Thi Pyi Lar သိပြီလား

Thi Pyi Lar သိပြီလား Interesting Enntertainment Channel

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့မရဲစခန်း လက်ပစ်ဗုံး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ၊ ရဲတချို့ သေဆုံး ဒဏ်ရာရရန်...
03/06/2023

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့မရဲစခန်း လက်ပစ်ဗုံး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ၊ ရဲတချို့ သေဆုံး ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့မရဲစခန်း ကို မနေ့က(ဇွန်၂)ရက် ညပိုင်းမှာ အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတချို့က လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"မနေ့ကည(၈)နာရီကျော်လောက်မှာ ရဲစခန်းဘက်က ဗုံးပေါက်သံလို အသံအကျယ်ကြီးတွေ ကြားရတယ်၊ သေနတ်ပစ်သံတွေလည်း ဆက်တိုက်ကြားရတယ်၊ ရဲစခန်းကို လာပစ်သွားတာ၊ စခန်းကင်းကျနေတဲ့ တပ်ကြပ်ကြီးတစ်ယောက်နဲ့ တပ်သားတစ်ယောက်တော့ ဒဏ်ရာရတယ်၊ စခန်းဘက်ကတော့ ဒဏ်ရာရတစ်ယောက်မှ မရှိဘူးလို့ ပြောနေတယ် ဒါပေမယ့် လူနာတင်ကားတွေ ဝင်သွားတာကို အနားကလူတွေ အားလုံးတွေ့တယ်" လို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မြို့မရဲစခန်းအနီးမှာ နေထိုင်သူတစ်ယောက်က ပြောပါတယ်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၁)ရပ်ကွက်၊ ပဲခူးမြစ်လမ်းက မြို့မရဲစခန်းကို မနေ့က ည(၈)နာရီ(၄၅)မိနစ်အချိန်မှာ ကုလားဝဲတံတားဘက်က မောင်းနှင်လာတဲ့ မော်တော်ယာဉ်တစ်စီးပေါ်ကနေ လက်ပစ်ဗုံး(၂)လုံးနဲ့ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲစခန်းဝင်းအတွင်းကို တစ်လုံးတိုက်ရိုက် ထိမှန်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ လာရောက်ပစ်ခတ်တိုက်ခိုက်သူတွေကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့မရဲစခန်း က ကင်းတာဝန်ကျနေတဲ့ ရဲတပ်ကြပ် အောင်မြင့် နဲ့ ရဲတပ်သား သိန်းလင်းအောင် တို့က ခုခံတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

မနေ့ညက တိုက်ခိုက်မှုကို Devils Clan Urban Force အဖွဲ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ခုနှစ် ဒီဇင်ဘာ(၂၂)ရက်နေ့ကလည်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့မရဲစခန်းကို လက်နက်ကိုင်ဆောင်ထားသူတချို့က လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတစ်ယောက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

Photo- Social Media (ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ရဲစခန်းပုံ

ပြည်သူတွေရဲ့ ခုခံတော်လှန်စစ်(၂)နှစ်တာကာလအတွင်း ရန်ကုန်တိုင်းစစ်ဒေသခွဲ တော်လှန်ရေး အင်အားစုတွေက မြို့ပြစစ်ဆင်ရေးပေါင်း (၂...
03/06/2023

ပြည်သူတွေရဲ့ ခုခံတော်လှန်စစ်(၂)နှစ်တာကာလအတွင်း ရန်ကုန်တိုင်းစစ်ဒေသခွဲ တော်လှန်ရေး အင်အားစုတွေက မြို့ပြစစ်ဆင်ရေးပေါင်း (၂၀၀၀) ကျော်ဆောင်ရွက်နိုင်ခဲ့ ဗိုလ်မှူးကြီးအဆင့်တွေ အပါအဝင်သေဆုံးမှု (၆၀၀) ကျော်၊ ထိခိုက်ဒဏ်ရာရရှိမှု (၉၀၀) ကျော်အထိရှိခဲ့

အာဏာသိမ်းစစ်အုပ်စုကို ခုခံတော်လှန်ခဲ့တဲ့ (၂)နှစ်တာကာလအတွင်း ရန်ကုန်တိုင်းစစ်ဒေသခွဲ အထူးစစ်ဆင်ရေးအဖွဲ့ (S.O.F)၊ Special Task Force (S.T.F)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေနဲ့အခြားသောတော်လှန်ရေး အင်အားစုတွေက မြို့ပြစစ်ဆင်ရေးပေါင်း (၂,၀၀၀) ကျော်ကို ဆောင်ရွက်နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲ ဆီကသိရပါတယ်။

စစ်ကောင်စီဘက်က ဗိုလ်မှူးကြီးအဆင့်တွေ အပါအဝင်သေဆုံးမှု (၆၀၀) ကျော်၊ ထိခိုက်ဒဏ်ရာရရှိမှု (၉၀၀) ကျော်အထိရှိခဲ့သလို စစ်ရေးပစ်မှတ် (၁၀၀၀) ကျော်၊ အုပ်ချုပ်ရေးပစ်မှတ် (၈၀၀) ကျော်နဲ့ စီးပွားရေးပစ်မှတ် (၂၀၀) ကျော်ပါဝင်ခဲ့ပါတယ်။

အထူးစစ်ဆင်ရေးလှုပ်ရှားမှု အကြိမ်ရေ (၅၀)၊ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ (၅၀၀) ကျော်နဲ့ ဖောက်ခွဲတိုက်ခိုက်မှုပေါင်း (၁,၅၀၀) ကျော်ဖော်ဆောင်ခဲ့ပါတယ်။

စစ်ဆင်ရေးအတွင်း မတော်တဆထိခိုက်မှုတွေ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် တော်လှန်ရေးရဲဘော်တွေဘက်ကကျဆုံးရဲဘော် (၈၀) ကျော်၊ ထိခိုက်ဒဏ်ရာရရှိသူ (၁၀၀) ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံရသူ (၁၀၀၀) ကျော်ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဒေသခွဲ စစ်ဆင်ရေးဆောင်ရွက်ခဲ့မှုအခြေအနေတွနဲ့ စပ်လျဉ်းပြီး သတင်းထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မြို့ပြပြောက်ကျားစစ်ဆင်ရေးတွေနဲ့ တောတွင်းကျေးလက်စစ်ဆင်ရေးတွေကို နည်းဗျူဟာကျကျ ဟန်ချက်ညီစွာ ပေါင်းစပ်ပြီး တိုက်ပွဲများဖော်ဆောင်နိုင်ဖို့ ရန်ကုန်တိုင်းစစ်ဒေသခွဲရဲ့ ပထမဆုံးတပ်ရင်းဖြစ်တဲ့ တပ်ရင်း ၅၁၀၁ ကိုလည်း ဖွဲ့စည်းပြီးဖြစ်တယ်လို့ NUG ကထုတ်ပြန်ကြေညာထားပါတယ်။

