My Taste Is All Over The Places

My Taste Is All Over The Places ilovemusic

Olivia ရဲ့ You Seem Pretty Sad for a Girl So in Love အပေါ် admin ရဲ့ သုံးသပ်ချက်ပါ။ အားလုံးပဲ သဘောကျအကြိုက်တွေကြရဲ့လား။ ...
14/06/2026

Olivia ရဲ့ You Seem Pretty Sad for a Girl So in Love အပေါ် admin ရဲ့ သုံးသပ်ချက်ပါ။ အားလုံးပဲ သဘောကျအကြိုက်တွေကြရဲ့လား။ ဖြေပေးသွားကြပါဦး။

With artists like Jane Remover, underscores, and Kim Petras blowing up lately, here’s a list of trans artists you need t...
07/06/2026

With artists like Jane Remover, underscores, and Kim Petras blowing up lately, here’s a list of trans artists you need to check out right now.

ahh yeah Chan Chan, my favorite metal artist from Myanmar ahhh
04/05/2026

ahh yeah Chan Chan, my favorite metal artist from Myanmar ahhh

လျှောက်ကြမယ်ဟေ့ ကောင်းကောင်း 👠👡👢
03/05/2026

လျှောက်ကြမယ်ဟေ့ ကောင်းကောင်း 👠👡👢

KISS KISS KISS (NOWIMYOUNG (나우아임영) & Royal 44)သူတကယ်ချစ်တဲ့ ကောင်မလေးဆီက စာဝင်လာပေမယ့် သူကိုယ်တိုင်က အမှားတွေလုပ်၊ အားလု...
23/04/2026

KISS KISS KISS
(NOWIMYOUNG (나우아임영) & Royal 44)

သူတကယ်ချစ်တဲ့ ကောင်မလေးဆီက စာဝင်လာပေမယ့် သူကိုယ်တိုင်က အမှားတွေလုပ်၊ အားလုံးကို ဖျက်ဆီးပစ်ခဲ့မိပြီး။ အခုချိန်မှာ တခြားမိန်းကလေးတစ်ယောက်နဲ့ အတူရှိနေပေမယ့် စိတ်ထဲမှာ ဘာခံစားချက်မှ မရှိဘဲ ရုပ်ရှင်ရိုက်နေရသလို စက်ရုပ်တစ်ရုပ်လို အေးစက်စွာနဲ့ ဟန်ဆောင်နေရတဲ့ အဖြစ်နဲ့ အစပျိုးထားပါတယ်။

အပြင်ပန်းက ကြည့်လိုက်ရင် သူဟာ အရာရာပြည့်စုံပြီး၊ ချမ်းသာတဲ့ လူငယ်တစ်ယောက်ပေါ့။

ငွေကြေး၊ အောင်မြင်မှုနဲ့ သူ့ရဲ့ခြေလှမ်းတိုင်းကို အမြဲစောင့်ကြည့်နေတဲ့ ပါပါရာဇီတွေ ဝန်းရံနေတဲ့အပြင်၊ သူလိုချင်တဲ့ မိန်းကလေးတွေကိုတောင်မှ ဂိမ်းတစ်ခုကို 'Easy Mode' နဲ့ ကစားနေရသလို အလွယ်တကူ ရနိုင်တဲ့သူမျိုးလေ။ ဒါပေမယ့် အဲ့လို ခမ်းနားတဲ့ သူ့ရဲ့ LifeStyle ရဲ့ နောက်ကွယ်မှာတော့ ဘယ်သူမှမသိတဲ့ အေးစက်စက် အထီးကျန်မှုတွေက ရှိနေတုန်းပဲ။

ငါက ချမ်းသာတဲ့ လူငယ်တစ်ယောက်" ဖြစ်ကြောင်းကို နှုတ်က ကြွားဝါနေပေမယ့်လည်း တကယ်တမ်း သူ့စိတ်အာရုံကတော့ အချစ်ဦးကို ပထမဆုံးစတွေ့ခဲ့တဲ့ ကလပ်လေးဆီမှာပဲ ရပ်တန့်နေတုန်း။

