်းတစ်ခုမှာ ရှိနေဆဲဖြစ်ပြီး တစ်ဖက်က ဖိုက်တာ ကစားတဲ့ ကျားလေးကလဲ ကစားအားကောင်းကောင်း ခုန်အားမြင့်ပြီး အဆုံးသတ်သေချာတဲ့ ဖိုက်တာ တစ်ယောက်ဖြစ်တာကို တွေ့ခဲ့ရပါတယ်။

ကျားလေးတို့အသင်းဟာပွဲ ဖတ်တဲ့ နေရာမှာ အားသာပြီး သုတရဲ့ ဘတ်ခြင်းချတဲ့ အချိန်မှာ နောက်ထိန်းနဲ့ လစ်နှစ်ယောက်စလုံး ခြင်းကောက်ဖို့ တက်တက် လာတာကို မကြာခဏတွေ့ရပါတယ်။

ပထမတစ်ပွဲပဲ အကြိတ်အနယ် ရှိပြီး နောက်ဆုံးနှစ်ပွဲမှာတော့ ကျားလေးတို့ အသင်းက သုတတို့ကို သာသာယာယာ အနိုင်ရသွားပါတယ်။

ဒီမဲဆောက်မှာတော့ ကြေးစားခြင်းပွဲတွေကို ပိတ်ရက်တွေနဲ့ စနေ၊ တနဂ်နွေနေ့တွေမှာ ကစားတာများပါတယ်။

ကြားရက်တွေမှာ အလုပ်လုပ် နားရက်မှာခြင်းပွဲတွေ ကစားကြတာပါ။

နောက်အခေါက်တွေမှာလဲ ကျွန်တော်တို့ ရဲ့ ရေခြားမြေခြားက သိုင်းလောက အတွေ့ အကြုံတွေကို ဝေမျှပေးသွား ဖို့ရှိပါတယ်။

အားကစားလောကထဲက ဖြစ်ဖြစ် ကျွန်တော်တို့ ကြေးစား ခြင်းလောကထဲက ပဲဖြစ်ဖြစ် ထိုင်းနိုင်ငံ မဲဆောက် မြို့ကို ရောက်ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ဆီ အလည်လာလို့ ရပါတယ်။ တွေ့ကြဆုံကြပြီး သိုင်းလောက အကြောင်း လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားပြောလို့ရပါတယ်။ ဧည့်ခံပါ့မယ်။

ကျွန်တော်တို့ The Clap Sports အနေနဲ့ လက်ရှိအခြေအနေတွေကြောင့် အားကစားနဲ့ ပက်သက်တဲ့ အကြောင်း အရာတွေကို မတင်ဖြစ်တော့တာ တစ်နှစ်ကျော်ခဲ့ပါပြီ။

ဝါသနာနဲ့ ဝေးဝေးနေဖို့ မေ့ပစ်ဖို့က ခက်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင် ခြင်းကစားတာ၊ ဘော်လီဘောပုတ်တာ ဘောလုံးကန်တာကို ဝါသနာကြီးပြီး၊ ခြင်းပွဲ ဘောပွဲတွေကို ခြေညောင်းခံ ထမင်း အဆာခံပြီး လိုက်ကြည့် ဖြစ်ပါတယ်။

ကျွန်တော်တို့ လိုပဲ ဝါသနာတူ ပရိသတ်တွေနဲ့ အတွေ့အကြုံတွေကို မျှဝေခံစားနိုင်ဖို့အတွက် ကျွန်တော်တို့ ပုံစံတစ်မျိုးနဲ့ ပြန်လာခဲ့ပါမယ်။ စောင့်ပြီး အားပေးကြပါဦးခင်ဗျ။ ပရိတ်သတ်တွေ အားလုံးဘေးကင်း ကြပါစေဗျာ။

Hello  ကျွန်တော်တို့ ပြန်လာနိုင်ဖို့ကြိုးစားနေပါတယ်။
17/05/2025

Hello ကျွန်တော်တို့ ပြန်လာနိုင်ဖို့ကြိုးစားနေပါတယ်။

|| အဖွဲ့ချုပ်က လာမဲ့ နွေရာသီ ရန်ကုန်မှာ ပိုက်ကျော်ခြင်း သင်တန်းဖွင့်မည်||ဖေ ၂၇၊ ၂၀၂၄ ရန်ကုန်မြို့၊ သုဝဏ္ဏပိုက်ကျော်ခြင်း...
27/02/2024

|| အဖွဲ့ချုပ်က လာမဲ့ နွေရာသီ ရန်ကုန်မှာ ပိုက်ကျော်ခြင်း သင်တန်းဖွင့်မည်||
ဖေ ၂၇၊ ၂၀၂၄

