Learn Japanese Language with Mommy Thoon

Learn Japanese Language with Mommy Thoon ဂျပန်စာနဲ့ ဂျပန်နိုင်ငံအကြောင်းဗဟုသုတများမျှဝေကြမယ်

N5 one by one class အိမ်သင် တပည့်လေး၂ယောက် 3.5.2025 ပထမရက်
06/05/2025

N5 one by one class အိမ်သင် တပည့်လေး၂ယောက် 3.5.2025 ပထမရက်

26/03/2025

日, ひ နှင့်ပတ်သတ်သော ပုံသဏ္ဍာန်ပါသော Kanji များ အပိုင်း(၁)

1.日 = နေ,နေ့ရက် [Sun,Day]
くんよみ=ひ, び
おんよみ=にち, に ,じつ

2. 白い =ဖြူသော,အဖြူ [White]
くんよみ=しろ. い, しろ
おんよみ=はく

3. 百 = ရာဂဏန်း [Hundred]
くんよみ=ー
おんよみ= ひゃく, ーびゃく, ーぴゃく

4. 早い =စောသော,စောစော [Early]
くんよみ= はや. い
おんよみ=そう

5. 書きます = ရေးသည်။ [Write ]
くんよみ=か. きます
おんよみ=しょ

ဒီနေ့အပိုင်း၁ မှာ နေ့ရက်ပုံစံလေးတွေပါတဲ့ လွယ်ကူပြီး မှတ်ရလွယ်တဲ့ N5 Level kanji 5လုံးကို ပြောပြပေးသွားတာဖြစ်ပါတယ်ရှင့်။
မြန်မာလိုအဓိပ္ပါယ်ကို အင်္ဂလိပ်လိုပါ တစ်ခါတည်းရစေချင်လို့ ထည့်ပေးထားပါတယ်ရှင့်
ဂျပန်စာကော အင်္ဂလိပ်စာကော အတူတူမှတ်ပြီး ဦးနှောက်ပျက်ကြတာပေါ့ အဲ 🤭 မှားလို့ ဦးနှောက်မှာသေချာမှတ်မိတာပေါ့လို့ 😁 အတူတူလေ့လာကြရ အောင်နော်
ကျွန်မကတော့ ဂျပန်စာကို ကလေးအမေဖြစ်လဲပဲ အရှုံးမပေးဘဲကြိုးစားနေသော မာမီသွန်းပါရှင့်
စာလေးတွေကျက်ပြီးသွားရင်
Learn Japanese Language with Mommy Thoon Page လေးကိုလဲ Like & Share လေးလုပ်သွားကြပါဦးနော်
お願い致します🙇‍♀️

မင်မင် မာမီလဲ ဖတ်နေရင်း မသောက်ရဘဲမူးလာလို့ ခဏနားပြီးမှ ပြန်ဖတ်ကြည့်ဦးမယ် 😁
26/03/2025

မင်မင် မာမီလဲ ဖတ်နေရင်း မသောက်ရဘဲမူးလာလို့ ခဏနားပြီးမှ ပြန်ဖတ်ကြည့်ဦးမယ် 😁

ဂျပန်လာမယ့်သူလေးတွေလဲ ကံအထောက်အပံ့လေးရအောင်လို့ဘုရားတရားလေးတွေလဲများများလုပ်ကြပါနော် မေတ္တာသုတ်အဓိဌာန်လေးတွေဝင်ပြီးတော့လ...
26/03/2025

ဂျပန်လာမယ့်သူလေးတွေလဲ ကံအထောက်အပံ့လေးရအောင်လို့ဘုရားတရားလေးတွေလဲများများလုပ်ကြပါနော်
မေတ္တာသုတ်အဓိဌာန်လေးတွေဝင်ပြီးတော့လဲ သစ္စာဆို ဆုတောင်းကြည့်ပါ အမြန်ပြည့်စေပါတယ်ရှင့်
ရွတ်တဲ့အခါ အနက်အဓိပ္ပါယ်လေးသိတော့ ပိုကုသိုလ်ရ ဆုတောင်းအမြန်ပြည့်တာမို့ မေတ္တာဖြင့် sharing လုပ်ပေးလိုက်ပါတယ်ရှင့်
ဂျပန်သွားကြမယ့် လူငယ်လူရွယ်များအားလုံး ဂျပန်နိုင်ငံသို့ အခက်အခဲအတားအဆီးမရှိ လွယ်ကူချောမွေ့ လျင်မြန်စွာသွားရောက်နိုင်ကြပါစေရှင့်🙏

