27/10/2025
ယောင်လည်လည် ထိပ်ဆုံးသို့။
Skill ဆိုတာ အထူးတလည် အထပ်ထပ် အခါခါ လေ့ကျင့်ရတယ်ဆိုတာ လူတိုင်းကသိတယ်။
ကျွန်တော်မှာ ရည်ရွယ်မထားပဲ အထူးကျွမ်းကျင်တဲ့ skill 3 ခု ရလာတဲ့အကြောင်းကို နည်းနည်းပြောပြချင်တာပါ။
ပထမတစ်ခုက လက်တောက်ခုံ (ဇယ်ခုံ) တောက်တဲ့နေရာမှာ တော်တာ။ ဘယ်လောက်ထိတော်လဲဆိုရင် ကိုးတန်းနှစ်ရောက်တဲ့အချိန်မှာ နယ်ကကြေးကြီးကြီးဝိုင်းတွေမှာ ဝင်ကစားနေပြီ။ လူငယ်ဝိုင်းတွေမှာ အပါမခံတော့ဘူး။ ဒါကလည်း အထူးတလည်လေ့ကျင့်ခဲ့ရတာမဟုတ်ပဲ နှစ်တန်းနှစ်လောက်ကတည်းက ဘေးချင်းကပ်လျက် တည်းခိုးခန်း ဇယ်ခုံထောင်ထားလို့ပဲ။
နောက်ကျွမ်းကျင်တာ တစ်ခုကတော့ table tennis (ပင်ပေါင်) ရိုက်တာပဲ၊ တရွာလုံးမှာ level ချင်း ယှဉ်ရိုက်နိုင်တဲ့သူမရှိသလို ကျောင်းလက်ရွေးတောင် ပါခဲ့သေးတယ်။ ဒါကလည်း အထူးတလည်လေ့ကျင့်ခဲ့ရတာမဟုတ်ပဲ လူကောင်သေးတော့ ဘောလုံးကန်တဲ့နေရာမှာ မပါရတော့ ပင်ပေါင်ပဲ ပိတ်ရိုက်နေလို့ အဲ့လောက်ဖြစ်လာတာပဲ။
နောက်ဆုံးတစ်ခုကတော့ Insurance skill ကောင်းတာပဲ၊ တချို့ဆရာ/မကြီးတွေတောင် subject တစ်ခုထဲအားစိုက်ပေမယ့် ကျွန်တော်ကတော့ Life ရော GI ရော ကုမ္ပဏီအကြောင်းတွေရော သေးသေးဖွဲဖွဲကအစ အကုန်လေ့လာပြီးမှတ်ထားလိုက်တော့ အတွင်းရေးေတွေပါ သိကုန်ရော၊ ဒါကလည်း အထူးတလည်လေ့ကျင့်ခဲ့ရတာမဟုတ်ပဲ ၂၀၂၀ လောက်တုန်းက ဖောရိန်နာတွေရဲ့ ဖောလျောတွေမကြိုက်လို့ အာမခံစာတွေသင်မယ်ဆိုပြီးသင်လိုက်တာရော၊ ဆရာမက ၅နှစ်လောက် မရပ်မနား မောင်းတင်လိုက်ရောကြောင့် နိုင်ငံခြားဘွဲ့တွေရော၊ မာစတာတန်းတွေရောပါ ရောက်သွားတာပဲ။
ခုတော့ ဇယ်ခုံလဲမတောက်ရတော့သလို ပင်ပေါင်လဲမကစားဖြစ်တော့ပါဘူး။ ဒါပေမယ့် အထူးတလည်လေ့ကျင့်စရာမလိုပဲ အာမခံပညာတတ်ချင်ရင်တော့ လူတိုင်းကို ကူညီပေးဖို့ အသင့်ပါပဲ။
===
အေးဂျင့်ဟာ အာမခံမှာ ဆရာကျနေရတယ်။