ရန်ကုန်မြို့၊ သုဝဏ္ဏပိုက်ကျော်ခြင်းအားကစားရုံမှာ အခမဲ့ပိုက်ကျော်ခြင်းသင်တန်းကို လာမဲ့ မတ်လကစပြီး ဖွင့်လှစ်သွားမယ်လို့ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

နွေရာသီ အခမဲ့သင်တန်းကို မတ်လ ၅ ရက်‌ကနေ စတင်မှာဖြစ်ပြီး နံနက် ၉ - ၁၁ နာရီအထိ အခြေခံနဲ့အဆင့်မြင့် သင်တန်းနှစ်ခု သင်ကြားပေးမယ်လို့ ဆိုပါတယ်။

သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ အောက်ပါ မြန်မာ့လက်ရွေးစင်ဟောင်း နည်းပြ‌တွေမှာ စာရင်းပေးသွင်းနိုင်ပါတယ်။

၁) ဦးမျိုးဦး 09254076227
၂) ဦးအောင်ဟိန်း 09762106027
၃) ဦးကျော်ဇင်ဦး 09961584335
၄) ဦးစည်သူလင်း 09405803345

ပုံစာ- ၂၀၂၃ ပြည်/တိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲမှ ပုံရိပ်တချို့

ကျွန်တော်တို့ The Clap Sports ကို မကြာခဏ မက်ဆင်ဂျာက တစ်ဆင့် ဘော်လီဘောသင်တန်းနဲ့ပတ်သက်ပြီး လာရောက်မေးမြန်းကြတဲ့ ဝါသနာရှင်...
23/02/2024

ကျွန်တော်တို့ The Clap Sports ကို မကြာခဏ မက်ဆင်ဂျာက တစ်ဆင့် ဘော်လီဘောသင်တန်းနဲ့ပတ်သက်ပြီး လာရောက်မေးမြန်းကြတဲ့ ဝါသနာရှင်တွေအတွက်ပါခင်ဗျ။

သင်တန်းနည်းပြဆရာ ဦးဝင်းထွန်းဦး စုစည်း‌ပေးတဲ့အချက်အလက်တွေ ဝါသနာရှင်တွေအတွက် ကူးယူဖော်ပြလိုက်ပါတယ်။

*ရန်ကုန်တိုင်း*

(၁) #လှိုင်မြို့နယ် YUFC အားကစားခန်းမ
နည်းပြ= ဆရာဦးသိန်းဆွေ
ဖုန်း= 0943027349
သင်တန်းကာလ = စနေ နှင့် တနင်္ဂနွေ
အချိန်= ၁၂ နာရီ မှ ၂ နာရီ အထိ
မှတ်ချက်= (သင်တန်းကြေးဖြင့်)

(၂) #ကွမ်းခြံကုန်းမြို့နယ် အားကစားကွင်း
နည်းပြ = ဦးဇော်လွင်ထွန်း
ဖုန်း= 09675406611
သင်တန်းကာလ = 29-2-2024 မှ
29-3-2024 ရက်နေ့ အထိ
မှတ်ချက်(နွေရာသီအခြခံသင်တန်း)

(၃) #တွံတေးမြို့နယ် အားကစားကွင်း
နည်းပြ = ဦးကျော်ဇေယျာလွင်
ဖုန်း= 09777306694
သင်တန်းကာလ = 29-2-2024 မှ
29-3-2024 ရက်နေ့ အထိ
မှတ်ချက်(နွေရာသီအခြေခံသင်တန်း)

#သာကေတမြို့နယ် အားကစားကွင်း
နည်းပြ = ဦးမျိုးဇော်နောင်
ဖုန်း= 09697374427
သင်တန်းကာလ = 1-3-2024 မှ
31-3-2024 ရက်နေ့ အထိ
မှတ်ချက်(နွေရာသီအခြခံသင်တန်း)

ဒေါပုံမြို့နယ် အားကစားကွင်း
နည်းပြ = ဦးကျော်မိုးနိုင်
ဖုန်း= 09681115224
သင်တန်းကာလ = 1-3-2024 မှ
31-3-2024 ရက်နေ့ အထိ
မှတ်ချက်(နွေရာသီအခြခံသင်တန်း)

*မန္တလေး*

စဉ့်ကိုင်မြို့ မြို့မဘော်လီဘောကွင်း
နည်းပြ = ဦးဝင်းအောင်
နည်းပြ = ဦးကျော်မိုးအောင်
ဖုန်း= 09980021802
မှတ်ချက်(နွေရာသီအခြခံသင်တန်း)

ပလိပ်မြို့ စက်ရုံ ဘော်လီဘောကွင်း
နည်းပြ = ဦးညိုလုံး
ဖုန်း= 09757129209
မှတ်ချက်(နွေရာသီအခြခံသင်တန်း)

