HHM Legal Services

HHM Legal Services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HHM Legal Services, Digital creator, Yesagyo.

တရားရုံးလက်ထပ်/ကွာရှင်း လက်မှတ်ထိုး အပြီးအစီးဝန်ဆောင်မှုဆောင်ရွက်ပေးပါတယ် အိမ်ခြံမြေစာချုပ်စာတမ်းနှင့်စာချုပ်မျိုးစုံ ချုပ်ဆိုပေးခြင်း၊ တရားရုံးကျမ်းကျိန်အမျိုးမျိုး၊ နိုတြီ၊ GP/SPကိုယ်စားလှယ်လွှဲစာအမျိုးမျိုး၊ ရာဇဝတ်မှု/တရားမမှု လိုက်ပါဆောင်ရွက်ပေးပါတယ်

မြေကွက်အရောင်းအဝယ်စာချုပ်ချုပ်ဆိုပေးဖြစ်ခဲ့ပါတယ်ဝယ်သူကလင်မယား ၂ ယောက်ပါ။ ဒါပေမယ့် မိန်းမဖြစ်သူက အရောင်းအဝယ်စာချုပ်တွင် ဝ...
11/08/2026

မြေကွက်အရောင်းအဝယ်စာချုပ်ချုပ်ဆိုပေးဖြစ်ခဲ့ပါတယ်ဝယ်သူကလင်မယား ၂ ယောက်ပါ။
ဒါပေမယ့် မိန်းမဖြစ်သူက အရောင်းအဝယ်စာချုပ်တွင် ဝယ်သူနေရာ၌ ယောက်ျား ဖြစ်သူ နာမည်မထည့်ပဲနဲ့ ၎င်းတစ်ဦးတည်းနာမည်သာ ထည့်လိုကြောင်းပြောလာပါတယ်။

ဘာကြောင့် လင်မယား၂ ယောက်အမည်မထည့်ရတာလဲဆိုတာ မေးမြန်းကြည့်တော့ ယောက်ျားဖြစ်သူကို စိတ်မချလိုတဲ့ဗျာ။
အမျိုးသမီးတွေ ဖြစ်တတ်တဲ့ စိတ်ပူပန်မှု့ပါ။ သူတို့အတွက်ကတော့ မိန်းမနာမည်ပေါက်နေရင် ယောက်ျားဖြစ်သူက ရောင်းလို့မရဘူးဆိုတဲ့ အတွေးရှိကြလို့ပါပဲ။

ယောက်ျားဖြစ်သူကို မေးလိုက်တော့လည်း မိန်းမစိတ်တိုင်းကျသာ ချုပ်ပေးလိုက်ပါဆရာတဲ့ နားလည်မှု့ရှိကြတဲ့ လင်မယားပါလားလို့ တွေးလိုက်မိပါတယ်။

ဒီလိုနဲ့ ဝယ်သူနေရာမှာ မိန်းမဖြစ်သူအမည်ကိုပဲထည့်ပြီး သက်သေနေရာမှာတော့ ခင်ပွန်းဖြစ်သူကို ထည့်ပေးလိုက်ပါတယ်။

မြေကွက်အရောင်းအဝယ်စာချုပ်ကိစ္စကတော့ ဒီမှာတင်ပြီးပါပြီ။ ဒါပေမယ့် ဥပဒေဗဟုသုတ ဆက်ပြီးတင်ပြလိုက်ပါတယ်။

မြန်မာဗုဒ္ဓဘာသာလင်မယားများဖြစ်ပါကမည်သူ၏ အမည်ဖြင့် ဝယ်ယူသည်ဖြစ်စေ အဆိုပါဝယ်ယူသည့် ပစ္စည်းတွင် လင်မယားနှစ်ဦးအညီအမျှပိုင်ဆိုင်ပါတယ်။

မယားအမည်ပေါက်ယုံဖြင့် မယားတစ်ဦးတည်းမပိုင်ပါ။ လင်ပါ အကျိူးသက်ဆိုင်ခွင့် ရှိပါတယ်။

ကွာရှင်းပြီးလျှင်တောင်မှ နှစ်ဦးပိုင်ပစ္စည်းကိုမခွဲရသေးလျင် ကွာရှင်းပြီး နောက်မှ လင် (သို့မဟုတ်) မယားအမည်ဖြင့် ဂရန်အမည်ပေါက်သွားဦးတော့။