Photo-ရန်ကုန်အတွက် အလင်းစက်

စစ်လက်နက်သုံး ပစ္စည်းတွေနဲ့အတူ တပ်သား စသိန်းအောင်  PDF-Zoland အဖွဲ့ဆီ လာရောက်ခိုလှုံစစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့...
03/06/2023

စစ်လက်နက်သုံး ပစ္စည်းတွေနဲ့အတူ တပ်သား စသိန်းအောင် PDF-Zoland အဖွဲ့ဆီ လာရောက်ခိုလှုံ

စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ တပ်သား စသိန်းအောင် ဟာ သေနတ်၊ ကျည်အိမ်တွေ၊ ကျည်ဆံတွေနဲ့အတူ PDF-Zoland အဖွဲ့ဆီကို မေလ (၃၁) ရက်နေ့က လာရောက် ခိုလှုံခဲ့တယ်လို့ သူတို့က ဒီနေ့မှာ ပြောပါတယ်။

လာရောက် ခိုလှုံသူဟာ ချင်းပြည်နယ်၊ တီးတိန်မြို့တပ်ကုန်း၊ ခြေလျင်တပ်ရင်း ၂၆၉ က တပ်သားတစ်ယောက် ဖြစ်ပါတယ်။

တပ်သား စသိန်းအောင် ကို PDF-Zoland အဖွဲ့က မြန်မာငွေကျပ် သိန်း (၅၀) ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

"ယခုအခါ PDF Zoland မှ ဦးစသိန်းအောင် အား Safe zone တစ်နေရာတွင် ထိန်းသိမ်းစောင့်ရှောက်ထားသည်။" လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Photo- PDF-Zoland

ချင်းပြည်နယ်၊ မင်းတပ် အခြေစိုက် ခလရ ၂၇၄ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးထက်ပိုင်တိုး စနိုက်ပါ ထိမှန် သေဆုံးချင်းပြည်နယ်၊ ...
02/06/2023

ချင်းပြည်နယ်၊ မင်းတပ် အခြေစိုက် ခလရ ၂၇၄ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးထက်ပိုင်တိုး စနိုက်ပါ ထိမှန် သေဆုံး

ချင်းပြည်နယ်၊ မင်းတပ် အခြေစိုက် ခလရ ၂၇၄ မှ ဒုတပ်ရင်းမှူး (2iC) ဗိုလ်မှူး စိုးထက်ပိုင်တိုး စနိုက်ပါထိမှန်သေဆုံးသွားကြောင်း သိရှိရသည်။

မေလ ၃၁ ရက်နေ့တွင် မင်းတပ် အခြေစိုက် အမှတ် ၂၇၄ ခြေလျင်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးထက်ပိုင်တိုးသည် စနိုက်ပါ ထိမှန်၍ ပွဲချင်းသေဆုံးသွားကြောင်း၊ သေဆုံးချိန်တွင် ဇနီးနှင့် သားတစ်ဦး ကျန်ရစ်ကြောင်း သိရှိရသည်။

" 2ic စိုးထက်ပိုင်တိုး မနေ့က စနိုက်ပါထိပြီး ပွဲချင်းပြီး သေပါတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

မိတ္ထီလာလေတပ်တွင် ကျည်ဆန်ထည့် မောင်းချိန်ထားသည့် သေနတ်ဖြင့် စနောက်ရာမှ တပ်ကြပ် အိဖြူခိုင် ကျည်ထိမှန်သေဆုံးမန္တလေးတိုင်း၊...
01/06/2023

မိတ္ထီလာလေတပ်တွင် ကျည်ဆန်ထည့် မောင်းချိန်ထားသည့် သေနတ်ဖြင့် စနောက်ရာမှ တပ်ကြပ် အိဖြူခိုင် ကျည်ထိမှန်သေဆုံး

မန္တလေးတိုင်း၊ မိတ္တီလာလေတပ်တွင် ကျည်ဆန်ထည့် မောင်းချိန်ထားသည့် သေနတ်ဖြင့် အချင်းချင်း စနောက်ကြရာမှ တပ်ကြပ် အိဖြူခိုင် ကျည်ထိမှန်သေဆုံးသွားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

မေလ ၃၀ ရက်နေ့တွင် ကျည်ဆန်ထည့် မောင်းချိန်ထားသည့် သေနတ်ဖြင့် ပစ်ခတ်သည့်ပုံစံ စနောက်ကြရာမှ ကျည်ထွက်ပြီး တပ်ကြပ် အိဖြူခိုင်ကို ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ သေနတ်မောင်းချိန်၍ စနောက်ခဲ့သူကိုလည်း ဖမ်းဆီးအချုပ်ချထားကြောင်း သိရှိရသည်။

"သူနဲ့ ရင်းနှီးတဲ့ စစ်သားက သေနတ်ကျည်ထိုးထားတာကို မသိဘဲ သွားစတာ။ ကျည်ထွက်ပြီး အိဖြူခိုင်ကို မှန်တယ်။ တစ်ခါတည်း ပွဲချင်းပြီး ဆုံးပါတယ်။ စနောက်သူလည်း အဖမ်းခံထားရတယ်" ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။

မိတ္တီလာလေတပ်မှ တပ်ကြပ် အိဖြူခိုင်သည် အိမ်ထောင်မရှိ အပျိုတစ်ဦးဖြစ်ပြီး ၎င်း၏ နာရေးတွင် ကျန်ရစ်သူ မိသားစုကိုပါ ဆင့်ခေါ် အကြောင်းကြားခဲ့ကြောင်း၊ စနောက်သူကိုလည်း လူသေမှု အပြင် စစ်စည်းကမ်းများဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်ထောက်ခံပြီး ထိပ်တန်းစစ်ဗိုလ်ချုပ်များနှင့်ရင်းနှီးသူ၊ စစ်ကောင်စီ အတွက် အလုပ်လုပ်ပေးနေသူ  မဘသနှင့်အမျိုးသားရေး အစွန...
30/05/2023

