03/08/2026
နှစ် (၅၀) ပြည့် "မန္တလေးသိန်းဇော်" သဘင်ရွှေရတုပွဲတော်ကို M Channel မှာ ပြန်ကြည့်နိုင်ပြီဗျို့။
သဘင်ချစ်ပရိသတ်ကြီး မျှော်လင့်စောင့်စားနေတဲ့ နှစ် (၅၀) ပြည့် "မန္တလေးသိန်းဇော်" သဘင်ရွှေရတုပွဲတော်
ပွဲစဥ် (၁) ဖျော်ဖြေတင်ဆက်မှု နဲ့ ပွဲစဥ် (၂) ဖျော်ဖြေတင်ဆက်မှုတွေကို M Channel ရုပ်သံလိုင်းမှာ ပြန်လည် ကြည့်ရှုနိုင်တော့မှာပဲဖြစ်ပါတယ်။
ဒီတော့ သဘင်ကိုချစ်မြတ်နိုးပြီး တိုက်ရိုက်ထုတ်လွှင့်ခဲ့တုန်းက မကြည့်ခဲ့ရတဲ့အနယ်နယ်အရပ်ရပ်က ပရိသတ်ကြီးနဲ့ ကြည့်ခဲ့ရပေမဲ့ ထပ်ကြည့်ချင်ပါသေးတယ်ဆိုတဲ့ပရိသတ်ကြီးအတွက်
သတင်းကောင်းလေးဖြစ်တာမို့ M Channel ရဲ့ TV ဖန်သားပြင်ကနေစောင့်မျှော်ကြည့်ရှုဖို့ မမေ့နဲ့ဦးနော် 🙆♀️
📌 ထုတ်လွှင့်ပြသမည့်နေ့
ပွဲစဥ် (၁) ဩဂုတ်လ (၃) ရက်နေ့မှ (၇) ရက်နေ့ထိ
ပွဲစဥ် (၂) ဩဂုတ်လ (၁၀) ရက်နေ့မှ (၁၄) ရက်နေ့ထိ
📌 ထုတ်လွှင့်ပြသမည့်အချိန်
ည (၈း၃၀) အချိန်
#မန္တလေးသိန်းဇော်သဘင်ရွှေရတုပွဲတော်