30/09/2026
ရွှေပြည်သာမြို့နယ်တွင်း သတင်းများ အပိုင်း (၃)
ပြည်သူ့အသံအစီအစဉ်
================
“မင်မင်ရေ ..
9ရပ်ကွက်မြေတိုင်း2ပန်းခြံ2ဥသာဖုရားလမ်းရာအိမ်မှူးဦးဆန်းဌေး သားအကြောင်းပြောချင်လို့ပါ။ သူသားကဆိုင်ကယ်ဘေးတွဲအရောင်းအဝယ်လုပ်ပါတယ် ဘေးတွဲတွေလဲဆင်ပါတယ်။သူတို့အိမ်နဲ့က အိမ်ဝေးတော့ဝေးပါတယ် ညညဆို သံဖြတ်အသံတွေ ဆူညံနေတာပဲနောက်ပီ ဆိုင်ကယ်စက်နိူးသံဆူညံနေတာပါပဲ
တခါတလေအလန့်တကြားဖြစ်ရပါတယ်လူမူရေးမရှိဘူး လုပ်ချင်တိုင်းလုပ်နေတာ သူတို့နဲ့ဝေးတာတောင် ဒီလောက်အသံဆူညံနေတာ နီးများနီးရင်ဘယ်လောက်များနားတွေညီးမလဲမသိဘူး။
လူကြီးသားသမီးတွေဆိုတော့ပြောမဲ့ဆိုမဲ့သူမရှိတော့ခက်သား၊ဟိုတခါလိုင်းပေါ်ရောက်တော့သူသားအကြီးကောင်ကစစ်တပ်ခေါ်လိုက် ဧည့်စာရင်းစစ်ပလိုက်ဘာမှအဖေအားနားမနေနဲ့လုပ်စရာရှိတာလုပ်လိုက်အဲဒါမှနောက်မတင်ရဲမှာဆိုပီသူအဖေပြောနေတာ အားနေစစ်တပ်ခြိမ်းခြောက်နေတာကြောက်လိုငြိမ်နေတာမဟုတ်ဘူး လက်နက်အုပ်ချူပ်နေတော့အင်အားမမျှလို့ငြိမ်နေတာ ကိုအခွင့်ကောင်းယူပြီး အားနေ စစ်တပ်နဲ့ ချိန်းခြောက်နေတာ မနက်လဲနားငြီးညလဲနားငြီးမခံစားနိုင်တော့ဘူး၊ ပန်းခြံတခုလုံးသူတို့ဆိုင်ကယ်အသံကြီးပဲဗျာကျွန်တော်သူတို့နဲ့ဝေးဝေးနေတဲ့သူတောင်သူတို့ဆိုင်ကယ်အသံကြားရင်အတော်မခံနိုင်ဘူးနားတအားငြီးလို့ပါ။သူတို့လုပ်ရင်အကုန်ကောင်းတယ်အဲ့နေရာမှာတခြားသူဖြစ်နေရင်ဆဲဆိုတိုင်ပြောနေမှာ တကယ်မလွယ်ဘူး ဘယ်သူ့ကိုတိုင်ရမှန်းလည်း မသိလို့ တင်ပေးပါအုံးဟု “ ပြည်သူတစ်ဦးက တောင်းဆိုထားပါတယ် ။