စစ်တပ်ထောက်ခံပြီး ထိပ်တန်းစစ်ဗိုလ်ချုပ်များနှင့်ရင်းနှီးသူ၊ စစ်ကောင်စီ အတွက် အလုပ်လုပ်ပေးနေသူ မဘသနှင့်အမျိုးသားရေး အစွန်းရောက်အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး ဆေးရုံတွင် အရေးပေါ် ကုသနေရ

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်တွင် စစ်တပ်ထောက်ခံပြီး ထိပ်တန်း စစ်ဗိုလ် ချုပ် များနှင့်ရင်းနှီးသူ စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူ မဘသနှင့် အမျိုးသားရေး အစွန်းရောက် အဖွဲ့ဝင် VIP လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး ဆေးရုံတွင် အရေးပေါ် ကုသနေရကြောင်း သိရှိရသည်။

မေလ ၂၉ရက် ည ၇ နာရီအချိန် ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရန်အောင် လမ်း၊ တိုက်အမှတ်၂၆၅ နေထိုင်သူ စစ်တပ်ထောက်ခံသူ၊ မဘသနှင့် အမျိုးသားရေးအစွန်းရောက် အဖွဲ့ဝင် လီလီနိုင်ကျော်ကို မြိုပြပျောက်ကြားတပ် ဖွဲ့က ပစ်ခတ်ခဲ့ကြောင်း၊ လီလီနိုင်ကျော်သည် စစ်ကောင်စီ ၏ စစ်ခေါင် းဆောင်ပိုင်းများနှင့်ထဲထဲဝင်ဝင် ရင်းနှီးသူဖြစ်ပြီး တော်လှန်ရေးရဲဘော်များ၏ သတင်းအချက်လက်များနှင့် တော်လှန်ရေး လှုပ်ရှား မှုများကို စစ်တပ်အတွက် စုံစမ်းထောက်လှမ်းပေးသူဖြစ်ကြောင်း ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့က ပြောဆိုသည်။

"ပစ်တဲ့အချိန် မေးစေ့ဖောက်ထွက်ဒဏ်ရာနဲ့ ဒဏ်ရာပြင်းပြင်း ထန်ထန် ရသွား တယ်လို့သိရတယ်။ သေနိုင်တယ်လို့လည်းပြောတယ်" ဟု ဒေသ ပြည်သူ တစ်ဦးက ပြောသည်။

လီလီနိုင်ကျော်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း နွေဦးတော်လှန် အရှိန် အဟုန်မြင့် စတင်ချိန်မှ စပြီး အေးချမ်းစွာဆန္ဒပြကြသည့်အများ ပြည်သူ လူထုများ၊ သပိတ်လူငယ်များ နှင့် ရပ်ကွက်အတွင်း သံပုံးတီးဆန့် ကျင် သည့် နေအိမ်များကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးစေရန် သတင်းပေး၍ ဖမ်းဆီး စေခြင်း၊ ရန်ကင်းမြို့နယ်အတွင်း ရန်ကင်း ၁၂လုံးတန်းမှ တော်လှန်ရေး လူငယ် များ အပါအ၀င် ရွှေအုန်းပင်မှ‌ တော်လှန်ရေးလူငယ်များ၏ သတင်းအချက် အလက်များကို စစ်ကောင်စီထံ သတင်းပေးခြင်းများ လုပ်ဆောင်ခဲ့သည့် သက်သေအထောက် အထားများရရှိထားကြောင်း သိရှိရသည်။

ထို့ပြင် လီလီနိုင်ကျော်သည် အကြမ်းဖက်စစ်ကောင်စီမှ ဒုတိယ ဗိုလ်ချုပ်မှူး ကြီးစိုးဝင်း၊ ဗိုလ်ချူပ် ဇော်မင်းထွန်းနှင့် တခြားသော စစ်ခေါင်းဆောင်တို့နှင့် ထိတွေ့ ဆက်ဆံနေသူဖြစ် သည့်အပြင် အကြမ်းဖက် စစ်ကောင်စီ၏ လက်ဝေခံ တယ်လီဂရမ် သတင်းချန်နယ် မီဒီယာများသို့ တော်လှန်ရေးရဲဘော်များ၏ အချက်လက်များကိုလည်း သတင်းပေးနေသူဖြစ်ကြောင်း၊ လီလီနိုင်ကျော်သည် ၇၈ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့လည်း VIP နံပါတ် ၉၇၄ လည်ဆွဲကတ် ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