" အခုဘယ်ရောက်နေ လဲလို့ ဖုန်းဆက်သင့်သလား...
ငါကိုယ်တိုင်တောင် ဝေခွဲမရဖြစ်နေတုန်း၊ ဒီနေ့လည်း ငါ့အတွက်တော့ ရှည်လျားတဲ့ညတစ်ည" ဆိုတဲ့စာသားအရ။

သူ့ရင်ထဲမှာ အတိတ်က အချစ်ကို အရမ်းလွမ်းနေပြီ။ အခု သူမ ဘယ်တွေရောက်လို့၊ ဘာတွေလုပ်နေမလဲ သိပ်သိချင်နေပြီ။

ဖုန်းလေး တစ်ချက်လောက်များ ဆက်လိုက်ရမလား
ဆိုပြီး ဖုန်းကိုင်လိုက်၊ ပြန်ချလိုက်နဲ့ တွေဝေနေတဲ့ အခြေအနေ။

သူကိုယ်တိုင်က ပြန်ဆက်သွယ်ဖို့ မျက်နှာပူနေတာ၊
သူ့ရဲ့ မာန က ဆက်သွယ်ဖို့ တားဆီးနေတာမျိုး။

ဒါမှမဟုတ် သူမက တခြားတစ်ယောက်နဲ့များ ပျော်နေပြီလားဆိုတဲ့ စိုးရိမ် စိတ်တွေကြောင့် "ဆက်သွယ်ရမလား၊ မဆက်သွယ်ရဘူးလား" ဆိုပြီး ဆုံးဖြတ်ချက်ချမရ ဖြစ်နေတာမျိုးလို့ထင်မိပါတယ်။

အောင်မြင်ချင်တဲ့ လောဘတွေ၊ ဟန်ကိုယ့်ဖို့ဆိုတဲ့ မာန တွေကြောင့် တကယ်ချစ်ရတဲ့သူကို ကျောခိုင်းခဲ့မိတဲ့အတွက်၊ အခုချိန်မှာ အရာရာကို စွန့်လွှတ်လိုက်ချင်လောက်အောင် နောင်တတွေနဲ့အတူ အတိတ်ကိုပဲ တစ်သသ လွမ်းဆွတ်နေရတာမျိုးပေါ့။

အခုချိန်မှာ သူမ ဘယ်တွေရောက်လို့၊ ဘာတွေလုပ်နေမလဲ... ဖုန်းလေး တစ်ချက်လောက်များ ဆက်လိုက်ရမလားဆိုပြီး ဖုန်းကိုင်လိုက်၊ ပြန်ချလိုက်နဲ့ တွေဝေနေရတဲ့ အဖြစ်က သူ့အတွက် ညတိုင်းလိုလိုပဲ လို့ ပြောရမယ်။

လက်ရှိ ပိုင်ဆိုင်ထားသမျှ အရာရာကို စွန့်လွှတ်ပြီး သူမဆီ ပြန်ပြေးသွားချင်တဲ့ စိတ်နှစ်ခုကြားမှာ သူကိုယ်တိုင်တောင် ဝေခွဲမရလောက်အောင် ပြင်းပြင်းထန်ထန် လွန်ဆွဲနေတဲ့ အခြေအနေ။

​အရင်က မကြာခဏ သွားခဲ့တဲ့ ဆူညံနေတဲ့ ကလပ်တွေ၊ ပါတီတွေဆိုတာလည်း အခုတော့ သူ့အတွက် ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။

အဲ့ဒီလို ဟန်ဆောင်ပျော်ရွှင်ရတဲ့ နေရာတွေကို သွားမယ့်အစား၊ အိပ်မပျော်တဲ့ ဒီညဝေယံတွေမှာ အခုလို အချစ်သီချင်းလေးတွေ ဖွင့်ထားပြီးပဲ နေလိုက် ချင်တယ် ဆိုတဲ့ ပုံမျိုးကို ပြောတယ်လို့ထင်တယ်။

ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ အထီးကျန်မှုကို ဖုံးကွယ်ဖို့ ကြိုးစားထားတဲ့ နေရာကတော့ သီချင်းရဲ့ အသက်ဝင်ဆုံး အပိုင်းလို့ပြောလို့ရတယ်။

