
28/06/2025
အာမခံအကြောင်းသိကောင်းစရာဆွေးနွေးဟောပြောပွဲ
တက်ရောက်ရန်ဖိတ်ကြားခြင်း ။
မြန်မာနိုင်ငံစီးပွားရေးတက္ကသိုလ်ဘွဲ့ရများအသင်း
( MIEGA) မှ အသင်း၏ ရည်ရွယ်ချက်များအရ
ဘာသာရပ်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲ ကို
အောက်ပါအတိုင်းကျင်းပမည်ဖြစ်၍ တက်ရောက်ကြပါရန်
လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ဆွေးနွေးဟောပြောကြမည့်ပညာရှင်များမှာ
၁။ ဆရာမ ဒေါက်တာစန္ဒာဦး
ဦးဆောင်ညွှန်ကြားရေးမှူး ၊
မြန်မာ့အာမခံ လုပ်ငန်း ။
၂။ ဆရာ ဦးလွင်ဦး
Chief Operating Officer(COO)၊
Young Insurance Company
တို့ဖြစ်ကြပြီး အာမခံနယ်ပယ်တွင် ပညာရှင်များဖြစ်ကာ
ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ဖွင့်လှစ်ထားသော
အာမခံ မဟာဘွဲ့ ( Master of Insurance) တွင်သင်ကြား
ပေးနေသော ဆရာဆရာမကြီးများ ဖြစ်ကြပါသည်။
ကျင်းပမည့်နေ့ရက် ။
၁၃ / ၇ / ၂၀၂၅ (တနင်္ဂနွေနေ့ )
ကျင်းပမည့်အချိန် ။
နေ့လယ် ၂:၀၀ နာရီ မှ ၄: ၀၀ နာရီ အထိ
ကျင်းပမည့်နေရာ ။
မင်္ဂလာခန်းမ ၊
ကုန်သည်ကြီးများနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊
မင်းရဲကျော်စွာလမ်း။
ဆရာမဒေါက်တာ စန္ဒာဦး
ဆွေးနွေးတင်ပြပေးမည့်ခေါင်းစဉ် -
မမျှော်မှန်းနိုင်သော အန္တရယ်များအတွက်
အာမခံအကာအကွယ်
( Insurance Protection for Unforeseen Risks)
ဆရာ ဦး လွင်ဦး
ဆွေးနွေးဟောပြောပေးမည့် ခေါင်းစဉ် -
အာမခံ သို့မဟုတ် ပျက်စီးဆုံးရှုံးမှုအတွက်
ငွေကြေးနည်းလမ်းဖြင့် အကာအကွယ်များ။
(Insurance: Financial Protection against the loss of Damage)
တက်ရောက်နိုင်သူများ ။
ရန်ကုန်စီးပွားရေးတက္ကသိုလ် မှ
Acturial ဘွဲ့ကြိုကျောင်းသားကျောင်းသူများနှင့်
Insurance Master ဘွဲ့ရ ဘွဲ့ကြို
ကျောင်းသားကျောင်းသူများ ။
စီးပွားရေးတက္ကသိုလ်ဘွဲ့ရများ ။
MIEGA နှင့် ညီနောင်အသင်းဝင်များ။
စီးပွားရေး / စက်မှုလုပ်ငန်းပိုင်ရှင်များ ။
အာမခံကိုယ်စားလှယ် ( Agent) များ ။
Insurance Company များတွင်
တာဝန်ထမ်းဆောင်နေသူများ ။
Insurance နယ်ပယ် စိတ်ဝင်စားသူတိုင်း
ဟောပြောမှုအပြီးတွင် အမေးအဖြေ ကဏ္ဍ
( Q&A session) ပါဝင်ပြီး
Refreshment အစီအစဥ်များလည်း
ပါဝင်မည်ဖြစ်ပါသည်။
ဆက်သွယ်ရန်
ဦးတင်အောင် ၀၉၂၆၁၀၀၁၈၇၅
ဦးမင်းမင်းထွေး ၀၉၅၁၁၂၁၇၉
ဒေါ်စိုးစိုးသင်း ၀၉၇၈၈၃၃၆၆၀၁
အလုပ်အမှုဆောင်အဖွဲ့
MIEGA