19/09/2025
🥊 စက်တင်ဘာ၂၈ရက်မှာကျင်းပမယ့် IMAKi မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးမှာ အသည်းဇွဲမာမာ ပညာပါပါရသမြောက်မယ့်ပွဲစဉ်ကို ယှဉ်ပြိုင်သွားကြမယ့် "ဆလိုင်းထန်ခွီးရှိန်" နဲ့ "ရှမ်းတောက်" 🥊
Pride Glory Honor မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကြီးမှာ ဆလိုင်းထန်ခွီးရှိန် နှင့် ရှမ်းတောက်တို့ တွေ့ဆုံကြပါပြီ။
◾ "ဆလိုင်းထန်ခွီးရှိန်" ဆိုတဲ့ ချင်းတိုင်းရင်းသားလေးကတော့ ပြီးခဲ့သြဂုတ်လတုန်းက ရွှေခါးပတ်ချန်ပီယံ သိန်းစိုးကို အချီတိုအတွင်း အလဲထိုးနဲ့ကို အနိုင်ယူထားသူပါ။ ပြိုင်ပွဲကလည်း မဝေး ဒါအပြင် ဆလိုင်းထန်ခွီးရှိန်က (၁၂) လပိုင်းမှာ ကျင်းပမယ် Sea Games လိုပြိုင်ပွဲကြီးမှာ မြန်မာကိုယ်စားပြု အရွေးချယ်ခံထားရသူပါ။ ဆလိုင်းထန်ခွီးရှိန်က လေ့ကျင်မှုတွေ ပြည့်ဝလျှက်လည်းရှိပါတယ်။ ဆလိုင်းထန်ခွီးရှိန်ရဲ့ အကောင်းဆုံး အချိန်ခါလို့ဆိုလို့ရပါတယ်။ သူဒီပွဲမှာ ယှဥ်ပြိုင်ရမယ့်သူက ရှမ်းတောက်ပါ။
◾ "ရှမ်းတောက်"ကတော့ မြန်မာပရိတ်သတ်တွေအကြိုက် အသည်းမာမာဇွဲပါပါ ယှဥ်ပြိုင်တတ်သူမို့ ရှမ်းတောက်ပွဲဆို သွေးသံတရွဲရွဲ သွေးတွေကြွ သွေးပါဆူရပါတယ်။ သူက ဒီလိုကစားသမားမျိုးပါ။ နောက်တစ်ခုက ပြီးခဲ့တဲ့ MLWC (၁၀) နှစ်ပြည့်ပြိုင်ပွဲကြီးမှာ ဆလိုင်းထန်ခွီးရှိန်နိုင်ခဲ့တဲ့ သိန်းစိုးကို (2022) ခုနှစ်မှာ အလဲထိုး အနိုင်ယူထားတာပါ။
ဆလိုင်းရဲ့ အခုန်ပျံ၊ အထိုးထောက်တွေကို ရှမ်းတောက်ရဲ့ ပါဝါလက်သီးနဲ့ ဘယ်လိုတွေဖြစ်သွားမလဲဆိုတာ စဥ်းစားရုံနဲ့မရနိုင်ပါဘူး။ ဒီတော့ ဒီလိုမျိုးလူငယ်လူရွယ်လေးနှစ်ဦးက ပေနှစ်ဆယ်ကွင်းကြီးထဲမှာ တစ်ဦးကိုတစ်ဦး ဘယ်လောက်ထိ ရက်ရက်စက်စက် ယှဥ်ပြိုင်ကြမယ့်ပွဲကို လာမယ့် (၂၈) ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ နေရာကတော့ သိမ်ဖြူအားကစားကွင်းဖြစ်ပြီး နယ်ဝေးကပရိတ်သတ်တွေအနေနဲ့ SKYNET Sports X ရုပ်သံလိုင်းကနေ တိုက်ရိုက်Live ကြည့်ရူလို့ရသလို SKYNET Application ကနေလည်း တိုက်ရိုက် Live ကြည့်ရူလို့ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ လက်မှတ်များကို ကန့်သတ်ထားတာမလို့ အခုပဲ ကြိုတင်လက်မှတ်များကို မှာလို့ရပါပြီ။
SKYNET Application ကို Download ရယူရန်
Download Link : https://bit.ly/3VVOKXH
🥊IMAKi Pride Glory Honor မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး
📡SKYNET APPLICATION - SKYNET SPORTS X
🗓️28.9.2025 - Sunday - (1:00) PM
လက်မှတ်များကိုတော့ ကန့်သတ်ထားတာဖြစ်တဲ့အတွက် ကြိုတင်မှာယူချင်ရင်တော့အောက်ပါဖုန်းနံပတ်တွေကနေတဆင့် ကြိုတင်လက်မှတ်များ မှာယူနိုင်ပါပြီ။
Phone ☎️ 09789951817
Phone ☎️ 09666455320
လက်မှတ်စျေးနှုန်းများ - 50,000 ကျပ်, 30,000 ကျပ်, 20,000 ကျပ်, 10,000 ကျပ်
#မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး #အချိန်မရွေးနေရာမရွေးကြည့်SKYNETApplicationရှိ