အဆိုပါ ဂရန်အမည်ပေါက်သူ တစ်ဦးတည်းက အလုံးစုံမပိုင်ဆိုင်ပါ။ နှစ်ဦးစလုံးပိုင်ဆိုင်ခွင့်ရှိပါသည် ။

( ၁၉၉၂ မတစ ၁၅၉) စီရင်ထုံးတွင် ထုံးဖွဲ့ထားပြီးဖြစ်ပါသည်။

ထို့ကြောင့် အချုပ်ဆိုရသော် လင် (သို့မဟုတ်) မယားတစ်ဦးဦးအမည်ဖြင့်ဝယ်ယူသော်ငြား လက်ထက်ပွားပစ္စည်းဖြစ်ပါက အမည်ပေါက်ဝယ်ယူသူသာ ပိုင်ဆိုင်မည်မဟုတ်ဘဲ လင်မယားနှစ်ဦး အညီအမျှပိုင်ဆိုင်ပါကြောင်း ဖော်ပြပေးလိုက်ပါသည်။


#မင်္ဂလာလက်ထပ်စာချုပ်နှင့်အထွေထွေဥပဒေဝန်ဆောင်မှု
#လက်ထပ်package
#တရားရုံးလက်ထပ်/ကွာရှင်း
#ရှေ့နေသက်‌သေဖြင့်လက်ထပ် /ကွာရှင်း
#အဝေးရောက်လက်ထပ် /ကွာရှင်း
#အိမ်ခြံမြေတိုက်ခန်းကွန်ဒိုရောင်းဝယ်ရာတွင်စာရွက်စာတမ်းစစ်ဆေးပေးခြင်း
#စရန်ပေးနှင့်အပြီးသတ်ငွေချေစာချုပ်ချုပ်ဆိုခြင်း
#သတင်းစာကြော်ငြာထည့်သွင်းခြင်း
#စာချုပ်မျိုးစုံချုပ်ဆိုပေးခြင်း
#ကိတ္တိမအမွေစားအမွေခံစာချုပ်
#မိသားစုစီမံမှု
#စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်စာချုပ်မှတ်ပုံတင်ပေးခြင်း
#အကြောင်းကြားနို့တစ်စာပို့ပေးခြင်း
#အမှုများလိုက်ပါဆောင်ရွက်ခြင်း
ဒေါ်မွှေးမွှေး မြင့် #တရားလွှတ်တော်ရှေ့နေ
☎️0977 127 8937(Viber)

"တစ်ဦးတည်းပိုင်ဆိုင်သော မြေကွက်များဖြစ်ကြောင်း အများသိစေရန်ကြေညာခြင်း"📆၂၀၂၆ခုနှစ်၊ဇူလိုင်လ(၂၆)ရက်နေ့           တနင်္ဂနွ...
25/07/2026

"တစ်ဦးတည်းပိုင်ဆိုင်သော မြေကွက်များဖြစ်ကြောင်း အများသိစေရန်ကြေညာခြင်း"

📆၂၀၂၆ခုနှစ်၊ဇူလိုင်လ(၂၆)ရက်နေ့
တနင်္ဂနွေ နေ့ထုတ်
📄ကြေးမုံသတင်းစာ
စာမျက်နှာ-၂၂


#မင်္ဂလာလက်ထပ်စာချုပ်နှင့်အထွေထွေဥပဒေဝန်ဆောင်မှု #လက်ထပ်package
#တရားရုံးလက်ထပ်/ကွာရှင်း
#ရှေ့နေသက်‌သေဖြင့်လက်ထပ် /ကွာရှင်း
#အဝေးရောက်လက်ထပ် /ကွာရှင်း
#အိမ်ခြံမြေတိုက်ခန်းကွန်ဒိုရောင်းဝယ်ရာတွင်စာရွက်စာတမ်းစစ်ဆေးပေးခြင်း
#စရန်ပေးနှင့်အပြီးသတ်ငွေချေစာချုပ်ချုပ်ဆိုခြင်း
#သတင်းစာကြော်ငြာထည့်သွင်းခြင်း
#ကိတ္တိမအမွေစားအမွေခံစာချုပ်
#မိသားစုစီမံမှု
#စာချုပ်မျိုးစုံချုပ်ဆိုပေးခြင်း
#စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်စာချုပ်မှတ်ပုံတင်ပေးခြင်း
#နို့တစ်
#အမှုများလိုက်ပါဆောင်ရွက်ခြင်း
ဒေါ်မွှေးမွှေး မြင့် #တရားလွှတ်တော်ရှေ့နေ
☎️0977 127 8937(Viber )