#အားကာသိပ္ပံဘော်လီဘောရုံ
နည်းပြ= ဦးရထိုက်ဝေ
ဖုန်း= 09449555100
ဦးအောင်စိုးမင်း
ဖုန်း= 09443339337
ဦးရဲစည်သူ
ဖုန်း= 09420677144
သင်တန်းကာလ = အမြဲရှိ
မှတ်ချက်= (သင်တန်းကြေးဖြင့်)
နွေရာသီသင်တန်းလည်းဖွင့်ပါမည်

#ရမည်းသင်းမြို့
နည်းပြ = ဦးအောင်ကျော်
ဖုန်း= 09253905921
သင်တန်းကာလ = 22-2-2024 စတင်
မှတ်ချက်(နွေရာသီအခြေခံသင်တန်း)

#သာစည်မြို့ တွင် လည်း ဖွင့်လှစ်ရန်ရှိပါသည်

*နေပြည်တော်*

(၁ ) #ဇေယျာသီရီမြို့နယ်ကွင်း
(သိုက်ချောင်း)
နည်းပြ = ဦးနေကြီး
ဖုန်း= 09449112125
သင်တန်းကာလ = 1-3-2024 ရက်နေ့မှ
1-4-2024 ရက်နေ့ အထိ
မှတ်ချက်

*ကချင်ပြည်နယ်*

(၁) #မြစ်ကြီးနားမြို့ ခရိုင်အားကစားခန်းမ
နည်းပြ = ဦး တင့်ဆွေ
ဖုန်း= 092402617
နည်းပြ= ဦးဇော်ဝင်းထွန်း
ဖုန်း= 09429248172
နည်းပြ= ဦးယောရှူ
ဖုန်း= 09255128194
သင်တန်းကာလ = 1-3-2024 မှ စတင်မည်
မှတ်ချက်(နွေရာသီအခြေခံသင်တန်း)

12/02/2024

|| အင်းလေးဒေသရဲ့ အတောက်ပဆုံးကြယ် (သို့) အောင်သူ || အပိုင်း(၁)

မြန်မာ့လက်ရွေးစင် ဘော်လီဘောကစားသမား အောင်သူရဲ့ အကြောင်း Special Feature Story အပိုင်း (၁) ကို တင်ဆက်ပေးလိုက်ပါတယ်။

ဒီအပိုင်းမှာတော့ အောင်သူရဲ့ ငယ်ဘဝအကြောင်း၊ အောင်သူငယ်စဉ်အခါက ဘဝဖြတ်သန်းမှု၊ သူ့မိဘတွေရဲ့ စကားသံတွေ၊ ကျောင်းသားဘဝ ဘော်လီဘောကို စတင်ကစားခဲ့ပုံ၊ လက်ရွေးစင်ဖြစ်ဖို့ရန်ကုန်မြေ စနင်းခဲ့တဲ့အကြောင်းအရာတွေကို ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။

အပိုင်း (၂) အစီအစဉ်ကိုလည်း မကြာခင်တင်ဆက်ပေးဖို့ရှိတာကြောင့် စောင့်မျှော်အားပေးကြပါဦး။
________________________________________________
Ubett | ဘောလုံး၊စလော့နှင့်ကာစီနိုစသည့်အွန်လိုင်းကစားနည်းမျိုးစုံကစားနိုင်ပြီး ဝက်ဘ်ဆိုဒ်(၃၃)ခုပါဝင်သည့် မြန်မာနိုင်ငံနံပါတ်(၁)အွန်လိုင်းဘက်တင်းဝက်ဘ်ဆိုဒ် ...
အကောင့်ဖွင့်ရန် - https://cutt.ly/HwE5A20U
24 နာရီဝန်ဆောင်မှု - https://bit.ly/38Ngp8a

|| MLBB က အကောင့် နှစ်သောင်းကျော်ကို နှစ် ၃၀ ပြစ်ဒဏ်ချ||ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄ မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ အွန်လိုင်း ...
10/02/2024

|| MLBB က အကောင့် နှစ်သောင်းကျော်ကို နှစ် ၃၀ ပြစ်ဒဏ်ချ||
ဖေဖော်ဝါရီ ၁၀၊ ၂၀၂၄

မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ အွန်လိုင်း မိုဘိုင်းဂိမ်းတစ်ခုဖြစ်တဲ့ မိုဘိုင်းလိဂျန့် -MLBB က အခုနှစ်ဆန်းပိုင်းမှာ Cheating (လိမ်လည်) ပြုလုပ်ကစားတဲ့ ဂိမ်းအကောင့်ပေါင်း နှစ်သောင်းကျော်ကို ပြစ်ဒဏ်နှစ် ၃၀ ပိတ်ပင်လိုက်တယ်လို့ ကြေငြာခဲ့ပါတယ်။