26/05/2023

PDF တွေကို စစ်သင်တန်းပေးနေတဲ့ စစ်သားဟောင်း ဗိုလ်ယက္ခ
(ခင်မိုးညို)
~~~
■ “ ရှေ့တန်းစစ်မြေပြင်ထွက်သွားတယ်။ အဲဒီမှာခြေကျိုး၊ လက်ပြတ်နဲ့ နောက်ဆုံးတော့ စာအုပ်ရောင်းရတာပဲ အဖတ်တင်တယ်။ မိမိတို့ရဲ့ကျောတစ်ခင်းစာတောင်မရတဲ့ဘဝတွေနဲ့ ကြုံတွေ့ရတယ်။ အဲဒါ စစ်တပ်ရဲ့လောကပဲ။ အဲတော့ ဒီလောကတွေ မမျှတတဲ့လောကကြီးထဲမှာ တစ်သက်လုံးရှင်သန်ကြမလား။ ဘဝတွေအကုန်လုံးနစ်မြှုပ်ခံရမလား။ တရားမျှတတဲ့မိုင်တိုင်တစ်ခုကို သွားကြပါ။”

ဒါကတော့ စစ်ကောင်စီတပ်ကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ ကူးပြောင်းလိုက်တဲ့ ဗိုလ်ယက္ခပြောနေတာဖြစ်ပါတယ်။ သူက မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို စစ်ပညာပို့ချပေးနေတဲ့ နည်းပြဆရာဖြစ်နေပါပြီ။

ဧရာ၀တီတိုင်းဇာတိဖြစ်တဲ့ ဗိုလ်ယက္ခဟာ လသား ကတည်းက အမိမဲ့သားအဖြစ် ကြီးပြင်းလာရသူပါ။ ရုပ်ရှင်ဗီဒီယိုတွေထဲကမြင်ရတဲ့ တပ်မတော် သားတွေကိုအားကျရာကနေ သူ့အသက် ၁၅ နှစ်အရွယ်မှာ သူ့သဘောဆန္ဒနဲ့ တပ်ထဲဝင်ခဲ့တာပါ။

တပ်ထဲမှာ အနေကြာလာတဲ့အခါ သူထင်ထားတာနဲ့ ပကတိအခြေအနေမတူတာကို သိလိုက်ရတဲ့အချိန်မှာ တပ်ထဲက ထွက်ခွင့်တောင်းခဲ့ပေမယ့် မရတော့ပါဘူး။ သူဟာ တပ်ထဲမှာ တပ်ကြပ်ကြီးရာထူးနဲ့ အသက် ၅၀ အရွယ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီကို ပြည်သူတွေ လက်နက်ကိုင်ခုခံတော်လှန်လာတဲ့အချိန်မှာတော့ သူက တပ်ကိုကျောခိုင်းလိုက်ခဲ့တာပါ။

စစ်သားဘဝနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ရန်သူလိုသဘောထားတိုက်ခဲ့ရပြီး အခုတော့ တိုင်းရင်းသား တွေက ပြည်သူ့ဘက်ကဆိုတာ နားလည်လာတယ်လို့ ဗိုလ်ယက္ခက ပြောပြပါတယ်။

“ ကျွန်တော် ၁၅ နှစ်သားနဲ့စစ်တပ်ထဲကိုဝင်ခဲ့တယ်။ တအားကြီးကိုဆိုးဝါးတယ်လို့ပြန်ခံစားရတယ် ကျန်ခဲ့တဲ့အတိတ်က။ ဘာလို့ဆိုတော့ ကျွန်တော်တစ်ချိန်တုန်းက သတ်မှတ်ခဲ့တဲ့ရန်သူတွေဆိုပြီးတော့သဘောထားမိပြီးတော့မှ ကျွန်တော်ကြမ်းတမ်းခဲ့တဲ့သူတွေက အခုအချိန်မှာ ကျွန်တော်တို့နဲ့ မဟာမိတ်ဖြစ်နေပြီး ပြည်သူ့ဘက်ကရပ်တည်နေတာ။ အဲဒါတစ်ကယ်မှန်ကန်ပါလားဆိုတာအခုချိန်မှ ကျွန်တော် ပေါ်ပေါ်တင်တင်သိလိုက်ရတာ။ အခုဆိုရင် KNU၊ KIA တို့က ကျွန်တော်တို့ PDF အားလုံးကို လေ့ကျင့်ရေးပညာတွေ၊ စစ်ရေးပညာတွေ၊ ဒါအကုန်လုံးသင်ပေးနေကြတယ် တိုက်ခိုက်ရေးစနစ်တွေမြင့်တက်အောင်လို့။ ကျွန်တော်တို့ PDF တွေကို သင်တန်းတွေပို့ချပေးနေတယ်။”

ဒါကြောင့် တိုင်းရင်းသားတွေကို တောင်းပန်တယ်လို့ သူကပြောပါတယ်။

“အဲဒီတော့ သူတို့ကို ကျွန်တော်ပြောချင်တာ ကျွန်တော်လုံးဝတောင်းပန်ပါတယ်။ တစ်ချိန်တုန်းက ကျွန်တော်ကိုယ်တိုင်လည်း ဂျင်းထည့်ခံခဲ့ရတဲ့အတွက် ကျွန်တော်စစ်တပ်ထဲမှာထဲထဲဝင်ဝင်လုပ်ခဲ့တယ်။ ပြည်သူ့ဘက်ကရပ်တည်တဲ့ စစ်တပ်ဆိုပြီးတော့မှ ကျွန်တော်အကြွင်းမဲ့ယုံကြည်ခဲ့လို့ ကျွန်တော် မှားယွင်းခဲ့တာကို KNU၊ KIA မိတ်ဆွေများကိုလည်း ကျွန်တော် အနူးအညွတ်တောင်းပန်ပါတယ်။”

ဗိုလ်ယက္ခ စစ်တပ်ထဲမှာရှိခဲ့တုန်းက သူတို့နာခံခဲ့ရတဲ့ တပ်တွင်းဝါဒဖြန့်ချီရေးတွေအကြောင်းကိုလည်း ပြောပြပါတယ်။

“ကျွန်တော်တို့ ဧရာဝတီတိုင်း တိုင်းမှူးဖြစ်ခဲ့တဲ့ ဦးသူရရွှေမန်းဆိုလို့ရှိရင်လည်း ကျွန်တော်တို့ ခမရ ၅၃၄ ခြေမြန်တပ်ရင်းကိုလာတယ်။ ဒါဘာတွေ စီးကော်တွေလုပ်တယ်။ ဒါဘာမှာလည်း ကျွန်တော်တို့ကိုအမြဲတမ်းပြောတယ်။ နင်တို့ကို တပ်မတော်ကပဲ ထောက်ပံ့ပေးတာ၊ လစာပေးတာ။ တပ်မတော်ကို အကြွင်းမဲ့ယုံကြည်ဖို့။ တပ်မတော်မပါဘဲနဲ့ ဘယ်အရာမှမပြီးဘူးဆိုတဲ့အတိုင်းအတာမျိုးတွေကို ခဏခဏ ပြောတယ်။ ဗုဒ္ဓဘာသာနိုင်ငံကို မိန်းမအုပ်ချုပ်လို့မရဘူး။ မိန်းမအုပ်ချုပ်ခဲ့လို့ရှိရင် တိုင်းပြည်ပျက်မှာတို့ ဘယ်ပုံစံဖြင့် ငလျင်အကြီးအကျယ်ကြီးလှုပ်မှာတို့ ဒီလိုမျိုးတွေ ခင်ဗျားတို့မြင်ချင်လား အဲဒီလိုမျိုးတွေကအစ မေးခွန်းတွေထုတ်ပြီးတော့မှ သူတို့ဘက်ကပြောဆိုလာတယ်။"

အခုဆိုရင် ဗိုလ်ယက္ခဟာ လူငယ်ပေါင်း နှစ်ထောင်လောက်ကို စစ်ပညာသင်ပေးခဲ့ပြီးပြီလို့ဆိုပါတယ်။ မြိုင်ဒေသက လူငယ်တွေဘာကြောင့် စစ်ကောင်စီကိုတော်လှန်ချင်တဲ့သူတွေဖြစ်လာရတာလဲဆိုတာနဲ့ပတ်သက်လို့ သူ့အမြင်ကိုပြောပြပါတယ်။

“ ဂိမ်းဆော့တဲ့လက်ကလေးတွေ နောက်ပြီးတော့မှ စာကျက်တဲ့ဦးနှောက်နဲ့ကလေးတွေက အဲဒီစာတွေ၊ ဂိမ်းတွေဆီကိုမရောက်နိုင်တော့ဘဲနဲ့ တောထဲလာပြီးတော့မှ လူသတ်လက်နက်တွေကိုင်နေရတာ ဘာကြောင့်လဲ။ သူတို့က ဒီတိုင်းတော့ ကျွန်တော်တို့မခံနိုင်တော့ဘူး ဆရာရေတဲ့ ကျွန်တော်တို့ ဒီအတိုင်းသာဆိုရင်တော့ ကျွန်တော်တို့မှာလည်း နှမတွေရှိတယ်။ နောက်ပြီးတော့ ကျွန်တော်တို့အိမ်တွေလည်းမီးရှို့ခံနေရပြီ။ နောက်ပိုင်း လူသတ်၊ မုဒိမ်းကျင့်တွေပါဖြစ်လာပြီ ဆရာ။ ကျွန်တော်တို့လည်း တိုက်ပွဲဝင်မယ်ဆိုတော့ သူတို့တွေတင်မဟုတ်ဘူး သူတို့နှမတွေပါ အဲ့သလိုဝင်ခိုင်းတာ။ အဲဒါမြင်တော့ ကျွန်တော့်ရင်ထဲမှာတောင် ငိုမိတယ်။”

