
16/08/2025
စိတ်ညစ်ရင် ကုသိုလ်တရားနဲ့ပဲ
အာရုံပြောင်းပေးလိုက်တာ အကောင်းဆုံး။
အဆိုးလောကဓံကို ဘယ်သူမှ မကြုံချင်ကြဘူး။
ဒီတော့ ကြုံလာရင် စိတ်ညစ်မယ်။
ပုထုဇဉ်ပဲ ညစ်ပေါ့...။
အေး… ကိုယ့်စိတ်တိုင်းကျ ညစ်ပြီးရင်တော့
ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ကြဖို့ပဲ။
စိတ်ညစ်စရာလည်းညစ်၊
တစ်နေ့တာ ကိုယ်လုပ်စရာရှိတာလည်း လုပ်ပေါ့။
အဓိက,ကတော့ စိတ်ညစ်စရာ ရှိပေမယ့်
တစ်နေ့တာ ကိုယ်လုပ်ရမယ့်
ဒါန သီလ ဘာဝနာဆိုတဲ့ ကုသိုလ်တရား
အလုပ်လေးတွေ ပျက်မသွားဖို့ပဲ
အရေးကြီးတယ်နော်...
ဒီတော့ စိတ်ညစ်တဲ့အခါ အကောင်းဆုံးကတော့
ကုသိုလ်တရားနဲ့ပဲ အာရုံပြောင်းလိုက်…။
🙏ပါမောက္ခချုပ်ဆရာတော်ကြီး🙏
#တရားတော်