မေတ္တသုတ် အကြောင်း🙏🏻🙏🏻🙏🏻🙏🏻

ဗုဒ္ဓဘာသာတိုင်း သိထားသင့်သော
မေတ္တာသုတ် ၊ အဓိပ်ပါယျနဲ့ ပွားများခြင်း အကျိုးကျေးဇူးများ နှင့် မေတ္တာသုတ်ကျင့်သူများ လိုက်နာရန် များကို တင်ပြ လိုက်ပါတယ်

၁။ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေဝါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိ၀ မတန္ဒိတော။

**မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သော ဘီလူး သရဲစသော နာနာဘာ၀တို့သည် မခြောက်လှန့်နိုင်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္စျာယ်သောသူသည်...

၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ်စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပတေံ။
ပရိတ္တံ တံ ဘဏာမ ဟေ။

**ချမ်းသာစွာ အိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော အကျိုးဂုဏ်များရှိသောကြောင့် - အို သူတော်ကောင်းအပေါင်းတို့ ငါတို့ ရွတ်ဆိုကြပါစို့

၃။ကရဏီယ မတ်ထကုသလနေ၊
ယန်တ သန်တံ ပဒံ အဘိသမဈစေ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ၊

**အကျိုးစီးပွားလိုလား၍ လိမ္မာကျွမ်းကျင်သောအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်၏ ဂုဏ်တို့ကို အာရုံပြုကာ ယခုကဲ့သို့မေတ္တာပွားမှုကို ပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည် တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊ ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊ အလွန် ရိုးဖြောင့်သူ ဖြစ်သင့်၏၊ ဆုံးမလွယ်သူ၊ သူတပါး၏စကားကို နာခံလွယ်သူဖြစ်ပြီး ကိုယ်နှုတ်နှလုံး သိမ်မွေ့ကာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းမာန်မာနလဲ မထားသင့်ပေ။

၄။ သန္တုဿကော စ သုဘရော စ၊
အပ်ပကိစ်စော စ သလ်လဟုကဝုတ်တိ။
သန္တိနြ္ဒိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

**စားသောက်စရာ၊ နေစရာအရာရာတို့တွင် ရှိသမျှဖြင့် တင်းတိမ်ရောင့်ရဲလွယ်သူ ဖြစ်သင့်၏၊ ကိုယ့်၀မ်းတခါးအတွက် လွယ်လင့်တကူပေ့ါပါးစွာ အသက်မွေးနိုင်သူလည်း ဖြစ်သင့်၏၊ အပိုဗာဟိရ ကိစ္စ နည်းပါးနိုင်သလောက် ကျင့်သုံးသင့်၏၊ စိတ်သွားတိုင်းကိုယ်ပါနေသကဲ့သို့ ဖြစ်သင့်၏၊ ထို့ပြင်သာမက မျက်စိ၊ နားစသော ဣနြေ္ဒငါးပါးကို ထိန်းသိမ်းသူ၊ တည်ငြိမ်ရင့်ကျက်သူ၊ ဥာဏ်ပညာဖြင့် ချင့်ချိန်နိုင်သူလည်း ဖြစ်သင့်၏၊ ကိုယ့်နင့်ဆက်စပ်သော သူအားလုံးတို့အပေါ်၌ တွယ်တာမနေသင့်ပေ။

၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။
သုခိနော၀ ခေမိနော ဟောန္တု၊
သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ။

**ရှေးရှေးသော ပညာရှိတို့ ကဲ့ရဲ့အပ်သော မကောင်းမှုမှန်သမျှ အသေးအမွှားလေးကအစ ဘာတစ်ခုမျှ မပြုလုပ်ပါစေကုန်လင့်၊ သတ္တဝါအားလုံးတို့သည် ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ချမ်းသာကြပါစေသတည်း၊ ဘေးရန်ကင်းကွာ ချမ်းသာစွာ နေနိုင်ကြပါစေသတည်း၊

၆။ ယေ ကစေိ ပါဏဘူတတ်ထိ၊
တသာ ဝါ ထာ၀ရာ၀ နဝသသော။
ဒီဃာ ဝါ ယဝေ မဟန်တာ၊
မဇစွှိမာ ရဿကာ အဏုက ထူလာ။

