06/01/2026
မြန်မာနိုင်ငံကို Insurance ဘယ်လိုရောက်။
ကျွန်တော်တို့ဆိုသည်မှာလည်း ကိုလိုနီအရိပ်အယောင်တွေေပေါ်လာမှာ ခေတ်သစ်ကို ဘွားကနဲ့ တွေ့ရတာ၊ အဝီစီရောက်တုန်း ဘုရားဖူးရသလိုပေ့ါ။ မျက်နှာဖြူလို့ခေါ်တဲ့ အင်္ဂလိပ်တွေက ၁၈၂၆ ခုနှစ်၊ ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ကိုယ့်အပိုင်တွေ သူများကျွန်ဖြစ်ပြီဆိုတော့ Insurance စနစ်ဆိုတာကြီးလဲ တွေ့ပါလာရော။
ဒီကောင်တွေက သိပ်လည်တယ်ဗျ၊ အိန္ဒိယကူလီတွေကို စစ်တိုက်ခိုင်းချင်တော့ မင်းတို့ကို အသက်အာမခံထားပေးထားတယ်၊ တစ်ခုခုဆို မင်းမိသာစုကောင်းစားမယ်၊ ဟိုကောင်တွေက သိပ်ကြိုက်တာ မယားငယ်ငယ်လေးတွေတောင် ယူပြီးမှ စစ်ထဲလိုက်လာကြတာ။ အငယ်လေးတွေကလည်း ပျော်တာပေ့ါ၊ ရှေ့ကသွား နောက်က နောက်တစ်ယောက်နဲ့ နှပ်နေယုံပဲ။ ပိုက်ဆံက ပေါမှေပေေ့ါ။ ခု ရုရှားမှာ ဖြစ်နေသလိုပဲ။
ဒီလိုနဲ့ အသက်အာမခံတွေရောက်လာပြီး၊ နောက်တော့ စီးပွားရေး ဘာတွေ ညာတွေအတွက်ဆိုပြီး အာမခံကုမ္ပဏီတွေ ဖွင့်ကြတာပဲ။ တကယ်တော့ သူများနိုင်ငံကပစ္စည်း အလကားယူတာပဲ ဘာစီးပွားရေးမှ ကာကွယ်ဖို့မဟုတ်ဘူး၊ ဒီကလူတွေ တိုက်ခိုက်လို့ သူတို့ပစ္စည်းတွေပါသွားရင် မင်းတို့လဲ မျှခံဆိုပြီး တခြားသူတွေနဲ့ ခွဲချတာ။
နောက်တော့ ရန်ကုန်ဆိပ်ကမ်းက အမျိုးမျိုးအဖုံဖုံ စုံလင်လာတော့ ကုမ္ပဏီတွေ တော်တော်များပြီး ဒီနေ့ခေတ်ကို လက်ဆင့်ကမ်းလာတာပဲ။
January 6, 2025
===