26/12/2025
"ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာတဲ့အခါ... မိန်းကလေးတစ်ယောက်ဟာ အရင်ကထက် ပိုပြီး 'အတ္တ' ကြီးနေသလို မြင်ရလိမ့်မယ်" 🥀✨
လူတွေက ပြောတယ်... ကိုယ့်ကိုယ်ကိုယ် ချစ်
တတ်လာတဲ့ မိန်းကလေးတွေက မာနကြီးလာတယ်၊ အေးစက်လာတယ်၊ အရင်ကလောက် အလိုက်မသိတော့ဘူးတဲ့။
တကယ်တော့ အဲ့ဒါက အတ္တ မဟုတ်ဘဲ Boundary တွေ ခိုင်မာလာတာပါ။
သူမက ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်သွားတဲ့အခါ...
ဦးစားပေးတွေ ပြောင်းလဲသွားတယ် ⏳
အရင်က လူတိုင်းကို စိတ်ချမ်းသာအောင် လိုက်လုပ်ပေးခဲ့ပေမယ့် အခုတော့ သူမရဲ့ စိတ်အေးချမ်းမှုကို ပထမဦးစားပေး ဖြစ်လာတယ်။ ဒါကို တချို့က "အတ္တ" လို့ မြင်ကြတာပါ။
မာကြောတဲ့ အကာအကွယ်တစ်ခု ရှိလာတယ် 🛡️
ခံစားချက်တွေကို အလွယ်တကူ အထိခိုက်မခံတော့ဘူး။ ဘယ်သူ့စကားကြောင့်မှ ကိုယ့်တန်ဖိုးကို အကျမခံတော့တာမို့ ပိုပြီး "မာကြော" သွားတယ်လို့ ထင်ရတာပါ။
"No" လို့ ပြောရမှာကို မကြောက်တော့ဘူး 🚫
သူမနဲ့ မထိုက်တန်တဲ့ နေရာ၊ သူမကို လေးစားမှုမရှိတဲ့ ပတ်ဝန်းကျင်ကနေ အသာတကြည် လှည့်ထွက်တတ်လာတယ်။ အရင်လို တွယ်ကပ်မနေတော့ဘူး။
တစ်ယောက်တည်းလည်း ပျော်တတ်လာတယ် ☕
အဖော်မရှိရင် မနေတတ်တဲ့ မိန်းကလေးကနေ ကိုယ့်ဘာသာ ကော်ဖီသောက်ရင်း၊ စာဖတ်ရင်း ဒါမှမဟုတ် ကိုယ့်ရည်မှန်းချက်နောက် လိုက်ရင်းနဲ့တင် ပြည့်စုံနေတတ်လာတာမျိုး။
"Self-love is not being selfish. It’s about not letting yourself be treated like an option."
သူမ အရင်ကထက် ပိုပြီး ရှင်းလင်းပြတ်သားတတ်လာတာဟာ တစ်ဖက်လူကို နာကျင်စေချင်လို့ရည်ရွယ်ချက်နဲ့မဟုတ်ဘဲ... ကိုယ့်ကိုယ်
ကိုယ် ထပ်နာကျင်အောင် မလုပ်ချင်တော့လို့ပါ။
ဒါကြောင့်... မာကြောသွားတယ်ဆိုတာထက် "ပိုပြီး စိတ်တွေ ခိုင်မာသွားတာ" လို့ပဲ ဆိုကြပါစို့။ ❤️🐚
Photo- Pinterest 🙏