ကစားသမားစုစုပေါင်း ၂၄,၆၅၃ ဦးရေဟာ ဂိမ်းထဲမှာ Plug-in/script တွေ အသုံးပြုပြီး ရန်သူတည်နေရာတွေကို မြင်အောင်လုပ်ဆောင်ခဲ့တာ တွေရှိခဲ့တယ်လို့ MLBB က ဆိုပါတယ်။

“Cheat/Script များအား တစ်ကြိမ်လေး အသုံးပြုရုံဖြင့် အကောင့်အား ထာဝရပိတ်သိမ်းသွားပါမည်” လို့ ထည့်သွင်းဖော်ပြထားပါတယ်။

ဒါ့အပြင် Cheat ဆော့နည်းအကြောင်းတွေကို ဖေစ့်ဘွတ်ခ်၊ ယူကျု့စတဲ့ ဆိုရှယ်မီဒီယာ‌တွေမှာ ဖော်ပြရေးသားဖြန့်ဝေသူတွေကိုလည်း ဉပဒေအရ အရေးယူနိုင်ကြောင်း ဖော်ပြထားပါတယ်။

09/02/2024

မြန်မာ့လက်‌ရွေးစင်ဘော်လီဘော ကစားသမား အောင်သူရဲ့ Documentary story ကို မကြာခင်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

အောင်သူရဲ့ ငယ်ဘဝအမှတ်တရတွေ၊ မိသားစုနဲ့ခွဲခွာပြီး ဘော်လီဘောသမားဖြစ်လာဖို့ ရန်ကုန်တက်လာခဲ့တဲ့ အကြောင်း၊ လက်ရွေးစင်ကစားသမားဘဝ၊ ထိုင်းနဲ့ ဂျပန်နိုင်ငံ‌တွေအထိ ခြေဆန့်ပြီး Professional ဘော်လီဘော ကစားခဲ့တာတွေ၊ မိသားစုအပေါ် သိတတ်ပုံတွေနဲ့ အောင်သူရဲ့ ခံယူချက်၊ ဆုံးဖြတ်ချက်ခိုင်မာပုံတွေကို ကြည့်ရှုခံစားရမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး။
__________________________________________________
Ubett | ဘောလုံး၊စလော့နှင့်ကာစီနိုစသည့်အွန်လိုင်းကစားနည်းမျိုးစုံကစားနိုင်ပြီး ဝက်ဘ်ဆိုဒ်(၃၃)ခုပါဝင်သည့် မြန်မာနိုင်ငံနံပါတ်(၁)အွန်လိုင်းဘက်တင်းဝက်ဘ်ဆိုဒ် ...
အကောင့်ဖွင့်ရန် - https://cutt.ly/HwE5A20U
24 နာရီဝန်ဆောင်မှု - https://bit.ly/38Ngp8a

08/02/2024

|| ပြိုင်ပွဲတွေကို ဆာလောင်နေဆဲ အုတ်ကျင်းအသင်း (သို့) မျက်ခုံးဖြူသိုင်းသမားအသင်း ||

အုတ်ကျင်းအသင်းမှာ တစ်သင်းလုံးပေါင်း အသက် (၁၃၂) နှစ် ကစားသမားတွေဖြစ်တဲ့ ကိုကုလားလေး (၄၃) နှစ်၊ ကိုမင်းမင်းလတ် (၃၇) နှစ်နဲ့ ကိုအောင်လွင် (၅၂) နှစ်တို့ ပါဝင်ကစားနေပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲစုံကို ဝင်ရောက်ယှဥ်ပြိုင်ကစားလျက်ရှိပါတယ်။

အုတ်ကျင်းအသင်းနဲ့ပတ်သက်ပြီး ဒီကနေ့မှာ အသင်းခေါင်းဆောင်ကိုကုလားလေးက "မျက်ခုံးဖြူသိုင်းသမား" အသင်းလို့ အရွှန်းဖောက်သွားပါတယ်။
______________________
Ubett | ဘောလုံး၊ စလော့နှင့်ကာစီနိုစသည့်အွန်လိုင်းကစားနည်းမျိုးစုံကစားနိုင်ပြီး ဝက်ဘ်ဆိုဒ် (၃၃) ခုပါဝင်သည့် မြန်မာနိုင်ငံနံပါတ် (၁) အွန်လိုင်းဘက်တင်းဝက်ဘ်ဆိုဒ် ...
အကောင့်ဖွင့်ရန် - https://cutt.ly/HwE5A20U
24 နာရီဝန်ဆောင်မှု - https://bit.ly/38Ngp8a

Address

Yangon

Website

Alerts

Be the first to know and let us send you an email when The Clap Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share