နာရီ၊ ဆွဲကြိုး၊ လက်ကောက်ကအစ ဈေးကြီးလှတဲ့ Cartier တွေချည်း ဝတ်ဆင်ထားပြီး၊ ဝမ်ဆယ်သန်း (ဒေါ်လာထောင်ချီ) တန်တဲ့ အနွေးထည်ကြီးကို ဝတ်ထားရင်တောင်မှ ရင်ထဲက အေးစက်မှုကိုတော့ သူ ဘယ်လိုမှ မကာကွယ်နိုင်ဘူး။

ဒီလို လစ်ဟာနေတဲ့ အထီးကျန်မှုကို မခံစားနိုင်လွန်းလို့ သူဟာ တခြားမိန်းကလေးတွေနဲ့ တွဲပြီး အစားထိုးကြည့်ပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ နှလုံးသား အစစ်အမှန်ကိုတော့ သူတို့ကိုယ်တိုင်က ကို လက်မခံရဲတော့ပါဘူး။

သူတို့ရဲ့ ရည်မှန်းချက်တွေကြောင့် တကယ့်အချစ်စစ်တစ်ခုကို ဖျက်ဆီးခဲ့မိပြီဆိုတဲ့ နောင်တက သူ့ရင်ထဲမှာ အမြစ်တွယ်နေပါတယ်။

ဒါကြောင့် နောက်ထပ် မိန်းကလေးတစ်ယောက်က သူ့ကို အချစ်စစ်နဲ့ လာပေးတဲ့အခါ၊ သူ ဒီအချစ်ကိုလည်း ထပ်ပြီး ဖျက်ဆီးမိသွားမလား၊ ထပ်နာကျင်စေမိမလားဆိုတဲ့ အကြောက်တရားက သူ့ကို နောက်ဆုတ်သွားစေတာပါ။

ရင်ထဲမှာ အတိတ်ကို လွမ်းဆွတ်နေတဲ့ ခံစားချက်တွေပဲ အပြည့်ဖြစ်နေတဲ့အတွက်၊ လက်ရှိလူကို ပြန်ပေးစရာ နှလုံးသား သူ့မှာ မရှိတော့ပါဘူး။

ဒါ့ကြောင့် ကင်မရာရှေ့မှာ သရုပ်ဆောင်နေသလိုမျိုး ဟန်ဆောင်ပြီးပဲ တွဲနေနိုင်တော့တာပေါ့။

အတူတူရှိနေချိန်၊ နမ်းရှိုက်နေချိန်တွေမှာတောင် သူ့စိတ်ထဲမှာ ဘာခံစားချက်မှ မရှိဘဲ ကင်မရာပွင့်နေတဲ့အရှေ့တည့်တည့် မှာ သရုပ်ဆောင်နေရတဲ့ စက်ရုပ်တစ်ရုပ်လို ဟန်ဆောင်နေနေ ရတာမျိုး။

ဘယ်လောက်ပဲ ထင်ပေါ်ကျော်ကြားလို့ နေပါစေ၊ လူတွေကြားထဲမှာ ဟန်ဆောင်ပြုံးရယ်နေရလွန်းလို့ စိတ်ပိုင်းဆိုင်ရာအရ သူ အရမ်းကို ပင်ပန်းနွမ်းနယ်နေပြီ။

လူတစ်ယောက်ရဲ့ နှလုံးသားကို လက်ခံလိုက်ပြီဆိုတာနဲ့ သံယောဇဉ်တွေ၊ တာဝန်ယူမှုတွေ၊ နာကျင်ရမှုတွေဆိုတဲ့ လေးနက်တဲ့ ခံစားချက်တွေက ပါလာတော့မှာပါ။

သူက အခုချိန်မှာ အဲ့ဒီလို နက်ရှိုင်းတဲ့ ခံစားချက်တွေကို ရင်ဆိုင်ဖို့ အင်အားမရှိတော့ပါဘူး။

