
12/07/2024
အမိုးမရှိ ကျောင်းတစ်ကျောင်းရဲ့ ဒါအ်ဝသ်
ထမင်း+အမဲနှပ်+သီးစုံပဲဟင်း အလှူရှင်
ဟာဂျီ မုဟမ္မဒ် အမီးန်နှင့်မိသားစုမှ ၁၁.၇.၂၀၂၄ ကြာသပတေးနေ့တွင်
ကျွန်တော်များ အမျိုးသားကျောင်းတွင် ကျောင်းသားများနှင့် စာသင်ဆရာများအား ညစာနှင့်နေ့လည်စာအပြင် ရပ်မိရပ်အဖများ၊ တာဝန်ရှိလူကြီးမင်းများ၊ ကျောင်းအကျိုးဆောင်သောကရှင်များ၊ စာသင်ဆရာများရဲ့ ဖိတ်ကြားသည့်ဧည့်သည်များနှင့် ကျောင်းသားမိဘအချို့ တို့ကို နေ့လည်စာ တည်ခင်းဧည့်ခံကျွေးမွေးခဲ့သလို
ကျွန်တော်များ အမျိုးသမီးကျောင်းတွင်လည်း ကျောင်းသူနှင့်စာသင်ဆရာမများအား ညစာနှင့်နေ့လည်စာအပြင် ကျောင်းအကျိုးဆောင်သောကရှင်အမျိုးသမီးများနှင့် ရပ်မိရပ်အဖများကို နေ့လည်စာ တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။
ယခုလို ကျွန်တော်များကျောင်းတွင် လာရောက်လှူဒါန်းပေးခဲ့တဲ့ ဟာဂျီမုဟမ္မဒ် အမီးန် နှင့်မိသားစုအား အလ္လာဟ်အရှင်မြတ်သခင် နှစ်ဘဝနှစ်ဌာနလုံးတွင် ကောင်းမြတ်သော အကျိုးအစား အမြောက်အများ ချီးမြှင်းပေးပြီး ကျမ်းမာရေး၊ စီးပွားရေး အရေးကိစ္စတိုင်းတွင် ဗရ်ကသ်မင်္ဂလာများ တိုးပွားချီးမြှင့်ပေးသနားတော်မူပါစေ..။ အာမီးန်