သူဟာ မတူတဲ့လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုမှာ ပါဝင်ဖြတ်သန်းခဲ့တဲ့သူဖြစ်ပါတယ်။ ဒါကြောင့် လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူနဲ့ဆက်ဆံတဲ့အခါမှာ သတိပြုသင့်တဲ့အချက်တွေကိုလည်း ပြောပြပါတယ်။

“ပြည်သူမပါရင်ဘယ်အရာမှ အဆင်မပြေဘူးဆိုတာတစ်ခုထဲပဲ ကျွန်တော်တို့မှာရှိတယ်။ အဲတော့ ပြည်သူမပါရင် ဘယ်အရာမှ အဆင်မပြေတာတွေ အကုန်လုံးသိနေတဲ့အတွက် ပြည်သူလူထုအပေါ်ကို လက်နက်အားကိုးနဲ့အနိုင်ကျင့်တာ၊ ထမင်းကျွေးတဲ့ပြည်သူကို ပြန်ပြီးတော့မှ သေနတ်ပြောင်း အဲဒီပြည်သူ့ဘက်ကိုပြန်မလှည့်မိဖို့ကို အမြဲသတိရှိရှိနဲ့ စောင့်ထိန်းကြပါလို့လည်း ကျွန်တော်ပြောချင်ပါတယ် ခင်ဗျာ့။”

တော်လှန်ရေးဘယ်တော့ပြီးမလဲဆိုတော့ လက်ရှိ စစ်တပ်ထဲက လူတွေအသိစိတ်ဝင်လာရင် ပိုမြန်မယ်လို့ ဗိုလ်ယက္ခက ပြောပါတယ်ရှင်။

“တော်လှန်ရေး အမြန်ဆုံးပြီးနိုင်မယ့်အနေအထားကတော့ စစ်တပ်ထဲက လက်ရှိစစ်မှုထမ်းနေတဲ့ စစ်သားတွေအသိစိတ်တွေ ဝင်လာရင် အမြန်ဆုံးပြီးပါလိမ့်မယ်။ အသိစိတ်တွေဝင်လာကြပါ။ ဘာကြောင့်လဲဆိုတော့ အမှားအမှန်ခွဲခြားနိုင်ရမယ့်အချိန်လည်းရောက်နေပါပြီ။"
https://m.facebook.com/story.php?story_fbid=633603745467698&id=100064542350311&mibextid=Nif5oz

ဧရာဝတီမြစ်အတွင်း ကုန်တင်သင်္ဘောများက PDF များကို အခွန်ပေး၍  စစ်တပ်ထုတ်  ကြံ့နှစ်ကောင် ဘိလပ်မြေများ သယ်ဆောင် မကွေးတိုင်း ...
23/05/2023

ဧရာဝတီမြစ်အတွင်း ကုန်တင်သင်္ဘောများက PDF များကို အခွန်ပေး၍ စစ်တပ်ထုတ် ကြံ့နှစ်ကောင် ဘိလပ်မြေများ သယ်ဆောင်

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ဧရာဝတီမြစ်အတွင်း အစုန်၊အဆန် သွားလာနေသည့် ကုန်စည်တင်သင်္ဘောများက PDF များကို အခွန်ပေး၍ စစ်တပ်ထုတ် ကြံ့နှစ်ကောင် တံဆိပ် ဘိလပ်မြေများကို တင်ဆောင်နေကြောင်း Bright Star Group Defense Force မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

စစ်ကောင်စီ၏ စီးပွားရေးထောက်တိုင်ဖြစ်သည့် ကြံ့နှစ်ကောင် တံဆိပ် ဘိလပ်မြေများကို မင်းသူအောင်- ၁ နှင့် ရေဘုရင်ကြီး ၅ သင်္ဘောများဖြစ်ကြောင်း၊ အဆိုပါ အဖွဲ့များကို စစ်ဆေးရာတွင် တော်လှန်ရေးအဖွဲ့များထံသို့ အခွန်ဆောင်ထားသည့် ပြေစာစာရွက်စာတမ်းများကို တွေ့ရှိရ‌ကြောင်း Bright Star Group Defense Force က ပြောသည်။

“ ရေလယ်ကျွ န်းအဖွဲ့ဂေါင်းကြီးတွေရဲ့ ဖိအားပေးမှုတွေကြောင့် စစ်ကောင်စီ ထောက်တိုင်သင်္ဘောတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလို့ သတိပေးရုံပဲ လုပ်နိုင်ပါတယ် ။ ပြန်မလွှတ်ရင် ပစ်ခတ်မှုလုပ်မယ်လို့ ခြိမ်းခြောက်ခဲ့လို့ပါ။ ကျနော်တို့က တော်လှန်ရေးသမားအချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ် ညွတ်ပဲ စုပေါင်းလက်တွဲပြီး တော်လှန်ရေးကို ရှေ့ဆက်လုပ်ဆောင်စေချင် တာ ကြောင့် သတိပေးရုံပဲ တတ်နိုင်ခဲ့ပါတယ်။ တော်လှန်ရေးအမည်ခံ အဖွဲ့ ဂေါင်းကြီးများရဲ့ ငွေမျက်နှာတစ်ခုကိုကြည့်ကာ ငွေကြေးကောက်ခံထား သော အခွန်စာရွက်ပေါ် မှာ ငွေကျပ် ၂၉ သိန်းနှင့် သိန်း ၂၀ ကျပ် ပြေစာ စာရွက်များ ကို ထပ်ခါထပ်ခါ(အမြဲတ​​​​စေ) စစ်ဆေးတွေ့ရှိရ၍ များစွာစိတ်မကောင်း ဖြစ်မိတယ်” ဟု Bright Star Group Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်တပ်ထုတ်ကုန် ၁၉ မျိုးကို သယ်ယူရောင်းချခြင်းများ မပြုလုပ်ရန် တရားဝင်တားမြစ်ချက် ထုတ်ပြန်ထား ပြီးဖြစ်သော်လည်း လက်ရှိတွင် လိုက်နာမှု အားနည်းမှုများရှိနေကြောင်း သိရှိရသည်။

မိုင်းပွန် ခမရ ၅၁၇ တပ်မှ ဗိုလ်ကြီး မျိုးသီဟ ကရင်နီပြည်နယ် တိုက်ပွဲတွင် သေဆုံး၊ မင်္ဂလာဆောင် အပြီး ၅ လအကြာ တိုက်ပွဲတွင် သ...
23/05/2023

မိုင်းပွန် ခမရ ၅၁၇ တပ်မှ ဗိုလ်ကြီး မျိုးသီဟ ကရင်နီပြည်နယ် တိုက်ပွဲတွင် သေဆုံး၊ မင်္ဂလာဆောင် အပြီး ၅ လအကြာ တိုက်ပွဲတွင် သေဆုံးခဲ့ပြီး အလောင်းပြန်မရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ၅၁၇ တပ်မှ ဗိုလ်ကြီးမျိုးသီဟ သည် ကရင်နီပြည်နယ် အတွင်းတိုက်ပွဲတွင် သေဆုံးသွားပြီး အလောင်း ပြန်မရကြောင်း မိသားစုနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

မေလ ၂၀ ရက်နေ့ နံနက် ၅ နာရီအချိန် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲတွင် ဗိုလ်ကြီးမျိုးသီဟ သေဆုံးသွားခြင်းဖြစ်ပြီး အလောင်းပြန်မရဘဲ နေအိမ်ကိုသာ စစ်တပ်က အကြောင်းကြားလာကြောင်း၊ ဗိုလ်ကြီး မျိုးသီဟသည် ယခုနှစ် ဖေဖော်ဝါရီလအတွင်း မင်္ဂလာဆောင်ခဲ့ပြီး ၅ လအကြာ မေလ ၂၀ ရက်နေ့တွင် တိုက်ပွဲတွင် သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