ဝမ်ဆယ်သန်းတန် အနွေးထည်တွေ၊ Cartier တွေနဲ့ သူ့ကိုယ်သူ အထပ်ထပ် ကာကွယ်ထားတဲ့သူမို့လို့၊ ဒီအကာအကွယ်တွေကို ဖယ်ရှားပြီး နှလုံးသားချင်း ရင်းနှီးရမှာကို ကြောက်နေတာပါ။

အဲ့ဒီအစား ဘာတာဝန်ယူမှုမှ မလိုဘဲ အပေါ်ယံ ရုပ်ပိုင်းဆိုင်ရာအရပဲ နမ်းရှိုက်နေရတဲ့ 'Easy Mode' (အလွယ်လမ်း) က သူ့အတွက် ပိုပြီး သက်တောင့်သက်သာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဘယ်သူနဲ့ပဲ အတူရှိနေပါစေ ရင်ထဲက အထီးကျန်မှုကြီးက ပျောက်မသွားဘဲ သံသရာလည်ကာ၊ နောက်တစ်ယောက်ပြီး နောက်တစ်ယောက် ပြောင်းလဲနမ်းရှိုက်နေရတဲ့ သူ့ရဲ့ ကြေကွဲစရာ လက်တွေ့ဘဝကို မြင်တွေ့ရမှာပါ။

“ငွေကြေးနဲ့ ကျော်ကြားမှုဆိုတာ လူတစ်ယောက်ရဲ့ ရင်တွင်းက အေးစက်မှုကို ဘယ်တော့မှ မနွေးထွေးစေနိုင်ဘူး” ဆိုတဲ့ မပြောင်းလဲတဲ့ ခံစားချက်ကို ခေတ်ပေါ် Pop Star တစ်ယောက်ရဲ့ ဘဝနေမှုပုံစံနဲ့ ထပ်တူပြုပြီး သီဆိုထားတာပဲ ဖြစ်ပါတယ်။

ရုပ်ဝတ္ထုတွေ၊ အပေါ်ယံဆန်တဲ့ သာယာမှုတွေက
အချစ်စစ်ကို ဘယ်တော့မှ အစားမထိုးနိုင်ဘူးဆိုတာကို ဖော်ကျူးထားတဲ့ သီချင်းကောင်း လေးတစ်ပုဒ် လို့လည်း မြင်မိပါတယ်။

[🪼🎐]

back when i used to post s*its and pulled these numbers....looking back it's crazy
22/04/2026

back when i used to post s*its and pulled these numbers....looking back it's crazy

Or a treat

လစ်တဲ ဘွိုင်း 's Diss on Swings(lilboi ရဲ့ Diss က ပြောတဲ့ Swings အကြောင်း )လတ်တလောမှာ ကတော့ Lil Boiဘက်က ထုတ်လိုက်တဲ့ "그 ...
22/04/2026

လစ်တဲ ဘွိုင်း 's Diss on Swings

(lilboi ရဲ့ Diss က ပြောတဲ့ Swings အကြောင်း )

လတ်တလောမှာ ကတော့ Lil Boiဘက်က ထုတ်လိုက်တဲ့ "그 형" (That hyung) ဆိုတဲ့ Diss Track ကြောင့်အတော်လေး ဂယက်ရိုက် နေပါတယ်။ အဲ့သီချင်းထဲမှာ Lil Boi က Swings ကို အာဏာရှင်ဆန်ဆန်နဲ့ ညီငယ်တွေကို အနိုင်ကျင့်တဲ့သူ၊ လွတ်လပ်ခွင့်တွေကို ပိတ်ပင်သူအဖြစ် ဝေဖန်ထားတာ မျိုးကိုလည်း တွေ့ရပါတယ်။ သီချင်းကတော့ နားထောင်လို့ ကောင်းတယ် ဆိုပေမဲ့၊ နောက်ကွယ်က တကယ့် အဖြစ်အပျက်တွေ ကတော့ တဖက်က ရှင်းလင်းထားတဲ့ အကြောင်းအရာတွေနဲ့ ကြည့်မယ်ဆိုရင် ကွဲလွဲနေတာမျိုးတွေတော့ တွေ့ရပါတယ်။