ရာဇသတ်ကြီး ပုဒ်မ (၄၉၃)"တရားဝင်ထိမ်းမြားကြောင်းကို ယုံကြည်စေရန်ယောကျာ်းက မိန်းမကို သွေးဆောင်လှည့်ဖြား၍ကာမရယူမှု" (သို့) "...
15/07/2026

ရာဇသတ်ကြီး ပုဒ်မ (၄၉၃)

"တရားဝင်ထိမ်းမြားကြောင်းကို ယုံကြည်စေရန်ယောကျာ်းက မိန်းမကို သွေးဆောင်လှည့်ဖြား၍ကာမရယူမှု" (သို့) "ကာမလိမ်လည်မှု"

ဒီတစ်ခေါက်မှာတော့ မိန်းကလေးတစ်ယောက်ကို ယောကျ်ားတစ်ယောက်က တရားဝင်လက်ထပ်ကြမယ်ဆိုပြီး သွေးဆောင်လှည့်ဖြားပြီးတော့ ကာမလိမ်လည်ရယူမှုအကြောင်းနဲ့ ပက်သက်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။

ရာဇသတ်ကြီးပုဒ်မ (၄၉၃)မှာ ဖော်ပြထားတာကတော့.....

"မည်သည့်ယောကျ်ားမဆို၊ မိမိနှင့် တရားဝင်ထိမ်းမြားခြင်းမပြုသော မိန်းမကို မိမိနှင့် တရားသဖြင့် ထိမ်းမြားကြောင်း လှည့်ဖြားယုံကြည်စေ၍ ထိုသို့ယုံကြည်စေသဖြင့် မိမိနှင့် ကာမစပ်ယှက်စေလျှင်၊ ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။"

ဒါကိုသေချာရှင်းပြရမယ်ဆိုရင်.....

ဘယ်ယောကျာ်းမဆို မိန်းကလေးတစ်ယောက်ကို အစတည်းက ရည်ရွယ်ချက်ရှိရှိနဲ့ လိမ်ညာလှည့်ဖြား သွေးဆောင်စကားများပြောပြီး သူမ ယုံကြည်မှုကိုရအောင်လုပ်ပြီး မိန်းကလေးသဘောတူ တရားဝင်လက်ထပ်ယူမဲ့ ပုံစံပေါက်အောင်လုပ်ပြီး ကာမရယူမယ်ဆိုရင် ဒါဟာ လိမ်လည်သွေးဆောင်ပြီး ကာမရယူမှုမြောက်ပါတယ်။ ဒီတော့...မိန်းကလေးတစ်ဦးကို ယောကျာ်းတစ်ဦးက နည်းလမ်းတစ်မျိုးမျိုးသုံး၍ အတုအယောင်လိမ်လည်လက်ထပ်ပြီး ပေါင်းသင်းအိပ်စက်သွားတာဆိုရင် သူဟာရာဇဝတ်မှုကို ကျူးလွန်တာပဲဖြစ်ပါတယ်။

(ဥပမာ အသင့်ဝယ်လာတဲ့လက်ထပ်စာချုပ်ပေါ်မှာ ၂ယောက်ထဲ လက်မှတ်ထိုးပြီး
နင်နဲ့ငါ လင်မယားဖြစ်သွားပြီဆိုပြီး
လင်မယားအရာမမြောက်တာကို မြောက်သယောင် ခုတုံးလုပ်ပြီး ကာမဆက်ဆံတာကိုဆိုလိုတာပါ)

ဒီလိုမျိုးလက်ထပ်ထိမ်းမြားခြင်းကို ခုတုံးလုပ်၍ ယောကျာ်းတစ်ဦးက မိန်းမတစ်ဦးကို သွေးဆောင်လှည့်ဖြား၍ ကာမရယူမယ်ဆိုရင်တော့ ရာဇသတ်ကြီးပုဒ်မ (၄၉၃) အရ ဒီလူကို ဆယ်နှစ်ထိထောင်ဒဏ်ရော ငွေဒဏ်သတ်မှတ်၍ရော ပြစ်ဒဏ်ပေးလို့ရတာပဲဖြစ်ပါတယ်။

