23/02/2024
တေးသီချင်းများ ရိုက်ကူးထုတ်လွှင့်ပြသခြင်းမပြုမီ ရုပ်ရှင်ဆင်ဆာနှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့ထံသို့တင်ပြကာ ခွင့်ပြုချက်ယူရမည်ဖြစ်ပြီး ခွင့်ပြုချက်မရဘဲ ထုတ်လွှင့်ပြသပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟု ထုတ်ပြန်
တေးသီချင်းများ ရိုက်ကူးထုတ်လွှင့်ပြသခြင်းမပြုမီ ရုပ်ရှင်ဆင်ဆာနှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့ထံသို့တင်ပြကာ ခွင့်ပြုချက်ယူရမည်ဖြစ်ပြီး ခွင့်ပြုချက်မရဘဲ ထုတ်လွှင့်ပြသပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်ထုတ်နိုင်ငံပိုင်းသတင်းစာများတွင် ထုတ်ပြန်ကြေညာထားသည်။
ယခုအခါတွင် အချို့သော တေးသီချင်းရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှုရရှိစေရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့်ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်းအတူ ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်နေသည်ကို တွေ့ရှိရသဖြင့် အဆိုပါ ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့် ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို နိုင်ငံပိုင်သတင်းစာများတွင် ကြေညာခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ယင်းကြောင့် တေးသီချင်းများကို အရုပ်နှင့်အသံ ထွက်ပေါ်စေလျက် နည်းလမ်းမျိုးစုံဖြင့် ရိုက်ကူးထုတ်လွှင့်ပြသခြင်းများဆောင်ရွက်ခြင်းမပြုမီ ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေတို့အရ ရုပ်ရှင်ဆင်ဆာနှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့သို့တင်ပြပြီး စစ်ဆေးခွင့်ပြုချက်ရယူဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ ထိုကဲ့သို့တင်ပြခြင်းမရှိဘဲ ထုတ်လွှင့်ပြသခြင်းများ ဆောင်ရွက်မည်ဆိုပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ကို သတိပေးကြေညာအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
■ Read More - - - >>> https://news-eleven.com/article/288786
►► (Zawgyi ဖြင့်ဖတ်ရန်)
တေးသီချင်းများ ရိုက်ကူးထုတ်လွှင့်ပြသခြင်းမပြုမီ ရုပ်ရှင်ဆင်ဆာနှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့ထံသို့တင်ပြကာ ခွင့်ပြုချက်ယူရမည်ဖြစ်ပြီး ခွင့်ပြုချက်မရဘဲ ထုတ်လွှင့်ပြသပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟု ထုတ်ပြန်
တေးသီချင်းများ ရိုက်ကူးထုတ်လွှင့်ပြသခြင်းမပြုမီ ရုပ်ရှင်ဆင်ဆာနှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့ထံသို့တင်ပြကာ ခွင့်ပြုချက်ယူရမည်ဖြစ်ပြီး ခွင့်ပြုချက်မရဘဲ ထုတ်လွှင့်ပြသပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်ထုတ်နိုင်ငံပိုင်းသတင်းစာများတွင် ထုတ်ပြန်ကြေညာထားသည်။
ယခုအခါတွင် အချို့သော တေးသီချင်းရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှုရရှိစေရန်အတွက် မြန်မာ့ ယဉ်ကျေးမှုနှင့်ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်းအတူ ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော တေးသီချင်းများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်နေသည်ကို တွေ့ရှိရသဖြင့် အဆိုပါ ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများနှင့် ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို နိုင်ငံပိုင်သတင်းစာများတွင် ကြေညာခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။