၃ နှစ်ခွဲကြာ အငြိုးအတေးနဲ့ လွဲချော်နေတဲ့ အမြင်များ။

လွန်ခဲ့တဲ့ ၃ နှစ်ခွဲက Indigo Music ကို ဝင်ဖို့ ငြင်းဆန်ခဲ့တာကို Swings က အငြိုးထားပြီး သူ့ကို Sneak Diss လုပ် ခဲ့တယ် လို့ ဆိုထားပါတယ်။

သွယ်ဝိုက်တိုက်ခိုက်တာ ဟုတ်မဟုတ်က တော့ တဖက်က ဖြေရှင်းထားတာမျိုး မတွေ့ရသေးတော့ တဖက်တည်းက အမြင်လို့ပဲ လောလောဆယ် ဆိုရပါမယ်။

နောက်ပြီး Swings ဟာ သူ့ ကမ်းလှမ်းမှုကို ငြင်းဆန်တဲ့ Rapper အသစ်လေးတွေကို အငြိုးထားပြီး ဂီတဆက်လုပ်လို့မရအောင် ဖိနှိပ်ခြိမ်းခြောက်တယ် လို့လည်းထောက်ပြထားပါတယ်။

အဖွဲ့ဝင်တွေရဲ့ စာသားတွေကို ဆင်ဆာဖြတ်တဲ့အပြင် မူပိုင်ခွင့်တွေအပေါ် ခေါင်းပုံဖြတ်တယ်ဆိုတဲ့ အကြောင်းလည်း ပြောထားပါတယ်။ အဖွဲ့ဝင်တွေ ရဲ့ သီချင်းစာသားတွေ ကို ကိုယ့်အလိုကျ တည်းဖြတ်တာမျိုးလုပ်ခဲ့တာမျိုးပါ။ ခေါင်းပုံဖြတ်ပါတယ်ဆိုတဲ့အကြောင်းကတော့ ကုမ္ပဏီ ဘဏ္ဍာရေး အခက်အခဲကြောင့် မူပိုင်ခွင့်အချို့ကို ရောင်းခဲ့တဲ့ အဖြစ်အပျက်ကို ရည်ညွှန်းတယ်လို့ထင်ပါတယ်။

"မူပိုင်ခွင့် ရောင်းချခဲ့ရတာ မှန်ပေမဲ့၊ အနုပညာရှင်တွေနဲ့ သေချာတိုင်ပင်ဆွေးနွေးပြီးမှသာ ဆုံးဖြတ်ခဲ့တာဖြစ်သလို၊ ရလာတဲ့ အမြတ်အစွန်းတွေကိုလည်း တန်းတူညီမျှ ခွဲဝေပေးခဲ့တယ်လို့" swings ကိုယ်တိုင် တလောကပဲ ‌ဖြေ ရှင်းထားပါတယ်။

သက်သေ အနေနဲ့ Giriboy ကိုယ်တိုင်က" Swings နဲ့ သူတို့ကြားမှာ ဘာပြဿနာမှမရှိကြောင်း။ ပြောပေးခဲ့ပါတယ်။

ခြုံငုံကြည့်လိုက်ရင် ဒီဖြစ်ရပ်ဟာ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာထက် ရှုထောင့်မတူညီတဲ့ လူနှစ်ယောက်ကြားက အမြင်ကွဲလွဲမှုလို့ ဆိုရမှာပါ။

lilboi ဟာ အနုပညာလွတ်လပ်ခွင့်ကို အပြည့်အဝ လိုလားသူဖြစ်လို့ စီးပွားရေးဆန်တဲ့ ချဉ်းကပ်မှုတွေကို ဖိအားတစ်ခုလို ခံစားရနိုင်ပါတယ်။

တစ်ဖက်မှာလည်း Swings ဟာ အနုပညာရှင်ဖြစ်သလို CEO တစ်ယောက်လည်း ဖြစ်တဲ့အတွက် သူ့ရဲ့ ဆုံးဖြတ်ချက်တွေက တချို့အချိန်တွေမှာ ကြမ်းတမ်းတယ်လို့ ထင်ရပေမဲ့ လုပ်ငန်းလည်ပတ်မှုအရတော့ မှန်ကန်နေတတ်ပါတယ်။

