Thingangyun S.H " Ko Htet "

Thingangyun S.H " Ko Htet " Thingangyun

28/09/2021
05/06/2021

လေတပ်အမျိုးသမီးစစ်သည်တစ်ဦးလိင်ပိုင်းပြုကျင့်ခံရကာသေဆုံးခဲ့ရမှုအတွက်လေတပ်ဦးစီးချုပ်ရာထူးမှနုှတ်ထွက်မည်
လေတပ် အမျိုးသမီးစစ်သည်တစ်ဦး သေဆုံးခဲ့ရမှုအတွက် သူ ရာထူးကနုတ်မယ်လို့ တောင်ကိုရီးယားလေတပ်ဦးစီးချုပ်ကသောကြာနေ့(ဇွန် ၄) မှာ ကြေညာခဲ့ပြီး ယင်းဖြစ်စဉ်အတွက် တောင်းပန်ပါကြောင်းနဲ့တာဝန်ယူသွားမှာဖြစ်ပါကြောင်းပြောဆိုခဲ့တယ်လို့လေတပ်ကထုတ်ပြန်ပါတယ်။ ရဲဖော်ရဲဖက်အမျိုးသမီးစစ်သည်ကိုလိင်ပိုင်းဆိုင်ရာ မတော်မတရားပြုခဲ့ခြင်း၊စိတ်ဒဏ်ရာရစေခဲ့ခြင်း စွဲချက်တွေနဲ့ လေတပ် တပ်ကြပ်ကြီးတစ်ဦးကို ကြာသပတေးနေ့မှာဖမ်းဆီးလိုက်ပြီးနောက်လေတပ်ဦးစီးချုပ်ရဲ့ကြေညာချက်ထွက်လာတာဖြစ်ပါတယ်။ယင်းဖြစ်စဉ်ကြောင့်ပဲအမျိုးသမီးတပ်ကြပ်ကြီးဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပြီး သူ သတ်သေခဲ့မှုကိုဖုန်းနဲ့ဗီဒီယိုရိုက်ထားရစ်ခဲ့ပါတယ်။မတ်လအတွင်းကညစာစားပွဲတစ်ခုအပြီးအခြေစိုက်စခန်းကိုအပြန် ကားထဲမှာ တပ်ကြပ်ကြီးက သူနဲ့ ရာထူးတူ အမျိုးသမီးစစ်သည်ကို လိင်ပိုင်း မတော်မတရားကျင့်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ယင်းဖြစ်စဉ်ကြောင့်အမျိုးသမီးဟာစိတ်ဒဏ်ရာရခဲ့ပြီးသူမရဲ့တောင်းဆိုချက်အရအခြားအခြေစိုက်စခန်းတစ်ခုကို ရွှေ့ပြောင်းတာဝန်ထမ်းခဲ့တယ်လို့ မိသားစုက ပြောဆိုပါတယ်။
အမျိုးသမီးတပ်ကြပ်ကြီးသေဆုံးခဲ့ရမှုအတွက် သူ တောင်းပန်ပါကြောင်းနဲ့မိသားစုနဲ့အတူကြေကွဲဝမ်းနည်းရပါကြောင်း လေတပ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး လီဆွန်းယောင်းကထုတ်ပြန်ချက်မှာပြောဆိုခဲ့ပါတယ်။ဖြစ်ခဲ့တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးမိမိကြီးကြီးမားမားတာဝန်ယူကြောင်းနဲ့ဇွန်၄ရက်နေ့မှာရာထူးနုတ်ထွက်ဖို့ကမ်းလှမ်းကြောင်းလီကပြောဆိုခဲ့ပါတယ်။အမျိုးသမီးစစ်သည်ရဲ့မိသားစုကယခုဖြစ်စဉ်အပေါ်စုံစမ်းစစ်ဆေးပြီးပါဝင်ပတ်သက်သူတွေကို အပြစ်ပေးအရေးယူပေးပါရန် သမ္မတရုံးထံ အင်္ဂါနေ့က အသနားခံစာတင်ခဲ့ပြီးနောက် ဖြစ်စဉ်အပေါ်လူထုအကြားအမျက်ဒေါသထွက်မှုတွေဖြစ်ခဲ့ပါတယ်။လေတပ်ဟာလိင်ပိုင်းမတော်မတရားကျင့်ခံရမှုကိုဖုံးကွယ်ဖို့၊ဖြစ်စဉ်နဲ့ပတ်သက်ပြီးသူမနှုတ်ပိတ်နေစေဖို့ကြိုးစားခဲ့တယ်လို့လည်းအမျိုးသမီးစစ်သည်ရဲ့မိသားစုကစွပ်စွဲခဲ့ကြကြောင်းလည်းသိရသည်။
CNA

14/05/2021
07/03/2020

Address

Independence Street
Yangon
130201

Alerts

Be the first to know and let us send you an email when Thingangyun S.H " Ko Htet " posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thingangyun S.H " Ko Htet ":

Share