Harmonic TV

Harmonic TV Creations are coming to you.

EV ကား ဈေးကွက်ကို လှုပ်ခပ်စေခဲ့တဲ့ BYD ရဲ့ ၅မိနစ်နဲ့အားသွင်းနိုင်တဲ့နည်းပညာ မကြာသေးခင်က BYD က သူတို့ရဲ့ နောက်ဆုံးပေါ် Su...
20/03/2025

EV ကား ဈေးကွက်ကို လှုပ်ခပ်စေခဲ့တဲ့ BYD ရဲ့ ၅မိနစ်နဲ့အားသွင်းနိုင်တဲ့နည်းပညာ

မကြာသေးခင်က BYD က သူတို့ရဲ့ နောက်ဆုံးပေါ် Super e-Platform နဲ့ Flash Charging စနစ်က ၅မိနစ်အတွင်း အားသွင်းရုံနဲ့ ကီလိုမီတာ ၄၀၀ (မိုင် ၂၅၀ခန့်) အကွာအဝေးကို ပေးစွမ်းနိုင်တယ်လို့ ဖော်ပြခဲ့တယ်။

ဒီထုတ်ပြန်ချက်က EV ကားဈေးကွက်ကို အတော်လေး ရိုက်ခတ်စေခဲ့တဲ့အပြင် BYD ရဲ့ ရှယ်ယာတန်ဖိုးတွေလည်း တဟုန်ထိုး မြင့်တက်သွားခဲ့တယ်လို့ ဆိုကြတယ်။ အထူးသဖြင့် .. EV ဈေးကွက်မှာ BYD အနေနဲ့ သူနဲ့ အပြိုင်အဆိုင်ဖြစ်နေတဲ့ Tesla ကို နောက်ကောက်ချနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ Tesla ပိုင်ရှင်အနေနဲ့ လက်ရှိမှာ အမေရိကန်ရဲ့ နိုင်ငံရေးတွေမှာ ဝင်ရောက်စွက်ဖက်မှုတွေကြောင့် သူ့ရဲ့ ပုံရိပ်ကျဆင်းနေချိန်မှာ၊ BYD ရဲ့ ငါးမိနစ်အတွင်း အားသွင်းနိုင်တဲ့ နည်းပညာထွက်ရှိလာမှုက Tesla ကို ဈေးကွက်ထဲမှာ အရှိုက်ထိသွားစေတာပဲ ဖြစ်ပါတယ်။

နောက်တခုက ဈေးကွက်ထဲမှာ BYD က နည်းပညာတင်မကဘဲ ဈေးနှုန်းအရပါ ဥရောပ၊ အမေရိက က EV ထုတ်လုပ်သူတွေကို အကြပ်အတည်းဖြစ်စေတာဖြစ်ပြီး၊ ဆီကားဈေးကွက်ကိုပါ သက်ရောက်မှုတွေ ရှိလာနိုင်တာပဲ ဖြစ်ပါတယ်။ BYD ရဲ့ ဈေးနှုန်းသက်သာမှု၊ လက်တွေ့အသုံးဝင်မှု၊ အခုလို နောက်ဆုံးထွက်ပေါ်လာတဲ့ ၅မိနစ်အတွင်း မိုင် ၂၅၀ အကွာအဝေးအထိအားသွင်းနိုင်မှုတွေက .. စားသုံးသူတွေကို ဆီကားတွေနဲ့ EV ကားတွေကို ပိုမိုနှိုင်းယှဉ်ပြီး စဉ်းစားလာစေမှာပဲ ဖြစ်ပါတယ်။




တပေါင်းလပြည့်နေ့လေးမှာ .. သာယာပျော်ရွှင်စွာ .. ဖြတ်သန်းနိုင်ကြပါစေလို့ HarmonicTV အဖွဲ့သားများက .. ဆုတောင်းပေးလိုက်ရပါတယ...
13/03/2025

တပေါင်းလပြည့်နေ့လေးမှာ ..
သာယာပျော်ရွှင်စွာ .. ဖြတ်သန်းနိုင်ကြပါစေလို့
HarmonicTV အဖွဲ့သားများက .. ဆုတောင်းပေးလိုက်ရပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Harmonic TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share