"သိရသလောက်တော့ မင်္ဂလာဆောင်ပြီးတော့ ခွင့်တောင် သိပ်မရလိုက်ဘူး။ ရှေ့တန်း ထွက်ခိုင်းတာလို့သိရတယ်။ အခု နာရေးကတော့ တပ်ထဲမှာ အလောင်း ပြန်မရဘူး။ မိုင်းပွန် ခမရ ၅၁၇ က ဗိုလ်ကြီးမျိုးသီဟ။ သူ့အမျိုး သမီးဆို ရင်တွေကွဲပေါ့။ မိုင်းပွန်နယ်မှာ အဲဒီ တပ်တစ်ခုပဲရှိတာ" ဟု မိသားစု နှင့်နီးစပ်သူ မိတ်ဆွေက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ တပ်များအားလုံးကို ကရင်နီ ပြည် နယ်ထဲသို့ လည်းကောင်း၊ ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ် အစပ်တွင် လည်းကောင်း အင်အား အလုံးအရင်းဖြင့် ချထားကာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လျက်ရှိကြောင်း၊ သို့ရာတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှု အလွန်များပြားနေပြီး တပ်ရင်းမှူး၊ ဗျူဟာမှူးမှစ၍ အရာရှိများအပါအဝင် စစ်သားများ သေဆုံးနေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

PDF စခန်းများနှင့်စစ်ကြောင်းများ ဘာ့ကြောင့် တိတိကျကျတိုက်ခိုက်ခံနေရလဲ"စစ်ကောင်စီတပ် အသုံးပြုနေသည့် DF ခေါ် Directional  ...
20/05/2023

PDF စခန်းများနှင့်စစ်ကြောင်းများ ဘာ့ကြောင့် တိတိကျကျတိုက်ခိုက်ခံနေရလဲ

"စစ်ကောင်စီတပ် အသုံးပြုနေသည့် DF ခေါ် Directional Finder စက်အမျိုးအစားသည် တိုင်းရင်းသားလက်နက်ကိုင်များ အချင်းချင်းပြောဆို ဆက်သွယ်သောလှိုင်းနုန်းများကို Scanဖတ်ပြီး ရရှိလာသောလှိုင်းနှုန်း၏ အရပ်ဒေသကိုသိရှိရန်အတွက် Google Map ပေါ်တွင်တင်၍စက်လှိုင်းနှုန်းထုတ်လွင့်မှုတည်နေရာကိုရှာဖွေနိုင်"
=================================
အောင်ဇေ

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် လွန်ခဲ့သော ၁၀စုနှစ်တခုအတွင်း Cyber Warefare ခေတ်မှိနည်းပညာဆက်သွယ်ရေးနှင့်ကြားဖြတ်ဖမ်းခြင်းများ Jummer များကို အစ္စရေး၊ ဩစတြေးလျနှင့်တရုတ်နိုင်ငံများ မှ ဝယ်ယူပြီး စတင်အသုံးပြုလာခဲ့ပါသည်။ ထိုနိုင်ငံများမှဝယ်ယူထားသောစက်ပစွည်းများတွင် ဆက်စွယ်ရေးစက်များကို ကြားဖြတ်ဖန်းယူနိုင်သောစက်များ ၊ဆက်သွယ်ရေးစက်များ၏ locationများကို ရှာဖွေသောစက်များနှင့် Bomb Jummer များ၊ Frequency jummerများနှင့် နည်းပညာမြင့်မားသော တယ်လီဖုန်းလိုင်းများ ကြားဖြတ်ဖမ်းယူရေးစက်များကို အသုံးပြုလာခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်းများ၏ ဆက်သွယ်ရေးစက်မှပြောဆို နေသောစစ်ရေးလှုပ်ရှားမှုသတင်းများကို ICR6500 ကြားဖြတ်ဖမ်းယူရေးစက်၊ HF intercept ကြားဖြတ်ဖမ်းယူရေးစက်၊ Directional Finder ကြားဖြတ်ဖမ်းယူရေးနှင့် ရပ်ညွန်ရှာဖွေရေးစက်များကိုအသုံးပြုပြီ တိုင်းရင်သားလက်နက်ကိုင်များ၏ စစ်ရေးလှုပ်ရှားမှုများကို အချိန်ပြည့်စောင့်ကြည့်လျက်ရှိပါသည်။

တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက် အဆင့်မြင့်ဆက်သွယ်ရေး တပ်ရင်းများဖွင့်လှစ်ပြီ ၎င်းတပ်အောက်တွင် ကြားဖြတ်ဖမ်းယူရေးတပ်ခွဲတစ်ခွဲဖွဲ့စည်း၍ အရာရှိတစ်ဦး ဦးစီးကာ တိုင်းရင်းသာဘာသာ စကားနားလည်တက်ကျွမ်းသောစစ်သည်များနှင့် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တိုင်ရင်းသားလက်နက်ကိုင်များ၏ သတင်းများနှင့် စစ်ရေးလှုပ်ရှားမှုများကို မျက်ခြေမပြတ်စောင့်ကြည့်နေသည်။

ယခုလက်ရှိ စစ်ကောင်စီ၏ ဆက်သွယ်ရေးတပ်များ ကြားဖြတ်ဖမ်းယူရေးစက်များသည် Frequency များအား Scanလုပ်၍ ကြားဖြတ်ဖမ်းယူရသောကြောင့် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် ဆက်သွယ်ရေးစက်များအသုံးပြုရာတွင် လှိုင်းနှုန်းများအား တသတ်မှတ်တည်း အသုံးပြုခြင်း မပြုရန်နှင့် လှိုင်းနုန်းများအား ပြောင်းလဲအသုံးပြုပြီး ဝှက်စာနည်းများဖြင့်သာ ဆက်သွယ်ပြောဆိုကြရန်လိုအပ်ပါသည်။

Directional Finder စက်အမျိုးအစားအသုံးပြုပြီး စစ်ကောင်စီတပ် လေကြောင်းမှတဆင့် တိတိကျကျ တိုက်ခိုက်လာသည်ဟု ယူဆချက်များကို တွေ့ရှိလာသည်။

ဆောင်းပါး အပြည့်အစုံဖတ်ရန် -------------
https://rednewsagency.com/news/11501 Link ကိုနှိပ်ပါ။

20/05/2023
ရန်ကုန်မြို့ပတ်ရထားပေါ် ပစ်ခတ်မှုနှင့် စွပ်စွဲခံရသူ လူငယ်ငါးဦး သေဒဏ်နှင့် ထောင်တစ်သက်ချခံရ ~~~■ ရန်ကုန်မြို့ပတ်ရထားပေါ်မ...
20/05/2023

ရန်ကုန်မြို့ပတ်ရထားပေါ် ပစ်ခတ်မှုနှင့် စွပ်စွဲခံရသူ လူငယ်ငါးဦး သေဒဏ်နှင့် ထောင်တစ်သက်ချခံရ
~~~
■ ရန်ကုန်မြို့ပတ်ရထားပေါ်မှာ ရထားလုံခြုံရေး ရဲတွေကို ပစ်ခတ်ခဲ့မှုအတွက် လူငယ်ငါးဦးကို မနေ့က မေလ ၁၈ ရက်နေ့ မှာ အင်းစိန်ထောင်တွင်း အထူးတရားရုံးကနေ သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်တွေ အသီးသီးချမှတ် လိုက်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

