𝗛𝘂𝗻𝗴𝗽𝗶

𝗛𝘂𝗻𝗴𝗽𝗶 💛 A girl who loves Jesus

🎥 Making content that speaks life

🌷 Encouraging hearts every day

“Shine in the way He created you.”

01/01/2026

ဘယ်တော့မှနောက်မကျဘူး သီချင်းနဲ့ ခွန်အားပေးခဲ့ပါတယ်

#ဘယ်တော့မှနောက်မကျဘူး

၂၀၂၅ ကို တနှစ်တာလုံးကောင်းမွန်စွာဖြတ်သန်းခွင့်ရခဲ့တဲ့အတွက် ကျေးဇူးတော်ကိုသာ၍ချီးမွမ်းပါတယ် ဒီ ၂၀၂၅ ဟာ kei ကို ဝိညာည်ရေးရ...
31/12/2025

၂၀၂၅ ကို တနှစ်တာလုံးကောင်းမွန်စွာဖြတ်သန်းခွင့်ရခဲ့တဲ့အတွက် ကျေးဇူးတော်ကိုသာ၍ချီးမွမ်းပါတယ်

ဒီ ၂၀၂၅ ဟာ kei ကို ဝိညာည်ရေးရာရင့်ကျက်မှု၊ ပျော်ရွှင်မှု ၊ ၀မ်းနည်းမှု၊ တာ၀န်ယူတတ်မှု ၊ ပေါင်းသင်းဆက်ဆံရေး စသဖြင့်များစွာ သင်ယူပေးခဲ့တဲ့နှစ်တနှစ်ဖြစ်သလို ကောင်းကြီးမင်္ဂလာများစွာရရှိခဲ့တဲ့နှစ်ဖြစ်ပါတယ်။

ဘုရားသာ မပါရင် kei လဲကျခဲ့တာကြာပြီပေါ့ ဒါပေမယ့် ကျွန်မရဲ့ သီချင်းလေးအတိုင်းပဲ ဘုရားဟာ " ဘယ်တော့မှနောက်မကျ" ခဲ့ပါဘူး. ကျေးဇူးတော်ကိုသာ၍ ချီးမွမ်းပါတယ်။

ထိုနည်းတူစွာ မကြာသေးခင်မှ တိတိကျကျ ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ ၄၈ နာရီက ဖြစ်ခဲ့တဲ့အဖြစ်အပျက်က ကျွန်မ အတွက် အိမ်မက်လိုဖြစ်နေတုန်းပါပဲ. ခနလေးအတွင်းမှာ များစွာဖြစ်ပျက်သွားခဲ့တာပါ။

ပါးပါး ရုတ်တရက်ကြီး အရေးပေါ်ခန်း၀င်ခဲ့ရပြီး ခွဲစိတ်မှုတွေ လုပ်ဆောင်ခဲ့ရတာပါ။ အသက်အန္တရာယ်ကို ထိခိုက်ဖို့အဆင့်ထိတောင် ဖြစ်ခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့်လည်း ယခုချိန်ထိတောင် ပထမအကြိမ် ခွဲစိတ်မှု ပြီး နှလုံးခုန်မြဲ ခုန်ဆဲရှိနေသေးတာဖြစ်ပါတယ်။ ဘုရားကိုသာ၍ကျေးဇူးတင်ပါတယ်။

ဘုရားသာမပါရင် အသားအရောင်မတူ စကားမတူ ရေမြားခြားတဲ့ကိုးရီးယားနိုင်ငံမှာ ရုတ်တရက်ကြီး အရေးပေါ်တင်လိုက်ရတာက လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး

ကျွန်မဘ၀မှာ တခါမှ အရေးပေါ်ခန်းထိ မ၀င်ခဲ့ဖူးပါဘူး။ အဲ့လောက်ထိလဲ နာကျင်ခဲ့ရတဲ့ရောဂါမရှိခဲ့ပါဘူး။ ဒါပေမဲ့ဒီလိုရုတ်တရက်ဖြစ်သွားတဲ့အခါ ကျွန်မမှာ ဒါဟာ တကယ်ဖြစ်နေတာလားဆိုပြီး ဘုရားကိုမေးခဲ့ရပါတယ်
ဒါပေမယ့် ယခုချိန်မှာတော့ စိတ်က ဖြစ်ခါစကထက် ပိုမိုတည်ငြိမ်နေပါပြီ။ ၂၀၂၅ ကုန်ခါနီးမှာ ဒီလိုအတွေ့အကြုံကို ဘုရားက ကျွန်မ ပိုမိုရင့်ကျက်ရန် သင်ယူခိုင်းနေတာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ် အဖ!