**ထွက်သက်၀င်သက် အသက်ရှုနေကြသော သတ္တဝါမှန်သမျှ၊ ကြောက်ရွံ့ထိတ်လန့်တတ်ကြသောရဟန္တာမဖြစ်ကြသေးသော သတ္တဝါများ၊ မကြောက်မရွံ့့ တည်ကြည်ငြိမ်သက်ကြသော ရဟန္တာမထေရ်မြတ်ကြီးများ၊ ခန္ဓာကိုယ်ရှည်လျားသော သတ္တဝါ၊ ခန္ဓာကိုယ်ကြီးမားသော သတ္တဝါ၊ မရှည်မတို၊ မကြီး မသေး အလယ်အလတ်ဖြစ်ကြသော သတ္တဝါ၊ ခန္ဓာကိုယ် ဆူဖြိုးသောသတ္တဝါ၊ အားဖြင့် နောက်ဆုံး အဏုမြူတမျှ သေးငယ်ကုန်သော သတ္တဝါတွေအပါအ၀င် အားလုံးတို့သည် ဘေးရန်မရှိ ချမ်းသာပကတိရှိကြပါစေ

၇။ ဒိဋ္ဌာ ဝါ ယေ၀ အဒိဋ္ဌာ၊
ယေ၀ ဒူရေ ၀သန်တိ အဝိဒူရေ။
ဘူတာ၀ သမ်ဘေ၀သီ၀၊
သဗ်ဗသတ်တာ ဘ၀န်တု သုခိတတ်တာ။

**မျက်စိဖြင့် မြင်နိုင်သောမြင်ဖူးသောသတ္တဝါ၊ မမြင်နိုင်သော၊ မမြင်ဖူးသောသတ္တဝါ၊ ကျွနုပ် အဝေးမှာ ရှိနေသော၊ အနီးနားမှာ ရှိနေသော၊ မနီးမဝေးမှာ ရှိနေသောသတ္တဝါများ၊ နောင်ဘ၀မဖြစ်ရတော့သည့် ရဟန္တာစသော သူတော်ကောင်းတို့သည်၄င်း၊ နောင်ဘဝြဖစ်ကြအုံးမည့် ပုထုဇဉ် သေက္ခစသော သတ္တဝါအားလုံးတို့သည်၄င်း ဘေးရန်ကင်းကွာ ချမ်းသာကြပါစေကုန်သတည်း၊

၈။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညထေ ကတ်ထစိ န ကဉ်စိ။
ဗျာရောသနာ ပဋိဃသည၊
နာည မညဿ ဒုတ်ခ မိစ်ဆယြေ။

**တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို၊ တိရိစ္ဆာန်တကောင်က တစ်ကောင်ကို ဘယ်လိုအကြောင်းကြောင့်မျှ၊ ဘယ်နေရာမှာမဆို၊ စဉ်းလဲကောက်ကျစ်မကောင်းကြံခြင်း၊ မာန်မာနထောင်လွှားကာ မထီမဲ့မြင် မပြုကြပါစေလင့်။
ကိုယ်နှုတ်တို့ဖြင့် စော်ကားပုတ်ခတ်ခြင်း၊ ဒေါသအာဃာတဖြင့် အချင်းချင်း သူတပါးဒုက္ခရောက်သည်ကို အလိုမရှိကြပါစေကုန်လင့်။

၉။မာတာ ယထာ နိယံပုတ်တ၊
မာယုသာ ဧကပုတ်တ မနုရက်ခေ။
ဧ၀မပြိ သဗဗြဘူတသေု၊
မာနသံ ဘာဝယေ အပရိမာဏံ။

**တစ်ဦးတည်းသော သားရှိသော မိခင်သည် မိမိသားအပေါ် ဘေးရန်မကျရောက်အောင် အသက်ပေးကာ စောင့်ရှောက်သကဲ့သို့ အကျိုးကျေးဇူးအနန္တများပြားလှသော မေတ္တာစိတ်ကို သတ္တဝါအားလုံးတို့အပေါ်တွင် ဖြန့်ကျက်နေနိုင်ကြပါစေ..

