28/06/2025
💢Yeezy x Adidas — သမိုင်းဝင် sneaker လက်တွဲမှု-
Kanye West မှတည်ထောင်သော Yeezy ဟာ ၂၀၁၅ ခုနှစ်မှာ Adidas နဲ့ လက်တွဲပြီး sneaker လောကကို ပြောင်းလဲစေခဲ့ပါတယ်။
Yeezy Boost 350, 700, နဲ့ Foam Runner တို့ကတော့ ဖက်ရှင်ပိုင်းအနေနဲ့ပဲမက၊ နည်းပညာနဲ့ဖန်တီးမှုတွေအရပါ စနီကာလောကထဲမှာ ပထမဦးဆုံးတင်ခဲ့တဲ့ design တွေ ဖြစ်တယ်။
Streetwear နဲ့ Luxury အရသာကို တွဲဖက်ပြီး အင်္ကျီလောကမှာ အသစ်တခုဖြစ်လာတဲ့ Yeezy က မျက်စိမလွဲနိုင်တဲ့ sneaker ဖြစ်လာခဲ့တယ်။
ဒီ Collab ဟာ sneaker နဲ့ ဖက်ရှင်လောကမှာ တန်ဖိုးကြီးစေတဲ့ turning point တစ်ခုဖြစ်လာတယ်။
ဘာကြောင့် Yeezy နဲ့ Adidas က လက်တွဲဖြုတ်ခဲ့တာလဲ ❓
⭕ ၂၀၂၂ ခုနှစ်မှာ Kanye West (အခု Ye ဟုခေါ်သော) ရဲ့ အငြင်းပွားဖွယ်အပြုအမူတွေကြောင့် Adidas ဟာ သူနဲ့ လက်တွဲမှုကို ဖြုတ်ဖျက်လိုက်ပါတယ်။
‼️ Warning
(he posted antisemitic remarks on social media and made other offensive comments publicly) အထူးသဖြင့် လူမှုရေးပတ်ဝန်းကျင်မှာ ခေါင်းစားမှုများစွာ ဖြစ်လာတဲ့အခါ Adidas က ကုမ္ပဏီအမှတ်တံဆိပ်အပေါ် ယုံကြည်မှုကိုထိခိုက်မှာ စိုးရိမ်လာခဲ့တယ်။
အဲ့တာကြောင့် Yeezy production ကို ရပ်နားလိုက်ပေမယ့် ထုတ်ထားပြီးသားအကြွင်းအနေနဲ့ Yeezy logo မပါဘဲ ထပ်မံလက်လွှတ်ရောင်းချခဲ့ကြတယ်။
အဲဒီအချိန်နောက်ပိုင်းမှာတော့ Yeezy ရဲ့ ရှေးထုတ် edition တွေဟာ ပို၍ ရှားပါးလာပြီး ပြန်ထုတ်လုပ်မဲ့ အလားအလာမရှိသဖြင့် sneaker ဝယ်သူများအတွက် အရှားပါးပြီး တန်ဖိုးကြီးလာတဲ့ ခေတ်ဆန် Outfit တစ်ခုဖြစ်လာပါတယ်။ ♻️
Thrift ဝယ်သူတွေအတွက် ဘာကြောင့် Yeezy ကိုသတိထားဖို့ လိုအပ်သလဲ ❓
Yeezy များဟာ resale market မှာ တန်ဖိုးမြင့်လာတာကြောင့် Thrift store, online resale, marketplace တွေမှာ ရှာဖွေဝယ်ယူသူတွေအတွက် တန်ဖိုးရှိတဲ့ product ဖြစ်လာပါတယ်။
ဒါပေမယ့် Yeezy တေွဟာ အတု (fake) အများကြီးရှိတဲ့ sneaker ဖြစ်တဲ့အတွက် authenticateလုပ်ဖို့ဟာ အလွန်အရေးကြီးပါတယ်။ Original Yeezy တွေမှာ Boost sole ရဲ့ ပုံသဏ္ဍန်၊ ချည်ဖျဉ်ချုပ်ပုံနဲ့ Box မှာပါတဲ့ font၊ serial number စတဲ့ အချက်အလက်တွေက တခြားနဲ့မတူဘဲ ရှင်းလင်းပါတယ်။
အချို့ Yeezy များကတော့ အနာဂတ်မှာ ဈေးနှုန်းပိုတက်လာနိုင်တာကြောင့် “တန်ဖိုးအရှိဆုံး” sneaker စုစည်းမှုအနေနဲ့ သိမ်းထားဖို့ဘဲသင့်တော်တယ်။
တချို့ကတော့ ထပ်မံမထုတ်တော့တဲ့ limited edition ဖြစ်တဲ့အတွက် အမြန် flip (resale) လုပ်ပြီး အမြတ်ရနိုင်ပါတယ်။
⭕ မိတ်ဆေွဘာလုပ်ဖို့ဆုံးဖြတ်မလဲ ဆိုတာက မိတ်ဆွေရရှိထားတဲ့ Yeezy ရဲ့ condition, rarity, market demand တွေပေါ်မူတည်ပါတယ်။
Content from Admin P