အိုးး သခင်ယေရှု ၂၀၂၅ တစ်နှစ်လုံးကိုပို့ဆောင်ပေးတဲ့အတွက်ကျေးဇူးတင်တယ် ။

၂၀၂၆ ကိုလဲ ကိုယ်တော့်လက်ထဲအပ်နှံတယ်! သမီးရင်ဆိုင်ဖို့ရန်အသင့်ပါ!

လွန်ခဲ့သော ငါးနှစ် ၁၆နှစ်သမီးအရွယ် ဒလ ကို မိသားစုလိုက် ဧဝံဂေလိသွားရင်းနဲ့ ကားစီးနေတဲ့အချိန် ခေါင်းထဲကို အတွေးတစ်ခု၀င်လာခ...
27/12/2025

လွန်ခဲ့သော ငါးနှစ် ၁၆နှစ်သမီးအရွယ် ဒလ ကို မိသားစုလိုက် ဧဝံဂေလိသွားရင်းနဲ့ ကားစီးနေတဲ့အချိန် ခေါင်းထဲကို အတွေးတစ်ခု၀င်လာခဲ့တယ်.

ကျွန်မ ယခုအချိန်မှာ အသက်ရှင်နေတာက ဘယ်သူ့အတွက်လဲ

ကျွန်မ ယခုအချိန်မှာ သီချင်းတွေ ဆိုနေတာက ဘယ်သူ့အတွက်လဲ

ကျွန်မ ယခုအချိန်မှာ လုပ်ဆောင်နေတဲ့အရာတွေက ဘယ်သူ့အတွက်လဲ

စသည်ဖြင့် မေးခွန်းပေါင်းများစွာထွက်ပေါ်လာခဲ့တယ်.

နောက်ဆုံးမှာ အဖြေက ထွက်လာခဲ့ပါတယ်။ ရှင်းရှင်းလေးပါ။

ထိုအရာသည် " ကိုယ်တော်ကြောင့် " ဖြစ်တယ်။ အာမင်

ဒါကြောင့် " ကိုယ်တော်ကြောင့်" ဆိုတဲ့ သီချင်းလေးကို ရေးသားခဲ့တာ ဖြစ်ပါတယ်။ လူအနေနဲ့ကြည့်မယ်ဆိုရင် နှစ်ပိုဒ်ထဲလို့ထင်ရပေမယ့် အဓိပ္ပာယ်များစွာရှိတဲ့ ဘုရားပေးတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

အယောက်ချင်းစီတိုင်းလဲ ခွန်အားရမယ်လို့မျှော်လင့်ပါတယ်။

နားဆင်သူ အယောက်ချင်းစီ တိုင်းပေါ်မှာ ဘုရားသခင် သာ၍ သာ၍ ကောင်းကြီးပေးပါစေ။

#ကိုယ်တော်ကြောင့်

27/12/2025

ကိုယ်တော်ကြောင့် ( official lyrics video) 2025

တေးရေး - Hungpi
တေးဆို - Ai David lay
Music - Ko Thant
Band - Plus 3 music band

Lyrics

ကိုယ်တော်ဘုရားလမ်းပြတော်မူပါ ကျွန်ုပ်လမ်းခရီး
ကိုယ်တော်ဘုရားကွယ်ကာတော်မူပါ ကျွန်ုပ်အနား
ကိုယ်တော်ဘုရားသွန်သင်တော်မူပါ ကျွန်ုပ်ရဲ့အသက်တာ
ကိုယ်တော်ဘုရားမစတော်မူပါ ကျွန်ုပ်ရဲ့ဝိညာည်