၁၀။မတျတေဉျစ သဗ်ဗလောကသ်မိ ံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ်ဗာဓံ အဝရေ မသပတ်တံ။

**အထက်ဘ၀ဂ် အရူပဗြဟ္မာ့ဘုံတိုင်အောင်၊ အောက်အဝီစိအပါယ်ဘုံတိုင်အောင်၊ အလယ်အလတ် လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ရူပဗြဟ္မာ့ဘုံ အပါအ၀င် နေရာမလပ် အကျိုးအနန္တများပြားလှသော၊ အတိုင်းအဆပမာဏ မရေတွက်နိုင်သော မေတ္တာစိတ်ကို ပွားများနိုင်ကြပါစေ၊ အပိုင်းအခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းမရှိ၊ ကိုယ်တွင်းဘေးရန်လဲ မရှိ၊ ပြင်ပရန်သူလဲ မရှိပဲ အေးချမ်းစွာ နေနိုင်ကြပါစေသတည်း၊

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနော ယာ၀တာဿ ဝီတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊
ဗွဟ်မ မတေံ ဝိဟာရ မိဓ မာဟု၊

**ရပ်နေစဉ်၊ လမ်းလျောက်နေစဉ်၊ ထိုင်နေစဉ်၊ ခန္ဓာကိုယ်လဲလျောင်းနေစဉ် ဘယ်အချိန်မှာမဆို စိတ်ပျံ့လွင့်မှုကင်း ကြည်လင်ရွှင်ပြစွာဖြင့် မေတ္တာစိတ်နှင့်ယှဉ်သော သတိကို ထားနိုင်ကြပါစေ.. ထိုကဲ့သို့ မေတ္တာစိတ် ဖြန့်ကျက်ကာ နေခြင်းကိုပင် မြင့်မြတ်သော ဗြဟ္မာကြီးတို့၏ နေထိုင်ခြင်း ဗြဟ္မဝိဟာရဟူ၍ ပညာရှိအပေါင်းတို့ ဆိုကြပေ၏။

၁၂။ ဒိဋ္ဌိဉ္စ အနု ပဂ္ဂမ္မ၊
သီလဝါ ဒဿနေန သမ္ပန္နော။
ကာမသေု ဝိနယ ဂဓေံ၊
န ဟိ ဇာတု ဂ ဗ္ဘသေယျ ပုန ရေတိ။
မတျတေသုတျတံ နိဋ်ဌိတံ။

**အမြဲမပြတ် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပွားများလေ့ ရှိသူသည်၊ အယူလွဲမှား ဖောက်ပြန်သောဘ၀သို့ မရောက်နိုင်တော့ပဲ လောကုတ္တရာ သီလများနှင့် ပြည့်စုံပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်များကိုပင်မျက်မှောက်ပြုရတတ်သည်၊ သက်ရှိ၊ သက်မဲ့ ၀တ်တုအာရုံ ကာမဂုဏ်ငါးပါးတို့၌ မက်မောတွယ်တာမှုများ ကင်းကွာကာ နောင်တဖန် ပဋိသန္ဓေတည်နေရခြင်း ဇာတိဒုက္ခကိုပင် မခံစားရတော့ပေ။
(မေတ္တာသုတ် မွနျမာပွနျအဓိပ်ပါယျ ပြီးပါပြီ)

မေတ္တာအကျိုး ( ၁၁ )မျိုး
===============
၁။ ချမ်းချမ်းသာသာ အိပ်ပျော်ခြင်း၊
၂။ ရွှင်ရွှင်ပြပြ အိပ်ရာနိုးခြင်း၊
၃။ မကောင်းသော အိပ်မက်ဆိုးများ မမက်ခြင်း၊
၄။ ပတ်၀န်းကျင်မှ လူများ၏ချစ်ခင်မှု ရရှိခြင်း၊
၅။ လူမှတပါး အခြားသော ပရလောကမှပုဂ္ဂိုလ်များ ချစ်ခင်ခြင်း၊
၆။ ဘုန်းတန်ခိုးကြီးမားသော နတ်ဗြဟ္မာများ စောင့်ရှောက်မှု ခံရခြင်း၊
၇။ မီးဘေး၊ အဆိပ်ဘေး၊ ဒုတ် ၊ ဓားလက်နက် မှန်သမျှ မထိရောက်နိုင်၊
၈။ ကမ္မဋ္ဌာန်းတခုခုကို အာရုံပြုလျင် စိတ်တည်ကြည် သမာဓိရလွယ်ခြင်း၊
၉။ မေတ္တာစိတ်ကြောင့် အမြဲတမ်း မျက်နှာကြည်လင်နေခြင်း၊
၁၀။ သေခါနီး၀ယ် ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြ သေနိုင်ခြင်း၊
၁၁။ ယခုဘ၀တွင် မဂ်ဖိုလ်မရလျင်တောင် မေတ္တာစျာန်ဖြင့် ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊
( မေတ္တာအကျိုး ဆောင်ပုဒ် )

