Thadin Kaung

Thadin Kaung သတင်း​ကောင်း

ဝေ့မန်းနီးငွေလွှဲများသိစေရန်မနက်ဖြန် 9-9-2022 မှစပြီး ငွေထုတ်သူရဲ့ မှတ်ပုံတင်အမှန်ဖြင့်သာ အလွှဲ/အထုတ်ရတော့မှာဖြစ်ပါတယ် ။ငေ...
08/09/2022

ဝေ့မန်းနီးငွေလွှဲများသိစေရန်

မနက်ဖြန် 9-9-2022 မှစပြီး
ငွေထုတ်သူရဲ့ မှတ်ပုံတင်အမှန်ဖြင့်သာ
အလွှဲ/အထုတ်ရတော့မှာဖြစ်ပါတယ် ။

ငွေလွှဲပေးသူများကလည်း
မိမိရဲ့ မှတ်ပုံတင်အမှန်ထည့်ပေးပြီး
ငွေလွှဲပေးကြရတော့မှာဖြစ်ပါတယ် ။

ဒါကြောင့် ဝေ့မန်းနီးနဲ့ငွေလွှဲမယ်ဆိုရင်
မိမိငွေလွှဲလိုသူ ထုတ်မယ့်သူရဲ့မှတ်ပုံတင်အမှန်ပေးပြီး
စစ်မှန်မှသာ ဆိုင်ကထုတ်ပေးတော့မှာဖြစ်ကြောင်းပါခင်ဗျာ ။

လျို့ဝှက်နံပါတ်ကို ဝေ့ကုမ္ပဏီမှ အော်တီစနစ်ဖြင့်
ငွေထုတ်သူဖုန်းနံပါတ်ထဲ တိုက်ရိုက်ချပေးသွားမယ်လို့
သိရပါတယ် ။

ဖုန်းနံပါတ်သေချာစစ်ပီး ပို့ကြပါ
မှားရင် ဘစိုင်း ဖြစ်မှာ သိဘို့🤧🤧

ခံဝန်ထိုးပြီး အိမ်ပြန်ဖို့စိတ်ကူးမရှိဘူးလို့ ပြတ်ပြတ်သားသားပြောလိုက်တဲ့ ရှမ်းတိုင်းရင်းသားအဆိုတော် ထျန်ခေး"ချစ်လွန်းလို့...
31/08/2022

ခံဝန်ထိုးပြီး အိမ်ပြန်ဖို့စိတ်ကူးမရှိဘူးလို့ ပြတ်ပြတ်သားသားပြောလိုက်တဲ့ ရှမ်းတိုင်းရင်းသားအဆိုတော် ထျန်ခေး

"ချစ်လွန်းလို့ပါ"သီချင်းနဲ့ပရိသတ်တွေ ရင်ထဲရောက်ရှိလာခဲ့တဲ့ အဆိုတော် ထျန်ခေး ကိုတော့ အားလုံးပဲ မှတ်မိကြမှာပါ။
ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ထျန်ခေး ဟာ အမှန်တရားကိုလည်း ချစ်မြတ်နိုးတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ထျန်ခေးဟာ ပရိသတ်ပြည်သူနဲ့အတူ အမှန်တရားဘက် ရပ်တည်ပေးခဲ့တာကြောင့်လက်ရှိအချိန်ထိ ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆို ခံထားရဆဲဖြစ်ပြီးတော့ ဘေးကင်းရာတစ်နေရာမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ဒါပေမဲ့လည်း ခံဝန်ထိုးပြီး စကစနဲ့ လုံးဝပြန်လည်ပူးပေါင်းသွားဖို့ လုံးဝမရှိဘူး လို့ ထျန်ခေးက သူရဲ့ Facebook စာမျက်နှာထက်မှာ အခုလို ခပ်ပြတ်ပြတ် ရေးသားထားပါတယ်.....

“ကျန်တော်လည်း ကျန်တော်ကိုချစ်တဲ့သူ သတိရတဲ့သူ အားလုံးကို သတိရပါတယ် … တချို့လည်း ခံဝန်ထိုးပြီး အိမ်ပြန်ဖို့တိုက်တွန်းတယ်တချို့လည်း ပြည်ပ ကိုထွက်ခွာဖို့တိုက်တွန်းတယ်ဘာအမှားမှမလုပ်ခဲ့တာမို့ ခံဝန် ပြန်ထိုးဖို့ စခ တွေကို အောက်ကျတောင်းပန်ဖို့ အတွေးတွေ တစ်စက်မှမရှိဘူး … နိုင်ငံရပ်ခြားကို သွားရောက်ခိုလုံ
အကူညီတောင်းဖို့ စိတ်ကူးတစ်စက်မှ မ ရှိပါဘူး …ဒီနိုင်ငံဟာ ကျန်တော်နိုင်ငံ ဒီရှမ်းပြည်ဟာ ကျန်တော့်ပြည်ဒီမြေဟာ ကျန်တော်မြေ ဒီလူမျိုးစုဟာကျန်တော့် ရဲ့လူမျိုးစု ဖြစ်တဲ့အတွက် ကျန်တော် လုပ်သင့်လုပ်ထိုက်တာကောင်းတဲ့အရာတွေကို ‌လုပ်သွားမှာပါ …ဒီနေ့ဒီအချိန်အထိ ‌ကောင်းတာ လုပ်ခဲ့တာမို့ ဘာအခက်အခဲမှလည်းမရှိဘူး …၅၀၅ နဲ့ဖမ်းမိန့်ထွက်တာတောင် ရောက်တဲ့နေရာတိုင်းမှာလည်း ကူညီဖေးမသူတွေ အသင့်ရှိနေခဲ့တယ် ....
ဒီရွေးချယ်မှူ့ ‌‌အတွက် ကြောက်လည်းမကြောက်ဘူးနောင်တလည်းမရဘူးနောက်လည်းမဆုတ်ဘူးတိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့အမျိုး ဘာသာ အတွက် ရပ်တည်ဖို့ဆုံးဖြတ်ချက်ချထားပါတယ် … မြို့ပြပေါ် ပြန်မနေ ‌ရချင်နေပါ …ဒီတောတောင် သဘာဝတွေနဲ့ကျန်တော်အတွက် အဆင်ပြေပါတယ် …တခါတလေ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ အနုပညာအလုပ် နယ်ပယ်က လုပ်‌ဖော်ကိုင်ဖက်တွေလွမ်းမိတဲ့ စိတ်လေးတော့ရှိတာပေါ့ဗျ …စိတ်ပူစရာမရှိပါဘူး …အစစအရာရာ အဆင်ပြေပါတယ်ဗျာ …”
ဆိုပြီး ရေးသားဖော်ပြထားတာကို တွေ့ရပါတယ်။အဆိုတော် ထျန်ခေး ကတော့ ခံဝန်ထိုးပြီး သီချင်းတွေပြန်ဆိုဖို့မရှိဘူးဆိုတဲ့ သူ့ရဲ့ပြတ်သားတဲ့ စိတ်ဓာတ်ကို ထုတ်ဖော်ပြသလိုက်တာဟာ ကျေးဇူးတင်လေးစားဖို့ကောင်းလွန်းပါတယ်။ ထျန်ခေး နဲ့အတူ 505 Artist ပြည်သူ့Artist များအားလုံး ကျန်းမာဘေးကင်းလုံခြုံကြပါစေ…

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Thadin Kaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share