ကျွန်ုပ် အသက်ရှင်ခြင်းအကြောင်းအရာသည်
ကိုယ်တော်ကြောင့်
ကျွန်ုပ် မြွတ်ဆိုခြင်းအကြောင်းအရာသည်
ကိုယ်တော်ကြောင့်
ကျွန်ုပ်လုပ်ဆောင်ခြင်းအကြောင်းအရာသည် ကိုယ်တော်ကြောင့်
ကိုယ်တော်ကြောင့် ( ဖြစ်သည် )

#ကိုယ်တော်ကြောင့်

25/12/2025

သင့်အတွက်လက်ဆောင် ( Christmas day 🎄)

#သင့်အတွက်လက်ဆောင်

25/12/2025

🎄သင့်အတွက်လက်ဆောင် ( live version)

#သင့်အတွက်လက်ဆောင်

21/12/2025

Carol Singing Vlog 🎄🎶



Music: Joyful Snowman
Musician: Grand

17/12/2025

ကျွန်မဘာသာစကားငါးမျိုးပြောနိုင်လား ?

14/12/2025

ကျွန်ုပ်တို့အတွက်မွေးဖွားခဲ့သူ ( live ) 2025

#ကျွန်ုပ်တို့အတွက်မွေးဖွားခဲ့သူ

14/08/2025

【ဘ၀ရဲ့အဖြေ】

တေးရေး/တေးဆို - Hung Pi
Music/Mixing - Khuall Pii
Harmony - Thang pi

Lyrics

ဒီကမ္ဘာမြေထဲ ကျင်လည်သူလူသားတွေ
တယောက်မှ အပြစ်ငရဲမှ လွှတ်နိုင်သူမရှိပါကွယ်
ဒီလိုနဲ့ပဲ အချိန်တွေ ကုန်သွားတယ်
တစ်နေ့လုံး၀မ်းစာရေးအတွက် အချိန်တွေကုန်ရင်းနဲ့

ယေရှုကိုသိပြီလား (သင့်ရဲ့အသက်သခင်)
ငရဲကလွှတ်စေမှာ ( လွှတ်စေ ၊ လွှတ်စေ )
အိုခြင်း နာခြင်း သေခြင်းကင်းတဲ့ ရွှေပြည်တော်၀င်စားရမှာ

အိုးးး မိတ်ဆွေ ယေရှုကို လက်ခံယုံကြည်ပြီလား
သူဟာငါတို့ရဲ့အပြစ်များအတွက် လက်ဝါးကားတိုင်ပေါ်မှာ ကိုယ်စားအသေခံပေးခဲ့ပါတယ်
သင်္ဂြိုလ်ခြင်းခံတယ်သုံးရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်ခဲ့တဲ့ဘုရားဖြစ်ပါတယ်
သူ့ကိုယုံကြည်လက်ခံရင် ယခုပင်တမလွန်အတွက် စိတ်ချရမှာဖြစ်ပါတယ် မိတ်ဆွေ

ဒီကမ္ဘာမြေကြီးအလိုလိုယိုယွင်းနေ
ဖြစ်ပျက်သမျှအရာခပ်သိမ်းအားလုံးအနတ္တပါကွယ်
ဒီလိုနဲ့ပဲအချိန်တွေကုန်ဆုံးတယ်
မေးကြည့်ပါဦးသင်ဘာအတွက်အသက်ရှင်နေလည်း

ယေရှုကိုသိပြီလား (သင့်ရဲ့အသက်သခင်)
ငရဲကလွှတ်စေမှာ ( လွှတ်စေ ၊ လွှတ်စေ )
အိုခြင်း နာခြင်း သေခြင်းကင်းတဲ့ ရွှေပြည်တော်၀င်စားရမှာ

01/08/2025

အိပ်မက်များစျေးကြီးသော်လည်း

ဖိလိပ္ပိဩဝါဒစာ ၄:၁၃

21/07/2025

ဘုရားသခင်သင့်ကို တကယ်ချစ်သလား?
( ရောမ - ၅:၈ )

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 𝗛𝘂𝗻𝗴𝗽𝗶 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝗛𝘂𝗻𝗴𝗽𝗶:

Share