မေတ္တာဂုဏ်ရည် , ဆယ့်တစ်လီကား , အညီသတ္တဝါ , မလပ်ပါအောင် , ခါခါနေ့စဉ် , မေတ္တာယှဉ်မှု , ကြည်လင်အိပ်ပျော် ထချိန်တော်၍ , နိုးသော် ရွှင်ရွှင် , အိမ်မက်မြင်လည်း , အစဉ်ကောင်းစွာ , မြင်မက်ရာ၏ ။ ပြည်ရွာလူသား , နတ်အများလည်း , မြင်ကြားသမျှ , ချစ်ခင်ကြသဖြင့် , ဒေဝထွေထွေ စောင့်ရှောက်လေ၏ ။ မီး , ရေ , ခိုးသူ , များရန်သူလည်း , မယူမဖျက် , မနှောက်ယှက်တည်း ။ စိတ်ဓာတ်လည်းတည် , မျက်နှာကြည်၍ , သေမည်ခါချဉ်း , တွေဝေကင်း၏ ။ မှန်းရင်းဓမ္မ , မဂ်မရလည်း , စျာန်ရလေလစ် , ဗြဟ္မာဖြစ်သည် ... ဆယ့်တစ်မေတ္တာအကျိုးတည်း

မေတ္တသုတ်တော်လာ လိုက်နာသင့်ဖွယ် ( ၁၅ )ချက်
=============================
၁။ သက္ကောစ= တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊
၂။ ဥဇု စ= ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်သည်၊
၃။ သုဟုဇု စ= သာမာန်မဟုတ်ပဲ အလွန်ကောင်းစွာ ဖြောင့်မတ်သင့်၏။
၄။ သုဝစော စ= ဆိုဆုံးမ လွယ်သူဖြစ်သင့်၏၊
၅။ မုဒု စ= စိတ်ထား နူးညံ့သိမ်မွေ့သင့်၏၊
၆။ အနတိမာနီ စ= ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ သူတပါးကို အထင်သေးခြင်း မာန်မာန မထားသင့်ရာ၊
၇။ သန္တုဿကော စ= ရောင့်ရဲလွယ်သင့်သည်၊
၈။ သုဘရော စ=အသက်မွေးမှုအတွက် မွေးမြူလွယ်သင့်သည်၊
၉။ အပ္ပကိစ္စော စ= အမှုကိစ္စ မှန်သမျှ နည်းပါးသင့်၏၊
၁၀။ သလ္လဟုကဝုတ္တိ စ= ပေါ့ပါးသော အသက်မွေးခြင်းလဲ ရှိသင့်၏၊
၁၁။ သန္တိနြ္ဒိယော စ= ငြိမ်သက်သော ဣနြေ္ဒရှိသင့်၏၊
၁၂။ နိပကော စ= ရင့်ကျက်သော တည်ငြိမ်သော ပညာဥာဏ်လဲ ရှိသင့်၏၊
၁၃။ အပ္ပဂဗ္ဘော= ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄။ ကုလေသု အနနု ဂိဒ္ဓေါ= အမျိုးလေးပါးတို့၌ တပ်မက်မှုမရှိသင့်ပေ၊
၁၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ - ဒုစရိုက်ကို အနည်းငယ်မျှလည်း မပြုကျင့်ရာ။
ထိုသို့လိုက်နာကျင့်သုံးလျှင် မေတ္တာစျာန်ဖြင့်
ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊

Special Thanks for your precious post ဗုဒ္ဓဘာသာစောင့်ရှောက်သူများအသင်း

Credit: နှလုံးသားအာဟာရ

N5 ကနေ N2 ထိ ဒီသင်တန်းမှာပဲတက်ပြီး N4 to N2 ကဆရာနဲ့ပဲသင်ခဲ့ရတာမို့ အရမ်းအသင်အပြကောင်းသောပါရှင့်
21/03/2025