အချုပ်ပြောရရင် Diss Track တွေဆိုတာ နားထောင်လို့ကောင်းတဲ့ အနုပညာ ဖန်တီးမှုတွေ ဖြစ်ပေမဲ့၊ သီချင်းထဲက စာသားတိုင်းကိုတော့ ရာခိုင်နှုန်းပြည့် အမှန်တရားတွေလို့ ယူဆလိုက်လို့မရဘူး ဆိုတာကိုတော့ နားလည်ထားရပါမယ်။

[🪼🎐]

AOMG အပြောင်းအလဲ နဲ့ MEENOI ရဲ့ ကောလာဟလ​(တကယ်တမ်း ဘာတွေဖြစ်ခဲ့ကြတာလဲ?)​လတ်တလော Social Media တွေနဲ့ YouTube ပေါ်မှာ  အဆို...
19/04/2026

AOMG အပြောင်းအလဲ နဲ့ MEENOI ရဲ့ ကောလာဟလ​

(တကယ်တမ်း ဘာတွေဖြစ်ခဲ့ကြတာလဲ?)

​လတ်တလော Social Media တွေနဲ့ YouTube ပေါ်မှာ အဆိုတော် Meenoi က သူမရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း Woo Won Jae ကို ရည်ရွယ်ပြီး ဝေဖန်တိုက်ခိုက်တဲ့သီချင်း (Diss Track)ထုတ်လိုက်ပြီဆိုတဲ့ သတင်းတွေ တက်နေပါတယ်။ ဒါပေမဲ့ ဒီအကြောင်းအရာတွေကို အသေးစိတ် ကြည့်လိုက်ချိန်တဲ့မှာတော့ ဒါဟာ Views လိုချင်ရုံသက်သက် လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှား (Fake News) သာဖြစ်ကြောင်း တွေ့ရပါတယ်။

အဲ့ဒီ ပြဿနာက ဘယ်ကစလဲ ဆိုရင် ပြီးခဲ့တဲ့ကာလတွေက ဖြစ်ခဲ့တဲ့ Meenoi ရဲ့ စာချုပ်ပြဿနာကနေ ပြန်စပြောရပါလိမ့်မယ်။

-- ​အထင်လွဲမှုတွေနဲ့ စာချုပ်ပြဿနာ --

​အစပိုင်းမှာ Meenoi နဲ့ သူမရဲ့ အေဂျင်စီ AOMG တို့ကြားမှာ အလှကုန်ကြော်ငြာ စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး နားလည်မှုလွဲချော်တာလေးတွေ ဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီဘက်က လုပ်ထုံးလုပ်နည်းအရ တရားဝင် သုံးခဲ့တဲ့ Digital Signature (အီလက်ထရောနစ် လက်မှတ်) ကို Meenoi ဘက်က သူမခွင့်ပြုချက်မပါတဲ့ "တံဆိပ်တုံးတု" ဆိုပြီး အထင်လွဲသွားခဲ့ပုံရပါတယ်။

​ဒီကိစ္စကို သူမက Live လွှင့်ရင်း စိတ်လိုက်မာန်ပါ ပြောမိသွားတဲ့အတွက် ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရရှာပါတယ်။

ဒါပေမဲ့ နောက်ဆုံးမှာတော့ AOMG နဲ့ သေချာညှိနှိုင်းတိုင်ပင်ပြီး နားလည်မှု ပြန်ရသွားတဲ့အတွက် ပြဿနာကို အေးအေးချမ်းချမ်း ဖြေရှင်းနိုင်ခဲ့ပါတယ်။

-- ​DUOVER ဆီ ကူးပြောင်းသွားကြတဲ့ သူငယ်ချင်းများ --

​Meenoi တစ်ယောက် ပြဿနာတွေကြား ရုန်းကန်နေရချိန်မှာပဲ AOMG ရဲ့ CEO ဟောင်း DJ Pumkin က ရာထူးကနေ နုတ်ထွက်သွားခဲ့ပြီး "DUOVER" ဆိုတဲ့ အေဂျင်စီအသစ်ကို ဦးဆောင်တည်ထောင်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ Woo Won Jae, Gray နဲ့ Lee Hi တို့လို အဓိက အနုပညာရှင်တွေကလည်း သူတို့ရဲ့ အနုပညာလမ်းကြောင်းသစ်အတွက် DUOVER ဆီကို တရားဝင် ပြောင်းရွှေ့သွားခဲ့ကြပါတယ်။