ဒီပြစ်မှုဟာ ယောကျ်ားနဲ့မိန်းကလေးကြားကပတ်သက်မှုဖြစ်ပြီး မျက်မြင်သက်သေလည်း နည်းပါးနိုင်တာကြောင့် မိန်းကလေးများ အထူးသတိထားဖို့လိုအပ်ပါတယ်။

ဒီလိုကာမလိမ်လည်မှုကို တိုင်တန်းမယ်ဆိုရင်လည်း နစ်နာသူမိန်းကလေးက တိုင်တန်းမှသာ တရားရုံးက အရေးယူဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

အကယ်၍ ကာယကံရှင်မိန်းကလေးက စိတ်ပေါ့သွပ်သူ၊ ငယ်ရွယ်တဲ့သူ၊ မသန်စွမ်းသူ၊ နာမကျန်းသူဖြစ်နေရင်တော့ တခြားသူက တရားရုံးရဲ့ ခွင့်ပြုချက်နဲ့ ကိုယ်စား တိုင်ကြားပေးနိုင်ပါတယ်။


#မင်္ဂလာလက်ထပ်စာချုပ်နှင့်အထွေထွေဥပဒေဝန်ဆောင်မှု #လက်ထပ်package
#တရားရုံးလက်ထပ် /ကွာရှင်း
#ရှေ့နေသက်‌သေဖြင့်လက်ထပ် /ကွာရှင်း
#အဝေးရောက်လက်ထပ် /ကွာရှင်း
#အိမ်ခြံမြေတိုက်ခန်းကွန်ဒိုရောင်းဝယ်ရာတွင်စာရွက်စာတမ်းစစ်ဆေးပေးခြင်း
#စရန်ပေးနှင့်အပြီးသတ်ငွေချေစာချုပ်ချုပ်ဆိုခြင်း
#သတင်းစာကြော်ြာထည့်သွင်းခြင်း
#ကိတ္တိမအမွေစားအမွေခံစာချုပ်
#မိသားစုစီမံမှု
#စာချုပ်မျိုးစုံချုပ်ဆိုပေးခြင်း
#စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်စာချုပ်မှတ်ပုံတင်ပေးခြင်း
#အမှုများလိုက်ပါဆောင်ရွက်ခြင်း
ဒေါ်မွှေးမွှေး မြင့် #တရားလွှတ်တော်ရှေ့နေ
☎️0977 127 8937(Viber)

🍀ဝါတွင်းကာလဆိုပေမယ့် ...👰🤵စေ့စပ်ပွဲလုပ်ထားပြီး ဝါကျွတ်မှ လက်ထပ်ကြမယ့်အတွဲလေးက ဖုန်းဆက်မေးတယ်...☘️ဆရာမရှင့် judgeက အိမ်စေ...
15/07/2026

🍀ဝါတွင်းကာလဆိုပေမယ့် ...
👰🤵စေ့စပ်ပွဲလုပ်ထားပြီး ဝါကျွတ်မှ လက်ထပ်ကြမယ့်အတွဲလေးက ဖုန်းဆက်မေးတယ်...
☘️ဆရာမရှင့် judgeက အိမ်စေ့စပ်ပွဲလိုက်ထိုးပေးလား?
👉အိမ်ဖြစ်စေ၊ Hotel/ခန်းမ မော်ကွန်းတင်လက်မှတ်ရေးထိုးပွဲတွေအတွက်လည်း Serviceပေးပါတယ်နော်💞

🏛️တရားရုံးတက်လက်မှတ်ထိုးမယ်ဆိုရင်လည်း booking ယူပေးတာကစ လက်ထပ်စာချုပ်၊အပြင်အဖုံး၊အတွင်းစာစီ၊တံဆိပ်ခေါင်းကပ်ပြီး၊လက်မှတ်ထိုးဖို့ အလှဘောပင်တစ်စုံပါအပြည့်အစုံအဆင်သင့် လက်မှတ်လာထိုးရုံပါပဲရှင်...🍒

🎀အဝေးရောက်နေကြတဲ့စုံတွဲလေးတွေအတွက်လည်း တရားဝင်လက်ထပ်စာချုပ်အပြီးအစီးဆောင်ရွက်ပြီး သက်ဆိုင်ရာနိုင်ငံအထိပို့ပေးပါတယ်။