လူငယ်ငါးဦးဖြစ်တဲ့ ကိုကောင်းပြည့်စုံဦး၊ ကိုကျော်ဝင်းစိုး၊ ကိုဆန်းလင်းမောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့်တို့ကို မြို့ပတ်ရထားပေါ်မှာ ရဲတွေကို ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက်ချမှတ် လိုက်တာ ဖြစ်ပါတယ်။

AAPP ရဲ့ထုတ်ပြန်ချက်တွေအရ ကိုကောင်းပြည့်စုံဦးကို အစိုးရပိုင် လက်နက်နဲ့ ခဲယမ်းမီးကျောက်ကို ခိုးယူရန်ကြံစည်မှု ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) အက်ဥပဒေ ပုဒ်မ ၂/၁(က) နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၄ တို့နဲ့ သေဒဏ်နှစ်ကြိမ်အထိ စစ်ကောင်စီက ချမှတ်ထားတာ ဖြစ်ပါတယ်။

ကိုကျော်ဝင်းစိုးနဲ့ ကိုဆန်းလင်းမောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့် တို့ကိုတော့ လူသတ်မှု ပုဒ်မ ၃၀၂၊ လူသတ်မှုကျုးလွန်ရန် အားထုတ်မှု ပုဒ်မ ၃၀၇၊ ပြစ်မှုကျုးလွန်ရာမှာ အားပေးကူညီမှု ပုဒ်မ ၁၁၄၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀၊ လူတစ်ဦး ဒါမှမဟုတ် အများကို နာကျင်စေမှု အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄ (က) နဲ့ အစိုးရပိုင် လက်နက်နဲ့ ခဲယမ်းမီးကျောက်ကို ခိုးယူရန်ကြံစည်မှု လက်နက်ရယူခွင့်မရှိသူကို ပေးအပ်ရန် အားထုတ်မှု ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ်စီရင်မှု) အက်ဥပဒေ ပုဒ်မ ၂/၂ တို့အတွက် စစ်ကောင်စီက သေဒဏ်နဲ့ ထောင်တစ်သက်စီ ချမှတ်ထားတယ်လို့ AAPP က ဖော်ပြပါတယ်။