N5 ကနေ N2 ထိ ဒီသင်တန်းမှာပဲတက်ပြီး N4 to N2 ကဆရာနဲ့ပဲသင်ခဲ့ရတာမို့ အရမ်းအသင်အပြကောင်းသောပါရှင့်

တကယ်ကောင်းတဲ့စာအုပ်လေးပါကိုယ်တိုင်လဲလေ့လာနေတာမို့ recommend ပေးပါတယ်ရှင့်
21/03/2025

တကယ်ကောင်းတဲ့စာအုပ်လေးပါကိုယ်တိုင်လဲလေ့လာနေတာမို့ recommend ပေးပါတယ်ရှင့်

🤗N2 လေ့လာနေသူများအတွက် N2 Tango နောက်ထပ် အုပ်(၁၀၀၀) ထပ်ထွက်ဖို့ရှိပါမယ်
ဒီတခေါက် ဒီဇိုင်းလေး ထပ်ချိန်းထားပါတယ်

ထူးခြားမှုအနေနဲ့ ကျနော် 訂正版(1)လုပ်ထားပါတယ်
အရင်ထုတ်ထားတုန်းက 追加の言葉နှင့် 接辞မထည့်ပါဘူး ဒီတခေါက်မှာ ထည့်ထားပါတယ်။

စျေးတော့နည်းနည်းများသွားပါမယ်

ကိုယ်အောင်ခဲ့တာ ဒီသင်တန်းကပါရှင့်
21/03/2025

ကိုယ်အောင်ခဲ့တာ ဒီသင်တန်းကပါရှင့်

🙆ကဲ...နောက်တစ်ယောက်

▪️စားသောက်ဆိုင် စာမေးပွဲ နောက်တစ်ယောက် ထပ်အောင်သည်။

🌸おめでとうございます
🙆Myint Yadana Oo
နောက်ထပ် ဆက်တိုက်ဆက်တိုက်တွေ လာအုံးမယ်။

‌အကောင်းဆုံးသင်ပြပေးသော ဆရာငြိမ်း ကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

 #၄လပိုင်းမှာဂျပန်လာမယ်ဆိုရင်1.အဝတ်အစားအသေးစိတ်ပြောပြချင်ပါတယ်၄လပိုင်းက မြန်မာပြည်ဆောင်းတွင်းလိုပါပဲ သုညဒီဂရီ ကနေ ၂၀ဒီဂရ...
21/03/2025