#လက်ထပ်package

#မင်္ဂလာလက်ထပ်စာချုပ်နှင့်အထွေထွေဥပဒေဝန်ဆောင်မှု
#တရားရုံးလက်ထပ်/ကွာရှင်း
#ရှေ့နေသက်‌သေဖြင့်လက်ထပ် /ကွာရှင်း
#အဝေးရောက်လက်ထပ် /ကွာရှင်း
#အိမ်ခြံမြေတိုက်ခန်းကွန်ဒိုရောင်းဝယ်ရာတွင်စာရွက်စာတမ်းစစ်ဆေးပေးခြင်း
#စရန်ပေးနှင့်အပြီးသတ်ငွေချေစာချုပ်ချုပ်ဆိုခြင်း
#သတင်းစာကြော်ြာထည့်သွင်းခြင်း
#စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်စာချုပ်မှတ်ပုံတင်ပေးခြင်း
#ကိတ္တိမအမွေစားအမွေခံစာချုပ်
#မိသားစုစီမံမှု
#စာချုပ်မျိုးစုံချုပ်ဆိုပေးခြင်း
#ဥပဒေအကြံပေးဆွေးနွေး
#အကြောင်းကြားနို့တစ်စာပို့ပေးခြင်း
#အမှုများလိုက်ပါဆောင်ရွက်ခြင်း
ဒေါ်မွှေးမွှေး မြင့် #တရားလွှတ်တော်ရှေ့နေ
☎️0977 127 8937(Viber)

14/07/2026

5.7.2026

ပိတ်ရက်လေးတုန်းက ရွှေပြည်သာမြို့နယ်သို့သွားရောက်၍ အိမ်ခြံမြေအရောင်းအဝယ်စာချုပ် ချုပ်ဆိုပေးခဲ့ခြင်း အမှတ်တရ
#အိမ်ခြံမြေစာချုပ်စာတမ်း
#စာရွက်စာတမ်းစစ်ဆေးခြင်း
#သတင်းစာကြော်ြာထည့်သွင်းခြင်း
#စရန်ပေးနှင့်အပြီးသတ်ငွေချေစာချုပ်ချုပ်ဆိုခြင်း
Process အားလုံးအစအဆုံးအတွက် အလုပ်အပ်နှံပေးပါသော Clients များကို ကျေးဇူးတင်ရှိပါတယ်ရှင့်

#မင်္ဂလာလက်ထပ်စာချုပ်နှင့်အထွေထွေဥပဒေဝန်ဆောင်မှု
#တရားရုံးလက်ထပ်/ကွာရှင်း
#ရှေ့နေသက်‌သေဖြင့်လက်ထပ် /ကွာရှင်း
#အဝေးရောက်လက်ထပ် /ကွာရှင်း
#ကိတ္တိမအမွေစားအမွေခံစာချုပ်
#မိသားစုစီမံမှု
#စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်စာချုပ်မှတ်ပုံတင်ပေးခြင်း
#ဥပဒေအကြံပေးဆွေးနွေး
#အကြောင်းကြားနို့တစ်စာပို့ပေးခြင်း
#အမှုများလိုက်ပါဆောင်ရွက်ခြင်း
ဒေါ်မွှေးမွှေး မြင့် #တရားလွှတ်တော်ရှေ့နေ
☎️0977 127 8937(Viber)

၇.၇.၂၀၂၆(အင်္ဂါနေ့)ထုတ်       ကြေးမုံသတင်းစာစာမျက်နှာ-၂၇       "တစ်ဦးတည်းပိုင် တိုက်ခန်းဖြစ်ကြောင်း အများသိစေရန်ကြေညာခြ...
07/07/2026

၇.၇.၂၀၂၆(အင်္ဂါနေ့)ထုတ်

ကြေးမုံသတင်းစာ

စာမျက်နှာ-၂၇

"တစ်ဦးတည်းပိုင် တိုက်ခန်းဖြစ်ကြောင်း
အများသိစေရန်ကြေညာခြင်း"


#မင်္ဂလာလက်ထပ်စာချုပ်နှင့်အထွေထွေဥပဒေဝန်ဆောင်မှု
#တရားရုံးလက်ထပ် /ကွာရှင်း
#ရှေ့နေသက်‌သေဖြင့်လက်ထပ် /ကွာရှင်း
#အဝေးရောက်လက်ထပ် /ကွာရှင်း
#လင်မယားကွာရှင်းပြီးနောက်ပစ္စည်းခန်းခွဲဝေခြင်း
#အိမ်ခြံမြေစာချုပ်စာတမ်း
#မိသားစုစီမံမှု
#ကိတ္တိမအမွေစားအမွေခံစာချုပ်
#စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင်စာချုပ်မှတ်ပုံတင်ပေးခြင်း
#သတင်းစာကြော်ငြာထည့်သွင်းခြင်း
#အကြောင်းကြားနို့တစ်စာပို့ပေးခြင်း
#ဥပဒေအကြံပေးဆွေးနွေး
#အမှုများလိုက်ပါဆောင်ရွက်ခြင်း
ဒေါ်မွှေးမွှေး မြင့် #တရားလွှတ်တော်ရှေ့နေ
☎️0977 127 8937 (Viber )