ဒီပုဒ်မတွေနဲ့ သေဒဏ်တွေ ထောင်ဒဏ်တွေ ချမှတ်ခံရတာနဲ့ ပတ်သက်လို့ သက်ဆိုင်သူတွေရဲ့ မိသားစုဝင်တွေကို RFA က ဆက်သွယ်လို့ မရသေးသလို စွပ်စွဲခံထားရတဲ့ ပုဒ်မတွေနဲ့ ပတ်သက်လို့ အမှန်တစ်ကယ် ချမှတ်ခံရခြင်း ဟုတ်၊ မဟုတ် သီးခြား အတည်မပြုနိုင်သေးပါဘူး။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်ဘူတာကြီးကနေ အင်းစိန်မြို့ဘက်ကို ထွက်ခွာလာတဲ့ မြို့ပတ်ရထားဟာ အလုံဘူတာအရောက်မှာ ရထားရဲတွေပစ်ခတ်ခံခဲ့ရပြီး ရဲတပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်အဆင့်ရှိ ရဲတစ်ဦးနဲ့ ရဲတပ်သား သုံးဦး သေဆုံးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကနေ AK အမျိုးအစား သေနတ် နှစ်လက်၊ G3 သေနတ် တစ်လက်နဲ့ BA-64 သေနတ်တစ်လက်အပါအဝင် ခဲယမ်းတချို့ကို ပြောက်ကျားတပ်ဖွဲ့က ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီအတွက် ကိုကောင်းပြည်စုံဦးအပါအဝင် ငါးဦးတို့ကို ကျူးလွန်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး ၂၀၂၁ ခုနှစ် စက်တင် ဘာလအတွင်းက ဖမ်းဆီးထားခဲ့တာဖြစ်ပါတယ်။
_________
ရန်ကုန်မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် ပြစ်ဒဏ်ချမှတ်ခံရသူ မမြတ်ဖြိုးပွင့်၊ ကိုကောင်းပြည့်စုံဦး၊ ကိုဆန်းလင်းမောင်၊ ကိုကျော်ဝင်းစိုးနဲ့ ကိုဇေယျာဖြိုး တို့ကို တွေ့ရစဉ်။ ( Photo: Myanmar Military)

သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထား‌သော တောင်ငူထောင်တွင် ပစ်ခတ်မှုဖြစ်ပြီး နိုင်ငံရေးပုဒ်မဖြင့် အမှုဖွင့်ထ...
19/05/2023

သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထား‌သော တောင်ငူထောင်တွင် ပစ်ခတ်မှုဖြစ်ပြီး နိုင်ငံရေးပုဒ်မဖြင့် အမှုဖွင့်ထားသော အကျဉ်းသား များအပါအဝင် ၁၀ ဦးလွတ်မြောက်

■ လက်နက် ၄ လက် ယူဆောင်နိုင်ခဲ့ပြီး ပစ်ခတ်မှုတွင် စစ်သား ၁ ဦး သေဆုံး

သမ္မတဦးဝင်းမြင့်ကို စစ်တပ်က ဖမ်းဆီးချုပ်နှောင်ထား‌သော တောင်ငူထောင်တွင် ပစ်ခတ်မှုဖြစ်ပြီး နိုင်ငံရေးပုဒ်မဖြင့် အမှုဖွင့်ထားသော အကျဉ်းသား များအပါအဝင် အကျဉ်းသား ၁၀ ဦးလွတ်မြောက်ခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။

မေလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်အချိန် တောင်ငူအကျဉ်းထောင်အတွင်း တရားရုံးထုတ်၍ အချုပ်ခန်းချိန်းစဉ် အကျဉ်းသား ၁၀ ဦးက ဒုရဲအုပ် အေးသော် ထံမှ ခြောက်လုံးပြူး ၁ လက်၊ ရဲတပ်သား အောင်သူဝင်းထံမှ G-3 တစ်
၁ လက်ကို ယူဆောင်၍ တောင်ငူအကျဉ်းထောင်အတွင်းမှ ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ထွက်ပြေးသွားသော အကျဉ်းသား ၁၀ ဦးကို လိုက်လံဖမ်းဆီးရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး တပ်ကြပ်ကြီး မောင်မျိုး သေဆုံးပြီး တပ်သား ၁ ဦး၏ ကာဘိုင် ၁ လက်၊ မောင်းပြန် သေနတ် ၁ လက် ထပ်မံပါသွားကြောင်း သိရှိရသည်။

တောင်ငူထောင်တွင် ဒုအရာခံ ရွှေဗျိုင်းက ဦးဆောင်ပြီး ပျူစောထီးများနှင့် ပြည်သူ့စစ်များက စစ်တပ်နှင့်အတူပူးတွဲ လုံခြုံရေး ယူနေခြင်းဖြစ်ပြီး သမ္မတဦးဝင်းမြင့်ကို ချုပ်နှောင်ထားသော ထောင်တစ်ခုဖြစ်ကြောင်း၊ စစ်တပ် အင်အား မရှိ၍ ပြည်သူ့စစ်နှင့် ပျူစောထီးများ၊ စစ်သားဟောင်းများကို တာဝန်ချထားခြင်းဖြစ်ကြောင်း သိရှိရသည်။

"လွတ်မြောက်သူတွေက စစ်တပ်က အကြမ်းဖက်ဥပဒေနဲ့ မတရားဖမ်းဆီးထားသူတွေဖြစ်ပါတယ်။ အခု လွတ် မြောက်သူတွေကို ဓာတ်ပုံတွေ နာမည်တွေနဲ့ ဖြန့်ကျက်ပြီး ရှာဖွေနေတာမို့ အမြန်ဆုံး လွတ်မြောက်အောင် ရှောင်ကြဖို့ တိုက်တွန်းချင်ပါတယ်" ဟု ဖရဲသီး သတင်းရင်းမြစ်က ပြောဆိုသည်။

17/05/2023

တိရိစ္ဆာန် ထက်တောင် အောက်တန်းကျ တဲ့ ဗြောင်လိမ်ဒဲ့စား တွေ

17/05/2023

စစ် ယူနီဖောင်း အစိမ်း ဆိုရင် မောင်းပါထုတ်

Address

Yangon

Alerts

Be the first to know and let us send you an email when Thi Pyi Lar သိပြီလား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thi Pyi Lar သိပြီလား:

Share