#၄လပိုင်းမှာဂျပန်လာမယ်ဆိုရင်
1.အဝတ်အစား
အသေးစိတ်ပြောပြချင်ပါတယ်
၄လပိုင်းက မြန်မာပြည်ဆောင်းတွင်းလိုပါပဲ သုညဒီဂရီ ကနေ ၂၀ဒီဂရီ အောက်အပူချိန်ရှိပါတယ်
မိုးလည်းရွာတယ်
နှင်းလည်းကျတယ်
နေလည်းပူ
လေပြင်းလည်းတိုက်တယ်
ကျောင်းနဲ့ဆိုရင် suit တစ်စုံထည့်ပါ
အလုပ်နဲ့ဖြစ်ဖြစ် ကျောင်းနဲ့ဖြစ်ဖြစ် မြန်မာဝတ်စုံ ၂စုံထည့်ခဲ့ပါ
သာမန်မြန်မာဝတ်စုံလောက်ပဲရှိရင် မထည့်ပါနဲ့
နိုင်ငံခြားလူမျိုးတွေအမြင်မှာ မြန်မာဝတ်စုံလို့ မြင်ရတဲ့အဝတ်က အဆင့်အတန်းတစ်ခုနဲ့ ကျနော်တို့မြန်မာတွေရဲ့ ဂုဏ်ကို ထိန်းသိမ်းချင်တဲ့အတွက် တကယ့်တင့်တယ်တဲ့မြန်မာဝတ်စုံပဲယူခဲ့စေချင်ပါတယ် ။ ယူခဲ့စေချင်တယ်ဆိုတာက ဒီမှာဝယ်မရလို့မဟုတ်ပါဘူး body နဲ့ကွက်တိလေး စိတ်တိုင်းကျဆိုရင် သယ်လာတာက အကောင်းဆုံးဖြစ်မှာပါ
သာမာန်မြန်မာဝတ်စုံလောက်က ဒီရောက်မှ ဝယ်ဝတ်ပါ
အပြင်ဝတ်စုံက ၃စုံ လောက်ဆို အဆင်ပြေမယ်ထင်ပါတယ် ကျောင်းတတ်မယ့်သူဆိုရင် သေချာပေါက်မြို့ပေါ်နေရမှာပါ second street ဆိုပြီးရှာလိုက်ရင် မြို့တိုင်းလိုလိုမှာ ရှိပါတယ် Uniqlo တို့ GU တို့အပြင် ခပ်လတ်လတ် အဝတ်တွေ သွားဝယ်ဝတ်လို့ရပါတယ်
တအားသန့်ပါတယ် ယန်း၅၀၀ လောက်ကနေ စပေးရပါတယ် tiktokတို့ googleတို့ကနေ ကြည့်ကြည့်ပါ ကြည့်ပြီးရင်သဘောပေါက်မှာပါ
နောက် လစာလေးရမှ ဆိုင်က အသစ်ဝယ်ပေါ့နော်
ကျနော့်တုန်းကတော့ အသစ်တွေဝယ်ဝတ်ပလိုက်တာ မြန်မာငွေနဲ့မတွက်မိဘူး ငတ်မှပဲနောင်တရတာ🤧
ငါတို့နိုင်ငံကအဝတ်တွေနဲ့ အပြည့်အဝအဆင်ပြေမှာမဟုတ်လို့များများမသယ်ခဲ့စေချင်တာ
ညအိပ်ဝတ်စုံအိမ်နေရင်းအကြမ်းဝတ်ချင်ရင် ၂စုံ ထည့်ခဲ့ပါ
ညအိပ်ဝတ်စုံအကြောင်းလည်း သေချာပြောပြချင်ပါတယ်
ညအိပ်ဝတ်စုံက ကိုယ်နေတဲ့ အခန်းအတွင်း တိုက်အတွင်းပဲ ဝတ်လို့ရမှာပါ
ညအိပ်ဝတ်စုံနဲ့အပြင်ထွက်လို့မရပါဘူး
အပြင်က တယောက်ယောက် ဘဲလ်တီးလို့ ထွက်တွေ့ရင်တောင် ညအိပ်ဝတ်စုံနဲ့ထွက်တွေ့လို့မရပါဘူး
ဂျပန်နိုင်ငံရဲ့ယဥ်ကျေးမှုအရ ညအိပ်ဝတ်စုံနဲ့အပြင်ထွက်တာ အပြင်လူထွက်တွေ့တာက ဖိတ်ခေါ်တာနဲ့အတူတူပဲတဲ့
သဘောပေါက်လားဟင် အတူအိပ်ဖို့ဖိတ်ခေါ်သလိုပဲဆိုတဲ့အဓိပ္ပာယ်ပါတဲ့
အဲ့တာက တစ်ခု
နောက်တစ်ခုတော့ ဂျပန်မှာ ညအိပ်ဝတ်စုံတွေကမလှဘဲ စျေးအရမ်းကြီးပါတယ်
လှရင်ပိုစျေးကြီးတယ်
ငါတို့နိုင်ငံက ညမလေးတွေ pajamas လှလှလေးတွေဝတ်တာကို ဂျပန်ကနေပြီး ကြည့်ပြီး အားကျနေရမှာပါ
သယ်ရခက် မသယ်ရခက်နော်