ယခုဖြစ်စဉ်သည် မကြာသေးမီက ဖြစ်ပွားခဲ့သော ၁၃ နှစ်အရွယ် ကလေးငယ် ရေနစ်သေဆုံးမှုဖြစ်စဉ်ကို အခြေခံထားပြီး ဖြစ်ပွားခဲ့သည့် အခြေ...
14/06/2026

ယခုဖြစ်စဉ်သည် မကြာသေးမီက ဖြစ်ပွားခဲ့သော ၁၃ နှစ်အရွယ် ကလေးငယ် ရေနစ်သေဆုံးမှုဖြစ်စဉ်ကို အခြေခံထားပြီး ဖြစ်ပွားခဲ့သည့် အခြေအနေများ (အကူအညီမတောင်းခြင်း၊ လိမ်လည်ပြောဆိုခြင်း၊ လူပျောက်တိုင်စဉ် ဖုံးကွယ်ခြင်း) ပေါ်မူတည်၍ မြန်မာနိုင်ငံ ရာဇသတ်ကြီး ဥပဒေ (Penal Code) နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (Child Rights Law) တို့အရ အောက်ပါအတိုင်း ဥပဒေကြောင်းအရ အမှုမြောက်နိုင်ပြီး စီမံဆောင်ရွက်ရပါမည်။
------------------------------
⚖️ ၁
ပြစ်မှုကျူးလွန်သူများက အသက်ပြည့်ပြီးသူ (အသက် ၁၈ နှစ်နှင့်အထက်) ဆိုလျှင်
မျက်စိရှေ့တွင် ကလေးတစ်ဦး ရေနစ်နေသည်ကို တမင်ပစ်ထားပြီး အကူအညီမတောင်းရုံသာမက၊ သေဆုံးမှုကိုပါ လိမ်လည်ဖုံးကွယ်ခဲ့ပါက အောက်ပါရာဇသတ်ကြီး ပုဒ်မများဖြင့် တရားစွဲဆို အရေးယူခံရနိုင်ပါသည်။

⚖️ ရာဇသတ်ကြီး ပုဒ်မ ၂၀၁ (ပြစ်မှုကျူးလွန်ကြောင်း သက်သေခံချက်ကို ကွယ်ပျောက်စေခြင်း သို့မဟုတ် ပြစ်ဒဏ်မှ ကာကွယ်ရန် တရားခံအား မမှန်သတင်းပေးခြင်း)

⚖️ အမှုမြောက်ပုံ
ရေနစ်သေဆုံးသွားသည်ကို သိလျက်နှင့် မိသားစုနှင့် ပတ်ဝန်းကျင်အား "ပြန်သွားပြီ" ဟု မမှန်မကန် လိမ်လည်ပြောဆိုခြင်း၊ မိသားစုက ရှာဖွေသည့်အခါ "သူတို့နဲ့မသွားဘူး" ဟု သတင်းအမှန်ကို တမင်ဖုံးကွယ်ခြင်းတို့သည် ပြစ်မှုကို ဖုံးကွယ်ရန် သတင်းတုပေးခြင်း မြောက်ပါသည်။

⚖️ ပြစ်ဒဏ်
လူသေမှု (သို့မဟုတ်) လူသတ်မှုဆိုင်ရာ သက်သေကို ဖုံးကွယ်ရန် ကြိုးပမ်းမှုဖြစ်၍ ၇ နှစ်အထိ ထောင်ဒဏ် နှင့် ငွေဒဏ် ချမှတ်နိုင်ပါသည်။