​ဒီလို အခြေအနေတွေကို အခွင့်ကောင်းယူပြီး သတင်းတု ဖန်တီးသူတွေက ဇာတ်လမ်းဆင်လာကြတာပါ။ "Woo Won Jae တို့က Meenoi ကို ဒုက္ခထဲ ပစ်ထားခဲ့လို့ Meenoi က နာကျင်စွာနဲ့ Diss Track ထုတ်ပြီး တိုက်ခိုက်တယ်" ဆိုတာမျိုးတွေဟာ အခြေအမြစ်မရှိ လုပ်ကြံရေးသားထားတာတွေပဲ ဖြစ်ပါတယ်။

​တကယ်တော့ Meenoi နဲ့ Woo Won Jae တို့ကြားမှာ ဘာရန်ငြိုးမှမရှိသလို၊ Woo Won Jae ကို တိုက်ခိုက်ထားတဲ့ Diss Track ဆိုတာလည်း မရှိပါဘူး။

အနုပညာရှင်တွေအနေနဲ့လည်း ကိုယ့်စာချုပ်သက်တမ်းအလိုက် အေဂျင်စီအဟောင်းနဲ့ အသစ်ကို ကိုယ်တိုင် ရွေးချယ်သွားကြတာမျိုးသာ ဖြစ်ပါတယ်။

-- ​သီချင်းတွေထဲက ချန်ရစ်ခံရသူရဲ့ ခံစားချက်အမှန် --

(​ဒါဆို အခုထွက်လာတဲ့ သီချင်းတွေက ဘာလဲ?)

တကယ်တမ်းက ဒီသီချင်းတွေဟာ ချန်ရစ်ခံလိုက်ရတဲ့ အပေါ် သူမရဲ့ စိတ်ခံစားချက်အမှန်တွေကို ရေးဖွဲ့ထားတာလို့ ထင်ပါတယ်။

​ပြဿနာက သူမနဲ့ အရမ်းရင်းနှီးတဲ့ Woo Won Jae အပါအဝင် အဖွဲ့သားအားလုံးက သူမ အေဂျင်စီနဲ့ ပြဿနာတက်နေချိန်မှာ လေဘယ်လ် label အသစ်ထောင်ပြီး AOMG မှာ သူမကို တစ်ယောက်တည်း ထားခဲ့ကြတာမျိူး ဖြစ်သွားတာပေါ့။

အဆိုးဆုံးအချိန်မှာ ဝိုင်းကူညီမယ့်သူမရှိဘဲ "နတ်ဒုံမြစ်ထဲက ဘဲဥ" (အုပ်စုကွဲပြီး ကျန်ရစ်ခဲ့ရသူ) လို ဖြစ်သွားခဲ့တဲ့ သူမရဲ့ ခံစားချက်တွေက အရမ်းကို ပြင်းထန်နာကျင်ခဲ့ရပုံပါပဲ။

​ဒါကြောင့် Meenoi ရဲ့ သီချင်းသစ်တွေဟာ အလကားသက်သက် ဖန်တီးထားတာမျိုး မဟုတ်ဘဲ ခက်ခဲကျပ်တည်းချိန်မှာ ကိုယ့်ကို ပစ်ထားခဲ့တဲ့ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေရဲ့ "သစ္စာမဲ့မှု" အပေါ် ခံစားရတဲ့ သူမရဲ့ ရင်တွင်းဖြစ်တွေကို ပရိသတ်တွေသိအောင် ရင်ဖွင့်ပြတာလို့ မြင်ပါတယ်။

- - -

[🪼🎐]

Address

Yangon

Website

Alerts

Be the first to know and let us send you an email when My Taste Is All Over The Places posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share