ခြေအိတ် တွေ အများကြီးမသယ်လာပါနဲ့ ရောက်ပြီး၂ရက်မြောက်လောက်ဆ်ု Daiso ကိုသွားပါ ယန်း၁၀၀နဲ့ ဘာလိုလို အကုန်ရပါတယ် Daiso က ဘယ်လိုဟာလဲ ဘာတွေရောင်းလဲ tiktok တို့ google တို့ကနေ ကြည့်ကြည့်ပါ အစုံပလုံရှိတာ ကျောင်းသုံးပစ္စည်း ခဲတံဘောပင်တွေ တခုတလေပဲ ရောက်ရောက်ချင်းသုံးဖို့ သယ်ခဲ့ပါ
အတွင်းခံက ယောက်ျားလေးတွေအတွက် အဆင်ပြေပေမယ့်
မိန်းခလေးတွေကိုတော့ အတွင်းခံတွေ များများသယ်ခဲ့စေချင်တယ် အများကြီးသယ်လာလို့ လုံးဝ နောင်တ မရဘူးလို့ အာမခံပါတယ်
အနွေးထည်ကိုတော့ လာတဲ့နေ့ထဲက လေကာတဲ့ အမျိုးအစား ပါးရင် ၂ထပ်လောက် တခါထဲဝတ်ပြီး သယ်ခဲ့ပါ ဝတ်လာတော့ kg လည်း သက်သာတာပေါ့ ဖိနပ်ကတော့ လေဝင်လေထွက်ကောင်းတဲ့ sport shoe ထက် ရေစို နှင်းစို အကြမ်းခံတဲ့ အမျိုးအစားဝယ်စီးခဲ့ပါနော်
ထီးအနက်ရောင်သို့မဟုတ် နက်ပြာရောင် အတွင်းဘက်မှာ UV ပါတာလေး တလက်သယ်ခဲ့ပါအူးနော်
လုံးဝနောင်တမရစေရဘူးလို့အာမခံတယ်
ကျောပိုးအိတ်လေး တစ်လုံးလည်း လွယ်လာခဲ့နော်
ဒီရောက်မှအသစ်ဝယ်ရင် ယန်း၅ထောင်လောက်မှ အဆင်ပြေတာလေးရတာမို့လို့ ရောက်‌ခါစ လူအတွက်က စျေးများနေမှာ

#၄လပိုင်းကျောင်းနဲ့လာမယ့်သူတွေအတွက်


Crd.

06/01/2025

အားလုံးပဲ မင်္ဂလာပါရှင့် ဒီpage လေးမှာ ဂျပန်စာရယ်
ဂျပန်နိုင်ငံနဲ့ပတ်သတ်တဲ့ အကြောင်းအရာ ဗဟုသုတများစွာကို sharing လုပ်သွားပေးမှာ ဖြစ်ပါတယ်ရှင့်..
အစ်မက JFT A2 အောင်
N3 ဖြေထား
N2 လေ့လာနေပါတယ်ရှင့်
Tokutei စားသောက်ဆိုင် လဲအောင်ထားပါတယ်ရှင့်
အစ်မသိထားသမျှတွေကိုလဲ video လေးတွေနဲ့ ပညာဒါနလုပ်ပြီး တင်သွားဖို့လဲရှိပါတယ်ရှင့်
အရင်က အထည်တွေ cosmetic တွေ ရောင်းတဲ့ page ကို ပြန်လုပ်တာမို့
အခုမှပြန် run တဲ့ page မို့ support ပေးကြပါဦးရှင့်
お願いします 🙇‍♀️

ဒီပုံလေးကို လိုအပ်သူများ save ထားလိူ့ရပါတယ် ဂျပန်နိုင်ငံကိုသွားရောက်ရန်အတွက် Interview မြန်မြန်အောင်စေရန် COE မြန်မြန်အေ...
06/01/2025

ဒီပုံလေးကို လိုအပ်သူများ save ထားလိူ့ရပါတယ်
ဂျပန်နိုင်ငံကိုသွားရောက်ရန်အတွက်
Interview မြန်မြန်အောင်စေရန်
COE မြန်မြန်အောင်စေရန်
2025 မှာအမြန်ဆုံးဂျပန်ရောက်စေရန် ဆောင်ထားလို့ရပါတယ်
Wallpaper ပဲထားထား
Save ပဲလုပ်လုပ် ကြိုက်နှစ်သက်သလိုဆောင်လို့ရပါတယ်
ချစ်ရတဲ့အသိညီမလေးတစ်ယောက်ပေးတာမို့ ဂျပန်အမြန်ရောက်ချင်သူ အစ်ကိုအစ်မမောင်လေးညီမလေးများအတွက် sharing လုပ်ပေးလိုက်ပါတယ်ရှင့်
Learn Japanese Language with Mommy Thoon

Address

Shwe Phone Nyet Street
Yangon

Telephone

+959762901852

Website

Alerts

Be the first to know and let us send you an email when Learn Japanese Language with Mommy Thoon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Learn Japanese Language with Mommy Thoon:

Share