⚖️ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က (ပေါ့လျော့မှုကြောင့် လူသေစေမှု)
⚖️ အမှုမြောက်ပုံ
အတူတူသွားပြီး ကစားကြသူများဖြစ်၍ တစ်ဦးအန္တရာယ်ကြုံလျှင် ကူညီရန် သို့မဟုတ် အကူအညီတောင်းရန် တာဝန်ရှိသော်လည်း တမင်ပေါ့လျော့စွာ ပစ်ထားခဲ့ခြင်းကြောင့် လူသေဆုံးရခြင်း (ထိုသူတို့၏ ပျက်ကွက်မှုကြောင့် သေဆုံးမှုကို ပိုမိုမြန်ဆန် စေခြင်း) ဖြစ်လျှင် ဤပုဒ်မ ငြိစွန်းနိုင်ပါသည်။
⚖️ ပြစ်ဒဏ်
၇ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါသည်။
⚖️ ရာဇသတ်ကြီး ပုဒ်မ ၁၇၇ / ၁၈၂ (ပြည်သူ့ဝန်ထမ်းအား မမှန်သောသတင်းပေးမှု)
⚖️ အမှုမြောက်ပုံ
ရဲတပ်ဖွဲ့က လူပျောက်ရှာဖွေ စုံစမ်းစစ်ဆေးချိန်တွင် ၎င်းတို့နှင့် မသွားပါဟု လိမ်လည်ထွက်ဆိုခြင်းအတွက် အမှုမြောက်ပါသည်။

⚖️ ရာဇသတ်ကြီး ပုဒ်မ ၃၄ (အကျိုးတူ ပူးပေါင်းလုပ်ဆောင်ခြင်း)
⚖️ သူတို့ ၂ ဦးစလုံးက အကြံတူညီစွာဖြင့် လိမ်လည်ဖုံးကွယ်ခဲ့ကြသဖြင့် ပြစ်မှုကို ပူးပေါင်းကျူးလွန်သူများအဖြစ် အတူတကွ အရေးယူခံရပါမည်။

------------------------------
⚖️ ၂
ပြစ်မှုကျူးလွန်သူများက အသက်မပြည့်သေးသူ (ကလေးသူငယ်) ဆိုလျှင်
မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်မပြည့်သေးသူကို ကလေးသူငယ်ဟု သတ်မှတ်ပြီး၊ ပြစ်မှုကျူးလွန်ပါက ရာဇသတ်ကြီးအတိုင်း ထောင်ဒဏ်တိုက်ရိုက်မချဘဲ ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အရ သီးခြားစီမံ ဆောင်ရွက်ရပါသည်။

⚖️ က
အသက်အုပ်စုအလိုက် တာဝန်ရှိမှု

⚖️ အသက် ၁၀ နှစ်အောက်
ဥပဒေအရ မည်သည့်ရာဇဝတ်မှုမျှ မမြောက်ပါ (အပြစ်ပေး၍မရပါ)။

⚖️ အသက် ၁၀ နှစ်မှ ၁၄ နှစ်အထိ

မိမိပြုလုပ်သောအမှု၏ အကျိုးအပြစ်ကို ခွဲခြားသိမြင်နိုင်စွမ်း (Maturity of Understanding) ရှိမရှိ တရားရုံးက စိစစ်ပြီးမှသာ အရေးယူခြင်း ရှိ/မရှိ ဆုံးဖြတ်ပါသည်။

⚖️ အသက် ၁၄ နှစ်မှ ၁၈ နှစ်အထိ
ဥပဒေအရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ကလေးသူငယ်ဥပဒေအရ ပြစ်ဒဏ် (သို့မဟုတ်) ပြုပြင်ထိန်းသိမ်းရေး လမ်းကြောင်းဖြင့် စီမံရပါမည်။

⚖️ ခ
စီမံဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ

1. ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးခြင်း
ကလေးသူငယ်များကို သာမန်တရားခံများကဲ့သို့ ရဲစခန်းအချုပ်ခန်းတွင် မချုပ်ရပါ။ အမျိုးသမီးရဲမေများ သို့မဟုတ် အရပ်ဝတ်ဖြင့်သာ စစ်ဆေးရပြီး မိဘ (သို့မဟုတ်) အုပ်ထိန်းသူ ရှေ့မှောက်တွင်သာ စစ်ဆေးရပါမည်။

2. ကလေးသူငယ်တရားရုံး (Juvenile Court)
သာမန်လူကြီးတရားရုံးတွင် မစစ်ဆေးဘဲ သီးခြား ကလေးသူငယ်တရားရုံး (သို့မဟုတ်) ကလေးသူငယ်အမှုများကို စစ်ဆေးရန် သတ်မှတ်ထားသော သီးခြားနေရာတွင် လျှို့ဝှက်စစ်ဆေးရပါမည် (သတင်းစာ၊ လူမှုကွန်ရက်တို့တွင် ကလေးပုံနှင့် အမည်ကို ဖော်ပြခွင့်မရှိပါ)။

3. ချမှတ်မည့် ပြစ်ဒဏ်နှင့် စီမံမှု
⚖️ ကလေးသူငယ်များကို သေဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ် သို့မဟုတ် အလုပ်ကြမ်းနှင့် ထောင်ဒဏ်များ လုံးဝချမှတ်ခွင့်မရှိပါ။

⚖️ ပြစ်မှုထင်ရှားပါက မိဘထံ သတိပေးနှိုးဆော်၍ ပြန်လည်အပ်နှံခြင်း၊ ခံဝန်ကတိ အာမခံချက်ဖြင့် လွှတ်ခြင်းများ ပြုလုပ်နိုင်ပါသည်။
⚖️ အမှုကြီးလေးသဖြင့် ပြစ်ဒဏ်ပေးရန် လိုအပ်ပါက လူကြီးထောင်သို့ မပို့ဘဲ လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ "ကလေးသူငယ် ပြုပြင်ထိန်းသိမ်းရေးကျောင်း" ( Training School ) များသို့ အနည်းဆုံး ၂ နှစ်မှ အသက် ၁၈
နှစ်ပြည့်သည်အထိ ပို့ဆောင်ကာ ပညာသင်ကြားစေခြင်း၊ စိတ်ဓာတ်ပြုပြင်စေခြင်းများဖြင့် စီမံဆောင်ရွက်ရပါသည်။



#မင်္ဂလာလက်ထပ်စာချုပ်နှင့်အထွေထွေဥပဒေဝန်ဆောင်မှု
#တရားရုံးလက်ထပ် /ကွာရှင်း
#ရှေ့နေသက်‌သေဖြင့်လက်ထပ် /ကွာရှင်း
#အဝေးရောက်လက်ထပ် /ကွာရှင်း
#လင်မယားကွာရှင်းပြီးနောက်ပစ္စည်းခန်းခွဲဝေခြင်း
#အိမ်ခြံမြေစာချုပ်စာတမ်း
#သတင်းစာကြော်ငြာထည့်သွင်းခြင်း
#ဥပဒေအကြံပေးဆွေးနွေး
#နို့တစ်
#အမှုများလိုက်ပါဆောင်ရွက်ခြင်း
ဒေါ်မွှေးမွှေး မြင့် #တရားလွှတ်တော်ရှေ့နေ
☎️0977 127 8937(Viber)

.......ကြေးမုံသတင်းစာ.............. ၁၃.၆.၂၀၂၆.......စနေနေ့.............စာမျက်နှာ.......၂၂......."ကန့်ကွက်နိုင်ပါကြောင်း ...
13/06/2026

.......ကြေးမုံသတင်းစာ.............. ၁၃.၆.၂၀၂၆.......စနေနေ့.............စာမျက်နှာ.......၂၂.......
"ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန်ကြေညာခြင်း"

#မင်္ဂလာလက်ထပ်စာချုပ်နှင့်အထွေထွေဥပဒေဝန်ဆောင်မှု
#တရားရုံးလက်ထပ် /ကွာရှင်း
#ရှေ့နေသက်‌သေဖြင့်လက်ထပ် /ကွာရှင်း
#အဝေးရောက်လက်ထပ် /ကွာရင်း
#လင်မယားကွာရှင်းပြီးနောက်ပစ္စည်းခန်းခွဲဝေခြင်း
#ဥပဒေအကြံပေးဆွေးနွေး
#အိမ်ခြံမြေစာချုပ်စာတမ်း
#သတင်းစာကြော်ငြာထည့်သွင်းခြင်း
#နို့တစ်
#အမှုများလိုက်ပါဆောင်ရွက်ခြင်း
ဒေါ်မွှေးမွှေး မြင့် #တရားလွှတ်တော်ရှေ့နေ
☎️0977 127 8937(Viber )

Address

Yesagyo

Opening Hours

Monday 08:30 - 18:00
Tuesday 08:30 - 18:00
Wednesday 08:30 - 18:00
Thursday 08:30 - 18:00
Friday 08:30 - 18:00
Saturday 08:30 - 18:00
Sunday 08:30 - 18:00

Telephone

+959771278937

Website

Alerts

Be the first to know and let us send you an email when HHM Legal Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HHM Legal Services:

Shortcuts

Share